×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 04 February 2021

UI / UX ဒီဇိုင်နာများအတွက် Prototype Tools များ

UI / UX ဒီဇိုင်နာများအတွက် Prototype Tools များ

UI / UX ဒီဇိုင်းရေးဆွဲဖို့စိတ်ဝင်စားမယ့် မောင်ငယ်၊ ညီမငယ်များနဲ့ ခုမှ UI / UX ကို စပြီးလေ့လာမယ့် လူငယ်များအတွက် အကောင်းဆုံး UI / UX Prototyping Tools များနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ (ဒီဆောင်းပေးလေးက ကျွမ်းကျင်ပြီး ပညာရှင်များအတွက် ရည်ရွယ်ထားခြင်းမဟုတ်ပါဘူးနော်။)

 

Prototype ရေးဆွဲတာနဲ့ပတ်သက်ပြီး မှတ်သားစရာ စကားလေးတစ်ခွန်းကတော့ "If a picture is worth a thousand words, a prototype is worth a 1000 meetings”. "အကယ်၍ ဓာတ်ပုံတစ်ပုံက စကားလုံး တစ်ထောင်နဲ့ညီမျှတယ်ဆိုရင် Prototype က Meeting အကြိမ် တစ်သောင်းနဲ့ ညီပါတယ်"

 

ကိုယ်ရေးဆွဲထားတဲ့ prototype တစ်ခုက Web ဒီဇိုင်းတစ်ခုတည်ဆောက်ခြင်းအတွက် များစွာအထောက်အကူပြုပါတယ်။

ဒီဇိုင်နာများက Customer တွေရဲ့လိုအပ်ချက်၊ သူတို့လိုချင်တဲ့အချက်အလက်များပေါ်မှာ မူတည်ပြီး ဒီဇိုင်းရေးဆွဲရတာဖြစ်တယ်။ တစ်ခါတစ်လေမှာ Designer နဲ့ Customer အကြား နားလည်မှုလွဲပြီး ရေးဆွဲခဲ့တယ်ဆိုရင် လုပ်ငန်းစဉ် Process မှာ နှောင့်နှေးမှုများ၊ အဆင်မပြေမှုများ၊ အကြိမ်ကြိမ်ဆက်သွယ်မှုများ စသဖြင့် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Prototyping Tools များကို အသုံးပြုခြင်းအားဖြင့် နောက်ဆုံးထွက်ရှိလာမယ့် Result ကို ကြိုတင်သိရှိနိုင်ပြီး Customer တွေရဲ့လိုအပ်ချက်နဲ့ ထပ်တူကျတဲ့ ဒီဇိုင်းတွေကို ဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်။

 

ကဲ ခုချိန်မှာ Top ဖြစ်နေတဲ့ UI / UX ဒီဇိုင်းအတွက် Prototyping Tools လေးတွေကို လေ့လာကြည့်ရအောင်။

 

1. InVision

1.InVision.jpeg

Cost:
Single project — Free
3 projects (starter) — $15/month
Unlimited Projects (Professional) — $25/month

 

Runs on:
Web

 

Prototypes for:
Android
iOS
Web

Invision က ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး Prototype Tool တစ်ခုဖြစ်ပါတယ်။ ဒီဇိုင်းပညာရှင်များအဆင်ပြေစေရန်အတွက် အသစ်အသစ်တွေ အမြဲတမ်းဖြည့်စည်းနေတဲ့ Tool တစ်ခုပါ။ InVision က To-do, In progress, Needs review, and Approved, and drag and drop your design components ဆိုပြီး အပိုင်းလိုက်ခွဲခြားထားနိုင်ပါတယ်။ Animations တွေလည်း ထည့်လို့ရသေးတယ်နော်။ JPG, PNG, GIF, AI နှင့် PSD စသည့်ဖိုင်မျိုးစုံကိုသင် upload လုပ်နိုင်သည်။

 

2. Adobe Experience Design (Adobe Xd)

2.xda.jpeg

 

Cost:
Free

 

Runs on:
OS X
Windows
Android
iOS

 

Prototypes for:
All

Adobe မှ ထုတ်ထားတဲ့ ဒီ Prototype ကဆိုရင် Photoshop, After Effects တို့နဲ့တော်တော်ဆင်ပါတယ်။ ဒီဇိုင်းဆွဲလို့လည်း အရမ်းကိုလွယ်ကူပြီး Free ရတဲ့အတွက် အရမ်းအရမ်းကို အဆင်ပြေတဲ့ Prototyping Tool တစ်ခုပါပဲ။

 

3. Origami Studio

3._Origami_Studio.png

Cost:
Free

 

Runs on:
OS X

 

Prototypes for:
Android
iOS

 

Origami ကတော့ Facebook က ရေးဆွဲထားတဲ့ Tool တစ်ခုဖြစ်ပြီး Product အသစ်တွေဖန်တီးဖို့အတွက် ၊ ဒီဇိုင်းရေးဆွဲဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ထုတ်ထားခဲ့တာပါ။ ဒီ Prototyping Tool နဲ့အတူ Origami Live ကိုသုံးပြီး mockup ကိုမိုဘိုင်းပေါ်မှာတိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင်ဒီဇိုင်းအမျိုးမျိုးကိုထုတ်ကုန်အမျိုးမျိုးမှာပြသနိုင်ပါတယ်။ Sketch နှင့် Photoshop ဒီဇိုင်းများကို Origami သို့ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဒီ Prototyping Tool က Freelancers သမားတွေ၊ တစ်ကိုယ်ထဲသုံးမယ့်သူတွေအတွက် ပိုကောင်းပါတယ်။

 

4. Sketch

4._Sketch.jpeg

Cost:

Free trial
$99 for full version

 

Runs on:
OS X

 

Prototypes for:
OS X
iOS
Web


WebSketch သည် Photoshop နှင့်နည်းမျိုးစုံနှင့်ဆင်တူပြီး ဓာတ်ပုံတွေကို ဒီမှာ တစ်ခါတည်း ပြင်လို့ရတယ်။ အခြေခံသည့်လုပ်ငန်းအသွားအလာသည်အစမှအဆုံးအထိလှပပြီးအရည်အသွေးမြင့်အနုပညာလက်ရာများဖန်တီးရန်လွယ်ကူစေပါတယ်။


5. Figma

1_N73YrueVCXfVEM4lfzmmNQ.png

Cost:
Free trial (for up to 2 editors and 3 projects)
$12 per editor/month (Professional)
$45 per editor/month (Organization)

 

Runs on:
MacOS,
Windows,
Linux, etc

 

Prototypes for:
OS X
iOS
Web


Adobe Xd နည်းတူ အသုံးပြုရလွယ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ Prototyping Tool တစ်ခုကတော့ Figma ပဲဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း UI Design များကို ရေးဆွဲနိုင်ပါတယ်။ Mobile-optimized: Device frames နှင့် momentum scrolling ကဲ့သို့အသေးစိတ်အချက်အလက်များသည်သင်၏ Prototype ကိုတကယ့်website တစ်ခုကဲ့သို့ ခံစားစေနိုင်ပါတယ်။

 

ကဲဒီလောက်ဆိုရင်တော့ ဘယ် Prototyping Tools က ကိုယ်နဲ့ထပ်တူကျမလဲဆိုတာကို စမ်းသပ်ကြည့်ဖို့ လုံလောက်မယ်ထင်ပါတယ်နော်။

 

 

UI / UX ဒီဇိုင္နာမ်ားအတြက္ Prototype Tools မ်ား

UI / UX ဒီဇိုင္းေရးဆြဲဖို႔စိတ္ဝင္စားမယ့္ ေမာင္ငယ္၊ ညီမငယ္မ်ားနဲ႔ ခုမွ UI / UX ကို စၿပီးေလ့လာမယ့္ လူငယ္မ်ားအတြက္ အေကာင္းဆုံး UI / UX Prototyping Tools မ်ားနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ (ဒီေဆာင္းေပးေလးက ကြၽမ္းက်င္ၿပီး ပညာရွင္မ်ားအတြက္ ရည္႐ြယ္ထားျခင္းမဟုတ္ပါဘူးေနာ္။)

 

Prototype ေရးဆြဲတာနဲ႔ပတ္သက္ၿပီး မွတ္သားစရာ စကားေလးတစ္ခြန္းကေတာ့ "If a picture is worth a thousand words, a prototype is worth a 1000 meetings”. "အကယ္၍ ဓာတ္ပုံတစ္ပုံက စကားလုံး တစ္ေထာင္နဲ႔ညီမွ်တယ္ဆိုရင္ Prototype က Meeting အႀကိမ္ တစ္ေသာင္းနဲ႔ ညီပါတယ္" 

 

ကိုယ္ေရးဆြဲထားတဲ့ prototype တစ္ခုက Web ဒီဇိုင္းတစ္ခုတည္ေဆာက္ျခင္းအတြက္ မ်ားစြာအေထာက္အကူျပဳပါတယ္။

ဒီဇိုင္နာမ်ားက Customer ေတြရဲ႕လိုအပ္ခ်က္၊ သူတို႔လိုခ်င္တဲ့အခ်က္အလက္မ်ားေပၚမွာ မူတည္ၿပီး ဒီဇိုင္းေရးဆြဲရတာျဖစ္တယ္။ တစ္ခါတစ္ေလမွာ Designer နဲ႔ Customer အၾကား နားလည္မႈလြဲၿပီး ေရးဆြဲခဲ့တယ္ဆိုရင္ လုပ္ငန္းစဥ္ Process မွာ ေႏွာင့္ေႏွးမႈမ်ား၊ အဆင္မေျပမႈမ်ား၊ အႀကိမ္ႀကိမ္ဆက္သြယ္မႈမ်ား စသျဖင့္ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ Prototyping Tools မ်ားကို အသုံးျပဳျခင္းအားျဖင့္ ေနာက္ဆုံးထြက္ရွိလာမယ့္ Result ကို ႀကိဳတင္သိရွိႏိုင္ၿပီး Customer ေတြရဲ႕လိုအပ္ခ်က္နဲ႔ ထပ္တူက်တဲ့ ဒီဇိုင္းေတြကို ဖန္တီးေပးႏိုင္မွာပဲျဖစ္ပါတယ္။

 

ကဲ ခုခ်ိန္မွာ Top ျဖစ္ေနတဲ့ UI / UX ဒီဇိုင္းအတြက္ Prototyping Tools ေလးေတြကို ေလ့လာၾကည့္ရေအာင္။

1. InVision

1.InVision.jpeg


Cost:
Single project — Free
3 projects (starter) — $15/month
Unlimited Projects (Professional) — $25/month

 

Runs on:
Web

 

Prototypes for:
Android
iOS
Web

Invision က ကမာၻေပၚမွာ လူႀကိဳက္အမ်ားဆုံး Prototype Tool တစ္ခုျဖစ္ပါတယ္။ ဒီဇိုင္းပညာရွင္မ်ားအဆင္ေျပေစရန္အတြက္ အသစ္အသစ္ေတြ အၿမဲတမ္းျဖည့္စည္းေနတဲ့ Tool တစ္ခုပါ။ InVision က To-do, In progress, Needs review, and Approved, and drag and drop your design components ဆိုၿပီး အပိုင္းလိုက္ခြဲျခားထားႏိုင္ပါတယ္။ Animations ေတြလည္း ထည့္လို႔ရေသးတယ္ေနာ္။ JPG, PNG, GIF, AI ႏွင့္ PSD စသည့္ဖိုင္မ်ိဳးစုံကိုသင္ upload လုပ္ႏိုင္သည္။

 

2. Adobe Experience Design (Adobe Xd)

2.xda.jpeg

Cost:
Free

 

Runs on:
OS X
Windows
Android
iOS

 

Prototypes for:
All

Adobe မွ ထုတ္ထားတဲ့ ဒီ Prototype ကဆိုရင္ Photoshop, After Effects တို႔နဲ႔ေတာ္ေတာ္ဆင္ပါတယ္။ ဒီဇိုင္းဆြဲလို႔လည္း အရမ္းကိုလြယ္ကူၿပီး Free ရတဲ့အတြက္ အရမ္းအရမ္းကို အဆင္ေျပတဲ့ Prototyping Tool တစ္ခုပါပဲ။

 

3. Origami Studio

3._Origami_Studio.png

Cost:
Free

 

Runs on:
OS X

 

Prototypes for:
Android
iOS

 

Origami ကေတာ့ Facebook က ေရးဆြဲထားတဲ့ Tool တစ္ခုျဖစ္ၿပီး Product အသစ္ေတြဖန္တီးဖို႔အတြက္ ၊ ဒီဇိုင္းေရးဆြဲဖို႔ဆိုတဲ့ရည္႐ြယ္ခ်က္နဲ႔ ထုတ္ထားခဲ့တာပါ။ ဒီ Prototyping Tool နဲ႔အတူ Origami Live ကိုသုံးၿပီး mockup ကိုမိုဘိုင္းေပၚမွာတိုက္႐ိုက္ၾကည့္ရႈႏိုင္ပါတယ္။ ဒါ့အျပင္ဒီဇိုင္းအမ်ိဳးမ်ိဳးကိုထုတ္ကုန္အမ်ိဳးမ်ိဳးမွာျပသႏိုင္ပါတယ္။ Sketch ႏွင့္ Photoshop ဒီဇိုင္းမ်ားကို Origami သို႔ထည့္သြင္းအသုံးျပဳႏိုင္ပါတယ္။ ဒီ Prototyping Tool က Freelancers သမားေတြ၊ တစ္ကိုယ္ထဲသုံးမယ့္သူေတြအတြက္ ပိုေကာင္းပါတယ္။

 

4. Sketch

4._Sketch.jpeg


Cost:
Free trial
$99 for full version

 

Runs on:
OS X

 

Prototypes for:
OS X
iOS
Web


WebSketch သည္ Photoshop ႏွင့္နည္းမ်ိဳးစုံႏွင့္ဆင္တူၿပီး ဓာတ္ပုံေတြကို ဒီမွာ တစ္ခါတည္း ျပင္လို႔ရတယ္။ အေျခခံသည့္လုပ္ငန္းအသြားအလာသည္အစမွအဆုံးအထိလွပၿပီးအရည္အေသြးျမင့္အႏုပညာလက္ရာမ်ားဖန္တီးရန္လြယ္ကူေစပါတယ္။

 


5. Figma

1_N73YrueVCXfVEM4lfzmmNQ.png


Cost:
Free trial (for up to 2 editors and 3 projects)
$12 per editor/month (Professional)
$45 per editor/month (Organization)

 

Runs on:
MacOS,
Windows,
Linux, etc

 

Prototypes for:
OS X
iOS
Web


Adobe Xd နည္းတူ အသုံးျပဳရလြယ္ၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့ Prototyping Tool တစ္ခုကေတာ့ Figma ပဲျဖစ္ပါတယ္။ ႐ိုး႐ိုးရွင္းရွင္း UI Design မ်ားကို ေရးဆြဲႏိုင္ပါတယ္။ Mobile-optimized: Device frames ႏွင့္ momentum scrolling ကဲ့သို႔အေသးစိတ္အခ်က္အလက္မ်ားသည္သင္၏ Prototype ကိုတကယ့္website တစ္ခုကဲ့သို႔ ခံစားေစႏိုင္ပါတယ္။

 

ကဲဒီေလာက္ဆိုရင္ေတာ့ ဘယ္ Prototyping Tools က ကိုယ္နဲ႔ထပ္တူက်မလဲဆိုတာကို စမ္းသပ္ၾကည့္ဖို႔ လုံေလာက္မယ္ထင္ပါတယ္ေနာ္။

Read times
Rate this articles
(1 Vote)