×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 05 March 2021

သဘဝတရားကြီးရဲ့ထူးခြားဆန်းပြားတဲ့ အလှတရားများ

သဘဝတရားကြီးရဲ့ထူးခြားဆန်းပြားတဲ့ အလှတရားများ

1. အခုတွေ့မြင်နေရတဲ့ ကျောက်တုံးတွေကို ရေကျောက်တုံး - Turquoise (Formula - CuAl6(PO4)4(OH)8.4H2O) လို့ ခေါ်ပါတယ်။ ဒီရေကျောက်တုံးတွေကို ဖုံးအုပ်ထားတဲ့ ရေခဲတွေ အရည်ပျော်ပြီး ရေခဲကျောက်တွေ ပေါ်လာပုံပါ။ အများအားဖြင့် Siberia မှာ ရှိပါတယ်။

1.1turtorise.jpg  1turquoise.jpg

 

2. Glowworm ဆိုသောဂူ
နယူဇီလန် - Waitomo မှရှိတဲ့ ဒီ Glowworm ဂူကတော့ မှိုတစ်မျိုးကနေ ထုတ်လွှတ်နေတဲ့အလင်းရောင်တွေနဲ့ ပြည့်နှက်နေတဲ့ ဂူတစ်ခုပါ။ နှစ်သန်းပေါင်း ၃၀နီးပါးခန့် ရေအောက်နစ်မြုပ်နေခဲ့တဲ့ ဒီနယူးဇီလန်ပြည်နယ်ကြီးက ကမ္ဘာကြီး ဆင့်ကဲဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များအရ ထုံးကျောက်တွေ အနယ်ကျပြီး ကျွန်းတစ်ခုဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ အလင်းရောင်ထွက်နေတဲ့ ဒီမှိုတွေဟာ ထုံးကျောက်ဂူထဲမှာ တွေ့ရတတ်သလို နယူးဇီလန်နိုင်ငံ အချို့နေရာတွေမှာလည်း တွေ့ရတတ်ပါတယ်။

2.1glowworm.jpg 2.glowworm.jpg

 

3. ဇီဝအလင်းထုတ်ပေးတဲ့ မှိုတစ်မျိုး
ဘရာဇီးနိုင်ငံ ငှက်ပြောတောတွေမှာတွေ့ရတတ်ပြီး ဒီမှိုတွေက မျိုးပွားဖို့အတွက် အင်းဆက်တွေကို ဖိတ်ခေါ်တဲ့ အလင်းရောင်တွေကို ထုတ်လွှတ်ကြတာပါ။ ဟိုးအရင်ပညာရှင်တွေကတော့ ဒီမှိုတွေဟာ သစ်ဆွေးကိုစားပြီး မျိုးပွားတယ်လို့ ယူဆခဲ့ကြပါတယ်။

3.bioluminscence.jpg 3.23.bioluminscence.jpeg

 

4. ဇီဝအလင်းကမ်းခြေ
မော်လ်ဒိုက်မှာတည်ရှိတဲ့ ဒီ ဇီဝအလင်းကမ်းခြေကတော့ သန်းပေါင်းများစွာသော Plankton ဆိုတဲ့ ရေသတ္တဝါလေးတွေက ထုတ်လွှတ်တဲ့အလင်းရောင်ကြောင့် ကမ်းခြေမှာ အစိမ်းရောင်၊ အနီရောင် စတဲ့အရောင်များ တောက်ပနေတာပဲဖြစ်ပါတယ်။

4.bioluminescence_beach_maldives.jpg 4.1bioluminescence_beach_maldives.jpg

 


5. Mendenhall ရေခဲဂူ
Alaska မှာရှိတဲ့ ဒီရေခဲဂူဟာဆိုရင် ၁၉ကီလိုမီတာရှည်ကျော်ရှည်တဲ့ ရေခဲမြစ်တွေ အရည်ပျော်သွားတဲ့အခါ ရေခဲကျောက်တွေက ဂူမှာကပ်ပြီး ကျန်ခဲ့တာကနေ ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။

5.1_Mendenhall_.jpg 5._Mendenhall_.jpg

 

6. Tianzi တောင်
တရုတ်နိုင်ငံ Zhangjjajie အမျိုးသား တောအုပ်ပန်းခြံမှာတည်ရှိပါတယ်။ ကမ္ဘာကျော် Avatar ဇာတ်ကားကြီးမှာ ကိုးကားရိုက်ကူးခဲ့တဲ့ လေပေါ်မှာမြော်နေတဲ့ ကျောက်တုံးကြီးတွေလို့ တင်စားခဲ့တဲ့ ကျောက်တောင်ကြီးတွေပါပဲ။

6._Mendenhall_.jpg  6.1tianzi.jpg

 

7. Love Tunnel - အချစ်ဥမင်
ယူကရိန်းမှာရှိတဲ့ ဒီ အချစ်ဥမင်ကလေးက ဘယ်လောက်တောင် ကဗျာဆန်လိုက်သလဲနော်။

7.1love_tunnel.jpg

 

8. Hallasan တောင်
တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူကျွန်းပေါ်မှာရှိတဲ့ Hllasan တောင်ကို ဆောင်းရာသီနဲ့ နွေဦးရာသီတွေမှာ ရှုမငြီးဖွယ်မြင်တွေ့ရမယ့် မြင်ကွင်းတွေပဲဖြစ်ပါတယ်။

8.halla_san.jpg 8.1halla_san.jpg

 

9.Baatara Gorge ရေတံခွန်
Lebanon မှာတည်ရှိပြီး တံတားသုံးထပ်ရေတံခွန်လို့လည်း ခေါ်ကြပါသေးတယ်။

9.baatara.jpg 9.1baatara-gorge-waterfall-lebanon-8.jpg

 

10. Red Beach- အနီရောင်ကမ်းခြေ
တရုတ်နိုင်ငံ Panjin မှာတည်ရှိတဲ့ ဒီ Red Beach ဟာဆိုရင် အနီရောင် See Weed လို့ခေါ်တဲ့ အပင်လေးတွေကြောင့် ကမ်းခြေတစ်ခုလုံး အနီရောင်ပြောင်းသွားတာပဲဖြစ်ပါတယ်။

10.1red_beach.jpg 10.red_beach.jpg

 

Credit:

 




 

2. Glowworm ဆိုသောဂူ


 



 

4. ဇီဝအလင်းကမ်းခြေ



5. Mendenhall ရေခဲဂူ


 

6. Tianzi တောင်


 


7.1love_tunnel.jpg

 

8. Halla တောင်


 



 



 

Credit:

Read times Last modified on Thursday, 04 March 2021 12:45
Rate this articles
(0 votes)