×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 13 March 2021

Industry 4.0 တကယ်ရောက်တော့မှာလား

Industry 4.0 တကယ်ရောက်တော့မှာလား
Science and Technology လို့ဆိုတဲ့ သိပ္ပံံနည်းပညာရဲ့ မကြုံစဖူး အံ့မခန်း အရှိန်အဟုန် ပြင်းစွာနဲ့ တိုးတက်လာမှုကြောင့် ကမ္ဘာကြီးကလည်း အထူးအမြန်နှုန်းနဲ့ကို ပြောင်းလဲနေပါတယ်။ ဖြစ်စဉ်အားလုံးက အဆိုးအကောင်း ဒွန်တွဲနေတာမို့ ဒီပြောင်းလဲမှုတွေနဲ့ ဆက်နွှယ်ပြီး လူသားတွေအတွက် ကောင်းကျိုး ဆိုးကျိုး အမျိုးမျိုးရှိတယ်။ အဆိုးတွေရှိတယ်ဆိုပေမဲ့ လူသားများအတွက် နှိုင်းဆမျှော်မှန်းလို့ မရလောက်အောင် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။



နိစ္စဓူ၀ နေထိုင်သွားလာ စားသောက်လှုပ်ရှားမှုကစလို့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဆေးပညာနယ်ပယ်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ နယ်ပယ်ကဏ္ဍအစုံမှာ လူပင်ပန်း သက်သာပြီး ကုန်ကျစရိတ် သက်သာစွာနဲ့ လွယ်ကူအဆင်ပြေလာကြတာ အထင်အရှားပါ။ ထို့အတူပဲ လူမှုဆက်ဆံရေး နယ်ပယ်မှာလည်းေ ခတ်ပေါ်နည်းပညာ ပစ္စည်းကိရိယာတွေနဲ့ အင်တာနက်ချိတ်ဆက်မှုတွေမှတစ်ဆင့် အိပ်မက် မျှပင် မမက်ဖူးတဲ့ ဆက်သွယ်မှု လမ်းကြောင်းတွေ ပျံ့နှံ့နေကြပါပြီ။

 

လူ့သမိုင်းကြောင်းကို ပြန်ကြည့်ရင် သိပ္ပံနည်းပညာ တိုးတက်မှုတိုင်းလိုလိုပင် လူသားတွေရဲ့ လူနေမှုအဆင့်အတန်းကို တစ်နည်းတစ်ဖုံ မြင့်မားစေတယ်ဆိုတဲ့ ဆက်စပ်မှုတွေကို တွေ့မြင်နိုင်တယ်။ ဘောဂဗေဒပညာရှင် Professor Robert Gordon ရဲ့ အဆိုအရ လူ့သမိုင်းအတွက် စက်မှုဆိုင်ရာ နည်းပညာတိုးတက်မှုနဲ့ပတ်သက်ပြီး ကာလအပိုင်း သုံးပိုင်း ခွဲခြားခဲ့တယ်။ ပထမစက်မှုတော်လှန်ရေး (First Industrial Revolution) 1750-1830၊ ဒုတိယစက်မှုတော်လှန်ရေး (Second Industrial Revolution) ၊ တတိယစက်မှုတော်လှန်ရေး (Third Industrial Revolution) 1960 မှ ယနေ့အထိ။

 

ယနေ့ခေတ် ညွှန်းဖော်ချက်တွေအရတော့ ၁၈ ရာစုနှစ်များဆီက ပေါ်ပေါက်လာတဲ့ စက်မှုတော်လှန်ရေးနဲ့အတူ Steam Power ဆိုတဲ့ ရေနွေးငွေ့အင်ဂျင်ပါဝါကို အသုံးပြုလာတဲ့ စက်မှုခေတ်ကာလအချိန်ကို Industry 1.0 အဖြစ် လည်းကောင်း၊ Electricity Power လျှပ်စစ်အားကို သုံးလာကြတဲ့ ဒုတိယစက်မှုတော်လှန်ရေး အချိန်ကာလကိုတော့ Industry 2.0 ၊ တစ်ဖန် Information Communication Technology (ICT) လို့ အတိုကောက်သိထားတဲ့ အချက်အလက် ဆက်သွယ်ရေးနည်းပညာနဲ့ တိုးတက်မှု အချိန်ကာလတစ်လျှောက် ယနေ့အထိကို Industry 3.0 ဟူ၍ လည်းကောင်း တင်စားခေါ်ဝေါ်ခဲ့ကြတယ်။

 

ပထမစက်မှုတော်လှန်ရေးနဲ့ဆက်နွှယ်ပြီး ကျောက်မီးသွေး၊ ရေနွေးငွေ့အင်ဂျင်ပါဝါများ အသုံးပြုကြတဲ့ စက်မှုခေတ်အစပိုင်း ခြေလှမ်းတွေကိုတော့ မီးရထားလမ်းတွေနဲ့ အထည်အလိပ်ပိုင်း ဆိုင်ရာ လုပ်ငန်းတွေမှာ ထူးခြားစွာ တိုးတက်ခဲ့တယ်။ ဒီနှောင်းပိုင်း 2.0 ကာလ အစပျိုးချိန်မှာ လျှပ်စစ်စွမ်းအား Electricity နဲ့အတူ Internal Combustion Engines ဆိုင်ရာ တိုးတက်မှုတွေ ဆက်လက်ထွက်ပေါ်လာပြီး လူသားတွေအတွက် ခေတ်မီဆက်သွယ်ရေးလမ်းကြောင်းတွေ၊ ဖျော်ဖြေမှုအပိုင်းတွေ၊ စွမ်းအင်ခေါ်တဲ့ Petroleum / hydrocarbon များနဲ့ ဓာတုပစ္စည်း (Chemicals) တွေ အသုံးပြုမှုအပိုင်း၌ အဆမတန် ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။

 

၁၉၆၀ ပြည့်နှစ်များမှ အစပြုလို့ ယနေ့အချိန်တိုင်အောင် အပါအဝင်လို့ လက်ခံထားတဲ့ Industry 3.0 ခေါ်တဲ့ တတိယစက်မှုတော်လှန်ရေးကတော့ Computing နဲ့ Telecommunications ဆိုင်ရာ နယ်ပယ်ထဲမှာ ထူးကဲစွာ တိုးတက်လာခြင်းပဲ ဖြစ်ပါတယ်။ ဆက်သွယ်ရေးလမ်းကြောင်းတွေ ချိတ်ဆက်ပြီး ကမ္ဘာကြီးက ပြားသွားပြီလို့တောင်ဆိုထားတာပဲ။ ကမ္ဘာ့ရွာကြီးမှာ လူသားတွေ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းမှာတင် မိုင်ပေါင်း ကုဋေကုဋာ ခရီးပေါက်နိုင်တယ်။ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ကမ္ဘာအနှံ့ မှလူတွေ ချိတ်ဆက်မိနေကြတယ်။

 

ပညာရှင် Professor R-Gordon ရဲ့ အဆိုအရ ယနေ့အထိ ဖြစ်ပြီးခဲ့တဲ့ စက်မှုတော်လှန်ရေးအားလုံးက လူသားတွေအတွက် သူ့နည်းသူ့ဟန်နဲ့ အကျိုးဖြစ်ထွန်းစေခဲ့တာ မှန်တယ်။ ဒီထဲကမှ စက်မှုတော်လှန်ရေးနံပါတ် (၂)က အကျိုးသက်ရောက်မှု အဖြစ်ဆုံးလို့ ဆိုထားပါတယ်။ နည်းပညာ ဆန်းသစ်တီထွင်မှုတွေကြောင့် စီးပွားရေးလုပ်ဆောင်ချက်များအပေါ်၊ လူတွေအပေါ် ဘယ်လိုနည်းနဲ့ အချိန်ဘယ်လောက်ကြာကြာ အကျိုးသက်ရောက် ရိုက်ခတ်မှုရှိတယ်ဆိုတာ သက်ဆိုင်ရာ ဖန်တီးတီထွင်မှု ပေါ်လာခြင်းကြောင့် ပြောင်းလဲသွားတဲ့အချိန်၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကုန်ထုတ်စွမ်းအားအပေါ် သက်ရောက်မှု စတဲ့ အချက်အလက်တွေပေါ် မူတည်တယ်။

 

Industry 2.0 မှ အစပျိုးခဲ့တဲ့ Electricity နဲ့ Internal Combustion Engines ရဲ့ အရှိန်အဟုန်စွမ်းအားတွေက နယ်ပယ်အသီးသီးမှာ လူသားတွေကို အကျိုးပြုခဲ့တယ်။ ဒီဆန်းသစ်တီထွင်မှုတွေကြောင့် လူ့အသုံးအဆောင်ပစ္စည်းတွေ၊ စက်ရုံအလုပ်ရုံလည်ပတ်မှုတွေ ဆက်နွှယ်တိုးတက်ပြောင်းလဲလာမှုက လူနေမှုအဆင့်အတန်းကိုလည်း အဆပေါင်းများစွာ မြှင့်တင်ပေးခဲ့တယ်လို့ ပြောပါတယ်။

 

Industry 2.0 နောက်ပိုင်းအချိန်တွေမှာ စွမ်းအင်အမျိုးမျိုး သုံးစွဲနိုင်ရေး ကြံဆတွေးတောတီထွင်လာမှုတွေ၊ ထုတ်လုပ်မှုစွမ်းရည်ပိုင်းမှာ မြင့်မားလာတာတွေ၊ အထူးသဖြင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဆိုင်ရာ တိုးတက်မှုများနဲ့အတူ ကူးသန်းရောင်းဝယ်ထုတ်လုပ်ရောင်းချရေး၊ ကုန်သွယ်ရေးပိုင်းတွေမှာပါ Delivery ကို စနစ်တကျ ထိန်းချုပ်ကွပ်ကဲမှု ရလာတယ်။ Flexibility ဆိုတဲ့ လျော့တင်း ညှိနှိုင်းချိန်ဆနိုင်တဲ့ အရည်အချင်းတွေလည်း ပေါ်လာတာကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အထူးအကျိုးရှိစေခဲ့တယ်။

 

အထူးသဖြင့် ပို့ဆောင်ရေးကဏ္ဍမှာ လူသားတွေနဲ့ တိရစ္ဆာန်တွေအစား Internal Combustion Engines တွေက အဆပေါင်းများစွာ အသုံးတည့်လာတာကြောင့် လုပ်ငန်းတွေ အချိန်တိုအတွင်း ကုန်ကျစရိတ် သက်သာစွာနဲ့ ပြီးစီးနိုင်တယ်။ ပိုမိုထိရောက် အကျိုးရှိစွာ လည်ပတ်လာနိုင်တယ်ဆိုတာ တွေ့ကြရတယ်။ ဒီ Industrial 2.0 ရဲ့အကျိုးဆက်ကြောင့်ပဲ မော်တော်ယာဉ်တွေ ေ ပါ်လာတယ်။

 

Steel, Aluminum, Rubber ဆက်စပ်လုပ်ငန်းများ တိုးပွားပြီး Road System ဆိုတဲ့ လမ်းခရီးစဉ်လည်း တစ်လက်စတည်း စနစ်တကျ တိုးတက်လာတာ အမှန်။ အကြီးစား (Large Scale) လုပ်ငန်းကြီးများ ထွန်းကားကျယ်ပြန့်လာတဲ့အတွက် အလုပ်သမားတွေလည်း ထောင်သောင်းမက လစာအလုံအလောက်နဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖွင့်ပေးနိုင်ခဲ့တယ်။

 

လူသားတစ်ဦးချင်းရဲ့ နေထိုင်မှုပုံစံကလည်း အပြတ်အသတ် ကွာခြားသွားပြီ။ မိသားစု၊ အိမ်၊ အလုပ်ဌာန၊ မိလ္လာနှင့် အမှိုက်သရိုက် သန့်ရှင်းရေးကိစ္စမှအစ ပို့ဆောင်ရေး၊ ဖျော်ဖြေရေး၊ အိမ်သုံးပစ္စည်းကိရိယာအဆုံး အားလုံးက ချောမောအဆင်ပြေ လွယ်ကူသွားတယ်။ ဒီလိုအကြီးစား ပြောင်းလဲတိုးတက် ဖန်တီးမှုတွေကို သယ်လာပေးတဲ့ Industry 2.0 က သမိုင်းကြောင်းမှာ မကြုံစဖူး လူသားတွေရဲ့ နေထိုင်မှုပုံစံ အဆင့်အတန်းပြောင်းလဲတိုးတက်စေခဲ့တာ အမှန်ဖြစ်တယ်။

 

ယနေ့ခေတ်ကြီးမှာ ကြီးပြင်းကျင်လည်လှုပ်ရှားနေကြတဲ့ လူငယ်အများစုကတော့ Industry 3.0 ကို ပိုတန်ဖိုးကြီးတယ်၊ သက်ရောက်မှုပိုများတယ်လို့ ယူဆကြမှာပဲ။ တစ်နေ့နဲ့တစ်နေ့မတူရအောင်ကို တီထွင်ဆန်းသစ်မှု Gadgets မျိုးစုံန့ဲ ICT ခေတ်ကြီးမှာ လူဖြစ်ရတာ ကောင်းလိုက်တာလို့ ထင်ကြသူများလည်း ရှိမယ်။

သာမန်ခေတ်လူငယ်တွေ ဘာတွေ လုပ်နေကြလဲ ဆိုတာ ကြည့်ရုံနဲ့ကို သိနိုင်ပြီ။ စားပွဲပေါ်မှာ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေမယ်။ ဒစ်ဂျစ်တယ်ကေဘယ်လ်နဲ့ Channels စုံ ကြည့်နိုင်တဲ့ TV ကလည်း ဖွင့်ထားပြီး တစ်ချက်တစ်ချက် လှမ်းကြည့်မယ်။ ဒါမှမဟုတ်ရင်လည်း Wireless Network နဲ့ Internet ဆီ ချိတ်ထားတဲ့ Notebook သို့မဟုတ် Tablet က ပေါင်ပေါ် ဖွင့်တင်ထားမယ်။ တစ်လုံးထက် ပိုနိုင်တဲ့ Mobile ဖုန်းကလည်း လက်လှမ်းမီတဲ့နေရာမှ အရန်သင့်ပါပဲ။ ပြီးတော့ iPad ကနေ Musicလည်း ဖွင့်ထားဦးမယ်။ ၂၄ နာရီအချိန်ရဲ့ အတော်များများကို ဒီလိုအနေအထားနဲ့ ကုန်ဆုံးနေကြတယ်။

 

မဟုတ်ရင်လည်း ထိုင်လျက် TV ကြည့်တယ်။ Email လည်း စစ်လိုက်သေး။ Website တွေလည်း Surf လုပ်၊ Online Chatting လည်း မလွတ်စေရ။ခေတ်လူတွေ Industry 3.0 ခေတ်ကြီးမှာ Multitasking ကျွမ်းကျင်ကြတာ လက်ဖျားခါလောက်ပါရဲ့။

 

အရင်ခေတ်က အများကြိုက် ကြိုးဖုန်းနဲ့ တယ်လီဂရမ်တွေက အလွန်ခေတ်နောက်ကျသွားပြီ။ ကြိုးမဲ့ Mobile, Smart Phone တွေက လူတိုင်းနီးပါးလိုလို သုံးစွဲနေကြတာပဲ။ iPhone ကို၂၀၀၇ ခုနှစ်မှာ စတင်မိတ်ဆက်တာပါ။ နည်းပညာတိုးတက်မှုကြောင့် ဖုန်းတစ်လုံးနဲ့ နည်းပညာအကျိုးဆက်တွေ အထူးခံစားနေကြပါပြီ။ ဖုန်းကိုသုံးပြီး ကင်မရာ၊ ကွန်ပျူတာ၊ TV ၊ သီချင်း နားထောင်မှု၊ Videogame၊ e-reader နဲ့ Internet ကို စိတ်ကြိုက်ခံစားနိုင်ကြတယ်။ ဖုန်းရှိနေရင် မိမိသဘောထား၊ ထင်မြင်ယူဆချက်တွေကိုလည်း မီဒီယာမှာတင်နိုင်၊ ပို့နိုင်၊ ဆွေးနွေးနိုင်တယ်။နေရာတိုင်း၊ အချိန်တိုင်းမှာ ဖုန်းပွတ်နေကြတာကြောင့် အကောင်းအဆိုးတွေလည်း ဝေဖန်ကြတာ များပြီ။

 

စက်မှုလုပ်ငန်းတွေ၊ စီးပွားရေးအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းမှာလည်း Industry 4.0 ဆိုတဲ့ ဦးတည်ရွေ့လျားမှုနဲ့အတူ အပြောင်းအလဲ တီထွင်ဆန်းသစ်မှုတွေရဲ့ သက်ရောက်ရိုက်ခတ်မှုကို ကြုံတွေ့နေရတယ်။ ICT နည်းပညာခြုံလွှမ်းခံနေရတဲ့ Industry 3.0 ခေတ်ကာလ အပါအဝင်ဖြစ်တဲ့ ယနေ့ ကမ္ဘာ့လူသားအားလုံးအတွက် Industry 4.0 မရောက်မီ ဖြစ်ပျက်ကြုံတွေ့နေရတဲ့ အခြေအနေက ဆုလာဘ်တစ်မျိုးလား၊ ကျိန်စာပေပဲလား (A Blessing or a Curse) ဆိုတာ ဖြေနိုင်ဖို့ တော်တော်လေးခက်မယ်။ ရာစုနှစ်တစ်ခုထက်တစ်ခု စိတ်ထဲမှာ တောင် မမျှော်မှန်းနိုင်တဲ့ သက်သာလွယ်ကူမှု အဆင့်က အဆင့်ခုန်ကျော် တိုးတက်ပြောင်းလဲလာတယ်ဆိုတဲ့ အချက်နဲ့ဆိုရင်တော့ ဆုလာဘ်လို့ ဆိုနိုင်မယ်။

 

သို့ပေမဲ့လည်း အချိန်မရွေး နေရာမရွေး Web ဆိုတာချည်းကို ဆက်သွယ်လို့ ရနေတာကြောင့် စိတ်အလိုကိုလိုက်ရင်းနဲ့ နည်းပညာလမ်းကြောင်း အဆက်အသွယ်တွေနောက် မနားတမ်း လိုက်ကြမယ်ဆိုရင်တော့ အေးချမ်းမှု၊ ငြိမ်းချမ်းမှုနဲ့အတူ မိသားစုအသိုင်းအဝိုင်းမှာ တန်ဖိုးထားရတဲ့ စံတန်ဖိုး သတ်မှတ်ချက်တွေ ပျောက်ပျက်ကုန်တာ အမှန်ပဲမို့ တစ်နည်းအားဖြင့် Curse လို့တောင်ဆိုနိုင်မလား မသိဘူး။

 

ပြီးတော့လည်း ကိန်းဂဏန်း သတင်းအချက်အလက်တွေ များလွန်းတာကြောင့် ယနေ့ လူတွေမှာ အချက်အလက်ပင်လယ်ပြင်မှာ နစ်မြုပ်နေပြီး အဓိပ္ပာယ်နဲ့ အသိÓဏ်ပညာ ဗဟုသုတတွေတော့ ငတ်မွတ်နေကြတယ်(Drowning in a Sea of information but starved for meaning and knowledge) လို့တောင် ပြောကြတယ်။

 

Industry 3.0 ကာလရဲ့ နောက်ပိုင်း နှစ်များမှာ နည်းပညာအသစ်အဆန်းတွေရဲ့ အရှိန်အဟုန်နဲ့ ကမ္ဘာတစ်ဝန်းလုံးအပေါ် သက်ဝင်ရိုက်ခတ်မှုကြောင့် Industry 4.0 စတုတ္ထ စက်မှုတော်လှန်ရေးများ ပေါ်ပေါက်လာမလားဆိုတဲ့ခန့်မှန်းချက်တွေက နေရာအနှံ့ ပေါ်လာတယ်။ နှစ်စဉ် ဆွစ်ဇာလန်နိုင်ငံ၊ Davos မှာ ကျင်းပမြဲဖြစ်သည့် 2016 World Economic Forum (WEF) ရဲ့ Theme အနေနဲ့ "Forth Industry Revolution" သတ်မှတ်ကျင်းပခဲ့ပါတယ်။

 

မကြာသေးမီနှစ်များအတွင်း အဆမတန် တိုးတက်လာတဲ့နည်းပညာများ၊ Artificial Intelligence (AI) လို့ အတိုကောက် သိကြတဲ့ ဉာဏ်ရည်တု နည်းပညာနဲ့ ဗှု ကို သုံးပြီး ကဏ္ဍမျိုးစုံမှာ အသုံးချမှုတွေ၊ IOT လို့ ခေါ်တဲ့ Internet of Things နဲ့အတူ Big Data လို့ သိကြတဲ့ အချက်အလက် ကိန်းဂဏန်းတွေ အဆမတန် ကြီးမားမှု စတဲ့ ဖြစ်ပျက်ပြောင်းလဲလာမှုတွေက Industry 4.0 ဆိုတဲ့ အချိန်ကိုများ သွားနေပြီလားလို့ အများတွေးထင်စရာ ဖြစ်ပါတယ်။

 

WEF ရဲ့ တည်ထောင်သူဖြစ်တဲ့ Professor Klaus Schwao က စတုတ္ထမြောက် စက်မှုတော်လှန်ရေး (Industry Revolution 4.0) သာ အမှန်ဖြစ်ပြီဆိုရင် ယခင်က ဖြစ်ခဲ့တဲ့ စက်မှုတော်လှန်ရေးကြီးများထက် အင်အားကြီးမားပြီး လူသားတွေအပေါ် သက်ဝင်ရိုက်ခတ်မှုကလည်း ပိုလိမ့်မယ်လို့ ဆိုတယ်။

 

နေ့စဉ် မီဒီယာတွေမှာ နည်းပညာတိုးတက်မှု ကိစ္စရပ်များကို အသစ်အဆန်း၊ တီထွင်မှုအမျိုးမျိုး နဲ့ နေရာအနှံ့ ကြားသိဖတ်ရှုနေရတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများက လူအများစု နားလည်ရ ခက်ခဲစေမယ့် နယ်ပယ်တွေ အများအပြားပါ။ စီးပွားရေးလုပ်ငန်း များရဲ့ ပြောင်းလဲမှုတွေ၊ ဉာဏ်ရည်တု AI နည်းပညာစနစ်ကို နယ်ပယ်အသီးသီးမှာ အသုံးချလာမှုတွေ၊ မောင်းသူမဲ့ ကားတွေ၊ ဒရုန်းတွေ၊ SG နဲ့ Cloud Computing ဆိုတာတွေ အားလုံးက Industry 4.0 အတွက် ရှေ့ပြေးလက္ခဏာတွေလို့ ယေဘုယျ ယူဆနိုင်မလား ဆိုတာကို သိပ္ပံပညာရှင် များကသာ အသိဆုံး ဖြစ်မှာပါ။

 

စဉ်းစားတွေးတော ဆင်ခြင်ဉာဏ်ရှိတဲ့ လူသားတွေအဖို့ နည်းပညာလမ်းကြောင်းမှ ပေါ်ထွက်လာနိုင်တဲ့ အဆိုးတွေ၊ Data Side ဘက်တွေကို အတတ်နိုင်ဆုံး ကြိုးစား ကာကွယ် တားဆီးသွားကြရမှာ ဖြစ်တယ်။ မမျှော်မှန်းနိုင်တဲ့မသေချာ မရေရာမှုတွေကြားမှ ဖြစ်လာဖွယ် ဆိုးကျိုးများကို လူသားအားလုံး ဝိုင်းဝန်းလက်တွဲ တားဆီးကာကွယ်ခြင်းဖြင့် အကောင်းဆုံး လူ့ဘောင်ကို တည်ဆောက်သွားနိုင်ကြမှာ ဖြစ်ပါတယ်။

 

Credit : အေးဖြူ
Ref: "No such tings at the fourth industrial revolution" - By Satyajit Das - Bangkok Post - Nov.30.2016

 

 

Industry 4.0 တကယ္ေရာက္ေတာ့မွာလား


Science and Technology လုိ႔ဆိုတဲ့ သိပံၸံနည္းပညာရဲ႕ မႀကဳံစဖူး အံ့မခန္း အရွိန္အဟုန္ ျပင္းစြာနဲ႔ တိုးတက္လာမႈေၾကာင့္ ကမၻာႀကီးကလည္း အထူးအျမန္ႏႈန္းနဲ႔ကုိ ေျပာင္းလဲေနပါတယ္။ ျဖစ္စဥ္အားလံုးက အဆုိးအေကာင္း ဒြန္တြဲေနတာမို႔ ဒီေျပာင္းလဲမႈေတြနဲ႔ ဆက္ႏႊယ္ၿပီး လူသားေတြအတြက္ ေကာင္းက်ဳိး ဆုိးက်ဳိး အမ်ဳိးမ်ဳိးရွိတယ္။ အဆုိးေတြရွိတယ္ဆုိေပမဲ့ လူသားမ်ားအတြက္ ႏႈိင္းဆေမွ်ာ္မွန္းလုိ႔ မရေလာက္ေအာင္ အက်ဳိးေက်းဇူးမ်ား ျဖစ္ထြန္းေစခဲ့တယ္ဆုိတာ ဘယ္သူမွ မျငင္းႏိုင္ပါဘူး။



နိစၥဓူ၀ ေနထုိင္သြားလာ စားေသာက္လႈပ္ရွားမႈကစလုိ႔ စီးပြားေရး၊ ပညာေရး၊ က်န္းမာေရး ေဆးပညာနယ္ပယ္၊ လမ္းပန္းဆက္သြယ္ေရးနဲ႔ နယ္ပယ္က႑အစံုမွာ လူပင္ပန္း သက္သာၿပီး ကုန္က်စရိတ္ သက္သာစြာနဲ႔ လြယ္ကူအဆင္ေျပလာၾကတာ အထင္အရွားပါ။ ထုိ႔အတူပဲ လူမႈဆက္ဆံေရး နယ္ပယ္မွာလည္းေ ခတ္ေပၚနည္းပညာ ပစၥည္းကိရိယာေတြနဲ႔ အင္တာနက္ခ်ိတ္ဆက္မႈေတြမွတစ္ဆင့္ အိပ္မက္ မွ်ပင္ မမက္ဖူးတဲ့ ဆက္သြယ္မႈ လမ္းေၾကာင္းေတြ ပ်ံ႕ႏွံ႔ေနၾကပါၿပီ။

 

လူ႔သမုိင္းေၾကာင္းကုိ ျပန္ၾကည့္ရင္ သိပၸံနည္းပညာ တိုးတက္မႈတုိင္းလုိလုိပင္ လူသားေတြရဲ႕ လူေနမႈအဆင့္အတန္းကုိ တစ္နည္းတစ္ဖံု ျမင့္မားေစတယ္ဆိုတဲ့ ဆက္စပ္မႈေတြကုိ ေတြ႕ျမင္ႏုိင္တယ္။ ေဘာဂေဗဒပညာရွင္ Professor Robert Gordon ရဲ႕ အဆုိအရ လူ႔သမုိင္းအတြက္ စက္မႈဆုိင္ရာ နည္းပညာတိုးတက္မႈနဲ႔ပတ္သက္ၿပီး ကာလအပုိင္း သံုးပုိင္း ခြဲျခားခဲ့တယ္။ ပထမစက္မႈေတာ္လွန္ေရး (First Industrial Revolution) 1750-1830၊ ဒုတိယစက္မႈေတာ္လွန္ေရး (Second Industrial Revolution) ၊ တတိယစက္မႈေတာ္လွန္ေရး (Third Industrial Revolution) 1960 မွ ယေန႔အထိ။

 

ယေန႔ေခတ္ ၫႊန္းေဖာ္ခ်က္ေတြအရေတာ့ ၁၈ ရာစုႏွစ္မ်ားဆီက ေပၚေပါက္လာတဲ့ စက္မႈေတာ္လွန္ေရးနဲ႔အတူ Steam Power ဆိုတဲ့ ေရေႏြးေငြ႕အင္ဂ်င္ပါ၀ါကုိ အသံုးျပဳလာတဲ့ စက္မႈေခတ္ကာလအခ်ိန္ကုိ Industry 1.0 အျဖစ္ လည္းေကာင္း၊ Electricity Power လွ်ပ္စစ္အားကုိ သံုးလာၾကတဲ့ ဒုတိယစက္မႈေတာ္လွန္ေရး အခ်ိန္ကာလကုိေတာ့ Industry 2.0 ၊ တစ္ဖန္ Information Communication Technology (ICT) လုိ႔ အတုိေကာက္သိထားတဲ့ အခ်က္အလက္ ဆက္သြယ္ေရးနည္းပညာနဲ႔ တုိးတက္မႈ အခ်ိန္ကာလတစ္ေလွ်ာက္ ယေန႔အထိကုိ Industry 3.0 ဟူ၍ လည္းေကာင္း တင္စားေခၚေ၀ၚခဲ့ၾကတယ္။

 

ပထမစက္မႈေတာ္လွန္ေရးနဲ႔ဆက္ႏႊယ္ၿပီး ေက်ာက္မီးေသြး၊ ေရေႏြးေငြ႕အင္ဂ်င္ပါ၀ါမ်ား အသံုးျပဳၾကတဲ့ စက္မႈေခတ္အစပုိင္း ေျခလွမ္းေတြကုိေတာ့ မီးရထားလမ္းေတြနဲ႔ အထည္အလိပ္ပုိင္း ဆုိင္ရာ လုပ္ငန္းေတြမွာ ထူးျခားစြာ တိုးတက္ခဲ့တယ္။ ဒီေႏွာင္းပုိင္း 2.0 ကာလ အစပ်ဳိးခ်ိန္မွာ လွ်ပ္စစ္စြမ္းအား Electricity နဲ႔အတူ Internal Combustion Engines ဆုိင္ရာ တုိးတက္မႈေတြ ဆက္လက္ထြက္ေပၚလာၿပီး လူသားေတြအတြက္ ေခတ္မီဆက္သြယ္ေရးလမ္းေၾကာင္းေတြ၊ ေဖ်ာ္ေျဖမႈအပုိင္းေတြ၊ စြမ္းအင္ေခၚတဲ့ Petroleum / hydrocarbon မ်ားနဲ႔ ဓာတုပစၥည္း (Chemicals) ေတြ အသံုးျပဳမႈအပုိင္း၌ အဆမတန္ ဖြံ႕ၿဖဳိးတုိးတက္လာခဲ့တယ္။

 

၁၉၆၀ ျပည့္ႏွစ္မ်ားမွ အစျပဳလုိ႔ ယေန႔အခ်ိန္တုိင္ေအာင္ အပါအ၀င္လုိ႔ လက္ခံထားတဲ့ Industry 3.0 ေခၚတဲ့ တတိယစက္မႈေတာ္လွန္ေရးကေတာ့ Computing နဲ႔ Telecommunications ဆုိင္ရာ နယ္ပယ္ထဲမွာ ထူးကဲစြာ တုိးတက္လာျခင္းပဲ ျဖစ္ပါတယ္။ ဆက္သြယ္ေရးလမ္းေၾကာင္းေတြ ခ်ိတ္ဆက္ၿပီး ကမၻာႀကီးက ျပားသြားၿပီလုိ႔ေတာင္ဆိုထားတာပဲ။ ကမၻာ့ရြာႀကီးမွာ လူသားေတြ စကၠန္႔ပုိင္း၊ မိနစ္ပုိင္းမွာတင္ မုိင္ေပါင္း ကုေဋကုဋာ ခရီးေပါက္ႏိုင္တယ္။ ခလုတ္တစ္ခ်က္ႏွိပ္႐ံုနဲ႔ ကမၻာအႏွ႔ံ မွလူေတြ ခ်ိတ္ဆက္မိေနၾကတယ္။

 

ပညာရွင္ Professor R-Gordon ရဲ႕ အဆိုအရ ယေန႔အထိ ျဖစ္ၿပီးခဲ့တဲ့ စက္မႈေတာ္လွန္ေရးအားလံုးက လူသားေတြအတြက္ သူ႔နည္းသူ႔ဟန္နဲ႔ အက်ဳိးျဖစ္ထြန္းေစခဲ့တာ မွန္တယ္။ ဒီထဲကမွ စက္မႈေတာ္လွန္ေရးနံပါတ္ (၂)က အက်ဳိးသက္ေရာက္မႈ အျဖစ္ဆံုးလုိ႔ ဆုိထားပါတယ္။ နည္းပညာ ဆန္းသစ္တီထြင္မႈေတြေၾကာင့္ စီးပြားေရးလုပ္ေဆာင္ခ်က္မ်ားအေပၚ၊ လူေတြအေပၚ ဘယ္လုိနည္းနဲ႔ အခ်ိန္ဘယ္ေလာက္ၾကာၾကာ အက်ဳိးသက္ေရာက္ ႐ုိက္ခတ္မႈရွိတယ္ဆုိတာ သက္ဆုိင္ရာ ဖန္တီးတီထြင္မႈ ေပၚလာျခင္းေၾကာင့္ ေျပာင္းလဲသြားတဲ့အခ်ိန္၊ ဖြံ႕ၿဖဳိးတိုးတက္မႈနဲ႔ ကုန္ထုတ္စြမ္းအားအေပၚ သက္ေရာက္မႈ စတဲ့ အခ်က္အလက္ေတြေပၚ မူတည္တယ္။

 

Industry 2.0 မွ အစပ်ဳိးခဲ့တဲ့ Electricity နဲ႔ Internal Combustion Engines ရဲ႕ အရွိန္အဟုန္စြမ္းအားေတြက နယ္ပယ္အသီးသီးမွာ လူသားေတြကုိ အက်ဳိးျပဳခဲ့တယ္။ ဒီဆန္းသစ္တီထြင္မႈေတြေၾကာင့္ လူ႔အသံုးအေဆာင္ပစၥည္းေတြ၊ စက္႐ံုအလုပ္႐ံုလည္ပတ္မႈေတြ ဆက္ႏႊယ္တိုးတက္ေျပာင္းလဲလာမႈက လူေနမႈအဆင့္အတန္းကုိလည္း အဆေပါင္းမ်ားစြာ ျမႇင့္တင္ေပးခဲ့တယ္လုိ႔ ေျပာပါတယ္။

 

Industry 2.0 ေနာက္ပုိင္းအခ်ိန္ေတြမွာ စြမ္းအင္အမ်ဳိးမ်ဳိး သံုးစြဲႏုိင္ေရး ႀကံဆေတြးေတာတီထြင္လာမႈေတြ၊ ထုတ္လုပ္မႈစြမ္းရည္ပုိင္းမွာ ျမင့္မားလာတာေတြ၊ အထူးသျဖင့္ သယ္ယူပုိ႔ေဆာင္ေရးလမ္းေၾကာင္းဆုိင္ရာ တုိးတက္မႈမ်ားနဲ႔အတူ ကူးသန္းေရာင္း၀ယ္ထုတ္လုပ္ေရာင္းခ်ေရး၊ ကုန္သြယ္ေရးပုိင္းေတြမွာပါ Delivery ကုိ စနစ္တက် ထိန္းခ်ဳပ္ကြပ္ကဲမႈ ရလာတယ္။ Flexibility ဆိုတဲ့ ေလ်ာ့တင္း ညိႇႏႈိင္းခ်ိန္ဆႏုိင္တဲ့ အရည္အခ်င္းေတြလညး္ ေပၚလာတာေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ားအတြက္ အထူးအက်ဳိးရွိေစခဲ့တယ္။

 

အထူးသျဖင့္ ပုိ႔ေဆာင္ေရးက႑မွာ လူသားေတြနဲ႔ တိရစၦာန္ေတြအစား Internal Combustion Engines ေတြက အဆေပါင္းမ်ားစြာ အသံုးတည့္လာတာေၾကာင့္ လုပ္ငန္းေတြ အခ်ိန္တိုအတြင္း ကုန္က်စရိတ္ သက္သာစြာနဲ႔ ၿပီးစီးႏုိင္တယ္။ ပုိမိုထိေရာက္ အက်ဳိးရွိစြာ လည္ပတ္လာႏုိင္တယ္ဆုိတာ ေတြ႕ၾကရတယ္။ ဒီ Industrial 2.0 ရဲ႕အက်ဳိးဆက္ေၾကာင့္ပဲ ေမာ္ေတာ္ယာဥ္ေတြ ေပၚလာတယ္။

 

Steel, Aluminum, Rubber ဆက္စပ္လုပ္ငန္းမ်ား တိုးပြားၿပီး Road System ဆုိတဲ့ လမ္းခရီးစဥ္လည္း တစ္လက္စတည္း စနစ္တက် တိုးတက္လာတာ အမွန္။ အႀကီးစား (Large Scale) လုပ္ငန္းႀကီးမ်ား ထြန္းကားက်ယ္ျပန္႔လာတဲ့အတြက္ အလုပ္သမားေတြလည္း ေထာင္ေသာင္းမက လစာအလံုအေလာက္နဲ႔ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ဖြင့္ေပးႏုိင္ခဲ့တယ္။

 

လူသားတစ္ဦးခ်င္းရဲ႕ ေနထုိင္မႈပံုစံကလည္း အျပတ္အသတ္ ကြာျခားသြားၿပီ။ မိသားစု၊ အိမ္၊ အလုပ္ဌာန၊ မိလႅာႏွင့္ အမႈိက္သ႐ုိက္ သန္႔ရွင္းေရးကိစၥမွအစ ပုိ႔ေဆာင္ေရး၊ ေဖ်ာ္ေျဖေရး၊ အိမ္သံုးပစၥည္းကိရိယာအဆံုး အားလံုးက ေခ်ာေမာအဆင္ေျပ လြယ္ကူသြားတယ္။ ဒီလုိအႀကီးစား ေျပာင္းလဲတိုးတက္ ဖန္တီးမႈေတြကုိ သယ္လာေပးတဲ့ Industry 2.0 က သမိုင္းေၾကာင္းမွာ မႀကံဳစဖူး လူသားေတြရဲ႕ ေနထုိင္မႈပံုစံ အဆင့္အတန္းေျပာင္းလဲတိုးတက္ေစခဲ့တာ အမွန္ျဖစ္တယ္။

 

ယေန႔ေခတ္ႀကီးမွာ ႀကီးျပင္းက်င္လည္လႈပ္ရွားေနၾကတဲ့ လူငယ္အမ်ားစုကေတာ့ Industry 3.0 ကုိ ပိုတန္ဖုိးႀကီးတယ္၊ သက္ေရာက္မႈပုိမ်ားတယ္လုိ႔ ယူဆၾကမွာပဲ။ တစ္ေန႔နဲ႔တစ္ေန႔မတူရေအာင္ကုိ တီထြင္ဆန္းသစ္မႈ Gadgets မ်ဳိးစံုန ႔ဲ ICT ေခတ္ႀကီးမွာ လူျဖစ္ရတာ ေကာင္းလိုက္တာလုိ႔ ထင္ၾကသူမ်ားလည္း ရွိမယ္။

သာမန္ေခတ္လူငယ္ေတြ ဘာေတြ လုပ္ေနၾကလဲ ဆိုတာ ၾကည့္႐ံုနဲ႔ကုိ သိႏုိင္ၿပီ။ စားပြဲေပၚမွာ ကြန္ပ်ဴတာတစ္လံုးနဲ႔ အလုပ္႐ႈပ္ေနမယ္။ ဒစ္ဂ်စ္တယ္ေကဘယ္လ္နဲ႔ Channels စံု ၾကည့္ႏုိင္တဲ့ TV ကလည္း ဖြင့္ထားၿပီး တစ္ခ်က္တစ္ခ်က္ လွမ္းၾကည့္မယ္။ ဒါမွမဟုတ္ရင္လည္း Wireless Network နဲ႔ Internet ဆီ ခ်ိတ္ထားတဲ့ Notebook သုိ႔မဟုတ္ Tablet က ေပါင္ေပၚ ဖြင့္တင္ထားမယ္။ တစ္လံုးထက္ ပုိႏုိင္တဲ့ Mobile ဖုန္းကလည္း လက္လွမ္းမီတဲ့ေနရာမွ အရန္သင့္ပါပဲ။ ၿပီးေတာ့ iPad ကေန Musicလည္း ဖြင့္ထားဦးမယ္။ ၂၄ နာရီအခ်ိန္ရဲ႕ အေတာ္မ်ားမ်ားကုိ ဒီလုိအေနအထားနဲ႔ ကုန္ဆံုးေနၾကတယ္။

 

မဟုတ္ရင္လည္း ထုိင္လ်က္ TV ၾကည့္တယ္။ Email လည္း စစ္လုိက္ေသး။ Website ေတြလည္း Surf လုပ္၊ Online Chatting လည္း မလြတ္ေစရ။ေခတ္လူေတြ Industry 3.0 ေခတ္ႀကီးမွာ Multitasking ကြၽမ္းက်င္ၾကတာ လက္ဖ်ားခါေလာက္ပါရဲ႕။

 

အရင္ေခတ္က အမ်ားႀကဳိက္ ႀကဳိးဖုန္းနဲ႔ တယ္လီဂရမ္ေတြက အလြန္ေခတ္ေနာက္က်သြားၿပီ။ ႀကဳိးမဲ့ Mobile, Smart Phone ေတြက လူတုိင္းနီးပါးလိုလုိ သံုးစြဲေနၾကတာပဲ။ iPhone ကုိ၂၀၀၇ ခုႏွစ္မွာ စတင္မိတ္ဆက္တာပါ။ နည္းပညာတုိးတက္မႈေၾကာင့္ ဖုန္းတစ္လံုးနဲ႔ နည္းပညာအက်ဳိးဆက္ေတြ အထူးခံစားေနၾကပါၿပီ။ ဖုန္းကုိသံုးၿပီး ကင္မရာ၊ ကြန္ပ်ဴတာ၊ TV ၊ သီခ်င္း နားေထာင္မႈ၊ Videogame၊ e-reader နဲ႔ Internet ကုိ စိတ္ႀကဳိက္ခံစားႏုိင္ၾကတယ္။ ဖုန္းရွိေနရင္ မိမိသေဘာထား၊ ထင္ျမင္ယူဆခ်က္ေတြကုိလည္း မီဒီယာမွာတင္ႏုိင္၊ ပုိ႔ႏုိင္၊ ေဆြးေႏြးႏိုင္တယ္။ေနရာတိုင္း၊ အခ်ိန္တုိင္းမွာ ဖုန္းပြတ္ေနၾကတာေၾကာင့္ အေကာင္းအဆုိးေတြလည္း ေ၀ဖန္ၾကတာ မ်ားၿပီ။

 

စက္မႈလုပ္ငန္းေတြ၊ စီးပြားေရးအဖြဲ႕အစည္းေတြနဲ႔ လူပုဂၢဳိလ္တစ္ဦးခ်င္းမွာလည္း Industry 4.0 ဆိုတဲ့ ဦးတည္ေရြ႕လ်ားမႈနဲ႔အတူ အေျပာင္းအလဲ တီထြင္ဆန္းသစ္မႈေတြရဲ႕ သက္ေရာက္႐ုိက္ခတ္မႈကုိ ႀကဳံေတြ႕ေနရတယ္။

ICT နည္းပညာၿခဳံလႊမ္းခံေနရတဲ့ Industry 3.0 ေခတ္ကာလ အပါအ၀င္ျဖစ္တဲ့ ယေန႔ ကမၻာ့လူသားအားလံုးအတြက္ Industry 4.0 မေရာက္မီ ျဖစ္ပ်က္ႀကဳံေတြ႕ေနရတဲ့ အေျခအေနက ဆုလာဘ္တစ္မ်ဳိးလား၊ က်ိန္စာေပပဲလား (A Blessing or a Curse) ဆိုတာ ေျဖႏိုင္ဖုိ႔ ေတာ္ေတာ္ေလးခက္မယ္။ ရာစုႏွစ္တစ္ခုထက္တစ္ခု စိတ္ထဲမွာ ေတာင္ မေမွ်ာ္မွန္းႏုိင္တဲ့ သက္သာလြယ္ကူမႈ အဆင့္က အဆင့္ခုန္ေက်ာ္ တုိးတက္ေျပာင္းလဲလာတယ္ဆိုတဲ့ အခ်က္နဲ႔ဆိုရင္ေတာ့ ဆုလာဘ္လုိ႔ ဆုိႏုိင္မယ္။

 

သုိ႔ေပမဲ့လည္း အခ်ိန္မေရြး ေနရာမေရြး Web ဆုိတာခ်ည္းကုိ ဆက္သြယ္လုိ႔ ရေနတာေၾကာင့္ စိတ္အလုိကုိလုိက္ရင္းနဲ႔ နည္းပညာလမ္းေၾကာင္း အဆက္အသြယ္ေတြေနာက္ မနားတမ္း လုိက္ၾကမယ္ဆုိရင္ေတာ့ ေအးခ်မ္းမႈ၊ ၿငိမ္းခ်မ္းမႈနဲ႔အတူ မိသားစုအသုိင္းအ၀ုိင္းမွာ တန္ဖုိးထားရတဲ့ စံတန္ဖိုး သတ္မွတ္ခ်က္ေတြ ေပ်ာက္ပ်က္ကုန္တာ အမွန္ပဲမို႔ တစ္နည္းအားျဖင့္ Curse လုိ႔ေတာင္ဆုိႏိုင္မလား မသိဘူး။

 

ၿပီးေတာ့လည္း ကိန္းဂဏန္း သတင္းအခ်က္အလက္ေတြ မ်ားလြန္းတာေၾကာင့္ ယေန႔ လူေတြမွာ အခ်က္အလက္ပင္လယ္ျပင္မွာ နစ္ျမဳပ္ေနၿပီး အဓိပၸာယ္နဲ႔ အသိÓဏ္ပညာ ဗဟုသုတေတြေတာ့ ငတ္မြတ္ေနၾကတယ္(Drowning in a Sea of information but starved for meaning and knowledge) လုိ႔ေတာင္ ေျပာၾကတယ္။

Industry 3.0 ကာလရဲ႕ ေနာက္ပုိင္း ႏွစ္မ်ားမွာ နည္းပညာအသစ္အဆန္းေတြရဲ႕ အရွိန္အဟုန္နဲ႔ ကမၻာတစ္၀န္းလံုးအေပၚ သက္၀င္႐ုိက္ခတ္မႈေၾကာင့္ Industry 4.0 စတုတၳ စက္မႈေတာ္လွန္ေရးမ်ား ေပၚေပါက္လာမလားဆိုတဲ့ခန္႔မွန္းခ်က္ေတြက ေနရာအႏွံ႔ ေပၚလာတယ္။ ႏွစ္စဥ္ ဆြစ္ဇာလန္ႏုိင္ငံ၊ Davos မွာ က်င္းပၿမဲျဖစ္သည့္ 2016 World Economic Forum (WEF) ရဲ႕ Theme အေနနဲ႔ "Forth Industry Revolution" သတ္မွတ္က်င္းပခဲ့ပါတယ္။

 

မၾကာေသးမီႏွစ္မ်ားအတြင္း အဆမတန္ တိုးတက္လာတဲ့နည္းပညာမ်ား၊ Artificial Intelligence (AI) လို႔ အတုိေကာက္ သိၾကတဲ့ ဥာဏ္ရည္တု နည္းပညာနဲ႔ ဗႈ ကုိ သံုးၿပီး က႑မ်ဳိးစံုမွာ အသံုးခ်မႈေတြ၊ IOT လုိ႔ ေခၚတဲ့ Internet of Things နဲ႔အတူ Big Data လုိ႔ သိၾကတဲ့ အခ်က္အလက္ ကိန္းဂဏန္းေတြ အဆမတန္ ႀကီးမားမႈ စတဲ့ ျဖစ္ပ်က္ေျပာင္းလဲလာမႈေတြက Industry 4.0 ဆိုတဲ့ အခ်ိန္ကုိမ်ား သြားေနၿပီလားလို႔ အမ်ားေတြးထင္စရာ ျဖစ္ပါတယ္။

 

WEF ရဲ႕ တည္ေထာင္သူျဖစ္တဲ့ Professor Klaus Schwao က စတုတၳေျမာက္ စက္မႈေတာ္လွန္ေရး (Industry Revolution 4.0) သာ အမွန္ျဖစ္ၿပီဆိုရင္ ယခင္က ျဖစ္ခဲ့တဲ့ စက္မႈေတာ္လွန္ေရးႀကီးမ်ားထက္ အင္အားႀကီးမားၿပီး လူသားေတြအေပၚ သက္၀င္႐ုိက္ခတ္မႈကလည္း ပုိလိမ့္မယ္လုိ႔ ဆုိတယ္။

 

ေန႔စဥ္ မီဒီယာေတြမွာ နည္းပညာတိုးတက္မႈ ကိစၥရပ္မ်ားကုိ အသစ္အဆန္း၊ တီထြင္မႈအမ်ဳိးမ်ဳိး နဲ႔ ေနရာအႏွံ႔ ၾကားသိဖတ္႐ႈေနရတယ္။ ဖြံ႕ၿဖဳိးဆဲ ႏုိင္ငံမ်ားက လူအမ်ားစု နားလည္ရ ခက္ခဲေစမယ့္ နယ္ပယ္ေတြ အမ်ားအျပားပါ။ စီးပြားေရးလုပ္ငန္း မ်ားရဲ႕ ေျပာင္းလဲမႈေတြ၊ ဥာဏ္ရည္တု AI နည္းပညာစနစ္ကုိ နယ္ပယ္အသီးသီးမွာ အသံုးခ်လာမႈေတြ၊ ေမာင္းသူမဲ့ ကားေတြ၊ ဒ႐ုန္းေတြ၊ SG နဲ႔ Cloud Computing ဆုိတာေတြ အားလံုးက Industry 4.0 အတြက္ ေရွ႕ေျပးလကၡဏာေတြလုိ႔
ေယဘုယ် ယူဆႏုိင္မလား ဆိုတာကုိ သိပၸံပညာရွင္ မ်ားကသာ အသိဆံုး ျဖစ္မွာပါ။

 

စဥ္းစားေတြးေတာ ဆင္ျခင္ဥာဏ္ရွိတဲ့ လူသားေတြအဖုိ႔ နည္းပညာလမ္းေၾကာင္းမွ ေပၚထြက္လာႏိုင္တဲ့ အဆုိးေတြ၊ Data Side ဘက္ေတြကုိ အတတ္ႏုိင္ဆံုး ႀကဳိးစား ကာကြယ္ တားဆီးသြားၾကရမွာ ျဖစ္တယ္။ မေမွ်ာ္မွန္းႏုိင္တဲ့မေသခ်ာ မေရရာမႈေတြၾကားမွ ျဖစ္လာဖြယ္ ဆုိးက်ဳိးမ်ားကုိ လူသားအားလံုး ၀ုိင္း၀န္းလက္တြဲ တားဆီးကာကြယ္ျခင္းျဖင့္ အေကာင္းဆံုး လူ႔ေဘာင္ကုိ တည္ေဆာက္သြားႏုိင္ၾကမွာ ျဖစ္ပါတယ္။

 

Credit : ေအးျဖဴ
Ref: "No such tings at the fourth industrial revolution" - By Satyajit Das - Bangkok Post - Nov.30.2016

Read times Last modified on Friday, 12 March 2021 11:10
Rate this articles
(1 Vote)