Knowledge

Friday, 05 November 2021

ကထိန်အကြောင်း သိကောင်းစရာ

ကထိန်အကြောင်း သိကောင်းစရာ

===============
" ကထိန် "
" စုပေါင်း ဘုံ ကထိန် "
" ကထိန် သင်္ကန်း "
" ကထိန် သင်္ကန်းကပ်တယ် "
" ကထိန်ခင်းတယ် " စတဲ့ ... စကားချပ်တွေကတော့ ကထိန် နဲ့ပတ်သက်ရင်အမြဲကြားလေ့ရှိကြပါတယ်။

သာမန်ဗုဒ္ဓဘာသာဝင် အများစုကတော့ ..
"ကထိန် " ဆိုလို့သာ.. မိမိတို့ရဲ သဒ္ဓါ တရားတွေ ရှိနေတဲ့အတွက်ကြောင့်သာ လှူလိုက်၊ တမ်းလိုက် ကြတာပါပဲ။ " ကထိန် " နဲ့ပတ်သက်တဲ့ လှူဒါန်းရတဲ့ အကြောင်းကို မသိကြသူကများကြ ပါတယ်။



"ကထိန်" ဆိုတဲ့ ဝေါဟာရဟာ.. "ကထိန" ဟူသော ပါဠိ ကိုမြန်မာမှု ပြုထားခြင်း ဖြစ်ပါသည်။

"ကထိန်" ဟူသည်ကား ခိုင်မြဲခြင်း၊ ကြံံ့ခိုင်ခြင်းြ ဖစ်ပါသည်။ အခြားတစ်ဘက်တွင်လည်း လွန်မြောက်ခြင်း ကင်းလွတ်ခြင်းဟု ညွှန်းဆို ကြပါသည်။

 

ကထိန်ခင်းတယ် ဆိုတာ... " ရဟန်းတော်တွေရဲ့ အလုပ်ပါ " ကထိန်ခင်းတယ်လို့ပြောလိုက်ရင်. ကထိန်ခင်းတဲ့ အလုပ်ကို လူဝတ်ကြောင်ဒကာ၊ ဒကာမတွေက လုပ်ကြတယ်လို့ လူအများစုက ထင်နေကြပါတယ်။ တကယ်တော့ ... ကထိန်းခင်းတဲ့ အလုပ်ဟာ .. လူဝတ်ကြောင် ဒကာ ဒကာမတွေရဲ့ အလုပ်မဟုတ်ပါဘူး။ ရဟန်းတော်တွေရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ရဟန်းတော်တွေကပဲ "ကထိန်ခင်း " ကြတာပါ။


ဒါပေမဲ့.. ရဟန်းတော်တွေ " ကထိန်ခင်းမဲ့သင်္ကန်းကို အများအားဖြင့်တော့ လူဝတ်ကြောင် ဒကာ၊ ဒကာမတွေကပဲ လှူဒါန်းကြပါတယ်။

အဲဒီလို ကထိန်ခင်းမဲ့သင်္ကန်း လှူဒါန်းတာကိုပဲ "ကထိန်ခင်းတယ်" လို့ တင်စားပြီး ပြောကြရင်းက .. ကထိန် သင်္ကန်း လှူတဲ့သူတွေကို " ကထိန်ခင်းတဲ့ သူတွေ" လို့ ခေါ်ဝေါ် နေကြတာပဲဖြစ်ပါတယ်။ အမှန်စင်စစ်တော့ ... လူဝတ်ကြောင် ဒကာ၊ ဒကာမတွေဟာ ကထိန်ခင်းတဲ့ သူတွေ မဟုတ်ကြပါဘူး။ "ကထိန် သင်္ကန်း " လှူတဲ့သူတွေပဲ ဖြစ်ကြပါတယ်။



ပြီးတော့... ဒီ " ကထိန် သင်္ကန်း" ကို လူဝတ်ကြောင် ဒကာ၊ ဒကာမေ တွ ကပဲ လှူခွင့်ရှိတာ မဟုတ်ပါဘူး။
* ရဟန်း သာမဏေတွေလည်း လှူခွင့် ရှိပါတယ်။
* သီလရှင်တွေလည်း လှူခွင့် ရှိပါတယ်။
* လူသားတွေပဲ လှူခွင့်ရှိတာ မဟုတ်ပါဘူး။
* နတ်တွေလည်း လှူခွင့် ရှိပါတယ်။
* ဗြဟ္မာတွေလည်း လှူခွင့် ရှိပါတယ်။
* နဂါး ဂဠုန်တွေလည်း လှူခွင့် ရှိပါတယ်။

ကျမ်းဂန်ထဲမှာ ... ကထိန် သင်္ကန်း လှူခွင့်ရှိသူကို .. "လူရယ်၊ နတ်ရယ်၊ သီတင်း သုံးဖေါ်( ၅ )ဦးရယ်" လို့ ဆိုပြီး ..ပုဂ္ဂိုလ်( ၇ )မျိုး ကို တိုက်ရိုက် ပြထားပါတယ်။



သီတင်းသုံးဖေါ်( ၅ )ဦးဆိုတာ ... "ရဟန်း၊ ရဟန်းမ၊ သာမဏေ၊ သာမဏေ နဲ့ သိက္ခမာန်" တို့ပဲဖြစ်ပါတယ်။

"သိက္ခမာန် " ဆိုတာ ... ဘိက္ခုနီမ(ရဟန်းမ) မဝတ်မီ သိက္ခာပုဒ် ( ၆ )ပါးကို ( ၂ )နှစ်တိတိ ကျင့်နေတဲ့ "သာမဏေ တစ်မျိုး "ကို ခေါ်တာပါ။

ပဓာန နည်းအားဖြင့် တိုက်ရိုက်ပြထားတဲ့ ပုဂ္ဂိုလ်( ၇ )မျိုးထဲမှာ .. နဂါး၊ ဂဠုန်စတဲ့ တိုက်ရိုက်ပြမထားတဲ့ တခြားပုဂ္ဂိုလ်တွေလည်း အကျုံးဝင်ပါတယ်။ အသိဉာဏ်ရှိသူ မည်သူမဆို ကထိန်သင်္ကန်း လှူခွင့်ရှိတယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။

ရဟန်းတော်၊ သံဃာတော်တွေကို ကထိန်သင်္ကန်း လှူခွင့်ရှိသူများ စာရင်းမှာ တိုက်ရိုက် ပြထားတဲ့ အတွက် .. ရဟန်းတော်၊ သံဃာတော်တွေ ကိုယ်တိုင် လှူတဲ့သင်္ကန်းနဲ့ ကထိန် ခင်းကောင်းပါတယ်။ ကထိန်ခင်းခဲ့ရင်လည်း ကထိန် အထ မြောက်ပါတယ်။

ဒါပေမဲ့..... ရဟန်းတော် ကိုယ်တိုင် " အလှူခံတဲ့ သင်္ကန်း" နဲ့တော့ ကထိန်မခင်း ကောင်းပါဘူး။ အကယ်၍ ကထိန်ခင်းခဲ့ရင် လည်း ကထိန်အထ မမြောက်ပါဘူး။

" ကထိန်" တစ်ခု အထမြောက်ဖို့ အတွက် ... ကထိန်သင်္ကန်း လှူတဲ့သူ ဘယ်သူလဲဆိုတဲ့ အချက်က အဓိက မကျပါဘူး။ လှူတဲ့ ကထိန် သင်္ကန်း ဟာ.. " ဘယ်လို သင်္ကန်းလဲ" ဆိုတဲ့အချက်က အဓိက ကျပါတယ်။



ကထိန်တစ်ခု အထမြောက်ဖို့အတွက် ... လှူတဲ့ "ကထိန် သင်္ကန်း" ဟာ….
( ၁ ) မိုးကျသင်္ကန်း လည်း ဖြစ်ရပါမယ်။
( ၂ ) မသိုး သင်္ကန်း လည်း ဖြစ်ရပါမယ်။
( ၃ ) သံဃိက သင်္ကန်း လည်း ဖြစ်ရပါမယ်။

သင်္ကန်း သုံးထည် ဖြစ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင်္ကန်း တစ်ထည်တည်းကပဲ
( ၁ ) " မိုးကျ " ဖြစ်ခြင်း၊
( ၂ ) "မသိုး " ဖြစ်ခြင်း၊
( ၃ ) " သံဃိက " ဖြစ်ခြင်းဆိုတဲ့ ... အရည်အသွေး( ၃ )မျိုးနဲ့ ပြည့်စုံ ရမယ်လို့ ဆိုလိုတာပါ။

 

( ၁ )မိုးကျ သင်္ကန်း
============
မိုးရေ မိုးပေါက်တွေဟာ ဘယ်သူ့ရဲ့ တိုက်တွန်းလှုံ့ဆော်မှုမှ မပါဘဲ ၊ မိုးကောင်းကင်အပေါ်ကနေ အလိုအလျောက် ကျလာသလို... ကထိန်သင်္ကန်းဟာလည်း ..ကထိန်ခင်းမဲ့ ကျောင်းတိုက်က ရဟန်းတော်တွေထဲက ဘယ် ရဟန်းတော်ရဲ့ တိုက်တွန်း လှုံ့ဆော်မှုမှ မပါဘဲ အလှူရှင်က သူ့သဒ္ဓါ တရားနဲ့သူ အလိုအလျောက် လာလှူတဲ့ သင်္ကန်း ဖြစ်ရပါမယ်။

 

ကိုယ် လုံးဝ မတိုက်တွန်းဘဲ ...သူ့အလိုအလျောက် ရတဲ့ သင်္ကန်း၊ ကိုယ်လုံးဝ အလှူမခံဘဲ ... သူ့အလိုအလျောက် လာလှူတဲ့ သင်္ကန်းကို မိုးပေါ်က ရုတ်တရက် ကျလာတဲ့ အရာဝတ္ထုနဲ့ တူလို့ .. မိုးကျ သင်္ကန်း (မိုးပေါ်ကျ သင်္ကန်း) လို့ ခေါ်ပါတယ်။



ရဟန်းတော်၊ သံဃာတော်တွေဟာ " မိခင်ရင်း၊ ဖခင်ရင်း"ဆီကတောင်မှ ကထိန် သင်္ကန်း " အလှူမခံ" ကောင်းပါဘူး။ အဲဒီလို မိခင်ရင်း၊ ဖခင်ရင်းဆီက အလှူခံလို့ ရလာတဲ့ သင်္ကန်းနဲ့ ကထိန်ခင်းရင်လည်း ကထိန် အထ မမြောက်ပါဘူး။


ပြီးတော့.. ဥပမာ ..ရဟန်းတော်က မိဘကျေးဇူး အထူး ဆပ်ချင်လို့ဆိုပြီး ..ထူးခြားတဲ့ ကထိန် အလှူ ကုသိုလ်ကြီး မိဘနှစ်ပါးရစေချင်တဲ့ စိတ်နဲ့ မိဘကို ကထိန် အကြောင်းတွေ ပြောပြပြီး တိုက်ရိုက်နည်းနဲ့ပဲ ဖြစ်ဖြစ်၊ သွယ်ဝိုက်တဲ့နည်းနဲ့ပဲ ဖြစ်ဖြစ် ကထိန်သင်္ကန်း အလှူခိုင်းတယ်ဆိုရင် အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းပေမဲ့ ကထိန် အထ မမြောက်တော့တဲ့အတွက် မိဘ ကျေးဇူးလည်း အထူးဆပ်ရာ မရောက်တော့ပါဘူး။ မိဘနှစ်ပါးလည်း ထူးခြားတဲ့ ကထိန် အလှူကုသိုလ်ကြီးမရတော့ပါဘူး။

မိမိ ဝါဆို တဲ့ ကျောင်းတိုက်ရဲ့ ကထိန်အတွက် အလှူမခံကောင်းဘူးလို့ ပြောတာပါ။ ရဟန်းသံဃာဟာ မိမိခင်းမဲ့ကထိန်အတွက် ဘာလုပ်ပေးပါ၊ ညာလုပ်ပေးပါ ဆိုရင်တော့.. ကထိန်အထမမြောက်ဘူး ပေါ့၊ ဒါပေမဲ့ တစ်ခြား ကျောင်းတိုက်ရဲ့ကထိန် အတွက်ဆိုရင်တော့ လှူဖို့ တိုက်တွန်း ကောင်းပါတယ်။ တိုက်တွန်းလို့ ရပါတယ်။ လိုအပ်ရင် တိုက်တွန်းဖို့လိုအပ်ပါတယ်။

ကထိန်သင်္ကန်း လှူခွင့် ရှိသူတွေထဲမှာ ရဟန်းတော်တွေလည်း ပါတဲ့အတွက် ..ရဟန်း တစ်ပါးပါးက ဦးစီးဦးဆောင်ပြုပြီး ၊ တပည့်ဒကာ ဒကာမတွေနဲ့ တခြားကျောင်းတိုက် တစ်ခုခုမှာ ကထိန်သွားခင်း တယ် ဆိုရင်လည်း ရပါတယ်။

ဒါပေမဲ့ ...ကထိန်ခင်းမဲ့ ကျောင်းတိုက်က ရဟန်းတော်တွေကိုယ်တိုင်ကတော့ ..ကိုယ့်ကျောင်း ကထိန်အတွက် ဘယ်သူ့ကိုမှ ကထိန် သင်္ကန်းလှူဖို့ မတိုက်တွန်း ကောင်းပါဘူး။

ဥပမာ..
" ဒီနှစ် ကထိန် ဘယ်ရက်လဲ"၊
" ဒီနှစ်လည်း ဘုံကထိန်ပဲလား"
" ဒီနှစ် ကထိန်သင်္ကန်း " လှူဖို့ ပြောထားတဲ့သူမရှိသေးဘူး၊
" ကထိန်ရာသီတော့ ရောက်လာပြန်ပြီနော်" . . . စသည် စသည်အားဖြင့်..ဘယ်လို အရိပ်နိမိတ်မျိုး ပြပြီးတော့ပဲ ဖြစ်ဖြစ်၊ ဘယ်လိုပရိယာယ် စကားမျိုး ပြောပြီးတော့ပဲ ဖြစ်ဖြစ်၊ ကထိန်ခံ ရဟန်းတော်တွေ ကိုယ်တိုင် ကထိန် သင်္ကန်း အလှူမခံ ကောင်းပါဘူး။

ကထိန်ခင်းမဲ့ ဒကာ ဒကာမတွေက ကထိန်နဲ့ ပတ်သက်လို့ ဘာစကားမှ မစ,ရသေးဘဲနဲ့ ကျောင်းတိုက် ရဟန်းတော်ထဲက တစ်ပါးပါးက ကထိန်အကြောင်း မစမိအောင် အထူး သတိပြုရပါမယ်။ ဒကာ ဒကာမတွေက ၊ ဘာမှ မလျှောက်ရသေးဘဲနဲ့ .. " ဒီနှစ် ကထိန် ဘယ်ရက်လဲ" လို့ ကိုယ့်ဘက်က စမမေးသင့်သလို... "ဒီနှစ်တော့ ဒီရက်မှာ ကထိန်ခင်းရင် အဆင်ပြေမယ်" ထင်တယ်လို့ ..ကိုယ်က စပြီး ကထိန်ရက် သတ်မှတ်ပေးမျိုးလည်း လုံးဝ မပြုလုပ်သင့်ပါဘူး။

ကထိန်သင်္ကန်းဟာ.. " အတိ ဥက္ကဋ္ဌ = အလွန် မြင့်မြတ်တဲ့ သင်္ကန်း" ဖြစ်ရမယ်တဲ့...။

" အလွန် မြင့်မြတ်တဲ့ သင်္ကန်း" ဆိုတာ တောင်းရမ်းမှု၊ တိုက်တွန်းမှု မပါဘဲ အလိုအလျောက်ရတဲ့ သင်္ကန်းကို ပြောတာပါ။ တောင်းရမ်းခြင်း၊ တိုက်တွန်းခြင်းဆိုတဲ့ အပြစ်လုံးဝ ကင်းပြီး၊ အလွန့်အလွန် သန့်ရှင်းစင်ကြယ်တဲ့ သင်္ကန်းကို ..."မိုးကျ သင်္ကန်း”လို့ ခေါ်တာပဲဖြစ်ပါတယ်။

 

ကိုယ့်ကျောင်းကို ဘယ်နေ့၊ ဘယ်ရက်မှာ ဘယ်သူ ကထိန်လာခင်းမယ်ဆိုတာ လုံးဝ ကြိုမသိဘဲ ကြိုတင် အသိပေးမထားဘဲ ၊ လာလှူတဲ့ သင်္ကန်း၊ မမျှော်လင့်ဘဲ ရုတ်တရက်ရောက်လာတဲ့ သင်္ကန်းဟာ .."မိုးကျ သင်္ကန်း" အစစ်ဆုံးပါပဲ။

"မတောင်းဘဲရမှ အတိ ဥက္ကဋ္ဌ ( အလွန် မြင့်မြတ်တယ် ) " ဆိုတာကိုကြည့်ပြီး ... ဘယ်ပစ္စည်း လာဘ်လာဘ မဆို ၊ ဘယ်ရာထူး ဋ္ဌာနန္တရ မဆို ကိုယ်က မတောင်းရဘဲ အလိုအလျောက် ရမှ ပိုတန်ဖိုး ရှိတယ်။ ပိုသန့်ရှင်းစင်ကြယ်တယ်လို့ ကောက်ချက် ချနိုင်ပါတယ်။

 

( ၂ ) " မသိုး သင်္ကန်း"
=============
သန့်ရှင်း လတ်ဆပ်တဲ့ ထမင်းကောင်း၊ ဟင်းကောင်း ( မသိုးထမင်း၊ မသိုးဟင်း ) ဆိုတာ ချက်ပြီး တစ်ရက်မှ မကူးသေးတဲ့၊ ဒီနေ့မှ ချက်ထားတဲ့ ထမင်းဟင်း ဖြစ်ရသလို ကထိန် သင်္ကန်းဟာလည်း လှူပြီး တစ်ရက်မှ မကူးသေးတဲ့၊ ဒီနေ့ လှူထားတဲ့ သင်္ကန်း ဖြစ်ရပါမယ်။

ချက်ပြီး တစ်ရက် ကျော်သွားတဲ့ ထမင်းဟင်း၊ နေ့ကူးသွားတဲ့ ထမင်းဟင်းကို တကယ် သိုးသိုး မသိုးသိုးထမင်းသိုး၊ ဟင်းသိုးလို့ပဲ ခေါ်ပါတယ်။

 

အအေးခန်းထဲ၊ ရေခဲ သေတ္တာထဲ ထည့်ထားလို့ ချက်ချင်းသိုးမသွားသေးလည်း နာမည်ကတော့ “ထမင်းသိုး၊ ဟင်းသိုး" ပါပဲ။

လှူပြီး တစ်ရက်ကျော်သွားတဲ့ သင်္ကန်း၊ နေ့ကူးသွားတဲ့သင်္ကန်းကို " သင်္ကန်းသိုး" လို့ ခေါ်ပါတယ်။ အဲဒီလို သင်္ကန်းသိုးနဲ့ လုံးဝ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်ခင်းလည်း ကထိန် အထ မမြောက်ပါဘူး။ ( တစ်ရက်မက ကျော်သွားရင်တော့ အထူး ပြောစရာ တောင် မလိုတော့ပါဘူး )

လှူပြီး တစ်ရက်မှ မကျော်သေးတဲ့ သင်္ကန်း၊ နေ့မကူးသေးတဲ့ သင်္ကန်း၊ ဒီနေ့မှ လာလှူတဲ့သင်္ကန်းကို .."မသိုး သင်္ကန်း" လို့ ခေါ်တာပဲ ဖြစ်ပါတယ်။ " မသိုး သင်္ကန်း" နဲ့ခင်းမှ ကထိန် အထ မြောက်ပါတယ်။

ရဟန်းတော်တွေဟာ ကထိန် သင်္ကန်း ဒီနေ့ရရင် ဒီနေ့ပဲ ကထိန်ခင်းရပါတယ်။ အလုပ် မအားလို့၊ အဆင်မပြေသေးလို့ ဆိုပြီး နောက်နေ့မှ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်သင်္ကန်း အလှူခံပြီးတဲ့ နေ့ရဲ့ နောက်တစ်နေ့ အရုဏ်မတက်ခင်မှာပဲ ၊ ကထိန်ခင်းခြင်း ကိစ္စ ပြီးစီးအောင် ဆောင်ရွက်ရပါတယ်။

ကထိန်သင်္ကန်း အလှူခံပြီးတာနဲ့ ချက်ချင်း ကထိန်ခင်းရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ နောက်တစ်နေ့ အရုဏ်မတက်မချင်း ဘယ်အချိန်မှာ မဆို ကထိန်ခင်းလို့ ရပါတယ်။

 

"ကထိန် သင်္ကန်းဟာ နေ့မကူးတဲ့ မသိုး သင်္ကန်းဖြစ်ရမယ်"ဆိုတာကို ကြည့်ပြီး ..တချို့က ကထိန်ရက် မတိုင်ခင် ကထိန် သင်္ကန်းကို ကျောင်းမှာ သွား မထားကောင်းဘူးလို့ ယူဆ နေကြပါတယ်။

လမ်းခရီး ကြုံနေရင်တောင်မှ ကထိန် သင်္ကန်း ကိုင်လျက်တန်းလန်းကြီးနဲ့ ကျောင်းတိုက်ထဲကနေ ဖြတ်မသွားကောင်းဘူးလို့တောင် ထင်နေကြပါတယ်။ အဲဒီလို မဟုတ်ပါဘူး။ ကထိန် သင်္ကန်းကိုရော၊ ကထိန်ရံ သင်္ကန်းတွေကိုရော ၊ ကထိန်ရက် မတိုင်ခင် ကျောင်းမှာ သွားထားလို့ ရပါတယ်။

ဒါပေမယ့် .. ကထိန် သင်္ကန်းအဖြစ် နဲ့တော့ အပြီး လှူမပစ်ခဲ့ရပါဘူး။ ခေတ္တခဏ အပ်ရုံပဲ အပ်နှံထားခဲ့ရမှာပါ။ ကျောင်းမှာသွားထားရုံပဲ ထားပြီး မလှူသေးရင် သင်္ကန်းတွေကို သံဃာက မပိုင်သေးပါဘူး။ အလှူရှင် တွေကပဲ ပိုင်ပါတယ်။

ကထိန် သင်္ကန်းအဖြစ်နဲ့ အပြီး အပိုင် နှုတ်မြွက်ပြီး လှူပစ်ခဲ့ရင်တော့..တကယ် ကထိန်ခင်းမဲ့ ရက်အထိ စောင့်နေလို့ မရတော့ပါဘူး။ အဲဒီနေ့မှာပဲ ချက်ချင်း ကထိန်ခင်း လိုက်ရပါမယ်။ နေ့ကူးသွားရင် " သင်္ကန်သိုး" ဖြစ်သွားတဲ့အတွက် ကထိန်ခင်းလို့ မရတော့ပါဘူး။ အဲဒီကျောင်းတိုက် အဲဒီနှစ် အတွက် ပြီးပါပြီ။ ကထိန်ခင်းလို့ လုံးဝရတော့ပါဘူး။

တနှစ်မှာ တစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာတစ်ကြိမ်ပဲ ကထိန်သင်္ကန်း လှူခွင့်ရှိတာဆိုတော့... နောက်ထပ်လည်း ကထိန်သင်္ကန်း အလှူခံလို့ မရတော့ပါဘူး။

တချို့က .. ကထိန် ရက်မှာ မအားလို့၊ မလာနိုင်လို့ဆိုပြီး .. ကထိန် မတိုင်ခင် ရက်ခပ်စောစော ကတည်းက ကထိန်သင်္ကန်းကို ကြိုလှူ ထားချင်ကြပါတယ်။ အဲဒီလို ကြိုလှူထားလို့ မရပါဘူး။ သက်ဆိုင်ရာ ကျောင်းတိုက် သံဃာကလည်း ကြို အလှူခံထားလို့ လုံးဝမရပါဘူး ကြိုလှူထားတဲ့ သင်္ကန်းနဲ့ကထိန်ခင်းရင် အဲဒီကထိန်ဟာ.. "ကထိန်အတု၊ ကထိန်အင်" ပဲ ဖြစ်ပါလိမ့်မယ်။

တချို့က အရုဏ် မတက်ခင် ( ကျီးမနိုးခင် ) ကထိန်သင်္ကန်း လှူတဲ့ " ကျီးမနိုး ကထိန်" က ပိုမြတ်တယ်လို့ ယူဆပြီး ၊အရုဏ် မတက်ခင် ( ကျီးမနိုးခင် ) ကထိန်သင်္ကန်း လှူဒါန်းတတ်ကြပါသေးတယ်။ အရုဏ် မတက်ခင် ကထိန် သင်္ကန်းလှူလိုက်ရင် အရုဏ်မတက်ခင်ဘဲ ကထိန်ခင်းရပါတယ်။ အရုဏ်တက်ပြီးသွားမှ ကထိန်ခင်းရင် သင်္ကန်းသိုးသွားလို့ ကထိန် အထမမြောက်ပြန်ပါဘူး။ အရုဏ် တက်တာနဲ့ တစ်ပြိုင်နက် နောက်တစ်ရက် ကူးသွားပါပြီ။



အရုဏ်အမီ ကထိန်ခင်းဖို့ အချိန် မလုံလောက်တဲ့အတွက် အဲဒီလို လှူတာမျိုး လုံးဝ ရှောင်ကြဉ် သင့်ပါတယ်။

 

( ၃ ) "သံဃိက သင်္ကန်း"
==============
ရဟန်းတစ်ပါးပါးကို လှူဒါန်းထားလို့ အဲဒီရဟန်းတစ်ပါးတည်းကပဲ ပိုင်ဆိုင်တဲ့ ပုဂ္ဂလိက သင်္ကန်းနဲ့ ကထိန်ခင်းလို့မရပါဘူး။  သံဃာအားလုံးကို လှူဒါန်းထားလို့ သံဃာ အားလုံးပိုင်ဆိုင်တဲ့ သံဃိက သင်္ကန်းနဲ့ပဲ ကထိန်ခင်းလို့ရပါတယ်။ သံဃာအများ ပိုင်ဆိုင်တဲ့ "သံဃိက သင်္ကန်း” နဲ့ပဲ ကထိန်ခင်းခွင့် ရှိပါတယ်။



မိမိကြည်ညိုတဲ့ ဘုန်းကြီး တစ်ပါးပါး၊ ဆရာတော်တစ်ပါးပါးကို ဒီဆရာတော်ကြီး ငါကြည်ညိုလို့ ကထိန်သင်္ကန်း လှူလိုက်ဦးမယ် ဆိုပြီးတော့ .. 
"ဆရာတော်ကို တပည့်တော် ကထိန် သင်္ကန်း လှူပါတယ်ဘုရား" ၊" ဘုန်းကြီးကို ကထိန် သင်္ကန်း လှူပါတယ် ဘုရား”လို့ မိမိ ကြည်ညိုတဲ့ ရဟန်းတော် တစ်ပါးပါးကို ပုဂ္ဂလိက အနေနဲ့ ကထိန်သင်္ကန်း လှူဒါန်းခွင့် မရှိပါဘူး။

တချို့က ကထိန်ရာသီမှာ လှူတဲ့ သင်္ကန်းမှန်သမျှ ကထိန်သင်္ကန်းပဲ ထင်ပြီး ...
" အရှင် ဘုရားအတွက် ကထိန် သင်္ကန်းပါ ဘုရား" ဆိုပြီး ...လာလာ လှူလေ့ရှိပါတယ်။

အဲဒီလို လှူလို့ လုံးဝ မရပါဘူး။ ရဟန်း တစ်ပါးချင်းကို “ကထိန် သင်္ကန်း”ဆိုပြီး လုံးဝလှူလို့မရပါဘူး။ အဲဒီလိုရဟန်းတစ်ပါးပါးကို လှူတဲ့ သင်္ကန်းကိုလည်း ကထိန်ရာသီမှာ လှူပေမယ့် “ကထိန်သင်္ကန်း” လို့ မခေါ်ပါဘူး။

 

ပုဂ္ဂိုလ် တစ်ပါးပါးကို လှူဒါန်းလိုက်တဲ့ အဲဒီ သင်္ကန်းနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ခင်းလည်းပဲ ကထိန်မအောင်မြင်ပါဘူး။သံဃာကို လှူဒါန်းတဲ့ သင်္ကန်းနဲ့သာလျှင် ကထိန်ခင်းခွင့် ရှိပါတယ်။ ကထိန် အောင်မြင်ထမြောက် နိုင်ပါတယ်။

 

လှူဒါန်းနည်းက နှစ်မျိုး
=============
ကထိန်သင်္ကန်း "လှူဒါန်းနည်းက နှစ်မျိုး" ရှိပါတယ်။

( ၁ ) ကထိန်ခင်းမယ့် ကျောင်းမှာ သွားလှူတဲ့နည်း ၊
( ၂ ) ကိုယ့်အိမ်၊ ကိုယ်ဋ္ဌာန၊ တစ်နေရာရာမှာ ပင့်လှူတဲ့နည်းတို့ပဲ ဖြစ်ပါတယ်။

ကထိန်ခင်းမဲ့ ကျောင်းမှာ သွားလှူရင်တော့ ... " ဤကထိန် သင်္ကန်းကို သံဃာအား လှူပါ၏ " လို့ဆိုပြီး ...လှူလိုက်ရုံနဲ့ လုံလောက်ပါတယ်။

 

သံဃာအား လှူတယ်ဆိုပေမဲ့ ကထိန်ခင်းမဲ့ ကျောင်းမှာရှိတဲ့ သံဃာနဲ့ပဲ သက်ဆိုင်ပါတယ်။ ကိုယ့် နေရာ၊ ကိုယ့်ဋ္ဌာနကို ပင့်ပြီး လှူမယ်ဆိုရင်တော့.... "ဘယ်ကျောင်းတိုက်မှာ ကထိန်ခင်းဖို့ အတွက် သံဃာအားလှူပါ၏" လို့ ...ကထိန်ခင်းမဲ့ " ကျောင်းတိုက် နာမည်" ကို တရားဝင်ထည့်ဆိုပြီး လှူဒါန်းရပါတယ်။ ဒါမှသာကိုယ်ရည်စူးတဲ့ ကျောင်းတိုက် သံဃာက ကထိန်ခင်းခွင့် ရမှာပါ။

 

ကျောင်းတိုက် နာမည် ထည့်မဆိုဘဲ နဲ့ "သံဃာအားလှူပါ၏" လို့ ရိုးရိုးလေး ဆိုပြီး လှူလိုက်ရင် အခမ်းအနားကို ကြွလာတဲ့ " ဆယ့်နှစ်တောင် ပတ်လည်အတွင်း" က ..တခြား ပင့်သံဃာ အားလုံးနဲ့ သက်ဆိုင်သွားတဲ့အတွက် ရည်စူးရာ ကျောင်းတိုက်မှာ ကထိန်ခင်းခွင့် မရှိတော့ပါဘူး။

 

ရဟန်းတစ်ပါးတည်းကို ပင့်ပြီး “သံဃာအား လှူပါ၏” လို့ ဆိုလှူလိုက်ရင်လည်း အဲဒီရဟန်းက အဲဒီသင်္ကန်းကိုယူပြီး တခြား ကျောင်းတိုက် တစ်ခုကို ဝင်လိုက်မိတာနဲ့ တစ်ပြိုင်နက်တည်း ဝင်မိတဲ့ ကျောင်းတိုက် သံဃာက အဲဒီသင်္ကန်းကို ပိုင်ဆိုင်သွားပြန်လို့ ရည်စူးရာကျောင်းတိုက်မှာ ကထိန်ခင်း မရတော့ပါဘူး။


ဒါကြောင့် ကိုယ့်နေရာ၊ ကိုယ်ဠာန ပင့်လှူသူတိုင်း ကထိန်ခင်းလိုတဲ့ “ကျောင်းတိုက် နာမည်”ကို တရားဝင်ထည့်ဆိုပြီးမှ လှူသင့်ပါတယ်။

ကထိန်ခင်းမဲ့ ကျောင်းတိုက်မှာ သွားလှူတဲ့ အခါ.. " သံဃာအား”လို့ ထည့်မဆိုပဲ .. " ဤကထိန် သင်္ကန်းကို လှူပါ၏" လို့ ရိုးရိုးပဲ ဆိုလိုက်ရင်လည်း အဲဒီ ကထိန် သင်္ကန်းဟာ ကျောင်းတိုက်မှာ ရှိတဲ့ သံဃာ အားလုံး ပိုင်ဆိုင်တဲ့ သင်္ကန်း (သံဃိက သင်္ကန်း)ဖြစ်သွားပါတယ်။ “သံဃာအား”လို့ ထည့်ဆိုလိုက်တော့လည်း ပိုပြည့်စုံ သွားတာပေါ့။

 

ရဟန်း တစ်ပါးတည်း ဝါဆိုတဲ့ ကျောင်းတိုက်မှာ" သံဃာအား လှူပါ၏" လို့ ရွတ်ဆိုလျှောက်ထားပြီးလှူတဲ့ ကထိန်သင်္ကန်းဟာ.." သံဃာအား”လို့ ပါတဲ့အတွက် အရပ် လေးမျက်နှာမှာ ရှိရှိသမျှ သံဃာအားလုံးနဲ့ သက်ဆိုင်ပေမဲ့ ကျောင်းတိုက်မှာ ဝါဆိုတဲ့ ရဟန်းတစ်ပါးကပဲ ပိုင်ဆိုင်ပါတယ်။

တစ်ပါးထက် ပိုများတဲ့ ရဟန်းတော်တွေ ဝါဆိုတဲ့ကျောင်းတိုက် တွေမှာလည်း ထိုနည်းတူပါပဲ။ "သံဃာအား လှူပါ၏" ဆိုတဲ့ သင်္ကန်းမှန်သမျှ အရပ်လေးမျက်နှာ သံဃာ(စာတုဒ္ဒိ သံဃာ)နဲ့ သက်ဆိုင်ရုံပဲ သက်ဆိုင်ပါတယ်။ ပိုင်တဲ့ အခါမှာတော့ ကျောင်းတိုက် သံဃာ(အာရာမ သံဃာ) ကပဲ ပိုင်ပါတယ်။ ကျောင်းတိုက် ပြင်ပက သံဃာဟာ ဆိုင်သာဆိုင် ၊ မပိုင်တဲ့သံဃာပါ။

ကိုယ်လှူတဲ့ သင်္ကန်းကို သံဃာတော်တွေ ဘယ်လိုပဲဆိုင်ဆိုင်၊ဘယ်လိုပဲ ပိုင်ပိုင် ကိုယ်ကတော့ သံဃာအားလုံးကို ရည်မှန်းပြီး လှူဒါန်းရမှာ ပါပဲ။ "အရပ်လေး မျက်နှာမှာ ရှိရှိသမျှ သံဃာအားလုံး ၊ သာသနာတော်မှာ ရှိခဲ့ပြီး၊ ရှိနေဆဲ၊ ရှိလတ္တံ့ သံဃာအားလုံးကို လှူဒါန်းပါတယ်" လို့ အာရုံပြုပြီး...
"သံဃဿ ဒေမ = သံဃာအား လှူပါ၏"လို့ ရွတ်ဆို လှူဒါန်းလိုက်ရင် ကိုယ်လှူလိုက်တဲ့ သင်္ကန်းဟာ " တစ်သာသနာလုံး၊ တစ်လောကလုံးမှာ ရှိတဲ့ ပုထုဇဉ်သံဃာ၊ အရိယာ သံဃာ သံဃာအားလုံးနဲ့ သက်ဆိုင်တဲ့ သံဃိက သင်္ကန်း" ဖြစ်သွားပါတယ်။ အများပိုင် သံဃိက သင်္ကန်းနဲ့ပဲ ကထိန်ခင်းလို့ ရပါတယ်။ တစ်ပါးပိုင် ပုဂ္ဂလိက သင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။

 

ဒါပေမဲ့ တကယ် ကထိန်ခင်းတဲ့ အချိန်မှာတော့ “အများပိုင် သံဃိက သင်္ကန်း”ကို “တစ်ပါးပိုင် ပုဂ္ဂလိကသင်္ကန်း” ဖြစ်အောင် ပြန်လုပ်လိုက် ရပါတယ်။

 

သံဃာက ကထိန်ခင်းလို့ မရပါဘူး။ ပုဂ္ဂိုလ်ကပဲ ကထိန်ခင်းလို့ ရပါတယ်။ သံဃာက ကထိန် သင်္ကန်းပေးရုံပဲ ပေးနိုင်ပါတယ်။ သိမ်ထဲမှာ သံဃာတော်တွေ စုဝေးပြီး ကထိန်ခင်း ထိုက်တဲ့ ရဟန်းတစ်ပါးကို ဉတ်ကမ္မဝါ နဲ့ ကထိန်သင်္ကန်း ပေးလိုက်ရပါတယ်။ ကထိန် သင်္ကန်းကို ပုဂ္ဂလိကအဖြစ် ပိုင်ဆိုင်သွားတဲ့ အဲဒီ ရဟန်းကမှ ကထိန်ခင်းရတာပါ။

ကထိန် သင်္ကန်းကို သိမ်ထဲမှာပဲ ပေးရပေမဲ့ ကထိန်ကိုတော့ သိမ်ထဲမှာပဲ ဖြစ်ဖြစ်၊ သိမ်အပြင်မှာပဲ ဖြစ်ဖြစ် ခင်းလို့ရပါတယ်။ ရဟန်းတစ်ပါး ခင်းတဲ့ ကထိန်ကို သံဃာက ဝမ်းမြောက် ဝမ်းသာ အနုမောဒနာ ပြုလိုက်ရင် သံဃာကလည်း ကထိန် ခင်းပြီးသား ဖြစ်သွားတာပါပဲ။

ကထိန်ခင်းခြင်း ဆိုတဲ့ ဝိနည်းကံဟာ သံဃာ့ကံ မဟုတ်၊ ပုဂ္ဂလကံ ဆိုပေမဲ့ သံဃာကပဲ ကထိန် သင်္ကန်းပေးရ၊ ကထိန်ခင်းပြီးရင်လည်း သံဃာအားလုံးက အနုမောဒနာပြုတဲ့ သံဃာမှာလည်း ကထိန် အာနိသင်ရတဲ့ အတွက် သံဃာ့ကိစ္စ၊ သံဃာ့အလုပ်လို့ ဆိုနိုင်ပါတယ်။

 

“သံဃိက သင်္ကန်း”ကို “ပုဂ္ဂလိက သင်္ကန်း”အဖြစ် ကထိန်ခင်းမဲ့ ရဟန်းကိုပေးတာက သံဃာတော်တွေရဲ့ အပိုင်း ဖြစ်ပါတယ်။

ကထိန် အလှူရှင်တွေရဲ့ အပိုင်းကတော့ “သံဃိက သင်္ကန်း”အဖြစ်ပဲ လှူဒါန်းရမှာပါ။ ကထိန်ခင်းတဲ့ အချိန် ပုဂ္ဂလိက သင်္ကန်း လုပ်မဲ့ အတူတူပဲဆိုပြီး ... နဂိုကတည်းက ပုဂ္ဂလိက သင်္ကန်းအဖြစ် မလှူဒါန်းရပါဘူး။ လှူဒါန်းခဲ့ရင် ပုဂ္ဂလိက သင်္ကန်းကို သံဃာက ကထိန်ခင်းမဲ့ ရဟန်းကို ပေးလို့ မရတော့တဲ့ အတွက် ကထိန်ခင်းလို့ မရတော့ပါဘူး။

သံဃိက သင်္ကန်းကိုပဲ သံဃာက ကထိန်ခင်းမယ့် ရဟန်းကို ပေးလို့ရပါတယ်။ ဒါကြောင့် ကထိန် အလှူရှင်တွေ အနေနဲ့ မိမိတို့ ကြည်ညိုတဲ့ ဆရာတော် တစ်ပါးပါး၊ ရဟန်း တစ်ပါးပါးကို ကထိန်သင်္ကန်း ရစေချင်တဲ့စိတ် လုံးဝမထားဘဲ ၊ " ဒီကထိန် သင်္ကန်းဟာ သံဃာ အားလုံးအတွက်”လို့ပဲ ရည်မှန်းပြီး ... သံဃာပိုင် သံဃိက စစ်စစ်ဖြစ်အောင် လှူဒါန်းကြရပါမယ်။

 

နောက်တစ်ချက် ဖြည့်စွက်ရမယ်ဆိုရင်တော့ ကထိန်သင်္ကန်းဟာ “ကိုယ်ပိုင် သင်္ကန်း” ဖြစ်ရပါမယ်။ ခေတ္တခဏ ငှားယူလာတဲ့ သင်္ကန်း (“အငှား”သင်္ကန်း)နဲ့ ကထိန်ခင်းရင် ကထိန်စစ်စစ် မဖြစ်ပါဘူး။

အမှန်တကယ် ပိုင်ဆိုင်တဲ့ သင်္ကန်း ( ကိုယ်ပိုင် သင်္ကန်း)နဲ့ ကထိန် သင်္ကန်း လှူတဲ့ အခါမျိုးမှာ ကထိန်ခင်းတဲ့ အခိုက်ကလေး ခေတ္တခဏ ငှားတဲ့ သဘောမျိုး မဖြစ်အောင် အထူး သတိပြု ရပါမယ်။

ကထိန်ခင်းခွင့် ရှိတဲ့ ကာလကတော့ ... " သီတင်းကျွတ် လပြည့်ကျော်( ၁ )ရက်ကနေ တန်ဆောင်မုန်း လပြည့်နေ့ အထိ တစ်လ( ၂၉-ရက် )” ဖြစ်ပါတယ်။ ဒီတစ်လ အတွင်းမှာပဲ ကထိန် သင်္ကန်းလှူခွင့် ရှိပါတယ်။ ဒီတစ်လ အတွင်းမှာ ခင်းမှလည်း “ကထိန်စစ်စစ်”ြ ဖစ်ပါတယ်။



ကထိန်ခင်းဖို့အတွက် သံဃာက သိမ်ထဲမှာ သင်္ကန်းပေး တဲ့ ကံ ပြုရတဲ့အတွက် ကထိန်ကံ အောင်မြင်ဖို့ အနည်းဆုံး သံဃာ( ၅ )ပါး ရှိရပါတယ်။ ကထိန် သင်္ကန်းပေးတဲ့ ကံပြုတဲ့ သံဃာက ( ၄ )ပါး၊ ကထိန် သင်္ကန်းခံယူသူက ( ၁ )ပါး၊ စုစုပေါင်း ( ၅ )ပါး အနည်းဆုံး ရှိမှ ကထိန်ကံ အောင်မြင်ပါတယ်။ သင်္ကန်း ပေးဖို့ အတွက်သာ သံဃာ လိုတာပါ။ သင်္ကန်းပေးပြီးလို့ ကထိန်ခင်းတဲ့ အခါမှာတော့ သံဃာ မလိုပါဘူး။



တစ်ပါးတည်း ဝါဆိုတဲ့ ကျောင်းမှာ တစ်ပါးတည်း ကထိန်ခင်းလည်း ရပါတယ်။ အနုမောဒနာ ပြုရမဲ့ ရဟန်းတစ်ပါး ခေါ်ထားပြီး၊ နှစ်ပါးကထိန်ခင်းလည်း ရပါတယ်။ သင်္ကန်းပေးတဲ့ သံဃာတွေ စုံနေတုန်းမို့ သံဃာနဲ့ ကထိန်ခင်းလိုက်လည်း ရတာပါပဲ။ ရဟန်း တစ်ပါး ခင်းတဲ့ ကထိန်ကို ဝါဆိုတူ ကျောင်းတိုက်အတွင်းက ရဟန်းတော်တွေပဲ အနုမောဒနာ ပြုစရာ လိုပါတယ်။ ကိုရင် သာမဏေတွေ ကတော့ အနုမောဒနာ ပြုစရာ မလိုပါဘူး။



ဒါပေမဲ့ တစ်ကျောင်းတိုက်တည်း အတူ ဝါဆိုကြတဲ့ သီတင်းသုံးဖေါ် ဘဝတူအချင်းချင်း ဖြစ်တဲ့အတွက် ကထိန် အာနိသင် သင်္ကန်း (ကထိန်ရံ သင်္ကန်း)တွေကို ကိုရင်တွေကိုလည်း အညီအမျှ ခွဲဝေပေးရပါမယ်။ ကိုရင်တွေလည်း အာနိသင် သင်္ကန်း( ကထိန်ရံ သင်္ကန်း) ရပိုင်ခွင့် ရှိပါတယ်။



တချို့က ကျောင်းဥပစာ ပရိဝုဏ် အရံအတား တူတဲ့ ကျောင်းတိုက် တစ်တိုက်တည်းမှာ နှစ်ကျောင်း၊ သုံးကျောင်း စသည်ခွဲပြီး သီခြားစီ ဝါဆို တတ်ကြပါတယ်။ ကျောင်းတိုက်ကြီး တစ်ခုတည်းမှာ ဘယ်နှစ်ကျောင်းပဲ ခွဲဝါဆိုဆို ကထိန်ခင်းရင်တော့ တစ်ကျောင်း တိုက်လုံးပေါင်းပြီး၊ ကထိန် တစ်ခုတည်းပဲ ခင်းရပါမယ်။ ဒါမှကထိန်စစ်စစ် ဖြစ်ပါမည်။

 

Credit : အရှင်ဉာဏာဝုဓ (ဉာဏရောင်ခြည်ဆရာတော်) ဦးခိုက်ပါ၏အရှင်ဘုရား
ဝေမျှပေးတဲ့ ကိုသက်ကိုလည်း ကျေးဇူးတင်ပါတယ်

 

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ။

 

 

ကထိန္အေၾကာင္း သိေကာင္းစရာ

===============
" ကထိန္ "
" စုေပါင္း ဘုံ ကထိန္ "
" ကထိန္ သကၤန္း "
" ကထိန္ သကၤန္းကပ္တယ္ "
" ကထိန္ခင္းတယ္ " စတဲ့ ... စကားခ်ပ္ေတြကေတာ့ ကထိန္ နဲ႔ပတ္သက္ရင္အၿမဲၾကားေလ့ရွိၾကပါတယ္။

သာမန္ဗုဒၶဘာသာဝင္ အမ်ားစုကေတာ့ ..
"ကထိန္ " ဆိုလို႔သာ.. မိမိတို႔ရဲ သဒၶါ တရားေတြ ရွိေနတဲ့အတြက္ေၾကာင့္သာ လႉလိုက္၊ တမ္းလိုက္ ၾကတာပါပဲ။ " ကထိန္ " နဲ႔ပတ္သက္တဲ့ လႉဒါန္းရတဲ့ အေၾကာင္းကို မသိၾကသူကမ်ားၾကပါတယ္။



"ကထိန္" ဆိုတဲ့ ေဝါဟာရဟာ.. "ကထိန" ဟူေသာ ပါဠိ ကိုျမန္မာမႈ ျပဳထားျခင္း ျဖစ္ပါသည္။

"ကထိန္" ဟူသည္ကား ခိုင္ၿမဲျခင္း၊ ႀကံံ့ခိုင္ျခင္းျ ဖစ္ပါသည္။ အျခားတစ္ဘက္တြင္လည္း လြန္ေျမာက္ျခင္း ကင္းလြတ္ျခင္းဟု ၫႊန္းဆို ၾကပါသည္။

 

ကထိန္ခင္းတယ္ ဆိုတာ... " ရဟန္းေတာ္ေတြရဲ႕ အလုပ္ပါ " ကထိန္ခင္းတယ္လို႔ေျပာလိုက္ရင္. ကထိန္ခင္းတဲ့ အလုပ္ကို လူဝတ္ေၾကာင္ဒကာ၊ ဒကာမေတြက လုပ္ၾကတယ္လို႔ လူအမ်ားစုက ထင္ေနၾကပါတယ္။


တကယ္ေတာ့ ... ကထိန္းခင္းတဲ့ အလုပ္ဟာ .. လူဝတ္ေၾကာင္ ဒကာ ဒကာမေတြရဲ႕ အလုပ္မဟုတ္ပါဘူး။ ရဟန္းေတာ္ေတြရဲ႕ အလုပ္ပဲ ျဖစ္ပါတယ္။ ရဟန္းေတာ္ေတြကပဲ "ကထိန္ခင္း " ၾကတာပါ။



ဒါေပမဲ့.. ရဟန္းေတာ္ေတြ " ကထိန္ခင္းမဲ့သကၤန္းကို အမ်ားအားျဖင့္ေတာ့ လူဝတ္ေၾကာင္ ဒကာ၊ ဒကာမေတြကပဲ လႉဒါန္းၾကပါတယ္။

အဲဒီလို ကထိန္ခင္းမဲ့သကၤန္း လႉဒါန္းတာကိုပဲ "ကထိန္ခင္းတယ္" လို႔ တင္စားၿပီး ေျပာၾကရင္းက .. ကထိန္ သကၤန္း လႉတဲ့သူေတြကို " ကထိန္ခင္းတဲ့ သူေတြ" လို႔ ေခၚေဝၚ ေနၾကတာပဲျဖစ္ပါတယ္။

အမွန္စင္စစ္ေတာ့ ... လူဝတ္ေၾကာင္ ဒကာ၊ ဒကာမေတြဟာ ကထိန္ခင္းတဲ့ သူေတြ မဟုတ္ၾကပါဘူး။ "ကထိန္ သကၤန္း " လႉတဲ့သူေတြပဲ ျဖစ္ၾကပါတယ္။

ၿပီးေတာ့... ဒီ " ကထိန္ သကၤန္း" ကို လူဝတ္ေၾကာင္ ဒကာ၊ ဒကာမေ တြ ကပဲ လႉခြင့္ရွိတာ မဟုတ္ပါဘူး။
* ရဟန္း သာမေဏေတြလည္း လႉခြင့္ ရွိပါတယ္။
* သီလရွင္ေတြလည္း လႉခြင့္ ရွိပါတယ္။
* လူသားေတြပဲ လႉခြင့္ရွိတာ မဟုတ္ပါဘူး။
* နတ္ေတြလည္း လႉခြင့္ ရွိပါတယ္။
* ျဗဟၼာေတြလည္း လႉခြင့္ ရွိပါတယ္။
* နဂါး ဂဠဳန္ေတြလည္း လႉခြင့္ ရွိပါတယ္။

က်မ္းဂန္ထဲမွာ ... ကထိန္ သကၤန္း လႉခြင့္ရွိသူကို .. "လူရယ္၊ နတ္ရယ္၊ သီတင္း သုံးေဖၚ( ၅ )ဦးရယ္" လို႔ ဆိုၿပီး ..ပုဂၢိဳလ္( ၇ )မ်ိဳး ကို တိုက္႐ိုက္ ျပထားပါတယ္။

သီတင္းသုံးေဖၚ( ၅ )ဦးဆိုတာ ... "ရဟန္း၊ ရဟန္းမ၊ သာမေဏ၊ သာမေဏ နဲ႔ သိကၡမာန္" တို႔ပဲျဖစ္ပါတယ္။

"သိကၡမာန္ " ဆိုတာ ... ဘိကၡဳနီမ(ရဟန္းမ) မဝတ္မီ သိကၡာပုဒ္ ( ၆ )ပါးကို ( ၂ )ႏွစ္တိတိ က်င့္ေနတဲ့ "သာမေဏ တစ္မ်ိဳး "ကို ေခၚတာပါ။

ပဓာန နည္းအားျဖင့္ တိုက္႐ိုက္ျပထားတဲ့ ပုဂၢိဳလ္( ၇ )မ်ိဳးထဲမွာ .. နဂါး၊ ဂဠဳန္စတဲ့ တိုက္႐ိုက္ျပမထားတဲ့ တျခားပုဂၢိဳလ္ေတြလည္း အက်ဳံးဝင္ပါတယ္။ အသိဉာဏ္ရွိသူ မည္သူမဆို ကထိန္သကၤန္း လႉခြင့္ရွိတယ္ဆိုတဲ့ သေဘာပဲျဖစ္ပါတယ္။

ရဟန္းေတာ္၊ သံဃာေတာ္ေတြကို ကထိန္သကၤန္း လႉခြင့္ရွိသူမ်ား စာရင္းမွာ တိုက္႐ိုက္ ျပထားတဲ့ အတြက္ .. ရဟန္းေတာ္၊ သံဃာေတာ္ေတြ ကိုယ္တိုင္ လႉတဲ့သကၤန္းနဲ႔ ကထိန္ ခင္းေကာင္းပါတယ္။ ကထိန္ခင္းခဲ့ရင္လည္း ကထိန္ အထ ေျမာက္ပါတယ္။

ဒါေပမဲ့..... ရဟန္းေတာ္ ကိုယ္တိုင္ " အလႉခံတဲ့ သကၤန္း" နဲ႔ေတာ့ ကထိန္မခင္း ေကာင္းပါဘူး။ အကယ္၍ ကထိန္ခင္းခဲ့ရင္ လည္း ကထိန္အထ မေျမာက္ပါဘူး။

" ကထိန္" တစ္ခု အထေျမာက္ဖို႔ အတြက္ ... ကထိန္သကၤန္း လႉတဲ့သူ ဘယ္သူလဲဆိုတဲ့ အခ်က္က အဓိက မက်ပါဘူး။

လႉတဲ့ ကထိန္ သကၤန္း ဟာ.. " ဘယ္လို သကၤန္းလဲ" ဆိုတဲ့အခ်က္က အဓိက က်ပါတယ္။

ကထိန္တစ္ခု အထေျမာက္ဖို႔အတြက္ ... လႉတဲ့ "ကထိန္ သကၤန္း" ဟာ….
( ၁ ) မိုးက်သကၤန္း လည္း ျဖစ္ရပါမယ္။
( ၂ ) မသိုး သကၤန္း လည္း ျဖစ္ရပါမယ္။
( ၃ ) သံဃိက သကၤန္း လည္း ျဖစ္ရပါမယ္။

သကၤန္း သုံးထည္ ျဖစ္ရမယ္လို႔ ဆိုလိုတာ မဟုတ္ပါဘူး။ သကၤန္း တစ္ထည္တည္းကပဲ
( ၁ ) " မိုးက် " ျဖစ္ျခင္း၊
( ၂ ) "မသိုး " ျဖစ္ျခင္း၊
( ၃ ) " သံဃိက " ျဖစ္ျခင္းဆိုတဲ့ ... အရည္အေသြး( ၃ )မ်ိဳးနဲ႔ ျပည့္စုံ ရမယ္လို႔ ဆိုလိုတာပါ။

 

( ၁ )မိုးက် သကၤန္း
==========
မိုးေရ မိုးေပါက္ေတြဟာ ဘယ္သူ႔ရဲ႕ တိုက္တြန္းလႈံ႕ေဆာ္မႈမွ မပါဘဲ ၊ မိုးေကာင္းကင္အေပၚကေန အလိုအေလ်ာက္ က်လာသလို... ကထိန္သကၤန္းဟာလည္း ..ကထိန္ခင္းမဲ့ ေက်ာင္းတိုက္က ရဟန္းေတာ္ေတြထဲက ဘယ္ ရဟန္းေတာ္ရဲ႕ တိုက္တြန္း လႈံ႕ေဆာ္မႈမွ မပါဘဲ အလႉရွင္က သူ႔သဒၶါ တရားနဲ႔သူ အလိုအေလ်ာက္ လာလႉတဲ့ သကၤန္း ျဖစ္ရပါမယ္။

 

ကိုယ္ လုံးဝ မတိုက္တြန္းဘဲ ...သူ႔အလိုအေလ်ာက္ ရတဲ့ သကၤန္း၊ ကိုယ္လုံးဝ အလႉမခံဘဲ ... သူ႔အလိုအေလ်ာက္ လာလႉတဲ့ သကၤန္းကို မိုးေပၚက ႐ုတ္တရက္ က်လာတဲ့ အရာဝတၳဳနဲ႔ တူလို႔ .. မိုးက် သကၤန္း (မိုးေပၚက် သကၤန္း) လို႔ ေခၚပါတယ္။

ရဟန္းေတာ္၊ သံဃာေတာ္ေတြဟာ " မိခင္ရင္း၊ ဖခင္ရင္း"ဆီကေတာင္မွ ကထိန္ သကၤန္း " အလႉမခံ" ေကာင္းပါဘူး။ အဲဒီလို မိခင္ရင္း၊ ဖခင္ရင္းဆီက အလႉခံလို႔ ရလာတဲ့ သကၤန္းနဲ႔ ကထိန္ခင္းရင္လည္း ကထိန္ အထ မေျမာက္ပါဘူး။

ၿပီးေတာ့.. ဥပမာ ..ရဟန္းေတာ္က မိဘေက်းဇူး အထူး ဆပ္ခ်င္လို႔ဆိုၿပီး ..ထူးျခားတဲ့ ကထိန္ အလႉ ကုသိုလ္ႀကီး မိဘႏွစ္ပါးရေစခ်င္တဲ့ စိတ္နဲ႔ မိဘကို ကထိန္ အေၾကာင္းေတြ ေျပာျပၿပီး တိုက္႐ိုက္နည္းနဲ႔ပဲ ျဖစ္ျဖစ္၊ သြယ္ဝိုက္တဲ့နည္းနဲ႔ပဲ ျဖစ္ျဖစ္ ကထိန္သကၤန္း အလႉခိုင္းတယ္ဆိုရင္ အဲဒီသကၤန္းနဲ႔ ကထိန္ခင္းေပမဲ့ ကထိန္ အထ မေျမာက္ေတာ့တဲ့အတြက္ မိဘ ေက်းဇူးလည္း အထူးဆပ္ရာ မေရာက္ေတာ့ပါဘူး။ မိဘႏွစ္ပါးလည္း ထူးျခားတဲ့ ကထိန္ အလႉကုသိုလ္ႀကီးမရေတာ့ပါဘူး။


မိမိ ဝါဆို တဲ့ ေက်ာင္းတိုက္ရဲ႕ ကထိန္အတြက္ အလႉမခံေကာင္းဘူးလို႔ ေျပာတာပါ။ ရဟန္းသံဃာဟာ မိမိခင္းမဲ့ကထိန္အတြက္ ဘာလုပ္ေပးပါ၊ ညာလုပ္ေပးပါ ဆိုရင္ေတာ့.. ကထိန္အထမေျမာက္ဘူး ေပါ့၊ ဒါေပမဲ့ တစ္ျခား ေက်ာင္းတိုက္ရဲ႕ကထိန္ အတြက္ဆိုရင္ေတာ့ လႉဖို႔ တိုက္တြန္း ေကာင္းပါတယ္။ တိုက္တြန္းလို႔ ရပါတယ္။ လိုအပ္ရင္ တိုက္တြန္းဖို႔လိုအပ္ပါတယ္။

ကထိန္သကၤန္း လႉခြင့္ ရွိသူေတြထဲမွာ ရဟန္းေတာ္ေတြလည္း ပါတဲ့အတြက္ ..ရဟန္း တစ္ပါးပါးက ဦးစီးဦးေဆာင္ျပဳၿပီး ၊ တပည့္ဒကာ ဒကာမေတြနဲ႔ တျခားေက်ာင္းတိုက္ တစ္ခုခုမွာ ကထိန္သြားခင္း တယ္ ဆိုရင္လည္း ရပါတယ္။

ဒါေပမဲ့ ...ကထိန္ခင္းမဲ့ ေက်ာင္းတိုက္က ရဟန္းေတာ္ေတြကိုယ္တိုင္ကေတာ့ ..ကိုယ့္ေက်ာင္း ကထိန္အတြက္ ဘယ္သူ႔ကိုမွ ကထိန္ သကၤန္းလႉဖို႔ မတိုက္တြန္း ေကာင္းပါဘူး။

ဥပမာ..
" ဒီႏွစ္ ကထိန္ ဘယ္ရက္လဲ"၊
" ဒီႏွစ္လည္း ဘုံကထိန္ပဲလား"
" ဒီႏွစ္ ကထိန္သကၤန္း " လႉဖို႔ ေျပာထားတဲ့သူမရွိေသးဘူး၊
" ကထိန္ရာသီေတာ့ ေရာက္လာျပန္ၿပီေနာ္" . . . စသည္ စသည္အားျဖင့္..ဘယ္လို အရိပ္နိမိတ္မ်ိဳး ျပၿပီးေတာ့ပဲ ျဖစ္ျဖစ္၊ ဘယ္လိုပရိယာယ္ စကားမ်ိဳး ေျပာၿပီးေတာ့ပဲ ျဖစ္ျဖစ္၊ ကထိန္ခံ ရဟန္းေတာ္ေတြ ကိုယ္တိုင္ ကထိန္ သကၤန္း အလႉမခံ ေကာင္းပါဘူး။

ကထိန္ခင္းမဲ့ ဒကာ ဒကာမေတြက ကထိန္နဲ႔ ပတ္သက္လို႔ ဘာစကားမွ မစ,ရေသးဘဲနဲ႔ ေေက်ာင္းတိုက္ ရဟန္းေတာ္ထဲက တစ္ပါးပါးက ကထိန္အေၾကာင္း မစမိေအာင္ အထူး သတိျပဳရပါမယ္။

ဒကာ ဒကာမေတြက ၊ ဘာမွ မေလွ်ာက္ရေသးဘဲနဲ႔ .. " ဒီႏွစ္ ကထိန္ ဘယ္ရက္လဲ" လို႔ ကိုယ့္ဘက္က စမေမးသင့္သလို... "ဒီႏွစ္ေတာ့ ဒီရက္မွာ ကထိန္ခင္းရင္ အဆင္ေျပမယ္" ထင္တယ္လို႔ ..ကိုယ္က စၿပီး ကထိန္ရက္ သတ္မွတ္ေပးမ်ိဳးလည္း လုံးဝ မျပဳလုပ္သင့္ပါဘူး။

ကထိန္သကၤန္းဟာ.. " အတိ ဥကၠ႒ = အလြန္ ျမင့္ျမတ္တဲ့ သကၤန္း" ျဖစ္ရမယ္တဲ့...။

" အလြန္ ျမင့္ျမတ္တဲ့ သကၤန္း" ဆိုတာ ေတာင္းရမ္းမႈ၊ တိုက္တြန္းမႈ မပါဘဲ အလိုအေလ်ာက္ရတဲ့ သကၤန္းကို ေျပာတာပါ။ ေတာင္းရမ္းျခင္း၊ တိုက္တြန္းျခင္းဆိုတဲ့ အျပစ္လုံးဝ ကင္းၿပီး၊ အလြန္႔အလြန္ သန္႔ရွင္းစင္ၾကယ္တဲ့ သကၤန္းကို ..."မိုးက် သကၤန္း”လို႔ ေခၚတာပဲျဖစ္ပါတယ္။

ကိုယ့္ေက်ာင္းကို ဘယ္ေန႔၊ ဘယ္ရက္မွာ ဘယ္သူ ကထိန္လာခင္းမယ္ဆိုတာ လုံးဝ ႀကိဳမသိဘဲ ႀကိဳတင္ အသိေပးမထားဘဲ ၊ လာလႉတဲ့ သကၤန္း၊ မေမွ်ာ္လင့္ဘဲ ႐ုတ္တရက္ေရာက္လာတဲ့ သကၤန္းဟာ .."မိုးက် သကၤန္း" အစစ္ဆုံးပါပဲ။

 

"မေတာင္းဘဲရမွ အတိ ဥကၠ႒ ( အလြန္ ျမင့္ျမတ္တယ္ ) " ဆိုတာကိုၾကည့္ၿပီး ... ဘယ္ပစၥည္း လာဘ္လာဘ မဆို ၊ ဘယ္ရာထူး ႒ာနႏၲရ မဆို ကိုယ္က မေတာင္းရဘဲ အလိုအေလ်ာက္ ရမွ ပိုတန္ဖိုး ရွိတယ္။ ပိုသန္႔ရွင္းစင္ၾကယ္တယ္လို႔ ေကာက္ခ်က္ ခ်ႏိုင္ပါတယ္။

 

( ၂ ) " မသိုး သကၤန္း"
=============
သန္႔ရွင္း လတ္ဆပ္တဲ့ ထမင္းေကာင္း၊ ဟင္းေကာင္း ( မသိုးထမင္း၊ မသိုးဟင္း ) ဆိုတာ ခ်က္ၿပီး တစ္ရက္မွ မကူးေသးတဲ့၊ ဒီေန႔မွ ခ်က္ထားတဲ့ ထမင္းဟင္း ျဖစ္ရသလို ကထိန္ သကၤန္းဟာလည္း လႉၿပီး တစ္ရက္မွ မကူးေသးတဲ့၊ ဒီေန႔ လႉထားတဲ့ သကၤန္း ျဖစ္ရပါမယ္။

ခ်က္ၿပီး တစ္ရက္ ေက်ာ္သြားတဲ့ ထမင္းဟင္း၊ ေန႔ကူးသြားတဲ့ ထမင္းဟင္းကို တကယ္ သိုးသိုး မသိုးသိုးထမင္းသိုး၊ ဟင္းသိုးလို႔ပဲ ေခၚပါတယ္။ အေအးခန္းထဲ၊ ေရခဲ ေသတၱာထဲ ထည့္ထားလို႔ ခ်က္ခ်င္းသိုးမသြားေသးလည္း နာမည္ကေတာ့ “ထမင္းသိုး၊ ဟင္းသိုး" ပါပဲ။

 

လႉၿပီး တစ္ရက္ေက်ာ္သြားတဲ့ သကၤန္း၊ ေန႔ကူးသြားတဲ့သကၤန္းကို " သကၤန္းသိုး" လို႔ ေခၚပါတယ္။ အဲဒီလို သကၤန္းသိုးနဲ႔ လုံးဝ ကထိန္ခင္းလို႔ မရပါဘူး။ ကထိန္ခင္းလည္း ကထိန္ အထ မေျမာက္ပါဘူး။ ( တစ္ရက္မက ေက်ာ္သြားရင္ေတာ့ အထူး ေျပာစရာ ေတာင္ မလိုေတာ့ပါဘူး )

လႉၿပီး တစ္ရက္မွ မေက်ာ္ေသးတဲ့ သကၤန္း၊ ေန႔မကူးေသးတဲ့ သကၤန္း၊ ဒီေန႔မွ လာလႉတဲ့သကၤန္းကို .."မသိုး သကၤန္း" လို႔ ေခၚတာပဲ ျဖစ္ပါတယ္။ " မသိုး သကၤန္း" နဲ႔ခင္းမွ ကထိန္ အထ ေျမာက္ပါတယ္။

ရဟန္းေတာ္ေတြဟာ ကထိန္ သကၤန္း ဒီေန႔ရရင္ ဒီေန႔ပဲ ကထိန္ခင္းရပါတယ္။ အလုပ္ မအားလို႔၊ အဆင္မေျပေသးလို႔ ဆိုၿပီး ေနာက္ေန႔မွ ကထိန္ခင္းလို႔ မရပါဘူး။ ကထိန္သကၤန္း အလႉခံၿပီးတဲ့ ေန႔ရဲ႕ ေနာက္တစ္ေန႔ အ႐ုဏ္မတက္ခင္မွာပဲ ၊ ကထိန္ခင္းျခင္း ကိစၥ ၿပီးစီးေအာင္ ေဆာင္႐ြက္ရပါတယ္။

ကထိန္သကၤန္း အလႉခံၿပီးတာနဲ႔ ခ်က္ခ်င္း ကထိန္ခင္းရမယ္လို႔ ဆိုလိုတာ မဟုတ္ပါဘူး။ ေနာက္တစ္ေန႔ အ႐ုဏ္မတက္မခ်င္း ဘယ္အခ်ိန္မွာ မဆို ကထိန္ခင္းလို႔ ရပါတယ္။

"ကထိန္ သကၤန္းဟာ ေန႔မကူးတဲ့ မသိုး သကၤန္းျဖစ္ရမယ္"ဆိုတာကို ၾကည့္ၿပီး ..တခ်ိဳ႕က ကထိန္ရက္ မတိုင္ခင္ ကထိန္ သကၤန္းကို ေက်ာင္းမွာ သြား မထားေကာင္းဘူးလို႔ ယူဆ ေနၾကပါတယ္။

လမ္းခရီး ႀကဳံေနရင္ေတာင္မွ ကထိန္ သကၤန္း ကိုင္လ်က္တန္းလန္းႀကီးနဲ႔ ေက်ာင္းတိုက္ထဲကေန ျဖတ္မသြားေကာင္းဘူးလို႔ေတာင္ ထင္ေနၾကပါတယ္။ အဲဒီလို မဟုတ္ပါဘူး။

ကထိန္ သကၤန္းကိုေရာ၊ ကထိန္ရံ သကၤန္းေတြကိုေရာ ၊ ကထိန္ရက္ မတိုင္ခင္ ေက်ာင္းမွာ သြားထားလို႔ ရပါတယ္။ ဒါေပမယ့္ .. ကထိန္ သကၤန္းအျဖစ္ နဲ႔ေတာ့ အၿပီး လႉမပစ္ခဲ့ရပါဘူး။ ေခတၱခဏ အပ္႐ုံပဲ အပ္ႏွံထားခဲ့ရမွာပါ။ ေက်ာင္းမွာသြားထား႐ုံပဲ ထားၿပီး မလႉေသးရင္ သကၤန္းေတြကို သံဃာက မပိုင္ေသးပါဘူး။ အလႉရွင္ ေတြကပဲ ပိုင္ပါတယ္။

ကထိန္ သကၤန္းအျဖစ္နဲ႔ အၿပီး အပိုင္ ႏႈတ္ႁမြက္ၿပီး လႉပစ္ခဲ့ရင္ေတာ့..တကယ္ ကထိန္ခင္းမဲ့ ရက္အထိ ေစာင့္ေနလို႔ မရေတာ့ပါဘူး။ အဲဒီေန႔မွာပဲ ခ်က္ခ်င္း ကထိန္ခင္း လိုက္ရပါမယ္။ ေန႔ကူးသြားရင္ " သကၤန္သိုး" ျဖစ္သြားတဲ့အတြက္ ကထိန္ခင္းလို႔ မရေတာ့ပါဘူး။ အဲဒီေက်ာင္းတိုက္ အဲဒီႏွစ္ အတြက္ ၿပီးပါၿပီ။ ကထိန္ခင္းလို႔ လုံးဝရေတာ့ပါဘူး။



တႏွစ္မွာ တစ္လ၊ တစ္လမွာ တစ္ရက္၊ တစ္ရက္မွာတစ္ႀကိမ္ပဲ ကထိန္သကၤန္း လႉခြင့္ရွိတာဆိုေတာ့... ေနာက္ထပ္လည္း ကထိန္သကၤန္း အလႉခံလို႔ မရေတာ့ပါဘူး။

တခ်ိဳ႕က .. ကထိန္ ရက္မွာ မအားလို႔၊ မလာႏိုင္လို႔ဆိုၿပီး .. ကထိန္ မတိုင္ခင္ ရက္ခပ္ေစာေစာ ကတည္းက ကထိန္သကၤန္းကို ႀကိဳလႉ ထားခ်င္ၾကပါတယ္။ အဲဒီလို ႀကိဳလႉထားလို႔ မရပါဘူး။

သက္ဆိုင္ရာ ေက်ာင္းတိုက္ သံဃာကလည္း ႀကိဳ အလႉခံထားလို႔ လုံးဝမရပါဘူး ႀကိဳလႉထားတဲ့ သကၤန္းနဲ႔ကထိန္ခင္းရင္ အဲဒီကထိန္ဟာ.. "ကထိန္အတု၊ ကထိန္အင္" ပဲ ျဖစ္ပါလိမ့္မယ္။

တခ်ိဳ႕က အ႐ုဏ္ မတက္ခင္ ( က်ီးမႏိုးခင္ ) ကထိန္သကၤန္း လႉတဲ့ " က်ီးမႏိုး ကထိန္" က ပိုျမတ္တယ္လို႔ ယူဆၿပီး ၊အ႐ုဏ္ မတက္ခင္ ( က်ီးမႏိုးခင္ ) ကထိန္သကၤန္း လႉဒါန္းတတ္ၾကပါေသးတယ္။

အ႐ုဏ္ မတက္ခင္ ကထိန္ သကၤန္းလႉလိုက္ရင္ အ႐ုဏ္မတက္ခင္ဘဲ ကထိန္ခင္းရပါတယ္။ အ႐ုဏ္တက္ၿပီးသြားမွ ကထိန္ခင္းရင္ သကၤန္းသိုးသြားလို႔ ကထိန္ အထမေျမာက္ျပန္ပါဘူး။ အ႐ုဏ္ တက္တာနဲ႔ တစ္ၿပိဳင္နက္ ေနာက္တစ္ရက္ ကူးသြားပါၿပီ။

အ႐ုဏ္အမီ ကထိန္ခင္းဖို႔ အခ်ိန္ မလုံေလာက္တဲ့အတြက္ အဲဒီလို လႉတာမ်ိဳး လုံးဝ ေရွာင္ၾကဥ္ သင့္ပါတယ္။

 

( ၃ ) "သံဃိက သကၤန္း"
=============
ရဟန္းတစ္ပါးပါးကို လႉဒါန္းထားလို႔ အဲဒီရဟန္းတစ္ပါးတည္းကပဲ ပိုင္ဆိုင္တဲ့ ပုဂၢလိက သကၤန္းနဲ႔ ကထိန္ခင္းလို႔မရပါဘူး။

သံဃာအားလုံးကို လႉဒါန္းထားလို႔ သံဃာ အားလုံးပိုင္ဆိုင္တဲ့ သံဃိက သကၤန္းနဲ႔ပဲ ကထိန္ခင္းလို႔ရပါတယ္။ သံဃာအမ်ား ပိုင္ဆိုင္တဲ့ "သံဃိက သကၤန္း” နဲ႔ပဲ ကထိန္ခင္းခြင့္ ရွိပါတယ္။

မိမိၾကည္ညိဳတဲ့ ဘုန္းႀကီး တစ္ပါးပါး၊ ဆရာေတာ္တစ္ပါးပါးကို ဒီဆရာေတာ္ႀကီး ငါၾကည္ညိဳလို႔ ကထိန္သကၤန္း လႉလိုက္ဦးမယ္ ဆိုၿပီးေတာ့ ..
"ဆရာေတာ္ကို တပည့္ေတာ္ ကထိန္ သကၤန္း လႉပါတယ္ဘုရား" ၊" ဘုန္းႀကီးကို ကထိန္ သကၤန္း လႉပါတယ္ ဘုရား”လို႔ မိမိ ၾကည္ညိဳတဲ့ ရဟန္းေတာ္ တစ္ပါးပါးကို ပုဂၢလိက အေနနဲ႔ ကထိန္သကၤန္း လႉဒါန္းခြင့္ မရွိပါဘူး။

တခ်ိဳ႕က ကထိန္ရာသီမွာ လႉတဲ့ သကၤန္းမွန္သမွ် ကထိန္သကၤန္းပဲ ထင္ၿပီး ...
" အရွင္ ဘုရားအတြက္ ကထိန္ သကၤန္းပါ ဘုရား" ဆိုၿပီး ...လာလာ လႉေလ့ရွိပါတယ္။

 

အဲဒီလို လႉလို႔ လုံးဝ မရပါဘူး။ ရဟန္း တစ္ပါးခ်င္းကို “ကထိန္ သကၤန္း”ဆိုၿပီး လုံးဝလႉလို႔မရပါဘူး။ အဲဒီလိုရဟန္းတစ္ပါးပါးကို လႉတဲ့ သကၤန္းကိုလည္း ကထိန္ရာသီမွာ လႉေပမယ့္ “ကထိန္သကၤန္း” လို႔ မေခၚပါဘူး။

ပုဂၢိဳလ္ တစ္ပါးပါးကို လႉဒါန္းလိုက္တဲ့ အဲဒီ သကၤန္းနဲ႔လည္း ကထိန္ခင္းလို႔ မရပါဘူး။ ခင္းလည္းပဲ ကထိန္မေအာင္ျမင္ပါဘူး။သံဃာကို လႉဒါန္းတဲ့ သကၤန္းနဲ႔သာလွ်င္ ကထိန္ခင္းခြင့္ ရွိပါတယ္။ ကထိန္ ေအာင္ျမင္ထေျမာက္ ႏိုင္ပါတယ္။

 

လႉဒါန္းနည္းက ႏွစ္မ်ိဳး
===========
ကထိန္သကၤန္း "လႉဒါန္းနည္းက ႏွစ္မ်ိဳး" ရွိပါတယ္။

( ၁ ) ကထိန္ခင္းမယ့္ ေက်ာင္းမွာ သြားလႉတဲ့နည္း ၊
( ၂ ) ကိုယ့္အိမ္၊ ကိုယ္႒ာန၊ တစ္ေနရာရာမွာ ပင့္လႉတဲ့နည္းတို႔ပဲ ျဖစ္ပါတယ္။

ကထိန္ခင္းမဲ့ ေက်ာင္းမွာ သြားလႉရင္ေတာ့ ... " ဤကထိန္ သကၤန္းကို သံဃာအား လႉပါ၏ " လို႔ဆိုၿပီး ...လႉလိုက္႐ုံနဲ႔ လုံေလာက္ပါတယ္။

သံဃာအား လႉတယ္ဆိုေပမဲ့ ကထိန္ခင္းမဲ့ ေက်ာင္းမွာရွိတဲ့ သံဃာနဲ႔ပဲ သက္ဆိုင္ပါတယ္။

 

ကိုယ့္ ေနရာ၊ ကိုယ့္႒ာနကို ပင့္ၿပီး လႉမယ္ဆိုရင္ေတာ့.... "ဘယ္ေက်ာင္းတိုက္မွာ ကထိန္ခင္းဖို႔ အတြက္ သံဃာအားလႉပါ၏" လို႔ ...ကထိန္ခင္းမဲ့ " ေက်ာင္းတိုက္ နာမည္" ကို တရားဝင္ထည့္ဆိုၿပီး လႉဒါန္းရပါတယ္။ ဒါမွသာကိုယ္ရည္စူးတဲ့ ေက်ာင္းတိုက္ သံဃာက ကထိန္ခင္းခြင့္ ရမွာပါ။

 

ေက်ာင္းတိုက္ နာမည္ ထည့္မဆိုဘဲ နဲ႔ "သံဃာအားလႉပါ၏" လို႔ ႐ိုး႐ိုးေလး ဆိုၿပီး လႉလိုက္ရင္ အခမ္းအနားကို ႂကြလာတဲ့ " ဆယ့္ႏွစ္ေတာင္ ပတ္လည္အတြင္း" က ..တျခား ပင့္သံဃာ အားလုံးနဲ႔ သက္ဆိုင္သြားတဲ့အတြက္ ရည္စူးရာ ေက်ာင္းတိုက္မွာ ကထိန္ခင္းခြင့္ မရွိေတာ့ပါဘူး။

 

ရဟန္းတစ္ပါးတည္းကို ပင့္ၿပီး “သံဃာအား လႉပါ၏” လို႔ ဆိုလႉလိုက္ရင္လည္း အဲဒီရဟန္းက အဲဒီသကၤန္းကိုယူၿပီး တျခား ေက်ာင္းတိုက္ တစ္ခုကို ဝင္လိုက္မိတာနဲ႔ တစ္ၿပိဳင္နက္တည္း ဝင္မိတဲ့ ေက်ာင္းတိုက္ သံဃာက အဲဒီသကၤန္းကို ပိုင္ဆိုင္သြားျပန္လို႔ ရည္စူးရာေက်ာင္းတိုက္မွာ ကထိန္ခင္း မရေတာ့ပါဘူး။

ဒါေၾကာင့္ ကိုယ့္ေနရာ၊ ကိုယ္ဠာန ပင့္လႉသူတိုင္း ကထိန္ခင္းလိုတဲ့ “ေက်ာင္းတိုက္ နာမည္”ကို တရားဝင္ထည့္ဆိုၿပီးမွ လႉသင့္ပါတယ္။

ကထိန္ခင္းမဲ့ ေက်ာင္းတိုက္မွာ သြားလႉတဲ့ အခါ.. " သံဃာအား”လို႔ ထည့္မဆိုပဲ .. " ဤကထိန္ သကၤန္းကို လႉပါ၏" လို႔ ႐ိုး႐ိုးပဲ ဆိုလိုက္ရင္လည္း အဲဒီ ကထိန္ သကၤန္းဟာ ေက်ာင္းတိုက္မွာ ရွိတဲ့ သံဃာ အားလုံး ပိုင္ဆိုင္တဲ့ သကၤန္း (သံဃိက သကၤန္း)ျဖစ္သြားပါတယ္။ “သံဃာအား”လို႔ ထည့္ဆိုလိုက္ေတာ့လည္း ပိုျပည့္စုံ သြားတာေပါ့။

 

ရဟန္း တစ္ပါးတည္း ဝါဆိုတဲ့ ေက်ာင္းတိုက္မွာ" သံဃာအား လႉပါ၏" လို႔ ႐ြတ္ဆိုေလွ်ာက္ထားၿပီးလႉတဲ့ ကထိန္သကၤန္းဟာ.." သံဃာအား”လို႔ ပါတဲ့အတြက္ အရပ္ ေလးမ်က္ႏွာမွာ ရွိရွိသမွ် သံဃာအားလုံးနဲ႔ သက္ဆိုင္ေပမဲ့ ေက်ာင္းတိုက္မွာ ဝါဆိုတဲ့ ရဟန္းတစ္ပါးကပဲ ပိုင္ဆိုင္ပါတယ္။

တစ္ပါးထက္ ပိုမ်ားတဲ့ ရဟန္းေတာ္ေတြ ဝါဆိုတဲ့ေက်ာင္းတိုက္ ေတြမွာလည္း ထိုနည္းတူပါပဲ။ "သံဃာအား လႉပါ၏" ဆိုတဲ့ သကၤန္းမွန္သမွ် အရပ္ေလးမ်က္ႏွာ သံဃာ(စာတုဒၵိ သံဃာ)နဲ႔ သက္ဆိုင္႐ုံပဲ သက္ဆိုင္ပါတယ္။ ပိုင္တဲ့ အခါမွာေတာ့ ေက်ာင္းတိုက္ သံဃာ(အာရာမ သံဃာ) ကပဲ ပိုင္ပါတယ္။ ေက်ာင္းတိုက္ ျပင္ပက သံဃာဟာ ဆိုင္သာဆိုင္ ၊ မပိုင္တဲ့သံဃာပါ။

ကိုယ္လႉတဲ့ သကၤန္းကို သံဃာေတာ္ေတြ ဘယ္လိုပဲဆိုင္ဆိုင္၊ဘယ္လိုပဲ ပိုင္ပိုင္ ကိုယ္ကေတာ့ သံဃာအားလုံးကို ရည္မွန္းၿပီး လႉဒါန္းရမွာ ပါပဲ။ "အရပ္ေလး မ်က္ႏွာမွာ ရွိရွိသမွ် သံဃာအားလုံး ၊ သာသနာေတာ္မွာ ရွိခဲ့ၿပီး၊ ရွိေနဆဲ၊ ရွိလတၱံ့ သံဃာအားလုံးကို လႉဒါန္းပါတယ္" လို႔
အာ႐ုံျပဳၿပီး... "သံဃႆ ေဒမ = သံဃာအား လႉပါ၏"လို႔ ႐ြတ္ဆို လႉဒါန္းလိုက္ရင္ ကိုယ္လႉလိုက္တဲ့ သကၤန္းဟာ " တစ္သာသနာလုံး၊ တစ္ေလာကလုံးမွာ ရွိတဲ့ ပုထုဇဥ္သံဃာ၊ အရိယာ သံဃာ သံဃာအားလုံးနဲ႔ သက္ဆိုင္တဲ့ သံဃိက သကၤန္း" ျဖစ္သြားပါတယ္။ အမ်ားပိုင္ သံဃိက သကၤန္းနဲ႔ပဲ ကထိန္ခင္းလို႔ ရပါတယ္။ တစ္ပါးပိုင္ ပုဂၢလိက သကၤန္းနဲ႔ ကထိန္ခင္းလို႔ မရပါဘူး။

 

ဒါေပမဲ့ တကယ္ ကထိန္ခင္းတဲ့ အခ်ိန္မွာေတာ့ “အမ်ားပိုင္ သံဃိက သကၤန္း”ကို “တစ္ပါးပိုင္ ပုဂၢလိကသကၤန္း” ျဖစ္ေအာင္ ျပန္လုပ္လိုက္ ရပါတယ္။

 

သံဃာက ကထိန္ခင္းလို႔ မရပါဘူး။ ပုဂၢိဳလ္ကပဲ ကထိန္ခင္းလို႔ ရပါတယ္။ သံဃာက ကထိန္ သကၤန္းေပး႐ုံပဲ ေပးႏိုင္ပါတယ္။ သိမ္ထဲမွာ သံဃာေတာ္ေတြ စုေဝးၿပီး ကထိန္ခင္း ထိုက္တဲ့ ရဟန္းတစ္ပါးကို ဉတ္ကမၼဝါ နဲ႔ ကထိန္သကၤန္း ေပးလိုက္ရပါတယ္။ ကထိန္ သကၤန္းကို ပုဂၢလိကအျဖစ္ ပိုင္ဆိုင္သြားတဲ့ အဲဒီ ရဟန္းကမွ ကထိန္ခင္းရတာပါ။

ကထိန္ သကၤန္းကို သိမ္ထဲမွာပဲ ေပးရေပမဲ့ ကထိန္ကိုေတာ့ သိမ္ထဲမွာပဲ ျဖစ္ျဖစ္၊ သိမ္အျပင္မွာပဲ ျဖစ္ျဖစ္ ခင္းလို႔ရပါတယ္။

ရဟန္းတစ္ပါး ခင္းတဲ့ ကထိန္ကို သံဃာက ၀မ္းေျမာက္ ၀မ္းသာ အႏုေမာဒနာ ျပဳလိုက္ရင္ သံဃာကလည္း ကထိန္ ခင္းၿပီးသား ျဖစ္သြားတာပါပဲ။

ကထိန္ခင္းျခင္း ဆိုတဲ့ ဝိနည္းကံဟာ သံဃာ့ကံ မဟုတ္၊ ပုဂၢလကံ ဆိုေပမဲ့ သံဃာကပဲ ကထိန္ သကၤန္းေပးရ၊ ကထိန္ခင္းၿပီးရင္လည္း သံဃာအားလုံးက အႏုေမာဒနာျပဳတဲ့ သံဃာမွာလည္း ကထိန္ အာနိသင္ရတဲ့ အတြက္ သံဃာ့ကိစၥ၊ သံဃာ့အလုပ္လို႔ ဆိုႏိုင္ပါတယ္။

“သံဃိက သကၤန္း”ကို “ပုဂၢလိက သကၤန္း”အျဖစ္ ကထိန္ခင္းမဲ့ ရဟန္းကိုေပးတာက သံဃာေတာ္ေတြရဲ႕ အပိုင္း ျဖစ္ပါတယ္။

ကထိန္ အလႉရွင္ေတြရဲ႕ အပိုင္းကေတာ့ “သံဃိက သကၤန္း”အျဖစ္ပဲ လႉဒါန္းရမွာပါ။ ကထိန္ခင္းတဲ့ အခ်ိန္ ပုဂၢလိက သကၤန္း လုပ္မဲ့ အတူတူပဲဆိုၿပီး ... နဂိုကတည္းက ပုဂၢလိက သကၤန္းအျဖစ္ မလႉဒါန္းရပါဘူး။ လႉဒါန္းခဲ့ရင္ ပုဂၢလိက သကၤန္းကို သံဃာက ကထိန္ခင္းမဲ့ ရဟန္းကို ေပးလို႔ မရေတာ့တဲ့ အတြက္ ကထိန္ခင္းလို႔ မရေတာ့ပါဘူး။

သံဃိက သကၤန္းကိုပဲ သံဃာက ကထိန္ခင္းမယ့္ ရဟန္းကို ေပးလို႔ရပါတယ္။

ဒါေၾကာင့္ ကထိန္ အလႉရွင္ေတြ အေနနဲ႔ မိမိတို႔ ၾကည္ညိဳတဲ့ ဆရာေတာ္ တစ္ပါးပါး၊ ရဟန္း တစ္ပါးပါးကို ကထိန္သကၤန္း ရေစခ်င္တဲ့စိတ္ လုံးဝမထားဘဲ ၊ " ဒီကထိန္ သကၤန္းဟာ သံဃာ အားလုံးအတြက္”လို႔ပဲ ရည္မွန္းၿပီး ... သံဃာပိုင္ သံဃိက စစ္စစ္ျဖစ္ေအာင္ လႉဒါန္းၾကရပါ
မယ္။

 

ေနာက္တစ္ခ်က္ ျဖည့္စြက္ရမယ္ဆိုရင္ေတာ့ ကထိန္သကၤန္းဟာ “ကိုယ္ပိုင္ သကၤန္း” ျဖစ္ရပါမယ္။ ေခတၱခဏ ငွားယူလာတဲ့ သကၤန္း (“အငွား”သကၤန္း)နဲ႔ ကထိန္ခင္းရင္ ကထိန္စစ္စစ္ မျဖစ္ပါဘူး။

အမွန္တကယ္ ပိုင္ဆိုင္တဲ့ သကၤန္း ( ကိုယ္ပိုင္ သကၤန္း)နဲ႔ ကထိန္ သကၤန္း လႉတဲ့ အခါမ်ိဳးမွာ ကထိန္ခင္းတဲ့ အခိုက္ကေလး ေခတၱခဏ ငွားတဲ့ သေဘာမ်ိဳး မျဖစ္ေအာင္ အထူး သတိျပဳ ရပါမယ္။

ကထိန္ခင္းခြင့္ ရွိတဲ့ ကာလကေတာ့ ... " သီတင္းကြၽတ္ လျပည့္ေက်ာ္( ၁ )ရက္ကေန တန္ေဆာင္မုန္း လျပည့္ေန႔ အထိ တစ္လ( ၂၉-ရက္ )” ျဖစ္ပါတယ္။ ဒီတစ္လ အတြင္းမွာပဲ ကထိန္ သကၤန္းလႉခြင့္ ရွိပါတယ္။

ဒီတစ္လ အတြင္းမွာ ခင္းမွလည္း “ကထိန္စစ္စစ္”ျ ဖစ္ပါတယ္။

ကထိန္ခင္းဖို႔အတြက္ သံဃာက သိမ္ထဲမွာ သကၤန္းေပး တဲ့ ကံ ျပဳရတဲ့အတြက္ ကထိန္ကံ ေအာင္ျမင္ဖို႔ အနည္းဆုံး သံဃာ( ၅ )ပါး ရွိရပါတယ္။

ကထိန္ သကၤန္းေပးတဲ့ ကံျပဳတဲ့ သံဃာက ( ၄ )ပါး၊ ကထိန္ သကၤန္းခံယူသူက ( ၁ )ပါး၊ စုစုေပါင္း ( ၅ )ပါး အနည္းဆုံး ရွိမွ ကထိန္ကံ ေအာင္ျမင္ပါတယ္။ သကၤန္း ေပးဖို႔ အတြက္သာ သံဃာ လိုတာပါ။ သကၤန္းေပးၿပီးလို႔ ကထိန္ခင္းတဲ့ အခါမွာေတာ့ သံဃာ မလိုပါဘူး။

တစ္ပါးတည္း ဝါဆိုတဲ့ ေက်ာင္းမွာ တစ္ပါးတည္း ကထိန္ခင္းလည္း ရပါတယ္။ အႏုေမာဒနာ ျပဳရမဲ့ ရဟန္းတစ္ပါး ေခၚထားၿပီး၊ ႏွစ္ပါးကထိန္ခင္းလည္း ရပါတယ္။ သကၤန္းေပးတဲ့ သံဃာေတြ စုံေနတုန္းမို႔ သံဃာနဲ႔ ကထိန္ခင္းလိုက္လည္း ရတာပါပဲ။ ရဟန္း တစ္ပါး ခင္းတဲ့ ကထိန္ကို ဝါဆိုတူ ေက်ာင္းတိုက္အတြင္းက ရဟန္းေတာ္ေတြပဲ အႏုေမာဒနာ ျပဳစရာ လိုပါတယ္။ ကိုရင္ သာမေဏေတြ ကေတာ့ အႏုေမာဒနာ ျပဳစရာ မလိုပါဘူး။

ဒါေပမဲ့ တစ္ေက်ာင္းတိုက္တည္း အတူ ဝါဆိုၾကတဲ့ သီတင္းသုံးေဖၚ ဘဝတူအခ်င္းခ်င္း ျဖစ္တဲ့အတြက္ ကထိန္ အာနိသင္ သကၤန္း (ကထိန္ရံ သကၤန္း)ေတြကို ကိုရင္ေတြကိုလည္း အညီအမွ် ခြဲေဝေပးရပါမယ္။ ကိုရင္ေတြလည္း အာနိသင္ သကၤန္း( ကထိန္ရံ သကၤန္း) ရပိုင္ခြင့္ ရွိပါတယ္။

တခ်ိဳ႕က ေက်ာင္းဥပစာ ပရိဝုဏ္ အရံအတား တူတဲ့ ေက်ာင္းတိုက္ တစ္တိုက္တည္းမွာ ႏွစ္ေက်ာင္း၊ သုံးေက်ာင္း စသည္ခြဲၿပီး သီျခားစီ ဝါဆို တတ္ၾကပါတယ္။ေက်ာင္းတိုက္ႀကီး တစ္ခုတည္းမွာ ဘယ္ႏွစ္ေက်ာင္းပဲ ခြဲဝါဆိုဆို ကထိန္ခင္းရင္ေတာ့ တစ္ေက်ာင္း တိုက္လုံးေပါင္းၿပီး၊ ကထိန္ တစ္ခုတည္းပဲ ခင္းရပါမယ္။ ဒါမွကထိန္စစ္စစ္ ျဖစ္ပါမည္။

 

Credit : အရွင္ဥာဏာဝုဓ (ဥာဏ​ေရာင္ျခည္ဆရာ​ေတာ္) ဦးခိုက္ပါ၏အရွင္ဘုရား
ေ၀မွ်ေပးတဲ့ ကိုသက္ကိုလည္း ေက်းဇူးတင္ပါတယ္

ဗုဒၶသာသနံ စိရံ တိ႒တု ။

Read times Last modified on Friday, 05 November 2021 09:17
Rate this articles
(0 votes)