×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 31 January 2022

တရုတ်နှစ်သစ်ကူးနေ့ အကြောင်း တစေ့တစောင်း

NayLinnOo(天下第一) နှင့် #Moon (天下第 = ) တို့မှ မျှဝေသည့်

 

တရုတ်နှစ်သစ်ကူးနေ့ အကြောင်း တစေ့တစောင်း

တရုတ်နှစ်ကူးပုံပြင်

တရုတ်ပြည်မှာ ရှေးကျတဲ့ ချွမ်းကျယ် (春节) ဆိုတဲ့ ပွဲတော်တစ်ခုရှိပါတယ်။ဒီပွဲတော် ဆင်နွဲတာကို (ကော့နရန်) လို့ ခေါ်ပါတယ်။ ရှေးအခါက တောနက်ထဲမှာ (နရန်) ဆိုတဲ့ ရက်စက်ကြမ်းတမ်းတဲ့ ဘီလူးတစ်ကောင်ရှိတယ်။ သူကလူသားကြိုက်တယ်။ လူတွေကို အနှောင့်အယှက် ပေးတဲ့အတွက် မိုးနတ်မင်းက သူ့ကို ပြစ်ဒဏ်ခက်တဲ့ အနေနဲ့ ဒီဘီလူးကြီး (နရန်) ကို ၃၆၅ ရက်မှာ ၁ ကြိမ်သာ တောထဲက ထွက်ခွင့်ပေးပါတယ်။ ဒီလိုနဲ့ နှစ်တိုင်း ဆောင်းအကုန် နွေအကူး ကာလမှာ (နရန်) ဟာ လူတွေကို ရန်ရှာဖို့ ထွက်လာပါတော့တယ်။လူတွေဟာ (နရန်) ကို ကြောက်လန့်တဲ့ အတွက် သူလာမယ့် ကာလရောက်ရင် အစားအစာတွေ စုဆောင်းထားကြတယ်။ တရုတ်ရိုးရာ နှစ်ကုန်ခါနီး နောက်ဆုံးရက်(ချူ ရှီ) ဆိုရင် အိမ်တိုင်း တံခါးပိတ်ပြီး (နရန်) ကို စောင့်ကြတယ်။ တရုတ်နှစ်ဆန်းတစ်ရက် (ချူးရီး) ကျမှ (နရန်) ဟာ ပြန်သွားပါတယ်။ ဒီတော့မှ လူတွေဟာ တံခါးဖွင့်ပြီး အိမ်နီးချင်း ဆွေမျိုးတွေ အပြန်အလှန် ဂုဏ်ပြုကြတယ်။ (နရန်) ရဲ့ အစားမခံရလို့ပါ။

 

နောက်တော့ လူတွေဟာ (နရန်) ရဲ့အားနည်းချက်ကို တွေ့သွားပါတော့တယ်။ တစ်ကြိမ်မှာ (နရန်) ဟာ ရွာတစ်ရွာမှာ ကလေးတွေ ဗျောက်အိုးဖောက်နေတာနဲ့ ကြုံပါတယ်။ သူဟာ ဗျောက်ဆူညံသံကြောင့် လန့်ပြေးပါတော့တယ်။နောက်တစ်ရွာ ရောက်တော့ အိမ်တစ်အိမ်မှာ အဝတ်နီနီတွေ လှန်းထားတာ တွေ့ပါတယ်။ သူဟာ နီမြန်းတဲ့ အရောင်ကိုလဲ ကြောက်လန့်ပြီး ထွက်ပြေးပါတယ်။ နောက်တစ်ရွာ ရောက်ပြန်တော့ လူတွေ မီးပုံနားမှာ စုနေတာတွေ့ပါတယ်။ (နရန်) ဟာ စူးရှတဲ့ မီးရောင်ကိုလဲ မခံနိုင်ပဲ ရှောင်ခဲ့ရပြန်တယ်။ လူတွေဟာ ဒီကောင်ကို မောင်းထုတ်တဲ့ နည်းလမ်းရသွားခဲ့ပါတယ်။ လူတွေဟာ နောက်တစ်နှစ် နှစ်ကုန် နောက်ဆုံးရက်မှာ အိမ်တိုင်းရဲ့ တံခါးမကြီးတွေမှာ စာနီတွေ ကပ်ပါတယ်။ မီးပုံးနီတွေ ချိတ်ဆွဲပြီး အိုးစည်ဗုံမောင်း ဗျေက်အိုးတွေ ဖောက်ကြပါတယ်။

 

ညအခါ (နရန်) ထွက်လာတော့ အိမ်တိုင်းအိမ်တိုင်း ထိန်လင်းပြီး နေရာတိုင်း ဗျေက်သံတွေနဲ့ ဆူညံနေတာ တွေ့ရတော့ တောနက်ထဲ ပြန်ပြေးဝင်သွားပါတယ်။ ယနေ့ထိ နောက်ထပ် မထွက်လာရဲတော့ပါဘူး။ နောက်ရက် မနက်ကျ လူတွေဟာ သိမ်းထားတဲ့ စားကောင်းသောက်ဖွယ်တွေ ထုတ်လာပြီး တည်ခင်းဂုဏ်ပြု စားသောက်ကြပါတယ်။ အဲဒါကို ပွဲတော်တစ်ရက်အနေနဲ့ ပျော်ပျော်ရွှင်ရွှင် ဆင်နွဲကြပါတယ်။ (ကော့နရန်) သို့ (ချွမ်းကျယ်) နွေဦးပွဲတော်လို့ ခေါ်ပါတယ်။ တံခါးမှာ နှစ်သစ်မင်္ဂလာ စာနီကပ်ခြင်း၊ မီးပုံးနီချိတ်ခြင်း၊ ဗျောက်ဖောက်ခြင်း စတာတွေဟာ တရုတ်နှစ်ကူးရဲ့အလေ့အထ ဖြစ်သွားပါပြီ။

 

大扫除 Dàsǎochú နှစ်သစ်ကြို အိမ်သန့်ရှင်းခြင်း

တရုတ်ရိုးရာမှာ နှစ်သစ်မကူးမှီ အိမ်သန့်ရှင်းရေး ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ခြင်းကို 大扫除Dàsǎochú လို့ခေါ်ပါတယ်။ ရိုးရိုး နေ့စဉ် တံမြတ်လှည်း သန့်ရှင်းရေးလုပ်တာကို 打扫Dǎsǎo လို့ခေါ်ပါတယ်။ ဒီတခါကျတော့ အကြီးအကျယ် သန့်ရှင်းရေးလုပ်တာမလို့ 大 Dà ကြီးသောလို့ ရေးပြီး၊扫 sǎo လှည်းသည်၊ 除 chú ကျတော့ ရှင်းထုတ်သည်။ အဲဒီအဓိပ္ပါယ် ၃ မျိူး လုံးပါတဲ့ နှစ်သစ်ကြို အိမ်သန့်ရှင်းခြင်းပေါ့။

 

အခုချိန် ထိုင်ဝမ်မှာ လမ်းထောင့်တို့ သတ်မှတ်နေရာတွေမှာ အိမ်တွေက မလိုတဲ့ ပရိဘောဂတွေ၊ တီဗီရေခဲသေတ္တာ၊အဲကွန်းဟောင်းတွေကို သွားပစ်ထားတာ တွေ့ရလေ့ရှိတယ်။ အဟောင်းသွားမှ အသစ်လာမှာကိုး 迎新除舊 မလိုတာအကုန်ပစ်ပေါ့။ နှစ်ဟောင်း မကုန်ခင်ည (除夕)ထိ တအိမ်လုံး သန့်ရှင်းရေးလုပ်ပါတယ်။ နောက်နှစ်ဆန်းတစ်ရက်မှ နှစ်ဆန်းငါးရက်အထိ သန့်ရှင်းရေး လုံးဝမလုပ်တော့ပါ။ သန့်နေပြီဆိုတော့ ကျန်နေသေးတဲ့「財氣」လာဘ်လာဘ အငွေ့အသက်လေးတွေ လွင့်ပါမသွားအောင်လို့ဟု ဆိုပါတယ်။ နှစ်ဟောင်းမကုန်ခင် သန့်ရှင်းရေး လုပ်တာကို ဒဏ္ဍာရီလာမှာဒီလိုဆိုပါတယ်။ လူတွေကို တနှစ်တခါ လာလာဖမ်းစာတဲ့ 年獸 နရန် ဘီလူးကောင်ရဲ့ အားနည်းချက်ကို လူတွေ သိသွားတဲ့အခါက စခဲ့တာပါ၊ (အပေါ်မှာ ပြောခဲ့ပြီး),

 

နရန်ဘီလူးကောင်ဟာ
၁။紅色 အနီရောင်
၂။火光မီးလင်းရောင်
၃။響聲 ဆူညံသံ
၄။清潔的環境 သန့်ရှင်းသော အိမ်ပက်ဝန်းကျင် စတဲ့ ၄ မျိုးကို ကြောက်ရွံ့ပါတယ်။

 

ဒါကြောင့် လူတွေဟာ နရန်ဘီလူးကို ရင်ဆိုင်အနိုင်ယူဖို့ဆို
၁။貼紅紙 အိမ်တန်ခါးတွင်နှစ်သစ်စာနီကပ်ခြင်း
၂။點紅色燈籠 အနီရောင်မီးပုံးများ ချိတ်ဆွဲထွန်းညှိခြင်း
၃။放鞭炮 ဗျောက်ဖောက်ခြောက်လှန်ခြင်း
၄။大 掃除 နှစ်သစ်ကြိုအိမ်သန့်ရှင်းခြင်းတို့သည် ယနေ့တိုင် ဓလေ့တခုအနေနှင့် ကျန်ရစ်နေလေသည်။ ဒါ့ကြောင့် နှစ်မကူးခင်မှာ အိမ်သန့်ရှင်းရေးကို ပြုလုပ်သင့်ပါတယ်။

 

“တံခါးဝမှမင်္ဂလာစာလုံးများ”
福 Fú (သို့မဟုတ်) ကံကောင်းခြင်းမင်္ဂလာ
နှစ်ကူးပန်းချီတွေနဲ့အတူ နောက်ထပ်တွေ့ရတဲ့ အသုံးအများဆုံး စာလုံးကတော့ “福 Fú (သို့မဟုတ်) ကံကောင်းခြင်းမင်္ဂလာ" ပါပဲ။ ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံတယ်လို့ ယုံကြည်ကြလို့ နှစ်ကူးသာမက မင်္ဂလာပွဲတွေ၊ အလှမီးပုံးနှင့် တခြား လက်ဝတ်ရတနာတွေမှာ ပါသုံးပါတယ်။ စာလုံး အဓိပ္ပါယ်ကို လေ့လာကြည့်ပါက 福。。。礻ပြန်းကျစ့်ဖန်ဆိုတော့ နတ်ဘုရားနဲ့ဆိုင်တဲ့စာလုံးပေါ့။ နောက်ပိုင်း 一口 ဆိုတာကတော့ 一口井 ရေတွင်းတစ်တွင်းလို့ ဆိုကြတယ်။အောက်ဆုံး အပိုင်းလေးကတော့ 田 Tián လယ်တစ်ကွက်ပေါ့။

 

စာလုံးအားလုံးကို ပေါင်းလိုက်တော့ ရှေးခေတ်အခါမှာ ရေတစ်တွင်းနဲ့ လယ်တစ်ကွက် ပိုင်ဆိုင်သူဟာ ဘဝမှာ ကံကောင်းသာယာသူ ကုံလုံပြည့်စုံသူလို့ သတ်မှတ်ရပါပြီ။ မှတ်ရလွယ်ပါတယ်နော်။ တခါတရံ ဒီစာလုံးကို စောက်ထိုးကပ်တာ တွေ့ရတတ်ပါတယ်။ ရှေးအခါက စာမတက်တဲ့ အစေခံကို သွားကပ်ခိုင်းမိလို့ စောက်ထိုးဖြစ်သွားတာပါ။ အဲဒါလဲ အမှားကောင်းဖြစ်သွားတယ်။ 幸福已经到 Xìngfú yǐjīng dào ကံကောင်းခြင်း မင်္ဂလာရောက်နှင့်ပြီ။ အဲဒီမှာ 到dào (ရောက်သည်)နှင့် 倒dào= (စောက်ထိုးပြောင်းပြန်) စာလုံးအသံချင်း တူတယ်ဆိုပြီး လက်ခံလိုက်တာပါ။

 

နောက်ထပ် စာလုံးတွေကတော့
“招財進寶 (招财进宝) Zhāo cái jìn bǎo"
အဓိပ္ပါယ်ကတော့ "ဝင်လာမစဲတသဲသဲ"
နှစ်ကူးအိမ်တွေ ဈေးဆိုင်တွေမှာ နောက်ထပ် အကပ်အများဆုံး စာလုံးကတော့ 招財進寶 (招财进宝) Zhāo cái jìn bǎo ဆိုတဲ့ စာလုံးလေးလုံးကို ပေါင်းစပ်ထားတဲ့ လာဘ်ခေါ်စာလုံးပါ။ ဒီလေးလုံးကို တစ်လုံးထဲဖြစ်အောင် ပေါင်းစပ်စာလုံး (合 字)အနေနဲ့ ရေးထားတာပါ။ မြန်မာလိုဆို ဝင်လာမစဲတသဲသဲနဲ့ အဓိပ္ပါယ်ဆန်ဆန် လာဘ်ခေါ်စာလုံးဖြစ်ပါတယ်။ 招 Zhāo လက်ယှက်ခေါ်သည်။ 財 cái ရွှေငွေဥစ္စာ။ 進 jìn ဝင်သည်။ 寶 bǎo ရတနာ။ ဒီစာလုံးလေးနှင့် အတူ လာဘ်လာဘတွေ တိုးပွားနိုင်ပါစေ။

 

“寿= 壽 Shòu အာယုသက်ရှည်ခြင်းမင်္ဂလာ"
福 Fú စာလုံးလိုနှစ်ကူးမှာ ကပ်လေ့ကပ်ထရှိတဲ့ စာလုံးပါ။ အသက်ရှည်ကျန်းမာတယ်လို့ အယူရှိလို့ မွေးနေ့မင်္ဂလာနဲ့ နှစ်ကူးမှာ အသုံးများပါတယ်။

စာလုံးကို ခွဲကြည့်ရအောင်.... 士 ပညာရှိ 工 အလုပ်口ပါးစပ် 寸 အတိုင်းအထွာ။ အလွယ်မှတ်ချင်ရင်တော့ ပညာရှိတစ်ယောက်ဟာ ကွယ်ရာမှာလဲ အလုပ်လုပ်တယ်။ ပါးစပ်ရဲ့ စကား အပြောအဆိုနဲ့ အစားသောက်စားရာမှာ အတိုင်းထွာ သတိနဲ့နေရင် အသက်ရှည်ပါတယ်တဲ့။

 

အန်ပေါင်း ခေါ် ဟုန်ပေါင်း ပေးခြင်းဓလေ့နှင့် ဆောင်ရန် ရှောင်ရန်များ
红包 Hóngbāo အမ်ပေါင်းလို့ အများသိ အရပ်ခေါ်တဲ့ 红 Hóng အနီရောင် 包 bāo အထုပ် (စာအိတ်) ဖြစ်ပါတယ်။ ဒီအနီရောင်အိတ်လေးတွေကို အထူးသဖြင့် တရုတ်နှစ်ကူးမှာ တရုတ်ရိုးရာဓလေ့အရ၊ လက်ထပ်မင်္ဂလာပွဲ၊ မွေးနေ့မင်္ဂလာပွဲ၊ နှစ်သစ်ကူးမင်္ဂလာပွဲတွေမှာ ကြီးသူမှ ငယ်သူ အလုပ်ရှင် သူဌေးမှ ဝန်ထမ်းတို့ကို လက်ဆောင်အဖြစ်နဲ့ ပေးလေ့ရှိတဲ့ ငွေသား လက်ဆောင်ထုပ်ပါ။ တရုတ်နှစ်ကူးဆိုရင်တော့ ကလေးငယ်တိုင်း အမျှော်လင့်ဆုံး လက်ဆောင်ပေါ့။ တရုတ်ရိုးရာ ထုံးတမ်းဓလေ့ဖြစ်ပြီး အနီရောင်ဟာ တရုတ်ယဉ်ကျေးမှုမှာ မင်္ဂလာနိမိတ်ဆောင်တဲ့ အရောင် ဖြစ်ပါတယ်။ ဟုန်ပေါင်းပေးတဲ့ ငွေဂဏန်းဟာ မင်္ဂလာဂဏန်းတွေ ရွေးပေးလေ့ ရှိပါတယ်။ ဥပမာ ၈ ဂဏန်းပေါ့။ ငွေအဆုံးသတ်မှာ စုံဂဏန်းနဲ့ အဆုံးသတ်ရပါမယ်။ 红包Hóngbāo ဟုန်ပေါင်းကို နောက်တမျူ ိးက 压岁钱 Yāsuìqián လို့လဲ ခေါ်ပါတယ်။ အရင်က လူကြီးသူမတွေက ကလေးလူငယ်တွေကြီးလာရင် လိုရာသုံးဆိုပြီး ကြေးအသပြာ ၁၀၀ ထုပ်ပေးလေ့ ရှိတယ်။ 长命百岁Chángmìng bǎi suì ကလေးတွေ အသက်တရာထိ ရှည်ပါစေပေါ့။ 压岁钱 Yāsuìqián အခေါ်လေး ဖြစ်လာပုံက ဒီလိုပါ။

 

ရှေးတုန်းက နှစ်မကူးခင် တညဆို 祟 Suì ဆိုတဲ့ ဘီလူးဟာ ညအိပ်ပျော်နေတဲ့ ကလေးတွေ နဖူးကို လာလာပွတ်ပါသတဲ့။ အဲလို ခံရတဲ့ ကလေးငယ်ဟာ လန့်နိုးပြီး ငိုကြွေးပါတယ်၊နောက်အပြင်းဖျား လန့်ဖျားဖျားပြီး ရူးနှမ်းသွားတတ်ကြသတဲ့။ ဇနီးမောင်နှံတစ်တွဲဟာ အသက်ကြီးကာမှ ကလေးရပါသတဲ့။ ဒီလိုနဲ့ နှစ်မကူးခင် ညမှာ အဲကလေးကို မအိပ်အောင် သူတို့နဲ့ တူတူ ကြေးအသပြာ ၈ ပြားကို အရုပ်လုပ်ပြီး ချော့မြှူ ကစားပါတယ်။ အဲဒါကလေးက ပင်ပန်းပြီး အိပ်ပျော်သွားတော့ အသပြာ ၈ ပြားကိုလဲ ခေါင်းအုံးအေက်မှာ ထားမိသွားရော။ တိုက်တိုက်ဆိုင်ဆိုင် 祟 Suì ဘီလူး လာတဲ့အခါမှာ ကလေး အနား ကပ်လိုက်တာ ဘာကြောင့်မှန်းမသိဘူး။ ဘီလူးဟာ လန့်ပြေးပါလေရော။ ကလေးမိဘတွေကလဲ ခေါင်းအုံးအောက်က အသပြာ ၈ ပြားကြောင့်လို့ ယူဆပြီး သတင်းပြန့် သွားတယ်။ အဲဒီကစလို့ 祟Suì ဘီလူးကို ဖိနှိပ်နိုင်တဲ့ ငွေ 压祟钱 Yāsuìqián လို့ ခေါ်ရာကနေ 祟Suì ဘီလူး အသံနှင့် 岁suì အသက်စာလုံးဟာ အသံတူလို့ အသက်ပါ ရှည်စေတယ်လို့ ယူဆပြီး 压岁钱 Yāsuìqián ဖြစ်လာပါတော့တယ်။ သဘောကတော့ မကောင်းဆိုးဝါးကို ခေါင်းအုံးအောက်မှာ ပိုက်ဆံထားပြီး ဖိပြီး အိပ်ထားသလို နမ်နှိမ်ပလိုက်တာပါ။ နောက်တော့မှ ယနေ့ခေါ်တဲ့ ဟုန်ပေါင်း ဖြစ်သွားတယ်။ ကြေးအသပြာ ၈ ပြားနဲ့ စတင်သလို ၈ ဂဏန်းဟာ 八ပါး.နှင့် 发财 ဖားချူ ိင်ရဲ့发 ဖား ဟာ အသံတူ လို့ ၈ ဂဏန်း တန်ဖိုး ရအောင်ပေးရင် လာဘ်ကောင်းစေတယ်လို့ ယူဆပါတယ်။

 

ရှောင်ရန်များ
၁။ ပေးသူဟာ လက်ခံသူကို ဘဝကံကောင်းစေကြာင်း ပေးတာမလို့ ပေးသူရှေ့ ဖွင့်မကြည့်ပါနှင့်။
၂။ မိဘဘိုးဘွားတို့ကို ကန်တော့လျှင် တစ်နှစ်ထက် တစ်နှစ်တိုးပေးပါ။
၃။ သားသမီး၊ တူ/တူမများကို ပေးလျှင် ညီမျှသော ငွေပမာဏ ဖြစ်ပါစေ။ ရန်ဖြစ်တက်သည်။
၄။ သင့်ထက် အသက်အရွယ် ကြီးသူနှင့် သင်က တပြိုင်နက် ငယ်သူတစ်ဦးကို ပေးလျှင် ကြီးသူ ပေးသည့် ငွေပမာဏထက် မိမိက မများသင့်ပါ။
၅။ 2,6,8 စသည်စုံဂဏာန်းပေးလေ့ရှိသည်။ 2 သည် 福祿雙喜」ကံကောင်းခြင်း ရာထူးလစာ ၂မျိုး နှင့် ပြည့်စုံခြင်း။ 6 သည်「六六大順…၅ ထက် ၁ ပိုသောကြောင့် ၁၀ တွင် ထက်ဝက်ကျော်သည်ဟု ယူဆသည်။ 8 သည်「發」ကြီးပွားသည်နှင့် အသံတူသည်။ 有「發財」的好兆頭。9 သည် မဂဏန်း ဖြစ်သော်လည်း「長長久久」ရှည်ကြာသော အသံနှင့် တူသည်။ တရုတ် ၄ သည်「逝」、「死亡」သေဆုံးသည်နှင့် အသံတူသည်။ လုံးဝမသုံးသင့်ပါ။
၆။ ငွေစက္ကူ အသစ်လေးဖြစ်ပါစေ။လက်ခံသူကို ပီတိတိုးစေသည်။ဟောင်းသော ငွေစက္ကူ သည် အိမ်သာထက် ပိုးမွှားများသည်။
၇။ဟုန်ပေါင်းအိတ်တွင် နှစ်အလိုက် ၁၂ ရာသီအကောင်များ ပြောင်းတက်သည်ကို သတိပြုပါ။ ယခု ၂၀၂၂ သည် ကျားနှစ် ဖြစ်သည်။
နှစ်သစ်မှာ 红包Hóngbāo များများ ရပါစေ။

 

等待春节的第一声钟鸣
(နှစ်ကူးရဲ့ ပထမဆုံး ခေါင်းလောင်းသံကို စောင့်နေခြင်း)
第一次钟声是春节的象征。中国人喜欢到一个大广场,那里有为除夕设置的大钟。随着春节的临近,他们开始倒计数并一起庆祝。人们相信了大钟的撞响可以驱除霉运,带来好运。近年来,有些人开始去山上寺庙等待第一次钟声。苏州的寒山寺就非常著名,它的钟声宣布春节的到来。现在有许多外国人也去寒山寺庆祝春节。

တရုတ်တွေဟာ နှစ်ကူးခါနီးတွင် ခေါင်းလောင်း အကြီးကို တပ်ဆင်ထားသော ကွင်းပြင်ကျယ်မှာ လူစုပြီး ခေါင်းလောင်းထိုးသံကို စောင့်နေလေ့ ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်လူမျူ ိး တွေက ခေါင်းလောင်းသံဟာ မကောင်းဆိုးဝါးတွေကို နှိမ်နင်းပြီး ကံကောင်းစေတယ်လို့ ယူဆကြပါတယ်။

 

တချူ ိ့လူတွေကတော့ ဘုံကျောင်းသွားပြီး နှစ်ကူးရဲ့ ပထမဆုံး ခေါင်းလောင်းသံကို နားထောင်လေ့ ရှိကြပါတယ်။ 苏州寒山寺 ဆူးကျူ ိးတောင်က ဘုံကျောင်းဟာ အရမ်းနာမည်ကြီးပါတယ်။ အဆိုပါ ဘုံကျောင်းတွင် ခေါင်းလောင်းထိုးပြီး နှစ်ကူးကြောင်းကို ကြေညာလေ့ ရှိပါတယ်။ အခုဆို နိင်ငံခြားသားတွေပါ အဲ့ဒီဘုံကျောင်းကို သွားပြီး နှစ်သစ်ကူးကို ဆင်နွှဲလေ့ ရှိကြပါတယ်။

 

 

熬夜 (“守岁”)
နှစ်သစ်မကူးမှီ ၁၂ နာရီ ကျော်တဲ့အထိ စောင့်ပြီး နှစ်သစ်ကူးပြောင်းခြင်းဟာ မိဘအတွက် အသက်တစ်နှစ်တိုးစေတယ်လို့ အယူရှိပါတယ်။ ဒါ့ကြောင့် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် ညတွင် မိသားစုတွေ စုပြီး နှစ်သစ်ကူးတာကို စောင့်နေကြလေ့ ရှိပါတယ်။

守岁意味着为父母赠寿。年夜饭后,家人聚坐一起,愉快聊天,等待春节的到来。

 

 

年夜饭 (နှစ်သစ်ကူး ထမင်းဝိုင်း)
春节是与家人团聚的时间。年夜饭是所有家庭成员聚在一起“必须”的宴会。除夕宴会上吃的食物根据不同的地区各不相同。在中国南方,习惯吃“年糕”(糯米粉制成的新年糕点),因为作为一个同音字,年糕意味着“步步高升”。在北方,年夜饭的传统饭是“饺子”或像月牙儿形的汤圆。

နှစ်သစ်ကူးချိန်ဆို တရုတ်ပြည်မှာ ခရီးသယ်ယာဉ်လိုင်းတွေ ပြည့်နှက်နေတဲ့ အချိန်ပါ။ ဘာကြောင့်လဲဆိုတော့ တရုတ်လူမျူ ိးတွေရဲ့ အယူမှာ ကိုယ်က ဘယ်ရောက်ရောက် အိမ်ကို ပြန်လာပြီး မိသားစုတွေနဲ့ အတူဝိုင်းစုဖွဲ့ကာ နှစ်သစ်ကူး ထမင်းဝိုင်းကို မိသားစုတွေနဲ့အတူ နှစ်အကူးမှာ မဖြစ်မနေ အိမ်မှာ စုပြီး ဝိုင်းဖွဲ့စားရပါတယ်။ ဒီလို ပေါင်းစည်းတဲ့ အထိမ်းအမှတ်အနေနဲ့ 团圆饭 လို့လဲ ခေါ်ပါသေးတယ်။ တရုတ်နိုင်ငံ အနောက်ပိုင်းမှာ ဆန်မုန့် (ကောက်ညင်းနဲ့ပြုလုပ်ထားတဲ့မုန့်) 米糕ဆန်မုန့်ရဲ့糕 ဟာ 步步高升 (အရာရာအောင်မြင်မယ်) နဲ့ အသံတူ ဖြစ်တဲ့အတွက် ကြောင့်လည်း အဆိုပါ မုန့်ကိုလည်း ပြုလုပ် စားသုံးကြပါတယ်။ တရုတ်နိုင်ငံ မြောက်ပိုင်းမှာတော့ နှစ်သစ်ကူး ထမင်းဝိုင်းမှာ ဖက်ထုတ် သို့မဟုတ် လခြမ်းပုံစံ မုန့်လုံးရေပေါ်ကို စားသုံးကြပါတယ်။

 

燃放鞭炮(ဗြောက်အိုးဖောက်ခြင်း)
放鞭炮曾是春节庆祝活动中最重要的习俗之一。然而,担心燃放鞭炮可能会带来危险和烦人的噪音,政府已在许多大城市下令禁止燃放鞭炮。但在小城镇和农村地区的人们仍然坚持这种传统的庆祝活动。除夕夜一旦时钟撞响午夜12点钟,城市和乡镇都被烟花的闪闪光芒映亮

ဗြောက်အိုးဖောက်ခြင်းဟာ တရုတ်နှစ်ကူးမှာ လုပ်ဆောင်ရမယ့် အဓိက အချက်ထဲမှာ ပါဝင်တယ်။
ခုချိန်တော့ အန္တရာယ်ရှိမှာစိုးလို့ အစိုးရက ပိတ်ပင်တားမြစ်ထားပေမယ့် ကျေးလက် တောရွာတွေမှာတော့ ပြုလုပ်ဆဲပါ။ ၁၂ နာရီကျော်လို့ ခေါင်းလောင်းသံမြည်တာနဲ့ တမြို့လုံး မီးပန်း ဗြောက်အိုးတွေကို တပြိုင်နက်တည်း ပစ်ဖောက်ကြတာကို တွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်။

 

 

春节的问候 (拜年) (ဆွေမျူ ိးတွေကိုနှုတ်ဆက်)
在春节第一天或此后不久,大家都穿着新衣服,带着弓向亲戚和朋友打招呼并恭喜(祝贺),彼此祝愿在新的一年里好运,幸福。在中国农村,有些村民可能有数以百计的亲戚,所以他们不得不拿出两个多星期来走亲访友。春节第一天,按习惯,小一辈人要拜见老一辈,祝愿他们健康长寿。因为探亲访友花费大量时间,所以,现在有些忙碌的人就送春节贺卡来表达他们的良好祝愿,而不是亲自去拜访。

နှစ်သစ်ကူးရဲ့ ပထမဆုံးရက်မှာ လူတွေဟာ အဝတ်စားသစ်ကို ဝတ်ဆင်ပြီး ဆွေမျိုး သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အခါမှာ မင်္ဂလာစကားဆိုပြီး အပြန်အလှန် နှုတ်ဆက်လေ့ ရှိကြပါတယ်။ အငယ်က အကြီးကိုတွေ့ရင် သက်ရှည်ကျန်းမာကြောင်း ဆုတောင်းပေးရပါတယ်။ ဆွေမျူ ိးတွေ အရမ်းများတဲ့ မိသားစုတွေကတော့ လူချင်းမတွေ့နိုင်သော်ကြောင့် မင်္ဂလာဆုတောင်းစာတွေဘဲ ပို့ကြပါတယ်။

 


Credit : #NayLinnOo(天下第一) နှင့် #Moon (天下第 = )

Read times
Rate this articles
(0 votes)