×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 14 February 2022

ချစ်တယ်ကို ကိုရီးယားလို ဘယ်လိုပြောကြမလဲ?

ချစ်တယ်ကို ကိုရီးယားလို ဘယ်လိုပြောကြမလဲ။

မတ်လ 14 ရက်နေ့သည် ကိုရီးယားနိုင်ငံ၏ "White Day" ဖြစ်ပြီး ကိုရီးယားလူမျိုးတို့က အဲ့ဒီ့အထူးနေ့ထူးနေ့မြတ်ကို မည်သို့ကျင်းပပုံနှင့် ကိုရီးယားဘာသာစကားဖြင့် ချစ်ခြင်းမေတ္တာဖော်ပြခြင်းဆိုင်ရာ အခြေခံအသုံးဝင်သော စကားစုများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

 

White Day ဆိုတာက Valentine's Day ရဲ့ "နောက်ဆက်တွဲ" အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက် "Valentines Day"မှာ အမျိုးသားတွေကို အမျိုးသမီးတွေကလက်ဆောင်ပေးကြရပြီး၊ မတ်လ ၁၄ ရက် "White Day"မှာတော့ အမျိုးသားတွေက အမျိုးသမီးတွေကို လက်ဆောင်ပေးကြရပါတယ်။ ကိုးရီးယားဘာသာဖြင့် "ငါမင်းကို ချစ်တယ်" လို့ ပြောနိုင်တဲ့ နည်းလမ်းအားလုံးကို အတူတူ လေ့လာကြပါစို့။

 

Saranghae
ဒီစကားစုလေးကိုတော့ ရင်းနှီးပြီးဖြစ်မှာပါ။ "Saranghae" (ဆာရန်းငယ်) (사랑해) က "ငါ မင်းကို ချစ်တယ်" လို့ အဓိပ္ပါယ်ရပါတယ်။ ပိုပြီး လေးနက်တဲ့ပုံစံနဲ့ပြောချင်တယ်ဆိုရင်တော့ “saranghaeyo” (ဆာရန်းငယ်ယို) (사랑해요)" လို့ ပြောကြပါတယ်။ ဒီစကားလေးကတော့ အသုံးအများဆုံး စကားလေးပါပဲ။

 

"Saranghae" ဆိုသည်မှာ "ငါ မင်းကို ချစ်တယ်"၊ "မင်းကို ချစ်တယ်" လို့ အဓိပ္ပါယ်ရပြီး သူငယ်ချင်း ဒါမှမဟုတ် ချစ်ရတဲ့သူတွေကို ချစ်ကြောင်း ဖော်ပြဖို့ သုံးနိုင်ပါတယ်။ ထို့ကြောင့် မိသားစုဝင်တွေကိုလည်း "saranghae" ဟုလည်း ပြောနိုင်ပါတယ်။

 

Joha
တစ်ယောက်ယောက်ကို သဘောကျပေမယ့် သူ့အတွက် ခံစားချက်က "ငါမင်းကို ချစ်တယ်" လို့ မပြောနိုင်ပေမယ့် သူ့ကို လေးလေးနက်နက် သဘောကျမိတဲ့အခါမှာ "ငါမင်းကို ကြိုက်တယ်" "ငါမင်းကိုသဘောကျတယ်" လို့ ပြောလို့ရပါတယ်။ ကိုရီးယားလို "ငါမင်းကိုကြိုက်တယ်" ကို "ဂျိုဟာ" (좋아) လို့ခေါ်ပါတယ်။

 

Akkida
“Akkida” (အာကီဒါ) (아끼다) သည် “ချစ်ခင်မှုကို ခံစားရန်” လို့ အဓိပ္ပာယ်ရတဲ့ ကြိယာဖြစ်ပါတယ်။ ချစ်တဲ့အဆင့်ထိမရောက်ပေမယ့် "မင်းရဲ့အရာရာကို ငါဂရိုစိုက်ပါတယ်"၊ "ငါမင်းကို အလေးထားပါတယ်" လို့ ပြောမယ်ဆိုရင်တော့ “Akkida” (အာကီဒါ) (아끼다) "ငါ မင်းကို ဂရုစိုက်တယ်” လို့ ပြောနိုင်ပါတယ်။

 

Jeongi itta
တစ်စုံတစ်ယောက်အပေါ် ချစ်ခင်မြတ်နိုးမှုကို ဖော်ပြရန် အခြားသောနည်းလမ်းကတော့ "ဂျောင်ဂီအီတာ" (정이 있다) ဆိုတဲ့ စကားစုပဲဖြစ်ပါတယ်။။ Jeong (정) (ဂျောင်း) ဆိုတာက "သူ့အပေါ်မှာ ခံစားချက်တော့ရှိတယ်။ အချစ်တော့ မဟုတ်သေးဘူးလို့" အဓိပ္ပာယ်ရပါတယ်။

 

ချစ်ခြင်းမေတ္တာကိုဖော်ပြရန် အခြားအသုံးအနှုန်းများ
1. 너 없이 못 살아. (Neo obsi mot sala:) (နော် အော့ဗ်ဆော မိုဂ်ဆာလာ)
“I can’t live without you”. (မင်းမရှိဘဲ မနေနိုင်ပါဘူး)

 

2. 네가 내 옆에 있으면 좋겠다. (Niga nae yeope isseumyeon jokketta:) (နီဂါနယ်ယောဖ်ဖဲ အိစ်စုမြောင်း ဂျိုကက်ဒါ)
“I wish you were here by my side”. (ငါ့အနားမှာရှိပေးပါ။)

3. 보고 싶다. (Bogo sipta) (ဘိုဂိုရှဖ်ဒါ) / 보고 싶어 (bogo sipeo, informal) (ဘိုဂိုရှဖ်ဖော) / 보고 싶어요 (bogo sipeoyo, more formal) (ဘိုဂိုရှဖ်ဖောယို)
“I miss you”, “I want to see you”. (မင်းကိုလွမ်းတယ်) (မင်းကိုတွေ့ချင်တယ်)

 

4. 가지마, 나랑 같이 있어. (Gajima, narang gatchi isseo.)(ဂါဂျီမား၊ နာရန်းဂတ်တာ အိစ်စော)
“Don’t go away, stay with me.” (အဝေးကိုထွက်မသွားပါနဲ့။ ငါ့နဲ့ပဲနေပါ)

 

5. 새상에 너 밖에 없어. (Saesange neo bakke eobseo.) (ဆဲဆန်းငဲ နော်ဘက်ကဲ အော့ဖ်စော)
“In the world there is no one like you” or “In the world I have only you”. (ဒီကမ္ဘာကြီးမှာ မင်းလိုလူ မရှိပါဘူး) (ဒီကမ္ဘာကြီးမှာ ငါ့အတွက် မင်းတစ်ယောက်ထဲရှိတာပါ)


6. 나랑 사귈래? (narang sagwillae?) (နာရန်း ဆာဂွီလယ်)
"မင်းငါနဲ့ အတူတူနေမှာလား?" "ငါနဲ့လက်ထပ်မှာလား၊"

 

7. 결혼하자! (gyeoronhaja!) (ဂယောလ်ဟွန်းအာဂျာ)
"လက်ထပ်ကြရအောင်"

 

ဆာရန်းငယ်အပြင်ကို မိမိခံစားရဲ့တဲ့ Level အလိုက် ချစ်တယ်ဆိုတာကို ဘယ်လိုတွေပြောရမယ်ဆိုတာကို သိပြီထင်ပါတယ်နော်။

Happy Valentine's Day

Read times
Rate this articles
(1 Vote)