×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Friday, 16 February 2018

ဆုငွေဆယ်သိန်းရရှိနိုင်မည့် OpenStreetMap

ဆုငွေဆယ်သိန်းရရှိနိုင်မည့် OpenStreetMap google.com














Source :Phandeeyar

[Unicode Version]

သင်က မြေပုံရေးဆွဲရတာကို နှစ်သက်သူတစ်ယောက်ဆိုရင်တော့ ဆုငွေဆယ်သိန်းက သင့်အတွက် စောင့်ကြိုနေပါတယ်။

ဒီ Map Challenge ကို Phandeeyar တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ OpenStreetMap ပေါ်မှာ ရန်ကုန်မြို့ရဲ့ လိုအပ်နေသေးတဲ့ လမ်းတွေ လမ်းနာမည်တွေ အများနဲ့ သက်ဆိုင်တဲ့ နေရာတွေကို အဆောက်အဦးတွေကို ရေးဆွဲပေးရမှာပါ။

Recommended for you - စကားတစ်ခွန်းကြောင့် ဘဝပြောင်းခဲ့သူ

ပြိုင်ရမယ့်ရက်က ဖေဖော်ဝါရီ ၂၄ ရက်ကနေ မတ်လ ၃ ရက်အထိ ၈ ရက်တာကြာမြင့်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ၈ ရက်လုံး Phanndeeyar ကို သွားဖို့မလိုအပ်ပါဘူး … ပြိုင်ပွဲ ပထမရက် (24.2.18) နဲ့ ပြိုင်ပွဲ နောက်ဆုံးရက် (3.3.18) ရက် နှစ်ရက်သာ သွားဖို့လိုအပ်ပြီး ကျန်ရက်များတွင် ကိုယ်အဆင်ပြေမယ့် နေရာတွေမှာ ရေးဆွဲနိုင်ပါတယ်။

မြေပုံမဆွဲတတ်လို့လည်း စိတ်ပူစရာမလိုပါဘူး။ ပြိုင်ပွဲမကျင်းပခင် ကျွမ်းကျင်ပညာရှင်တွေ လာရောက်ပြီး မြေပုံဆွဲနည်းတွေ သင်ကြားပြသပေးမှာပါ။ ဒါကြောင့် မြေပုံမဆွဲတတ်သူလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါ တယ်။

ဘာမှကြိုတင်ပြင်ဆင်စရာမလိုပါဘူး။ ဒါပေမယ့် laptop တော့ လိုအပ်ပါတယ်။ ပြိုင်ပွဲကို အသင်းလိုက်ပြိုင် ရမှာ ဖြစ်ပြီး တစ်ဦးချင်းလည်း စာရင်းပေးသွင်းနိုင်ပါတယ်။

Recommended for you - အောင်ဆန်းရှင်ပြီး ကျွန်တော်တို့ သေခဲ့တယ်

ပြိုင်ပွဲစည်းကမ်းကတော့ သတ်မှတ်ထားရက်အတွင်း ရန်ကုန်မြို့ရဲ့ သတ်မှတ်ထားတဲ့ မြေပုံအချက်အလက် တွေကို အများဆုံးရေးဆွဲနိုင်တဲ့အဖွဲ့ အနိုင်ရရှိမှာဖြစ်ပြီး အနိုင်ရရှိသွားတဲ့အဖွဲ့အတွက် ဆုကြေးငွေကတော့ ဆယ်သိန်းကျပ် ချီးမြင့်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်လိုသူတွေအနေနဲ့ register လုပ်ရမယ့် link ပါ။

အသေးစိတ်သိလိုပါက Phandeeyar (ph- 09 260072463) သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

သားသားမီးမီးလေးတွေအတွက် အိမ်မှာအနီးကပ်စာပြပေးနိုင်မယ့် ဆရာတစ်ယောက်ကို အလိုရှိနေပါ သလား။ sayar.com.mm တွင် အတွေ့အကြုံရှိသော ဆရာများနှင့် မိတ်ဆက်ထားပေးပါတယ်။ ဆရာ တွေရဲ့ profile တွင် ပါရှိသော ဖုန်းနံပါတ်သို့တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ခင်ဗျ။

သင်ကိုယ်တိုင်က သင့်ရဲ့အားလပ်ချိန်များတွင် အချိန်ပိုင်း tutor အဖြစ်လုပ်ဆောင်ရန် စိတ်ဝင်စားပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

Source :Phandeeyar

 

 

Read times Last modified on Monday, 30 December 2019 16:45
Rate this articles
(0 votes)