×

Warning

JUser: :_load: Unable to load user with ID: 723
JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 07 March 2018

Online မှ အခမဲ့သင်ယူနိုင်မည့် မိဘများနှင့် ဆရာ ဆရာမများအတွက် သင်တန်း

Online မှ အခမဲ့သင်ယူနိုင်မည့် မိဘများနှင့် ဆရာ ဆရာမများအတွက် သင်တန်း google.com

ကလေးငယ်တွေ မိခင်ဘာသာစကားကို သင်ယူနေစဉ် အပိုဘာသာစကားတစ်ခုကို မည်သို့ အကောင်းဆုံးသင်ယူကြပြီး သင်မည်သို့ ကူညီနိုင်သည်ကို သိလိုပါသလား။

ဗြိတိသျှကောင်စီမှ "English in Early Childhood: Language Learning and Development" ဟု အမည်ပေးထားသော အင်တာနက်ပေါ်မှ အခမဲ့သင်ကြားပေးမည့် အင်္ဂလိပ်ဘာသာသင်တန်း တစ်ရပ်ကို ယူကေနိုင်ငံ၏ အခမဲ့ အွန်လိုင်း သင်တန်းများ ပေါင်းစည်းထားသည့် Future Learn ဝက်ဗ်ဆိုက်မှတစ်ဆင့် အခမဲ့ တက်ရောက်နိုင်ပြီဖြစ်သည်။

ဒီသင်တန်းမှာ ကလေးငယ်များကို ဘာသာစကားအသစ်ကို သင်ယူလေ့လာရာမှာ ထောက်ပံ့ကူညီလိုသော မိဘများ၊ မူလတန်းသင်ဆရာ ဆရာမများနှင့် ကလေးငယ်များ၏ ဖွံ့ဖြုးမှုနှင့် ဘာသာစကားတတ်မြောက်မှု ဆိုင်ရာများကို စိတ်ဝင်စားသူများအတွက် ရည်ရွယ်ပါသည်။ မိခင်ဘာသာစကားအဖြစ် အသုံးပြုသူများ မဟုတ်သော အင်္ဂလိပ်စာအရည်အချင်း intermediate အဆင့် (Cummon European Framework of Reference for Languages-CEFR ဇယားမှာ B1 အဆင့်) ရှိရုံဖြင့် သင်တန်းအား တက်ရောက်နိုင်ပါသည်။

Recommended for you - ခေါင်းဆောင်မှု အတတ်ပညာ

သင်တန်းသည် ကလေးငယ်များ အင်္ဂလိပ်စာကို မည့်သို့သင်ယူရမည် ကလေးငယ်များ၏ ဖွံ့ဖြိုးမှုနှင့် ဘာသာစကားတတ်မြောက်မှုဆိုင်ရာ အကြောင်းအရာများကို သင်ကြားပေးမည်ဖြစ်ကာ ကလေးငယ်တွေ နှင့် ပြောဆိုဆက်ဆံနည်းများ၊ အင်္ဂလိပ်ဘာသာ သင်ယူစေရန် အကောင်းဆုံးအခြေအနေနှင့် ပတ်ဝန်းကျင် ကို ဖန်တီးပြုလုပ်နည်းများနှင့် သင်ယူလေ့လာစဉ်ကာလအတွင်း တိုးတက်မှုကို ထောက်ပံ့နည်းများကို လေ့လာရမည် ဖြစ်သည်။

ရက်သတ္တ ခြောက်ပါတ်ကြာမည့် ဤသင်တန်းတွင် ဆောင်းပါး၊ ဗီဒီယိုနှင့် အွန်လိုင်း တိုက်ရိုက်တွေ့ဆုံပွဲ များမှတဆင့် ကလေးငယ်များကို သင်ကြားပေးနေသော ကျွမ်းကျင်ဆရာ/မများနှင့် မိဘများ၏ အတွေ့ အကြုံများနှင့် အကြံဉာဏ်များကို လေ့လာနိုင်မည်ဖြစ်ကာ အခြား သင်တန်း တက်ရောက်သူတွေနှင့် ဆွေးနွေးနိုင်မည်ဖြစ်သည်။

ဤသင်တန်းသည် ဗြိတိသျှကောင်စီ၏ ငယ်ရွယ်သော ကလေးများအပါအဝင် အင်္ဂလိပ်ဘာသာ လေ့လာနေသူအားလုံးအား သင်ကြားမှုဆိုင်ရာ ကျွမ်းကျင်မှုကို စံထားပြီး သင်တန်းဆင်းလက်မှတ် "Statement of Participation" ကို နိုင်ငံတကာသုံး credit card ရှိပါက ဝယ်ယူခွင့်ပြုထားမည် ဖြစ်ပါသည်။

Recommended for you - မက္ကစီကိုနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမယ့် First Robotic Competition 2018

သင်တန်းတက်ရန်သက်သက်ဆိုပါက ငွေကြေးကုန်ကျမှုလုံးဝမရှိပါ။

အသေးစိတ်သိရှိလိုပါက ဒီ link တွင် ဖတ်ရှုနိုင်ပါသည်။

သင်တန်းတက်ရောက်လိုပါက ဒီ link တွင် စာရင်းသွင်းနိုင်ပါတယ်။

အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ယူချင်ပါ သလား။ IELTS စာမေးပွဲကို အကောင်းဆုံးဖြေဆိုအောင်မြင်ချင်ပါသလား။ Sayar.com.mm တွင် ရှိသော ဆရာ ဆရာမ များနှင့် ဆက်သွယ်လိုက်ပါ။

သင်ကိုယ်တိုင်က ဆရာတစ်ယောက် ဖြစ်နေလျှင် ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်လိုက်ပါ။

Source: British Council Myanamr

 

Read times Last modified on Friday, 03 January 2020 14:32
Rate this articles
(5 votes)