×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Tuesday, 07 February 2017

ထူးချွန်ထက်မြက်ပြီး မှတ်ဥာဏ်ကောင်းဖို့ ဘာတွေစားမလဲ

ထူးချွန်ထက်မြက်ပြီး မှတ်ဥာဏ်ကောင်းဖို့ ဘာတွေစားမလဲ Google.com

ဥာဏ်စွမ်းထက်မြက်ခြင်း ဆိုတာ လူသားတိုင်း အလိုရှိတဲ့ စွမ်းရည်တစ်ခုပါပဲ။

ဥာဏ်စွမ်းလို့ ဆိုရာမှာ မှတ်ဥာဏ် (Memory) နဲ့ ထက်မြက်မှု (Intelligence) နှစ်မျိုးစလုံး ပါဝင်ပါတယ်။

စာသင်သား လူငယ်တွေ အပါအ၀င် အသက်အရွယ် မရွေးအတွက် အထူးအရေးပါလှတယ် ဆိုတာ ပြောနေစရာတောင်မလိုပါဘူး။

ဦးနှောက်ဥာဏ်ရည်ဟာ မိဘမျိုးရိုးဗီဇ၊ ပတ်ဝန်းကျင် အနေအထားများရဲ့လွှမ်းမိုးမှု အထူးရှိပေမယ့် နေ့စဉ် အစားအသောက်များဟာ လူတစ်ယောက်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးမှာ အတိုင်းအတာ တစ်ခုအထိ အရေးပါပါတယ်။

အောက်ပါ အစားအသောက်များဟာ ဥာဏ်ရည်လျော့ပါးမှုကို ကာကွယ်ဖို့၊ ဥာဏ်ရည်တိုးတက်ဖို့ ကောင်းစွာ အထောက်အကူ ပြုမယ် ဆိုတာ သေချာပါတယ်။

၁. ငါးများ

ဥာဏ်ကောင်းစေတဲ့ အစားအသောက်တွေထဲမှာ ငါးတွေဟာ ထိပ်တန်းက ပါပါတယ်။ ငါးရဲ့အဆီတွေဟာ ဦးနှောက်ဥာဏ်ရည် တိုးတက်မှုနဲ့ လုပ်ငန်းဆောင်တာတွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ DHA နဲ့ EPA လို့ခေါ်တဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ်တွေ အပြည့်ဝဆုံး ပါဝင်တဲ့ အစားအစာ ဖြစ်ပါတယ်။

အဆီပြည့်ဝတဲ့ ငါးတွေ ပုံမှန် စားပေးရင် ဥာဏ်စွမ်းရည် ပိုမို ထက်မြက်လာစေတယ် ဆိုတာကို ကာလရှည် စမ်းသပ်လေ့လာမှုများစွာ ပြုလုပ်ပြီး တွေ့ရှိထားပါတယ်။

ဒီအစွမ်းဟာ ကလေးတွေမှာသာ မကဘဲ အရွယ်သုံးပါး စလုံးမှာပါ အာနိသင်ရှိတာ တွေ့ရပါတယ်။ အိုမီဂါသရီး အပြည့်ဝဆုံး ငါးကတော့ ဆယ်လ်မွန်ငါး ဖြစ်ပြီး သူ့ကို စားပေးနိုင်ရင် အကောင်းဆုံး ဆိုပေမယ့် ငါးမှန်သမျှကတော့ ပုံမှန်စားသုံးပေးရင် ဥာဏ်ရည်အတွက် အထောက်အကူပြု ဖြစ်စေပါတယ်။

၂. ဥအမျိုးမျိုး

ဥတွေဟာ အကောင်းဆုံး အသားဓာတ်ပင်ရင်း အဖြစ် အသိအမှတ်ပြုထားပါတယ်။

ဥအနှစ်မှာ ကိုလင်း (Choline) လို့ ခေါ်တဲ့ မှတ်ဥာဏ်စွမ်းအားဆိုင်ရာ အာဟာရဓာတ် ပြည့်ဝလို့ ကလေးတွေရော မေ့တတ်တဲ့ သူတွေပါ သုံးဆောင်ပေးသင့်ပါတယ်။

ဒီနေရာမှာ တစ်ခု သတိပေးလိုတာက ဥအနှစ်ဟာ ကိုလက်စထရော မြင့်မားစွာ ပါဝင်လို့ အသက် ၃၅ နှစ်အထက် လူတွေ များများ မစားသင့်သလို နျူကလီယာပရိုတိန်းခေါ် အသားဓာတ်များနဲ့ ဖွဲ့စည်းထားလို့ လေးဖက်နာ အမျိုးမျိုး ရှိသူတွေလည်း များများ မစားသင့်ပါဘူး။

၃. မြေပဲနှင့် မြေပဲထောပတ်

မြေပဲနဲ့ မြေပဲအနှစ်နဲ့ လုပ်ထားတဲ့ မြေပဲထောပတ် (Peanut Butter) တို့ဟာ ဗိုက်တာမင်အီး (Vitamin E) ကြွယ်ဝတဲ့ အစာပင်ရင်းများ ဖြစ်ကြပါတယ်။

မိသားစုမှာ မြေပဲ(သို့) မြေပဲထောပတ်ကို ပုံမှန်စားတဲ့ အကျင့် ရှိတာ ကလေးငယ်တွေရဲ့ ဥာဏ်ရည်အတွက် အကျိုးပြုပါတယ်။

ဗိုက်တာမင် ဘီဝမ်း (Vitamin B1) နဲ့ တွဲဖက်မယ်ဆိုရင် အထူးအစွမ်းထက်ပြီး ဦးနှောက်စွမ်းရည် ကောင်းမွန်စေကာ စိတ်ကြည်လင်စေတဲ့ အာနိသင် ရှိပါတယ်။

ဗိုက်တာမင်ဘီဝမ်း ပါဝင်တဲ့ အစားအသောက်တွေကတော့ နှံစားသီးနှံများ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် အသီးအရွက်များ၊ အသားများ၊ ပဲပင်ပေါက် စတာတွေ ဖြစ်ပါတယ်။

၎. နှံစားသီးနှံများ

ဒီတစ်မျိုးကတော့ အထူးပြောနေစရာ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် ကစီဓာတ်ပါတဲ့ နှံစားသီးနှံ တစ်ခုခု (ဥပမာ ဆန်၊ ဂျုံ၊ ပြောင်း စသည်) ကို အဓိကအစာ (Staple Food) အနေနဲ့ နေ့စဉ် စားနေကြတာမို့ပါ။

ဒါပေမယ့် ကလေးငယ်တွေအတွက်ကျတော့ အာဟာရ ပြည့်ဝစွာ စားရဖို့တင်မကဘဲ အဆာမလွန်အောင် စားရဖို့က အထူးအရေးကြီးပါတယ်။

ကလေးတစ်ယောက်ရဲ့ ဘ၀မှာ ဥာဏ်ရည်နဲ့ ပတ်သက်တဲ့ အခြေခံ အကျဆုံး ဦးနှောက်ဖွံ့ဖြိုးမှုဟာ အသက်နှစ်နှစ်အတွင်း အများဆုံးနဲ့ အဓိက ဖြစ်တာမို့ မွေးစကနေ အသက် နှစ်နှစ်ကျော်အထိ ခဏခဏ အဆာလွန်ရတဲ့ ကလေးတွေ ကြီးပြင်းလာရင် အဆာမခံရတဲ့ ကလေးတွေလောက် ဥာဏ်မကောင်းတာ အတိအကျ တွေ့နိုင်ပါတယ်။

၅. ကွေကာအုပ်

Oats ခေါ် နှံစားသီးနှံကို ကွေကာအုပ်အဖြစ် စားသုံးကြပါတယ်။

ဆန်တွေ ဂျုံတွေလို နှံစားသီးနှံများထဲ ပုံမှန်စားဖြစ်တယ် ဆိုတာနဲ့ပဲ ကွေကာအုပ်ကို လျစ်လျူရှူ မထားသင့်တဲ့ အချက်တွေကတော့ ဦးနှောက်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ရောက်အောင် အားပေးနိုင်တဲ့ ဗိုက်တာမင် အီး၊ ဗိုက်တာမင် ဘီအုပ်စု၊ ပိုတက်စီယမ်နဲ့ ဇင့်ခေါ် သွပ်ဓာတ်တို့ အထူးကြွယ်ဝလှတယ် ဆိုတဲ့ အချက်ပါပဲ ဖြစ်ပါတယ်။

ကလေးငယ်တွေ ကျောင်းသွားခါနီး ကွေကာအုပ်တစ်ခွက် မှန်မှန် သောက်သုံးစေရင် စာသင်ယူရာမှာ အာရုံစူးစိုက်မှု နဲ့ မှတ်မိနိုင်စွမ်း ပိုကောင်းလာတာ တွေ့ရှိရပါတယ်။

ဒီတော့ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ စိတ်ဝင်စားသော မည်သည့်ဘာသာရပ်များကိုမဆို သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

ကျန်ရှိနေတဲ့အချက် ၅ ချက်ကို နောက်နေ့မှာဆက်လက် တင်ပြပါ့မယ်။

Source: May Dim’s Note Book

Read times Last modified on Monday, 30 December 2019 17:35
Rate this articles
(3 votes)