×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Monday, 02 April 2018

သင်က ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးလူသားလား

သင်က ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးလူသားလား google.com

သင့် ရေခဲသေတ္တာထဲမှာ စားစရာရှိနေတယ် ။

ခါးကိုအလှဆင်ဖို့ရာ အဝတ်အစားတွေရှိနေတယ် ။

သင့်ခေါင်းပေါ်မှာ ခေါင်မိုးတစ်ခုရယ် …

နောက်ကျောခင်းအိပ်စရာ နေရာတစ်ခုရှိနေတယ်ဆိုရင် သင်ဟာ ကမ္ဘာမှာရှိတဲ့ ၇၅ ရာခိုင်နှုန်းသော လူတွေထက် ပိုမိုချမ်းသာပါတယ် ။

သင့် ဘဏ်ထဲမှာရော သင့်ပိုက်ဆံအိတ်ထဲမှာရော

နောက်ပြီး အလွယ်သုံးစရာ အကြွေငွေစလေးတွေရှိနေရင် သင်ဟာ ကမ္ဘာမှာ ၈ ရာခိုင်နှုန်းသာလျှင်ရှိတဲ့ …

ချမ်းသာသူ စာရင်းဝင်ဖြစ်နေပါပြီ ။

သင်ဟာ ဒီကနေ့မနက်မှာ နေမကောင်းဖျားနာဘာမှမဖြစ်ဘဲ အိပ်ရာက ကျန်းမာစွာ နိုးထလာတယ် ဆိုရင်တော့ ဒီတစ်ပတ်အတွင်းကမ္ဘာမှာအသက်မရှင်နိုင်တော့တဲ့ သန်းနဲ့ချီ လူတွေထက် ပိုကံကောင်း ပါတယ် ။

သင်ဟာ စစ်ပွဲနွဲခဲ့ရတဲ့ အန္တရာယ်နဲ့မကြုံခဲ့ရဘူး …

ထောင်အကျဉ်းချ နှိပ်စက်ခံရတဲ့ဘဝနဲ့ ကင်းဝေးခဲ့ရင် …

ဆိုးဆိုးဝါးဝါး ဆာလောင်ငတ်ပြတ်မှုတွေက လွတ်ကင်းခဲ့ရင် အဲဒါတွေကို ခံစားအသက်ရှင်နေရှာတဲ့ကမ္ဘာ့ လူဦးရေ သန်း၅၀၀ ထက်သင်ဟာ ပိုကံကောင်းပါတယ်။

Recommended for you - အမေရိကမှာ လက်ကျန်ငွေ ၁၃ ဒေါ်လာနဲ့ ဘဝကိုစခဲ့ပြီး သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့ မြန်မာပြည်သား

လူတိုင်းအတွက်တော့ ကိုယ်စီပိုင်ဆိုင်ရတဲ့ဘဝမှာ ခက်ခဲပင်ပန်းဆင်းရဲမှုတွေဆိုတာ ကြုံတွေ့ရမှာပါ။ ဒါပေမယ့် ငါတစ်ယောက်တည်း ပင်ပန်းနေရတယ် င့ါဘဝကမှ အခက်ခဲဆုံး ငါကံကိုက ဆိုးလိုက်တာ … လို့ သင့်ခေါင်းထဲမှာ လက်ခံလိုက်တဲ့တစ်နေ့ သင်တကယ်ကို ကမ္ဘာမှာ ကံအဆိုးဆုံးလူဖြစ်သွားပါပြီ။

သင့်ထက်ဘဝမှာခက်ခဲတဲ့သူတွေ အများကြီးရှိပါတယ်။ ကိုယ့်အပေါ်မှာရှိတဲ့သူကို မော့ကြည့်ပြီးအားကျနေ သလိုမျိုး ကိုယ့်အောက်မှာ အဆင်မပြေမှုပေါင်းများစွာနဲ့ ဘဝကို ကြိုးစားနေတဲ့သူတွေကို ငုံ့ကြည့်ဖို့ မမေ့ပါနဲ့။

ကိုယ့်ရဲ့ ကံကောင်းခြင်းတွေကို တန်ဖိုးထားပါ။ ခုချိန်မှာ ဘာမှမဖြစ်သေးဘူးဆိုရင်တောင် ဒီစာကိုဖတ်ပြီးတဲ့ အချိန်ကနေစပြီး သင့်မှာ ကြိုးစားခွင့် ဖြစ်ချင်တာတွေကို အိမ်မက်မက်ပြီး အကောင်အထည်ဖော်နိုင်ခွင့် ရှိပါတယ်။ သင်ကိုယ်တိုင် ဖြစ်ချင်တဲ့အိမ်မက် ရောက်ချင်တဲ့ပန်းတိုင်နဲ့ ဘာဖြစ်ဖြစ်ကြိုးစားချင်တဲ့စိတ် ဇွဲ သာရှိမယ်ဆိုရင် လှပတဲ့အနာဂတ်က သင်အတွက်ပါပဲ … ။

ကြိုးစားပါ ထိုင်နေရုံနဲ့တော့ ဘာမှဖြစ်မလာဘူး။

အကယ်၍ သင်ဟာ ဒီကိုဖတ်နိုင်တယ်ဆိုရင်တော့ …

ကမ္ဘာမှာ စာဖတ်နိုင်စွမ်းမရှိရှာတဲ့လူဦးရေ သန်းပေါင်း ၃၀၀၀ ထက်သင်က ပိုပြီး ကံကောင်းလှပါတယ်။

 

ကိုးကား အရှင်လက္ခဏ(အင်းပါ)  

Recommended for you 

jack ma2  အသုံးမကျတဲ့လူ မဖြစ်စေနဲ့

Read times Last modified on Tuesday, 07 January 2020 17:32
Rate this articles
(1 Vote)