×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Monday, 13 March 2017

သင့်မှတ်ဥာဏ်စွမ်းရည်ကို တိုးတက်အောင် ပြုလုပ်နိုင်သည့် နည်းလမ်းများ

သင့်မှတ်ဥာဏ်စွမ်းရည်ကို တိုးတက်အောင် ပြုလုပ်နိုင်သည့် နည်းလမ်းများ Google.com

၁. အကြောင်းအရာသစ်များကို လေ့လာပါ။

ဂစ်တာ၊ စန္ဒယား၊ တယောစသည့်တူရိယာ တစ်မျိုးမျိုး တီးခတ်တတ်အောင်သင်ယူပါ။ ဘာသာစကား အသစ်တစ်မျိုး ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်အောင် သင်ယူပါ။ ၎င်းအချက်များသည် ဦးနှောက်၏ ဖန်တီးနိုင်စွမ်းကို ပိုမိုကောင်းမွန်စေသဖြင့် သင်ယူနိုင်စွမ်းနှင့် ဖြတ်ထိုးဥာဏ်ကို တိုးတက်စေရန် အထောက်အကူ ပြု စေပါတယ်။

၂. သင်ချစ်မြတ်နိုးသူများအတွက် အချိန်ပေးပါ။

သင်ချစ်မြတ်နိုးသည့် မိသားစု၊ သူငယ်ချင်း၊ ချစ်သူ စသည်တို့ အတွက် နေ့ စဉ် အချိန်အနည်းငယ်စီ ခွဲဝေပေးပါ။ မိမိချစ်မြတ်နိုးသောသူများနှင့် တွေ့ဆုံသည့်အခါ ဖုန်းပြောခြင်း၊ ဖုန်းဖြင့်အင်တာနက်သုံးခြင်း၊ သတင်းစာနှင့် ဂျာနယ်ဖတ်ခြင်းတို့ ကို ရှောင်ရှားပါ။ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော စိတ်ပါလက်ပါ စကားစမြည် ပြောခြင်းအားဖြင့် သင့်ဦးနှောက်တွင် ဒိုပါမင်း (dopamine) နှင့် အန်ဒေါ်ဖင် (endorphin) ကဲ့သို့ သော ဟော်မုန်းများကို ထွက်ရှိစေပြီး ဦးနှောက်ကို ပိုမိုလှုံ့ဆော်ပေးနိုင်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. ချောကလက်၊ ငါး၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးပါ။

ချောကလက်၊ ငါး၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များဟာ ဦးနှောက်၏ လုပ်ငန်းဆောင်တာများကို တိုးတက်ကောင်းမွန်စေတယ်။ အထူးသဖြင့် ချောကလက်တွင် flavonols, anti-oxidant တို့ပါဝင်ပြီး ဦးနှောက်မှ (ဒိုပါမင်း) dopamine ထွက်စေသဖြင့် သင်ယူလေ့လာမှု စွမ်းရည်နှင့် မှတ်ဥာဏ်စွမ်းရည်ကို များစွာတိုးတက်စေပါတယ်။

၎. ကျန်းမာရေး လေ့ကျင့်ခန်းများ နေ့စဉ်ပြုလုပ်ပေးပါ။

လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းစသည့် လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် သင်၏ ဦးနှောက်သို့ သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေပြီး သင်၏ နေ့ စဉ်ဘ၀ဖြတ်သန်းမှုတွင် မှတ်ဥာဏ်နှင့် အာရုံစူးစိုက်မှုအတွက် များစွာအထောက်အကူပြုပါတယ်။

၅. သင့် ဦးနှောက်မှတ်ဥာဏ်ကို အလုပ်ပေးပါ။

အလုပ်တစ်ခုအတွက် meeting နှင့် presentation များပြီးသည့်အခါ feedback များကို စာရွက်အလွတ် တစ်ရွက်ပေါ်တွင် ချရေးတဲ့ အကျင့်ကို ပြုလုပ်ထားပါ။ ရုပ်ရှင်ကြည့်ပြီးသည့်အခါ သို့ မဟုတ် စာအုပ်ဖတ်ပြီးသည့်အခါ ရုပ်ရှင်ထဲမှ၊ စာအုပ်ထဲမှ မည်သည့်အခန်း၊ မည်သည့်အကြောင်းအရာကို အကြိုက်ဆုံးဖြစ်သည်၊ မည်ကဲ့သို့ မြင်သည်ကို သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေးခြင်းများကို ပြုလုပ်ခြင်းအားဖြင့် မှတ်ဥာဏ်ကို ပိုမို အားကောင်းလာစေပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

Source: lwin pyin

Read times Last modified on Saturday, 28 December 2019 11:19
Rate this articles
(4 votes)