×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Tuesday, 14 March 2017

မှတ်ဥာဏ်ကောင်းစေမယ့် လေ့ကျင့်ခန်း (၅) မျိုး

မှတ်ဥာဏ်ကောင်းစေမယ့် လေ့ကျင့်ခန်း (၅) မျိုး Google.com

မှတ်ဥာဏ် ကောင်းဖို့ဆိုတာ မွေးရာပါ အရည်အသွေးရှိမှမဟုတ်ပဲ လေ့ကျင့်သင်ယူခြင်းဖြင့်လည်း ရပါတယ်။

ကျွမ်းကျင်တတ်မြောက်ဖို့အတွက် ပညာအရည်အချင်း၊ စွမ်းဆောင်ရည်၊ ပင်ကို ထူးချွန်မှု စတာတွေမလိုအပ်ပါဘူး။ ဒါပေမယ့်လည်း လေ့ကျင့်မှုကတော့ မဖြစ်မနေ ပြုလုပ်ရမည် ဖြစ်ပါတယ်။

၁. လင်္ကာကဗျာလေးတွေ ဖန်တီးပါ။

ငယ်ငယ်က စာသင်ခန်းထဲမှာ မဖြစ်မနေ မှတ်ထားဖို့လိုတဲ့ ညီမျှခြင်းတွေ၊ အဓိပ္ပာယ်တွေကို သံတူကြောင်းကွဲ ကဗျာတွေ၊ လင်္ကာတွေစပ်ပြီး သင်ခဲ့ဖူးကြပါလိမ့်မယ်။ လက်တွေ့ဘဝမှာလည်း ကိုယ့်ဘာသာကို ဖန်တီးနိုင်ပါတယ်။ အဲဒီအလေ့အကျင့်က သင့်ရဲ့မှတ်ဥာဏ်တိုးတက်မှုကို အထောက်အကူဖြစ်စေတာ သေချာလှပါတယ်။

၂. မှတ်ဥာဏ်ကောင်းအောင် ထပ်ခါထပ်ခါ လုပ်ကြည့်ပါ။

ထပ်ခါထပ်ခါ လုပ်ခြင်းကလည်း မှတ်ဥာဏ်ကောင်းနေစေဖို့ တွန်းအားပေးတဲ့ အဓိကအရာဖြစ်ပါတယ်။ ဘယ်အရာမဆို ထပ်ခါထပ်ခါ မှတ်မိအောင် အထပ်ထပ်ရွတ်ဖတ်နေခြင်းက သင့်အတွက် ကောင်းမွန်သော အလေ့အကျင့်ဖြစ်စေပါလိမ့်မယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. နားနားပြီးလေ့လာပါ။

တစ်ချိန်တည်း အားလုံးစုပြုံပြီး လေ့လာစရာမလိုပါဘူး။ လူတွေမှာ မှတ်ဥာဏ်တွေ သိမ်းဆည်းထားဖို့ မယုံနိုင်လောက်စရာ နေရာတွေရှိပါတယ်။ ကွန်ပျူတာတွေလို တကူးတက မှတ်ဥာဏ်ထည့်စရာ မလိုပါဘူး။ အခန်းလွတ်တစ်ခန်းထဲမှာ ပန်းချီကားတစ်ချပ်ပဲ သင်တွေ့ရင် အဲဒီပန်းချီကားကို သင်တော်တော်နဲ့ မေ့မှာ မဟုတ်တော့ပါဘူး။

၎. ပုံမှန် အလုပ်လုပ်ပါ။

မှတ်ဥာဏ်ကောင်းနေစေဖို့ အရေးပါတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အနားယူသင့်ချိန်မှာ အနားယူပါ။ အနားယူတာဟာ သင့်ဦးနှောက်အတွက် အားဆေးလည်းဖြစ်သလို အချိန်ကြာကြာ အလုပ်လုပ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။

၅. အရင်ဆုံး မှန်းဆပြီး ဖြေကြည့်ပါ။

သင့်မှတ်ဥာဏ်ထဲမှာ စာလုံးတစ်လုံးကို အမြဲမှတ်မိနေစေဖို့ အကောင်းဆုံးနည်းလမ်းက အဲဒီစာလုံးရဲ့ အဓိပ္ပာယ်ကို မသိသေးခင် မှန်းပြီး ဖြေကြည့်လိုက်ပါ။ လူတစ်ဦးနဲ့ ပထမဆုံးတွေ့ချိန်မှာ စိတ်ထဲကဖြစ်ဖြစ် နာမည်ကိုမှန်းပြီး ပြောကြည့်လိုက်ပါ။ နောက်တစ်ခါဆိုရင် သင့်အနေနဲ့ နာမည်အမှန်၊ အဓိပ္ပာယ်အမှန်တွေကို အမြဲအမှတ်ရနေပါလိမ့်မယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

Source: lwin pyin

Read times Last modified on Saturday, 28 December 2019 11:19
Rate this articles
(9 votes)