×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Monday, 20 March 2017

ဘ၀မှာ ဘယ်တော့မှ မမေ့သင့်တဲ့ သင်ခန်းစာ (၄) ခု

ဘ၀မှာ ဘယ်တော့မှ မမေ့သင့်တဲ့ သင်ခန်းစာ (၄) ခု Google.com

ဘ၀ဆိုတာ ကြိုးစားရင်း၊ ရုန်းကန်ရင်းနဲ့ပဲ အောင်မြင်မှုဆိုတာကို ရယူကြရတာပါ။ အမှားတွေကနေ သင်ယူရင်း အမှန်ပြင်သွားရခြင်း ဖြစ်ပါတယ်။

၁. အချိန်တိုင်းက ကိုယ်နဲ့တသားတည်းရှိနေပါစေ။

အချိန်ကို ကောင်းကောင်းအသုံးချခြင်းက နေ့ရက်တိုင်းမှာ သင့်ကို ပျော်ရွှင်စရာတွေဖြစ်စေမှာပါ။ မနက်မိုးလင်းကနေ ညနေမိုးချုပ်ထိ သင်ထိတွေ့ရတဲ့မိတ်ဆွေဟာ အလုပ်စားပွဲပေါ်က ကွန်ပျူတာပဲ ဖြစ်နေတယ်ဆိုရင် သင့်ဘ၀ရဲ့နောင်တတွေ ကို သင်စုဆောင်းနေတာနဲ့အတူတူပါပဲ။ သင့်ကို ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေကို သင့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေ မျှဝေပေးဖို့လည်း မမေ့သင့်ပါဘူး။

၂. မလိုအပ်တာတွေ ရှင်းထုတ်လိုက်ပါ။

ဘ၀ခရီးလမ်းကို မလိုတာတွေသယ်ပြီး လျှောက်နေမယ်ဆိုရင် ခရီးက တွင်မှာမဟုတ်ပါဘူး။ တစ်ခါတလေ လိုအပ်မယ် ထင်လို့ ဆုပ်ကိုင်ထားတဲ့အရာတွေက ကိုယ့်ကို ပင်ပန်းမှုဖြစ်စေရုံကလွဲပြီး ဘာမှအသုံးမ၀င်တဲ့အခါ သဘောထားကြီး ကြီးနဲ့စွန့်လွှတ်လိုက်ပါ။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. ဘ၀ရဲ့အချိန်ခဏလေးအတွင်း ဘာလုပ်မလဲ။

ဘ၀ရဲ့နောက်ဆုံး နေ၀င်ချိန်ရောက်ဖို့ အချိန်တစ်နာရီပဲ ကျန်တော့တယ်ဆိုရင် သင်ဘာလုပ်မလဲ။ ဒီ မေးခွန်းရဲ့အဖြေကို အကောင်းဆုံးဖြေနိုင်ဖို့ သိပ်တော့မလွယ်ပါဘူး။ ဘ၀က တိုတိုလေးဆိုတာ လူ့သက်တမ်းတွေ တဖြည်း ဖြည်းနည်းလာ တာကို ကြည့်ရင်သိနိုင်ပါတယ်။ ဘ၀ရဲ့အချိန်ခဏလေးမှာ ဘာကိုစောင့်နေဦးမှာလဲ။ သင့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခုပဲ စတင်လိုက်ပါ။

၎. ကိုယ်တိုင်တည်ဆောက်ပါ။

ကိုယ့်ဘ၀ကို ကိုယ်တိုင်တည်ဆောက်ပါ။ ဘ၀ရဲ့နောက်ဆုံးအချိန်တွေမှာ  နောင်တတွေနဲ့ အဆုံးမသတ်မိစေဖို့လိုပါတယ်။ ဘယ်သူမှ သင့်အတွက် မရှင်သန်နေသလို သင်ကိုယ်တိုင်လည်း သူများအတွက် ရှင်သန်တာမျိုး မဖြစ်သင့်ပါဘူး။ ကိုယ့်ရဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ ကိုယ်တိုင်ရှင်သန်ပါ။ သင့်အတွက် ဆိုတဲ့ တစ်စုံတစ်ယောက်ရဲ့ ဖေးမမှု ကို စောင့်ဆိုင်းနေမယ့်အစား ဘ၀အမှောင်ကို ကိုယ်တိုင်ဖြတ်ပြီး စိတ်လှုပ်ရှားမှုကို ကိုယ်တိုင်ခံစားလိုက်တာက ကိုယ်နဲ့ ပိုပြီး ထိုက်တန်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: alinyaungnews

Read times Last modified on Saturday, 28 December 2019 11:31
Rate this articles
(8 votes)