×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Thursday, 30 March 2017

EQ (Emotional Quotient) မြင့်တဲ့သူတစ်ယောက်မှာ လုပ်ဆောင်လေ့ရှိတဲ့ အလေ့အကျင့် (၁၂) ခု

EQ (Emotional Quotient) မြင့်တဲ့သူတစ်ယောက်မှာ လုပ်ဆောင်လေ့ရှိတဲ့ အလေ့အကျင့် (၁၂) ခု Google.com

လူတစ်ယောက်များ IQ (standard intelligence) အပြင် EQ ဆိုတဲ့ ခံစားမှုဆိုင်ရာ အရည်အသွေးတွေ ရှိပါတယ်။

EQ ဆိုတာ ကိုယ်ကိုယ်တိုင်ရဲ့ ခံစားချက်တွေအပြင် သူတစ်ပါးရဲ့ ခံစားချက်တွေကိုပါ သိရှိနားလည်ပြီး ကောင်းစွာ ကိုင်တွယ်စီမံနိုင်တဲ့ စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။

လူတစ်ယောက် အောင်မြင်ဖို့ ဆိုရင် IQ ထက် EQ ပိုကောင်းဖို့ လိုအပ်တယ်လို့ ပြောလို့ရပါတယ်။

EQ မြင့်တဲ့ လူတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့်များကို ဖော်ပြပေးလိုက်ပါတယ်။

၁. ပြောသမျှ စကားတွေတိုင်းမှာ မာန်ပါတယ်၊ လေးနက်မှုရှိတယ်။

၂. ကိုယ်နဲ့ မသိတဲ့သူတွေရဲ့ အကြောင်းတွေကိုလည်း စိတ်ဝင်စားတယ်ဆိုတာ မရှိပါဘူး။ တစ်ယောက်တည်းနေတာ များပါတယ်။

၃. ကိစ္စတစ်ခုခုဖြစ်ပြီဆိုရင် အပြောင်းအလဲတိုင်းကို ကျေကျေနပ်နပ်ကြီး လက်ခံနိုင်ကြပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၎. ကိုယ့်အားနည်းချက်၊ အားသာချက်တွေကို သိရှိနားလည်ကြပါတယ်။

၅. အခြားလူတွေရဲ့ စိတ်နေစိတ်ထား၊ ခံစားချက်တွေကို နားလည်ကြပါတယ်။

၆. ဘယ်သူစော်ကားတာကိုမှ ခေါင်းငုံမခံတတ်ကြဘူး၊ ရန်ငြိုးတွေ၊ ဒေါသတွေဆိုလည်း ကြာကြာဆုပ်ကိုင်မထား ကြဘဲ လွယ်လွယ်ကူကူ မေ့ပစ်နိုင်ကြပါတယ်။

၇. အမှားလုပ်မိမှာကို ကြောက်တဲ့စိတ်မရှိကြဘူး၊ အဆိုးမြင်စိတ်တွေကိုလည်း ဖယ်ရှားထားနိုင်ကြပါတယ်။

၈. လူတွေအပေါ်မှာ မျှော်လင့်ချက်တစ်စုံတစ်ရာမထားဘဲ ကူညီတတ်ကြပါတယ်။

၉. ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာလေးတွေကို အသိအမှတ်ပြုပြီး တန်ဖိုးထားကြတယ်။

၁၀. ကိုယ်ရောစိတ်ပါ အပန်းပြေအောင် ဘယ်လိုအနားယူရမယ်ဆိုတာကို သိထားကြပါတယ်။

၁၁. အိပ်ရေး၀၀ အိပ်ဖို့ အရမ်းလိုအပ်တယ်ဆိုတာကို ခံယူထားကြပါတယ်။

၁၂. ကိုယ့်ရဲ့ သာယာပျော်ရွှင်စရာနေ့လေးများကို ဘယ်သူ့ကြောင့်မှ အပျက်စီးမခံရအောင် ကာကွယ်နိုင်ကြပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: gandawin.net

Read times Last modified on Saturday, 28 December 2019 11:30
Rate this articles
(7 votes)