Monday, 14 January 2019 15:41

သည်းခံခြင်းက အောင်မြင်ခြင်း

မာန မရှိတာ မဟုတ်ပါဘူး။ ကိုယ့်မာနကြောင့် အခြားသူကို အနေကျပ်မှာဆိုးလို့ပါ။

Monday, 14 January 2019 12:31

လူမှုဆက်ဆံရေးကောင်းစေဖို့ သေချာပေါက်အသုံးဝင်စေမယ့် စကား(၃)ခွန်း

ဘယ်အသက်အရွယ်အပိုင်းအခြားမှာမဆို လူမှုဆက်ဆံရေး ကောင်းမွန်ဖို့က အလွန့်အလွန်ကို အရေးကြီးပါတယ်။ ပညာတွေဘယ်လောက်တတ်နေပါစေ လူမှုဆက်ဆံရေး မပြေပြစ်ဘူးဆိုရင်လည်း ထင်ထားသလောက် အောင်မြင်မှုမရရှိနိုင်ပါဘူး။

လူမှုဆက်ဆံရေးပြေပြစ်ကောင်းမွန်စေဖို့ အဓိကအရေးကြီးဆုံးက ပြောဆိုဆက်ဆံရေးပါပဲ။

အပြောချိုရင် လေယာဉ်ပျံတောင် အလကားစီးလို့ရတယ်ဆိုတဲ့ စကားအတိုင်း သင့်ပတ်ဝန်းကျင်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်အားလုံးနဲ့ အပြောအဆို အဆင်ပြေတယ်ဆိုရင် သင့်ရဲ့စီးပွားရေး အလုပ်အကိုင်အတွက် များစွာ အထောက်အကူပြုစေမှာပါ။

ဘဝအောင်မြင်ခြင်း သော့ချက်တစ်ခုဖြစ်တဲ့ လူမှုဆက်ဆံရေးကောင်းစေဖို့ မဖြစ်မနေ ပြောသင့်ဆိုသင့်တဲ့ စကား (၃)ခွန်းကို ဝေမျှပေးလိုက်ပါတယ်။

ပထမတစ်ခုကတော့ တစ်စုံတစ်ယောက်က သင့်အကျိုးကိုဆောင်ပေးတဲ့အခါ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားကို ပြန်ပြောဖို့မမေ့ပါနဲ့။

ပိုက်ဆံတွေ သိန်းသောင်းချီပြီး အကျိုးဆောင်မှ မဟုတ်ပါဘူး။

ဥပမာ သင်လိုချင်တဲ့ အစားအစာတစ်ခုကို စားပွဲထိုးလေးက လာပြီးချပေးတဲ့အခါမှာလည်း ကျေးဇူးတင်စကားဆိုသင့်ပါတယ်။

“ကျေးဇူးနော်” ဆိုတဲ့စကားလေးတစ်ခွန်းက တစ်ဖက်လူရဲ့ ရင်ထဲကိုအေးမြစေပြီး သင့်ကို ပိုပြီး ရင်းနှီး ချစ်ခင်သွားစေပါတယ်။

ဒုတိယတစ်ခုကတော့ အမှားတစ်ခု ပြုလုပ်မိတဲ့အခါ ခေါင်းမရှောင်ဘဲ ကိုယ့်အမှားကိုယ် တာဝန်ယူပြီး တောင်းပန်စကားကို ပြောသင့်ပါတယ်။

တစ်ဖက်က ဒေါသထွက်နေရင်တောင်မှ “တောင်းပန်ပါတယ် ခင်ဗျ” “တောင်းပန်ပါတယ်ရှင်” ဆိုတဲ့စကားကြောင့် ဒေါသတွေ ပြေလျော့သွားနိင်ပါတယ်။

ဒါကြောင့်မို့ “တောင်းပန်ပါတယ်” ဆိုတဲ့ စကားကို ပြောဆိုဖို့ တွန့်ဆုတ်မနေသင့်ပါဘူး။

တစ်ခုခုကို သင်လုပ်ချင်တဲ့အခါမျိုး (အခြားသူတစ်ယောက်ရဲ့  ခွင့်ပြုချက် လိုတဲ့အခါမျိုး) မှာ “ကျေးဇူးပြုပြီး” ဆိုတဲ့ ခွင့်တောင်းစကားလေးကို အသုံးပြုပေးပါ။

သင့်ထက် အသက်အရွယ် ရာထူးကြီးတဲ့သူတွေကိုသာမက လက်အောက်ငယ်သားတွေကို ဆက်ဆံပြောဆိုတဲ့အခါမှာလည်း အသုံးပြုသင့်ပါတယ်။

ဒီလိုမျိုး ခွင့်တောင်းစကားဆိုခြင်းက သင့်ကို ယဉ်ကျေးတဲ့လူတစ်ယောက်အဖြစ် မြင်စေနိင်တဲ့အပြင် လက်အောက်ငယ်သားတို့ရဲ့ လေးစားချစ်ခင်မှုကိုလည်း ပိုပြီး ရရှိနိုင်ပါတယ်။

အခုဖော်ပြထားတဲ့ စကား(၃)ခွန်းကို နေ့စဉ်လူမှုဘဝဆက်ဆံရေးမှာ လက်တွေ့ပြောဆိုမယ်ဆိုရင် သင်အခုထက်ပိုပြီး လူချစ်လူခင်ပေါများစေမှာဖြစ်ပြီး လုပ်ငန်းခွင်မှာလည်း အခုထက်ပိုပြီး အဆင်ပြေစေမှာ ဖြစ်ပါတယ်။

Credit : Yoyarlay

Saturday, 12 January 2019 13:43

အောင်မြင်သူတွေရဲ့  လက္ခဏာများ

ဘ၀မှာကိုယ်ဟာ ကြိုးစားနေသူတစ်ယောက်ဖြစ်ပေမယ့် ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေ အရာမထင်ဘူးလို့ ခံစားရတဲ့အချိန်တွေရှိမှာပါ။

Saturday, 12 January 2019 10:05

စိတ်ဓာတ်ခွန်အားတိုးတက်စေမယ့် အလေ့အကျင့်များ

ဘဝက ရိုးရှင်းနေတဲ့အခါမျိုးမှာ စိတ်ပိုင်းဆိုင်ရာခံစားမှုအား ကောင်းမွန်နေတတ်ကြပေမဲ့ ယေဘူယျအားဖြင့် ကြည့်မယ်ဆိုရင်တော့ တကယ့်စစ်မှန်တဲ့ စိတ်ဓာတ်ခွန်အားတွေဆိုတာ

Friday, 11 January 2019 13:35

ချမ်းသာချင်ရင်တော့ လုပ်ဆောင်ရမည့်အချက်များ

တီဗွီကြည့်ပြီး အချိန်ကုန် မခံပါနဲ့

Friday, 11 January 2019 10:20

လွတ်လပ်ပြီး ထက်မြက်တဲ့သူ ဖြစ်ချင်တယ်ဆိုရင် လုပ်ဆောင်ရမယ့် အချက်များ

အမျိုးသမီးတစ်ယောက်ဟာ လွတ်လပ်ပြီး ထက်မြက်တဲ့သူ ဖြစ်ချင်တယ်ဆိုရင် လုပ်ဆောင်ရမယ့် အချက်ကလေးများကို ဖော်ပြပေးလိုက်ပါတယ်။

Thursday, 10 January 2019 09:36

စာကျက်ချိန်အများကြီးလိုအပ်တဲ့အခါ လုပ်ဆောင်ရမယ့် အချက်များ

စာပေလေ့လာခြင်း၊ စာကျက်ခြင်းဆိုတာ ကျောင်းသား၊ ကျောင်းသူတိုင်း မဖြစ်မနေ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။

Wednesday, 09 January 2019 13:08

လူမှုဆက်ဆံရေးမကောင်းသူတွေရဲ့ သိသာထင်ရှားတဲ့ လက္ခဏာများ

လူမှုဆက်ဆံရေးမကောင်းသူတွေမှာ သိသာထင်ရှားတဲ့ လက္ခဏာတွေ ရှိကြပါတယ်။ ဒီလက္ခဏာတွေ ပိုများလေလေ လူမှုဆက်ဆံရေး စွမ်းရည် ညံ့ဖျင်းလေလေပါပဲ။ လူတွေကြားထဲမှာ နေရထိုင်ရခက်ပြီး

Tuesday, 08 January 2019 10:04

ကျောင်းသားများ အပြည့်အ၀အနားယူရန်လိုအပ်သည့်အချက်များ

ကောင်းမွန်သောအိပ်စက်ခြင်းသည် ကလေးအရွယ်စာသင်သားများ တက္ကသိုလ်ကျောင်းသားများသာမက သက်ရှိတိုင်းအတွက်လိုအပ်ပါ သည်။

Monday, 07 January 2019 12:33

အဆင့်အတန်းနိမ့်ကျတဲ့သူတွေရဲ့ အကျင့်လက္ခဏာများ

လောကမှာ လူတိုင်းက လူကောင်းတွေ မဟုတ်ကြပါဘူး။ လူကောင်းဟုတ်မဟုတ်ဆိုတာကိုလည် သူတို့ရဲ့ စိတ်နေစိတ်ထား၊ စိတ်ဓာတ်ရေးရာကို ကြည့်ရင် သိနိုင်ပါတယ်။

အခုဖော်ပြပေးမယ့် အရာလေးတွေကတော့ စိတ်ဓာတ် အဆင့်အတန်းနိမ့်ကျတဲ့သူတွေရဲ့ အကျင့်လက္ခဏာတွေပဲဖြစ်ပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလိုထဲမှာ မပါဖို့ အရမ်းကို အရေးကြီးပါတယ်။

ဂုဏ်မောက်ခြင်း

စိတ်ဓာတ်အဆင့်အတန်း နိမ့်တဲ့သူတွေဟာ သူတို့ရဲ့ အားသာချက်တွေ၊ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ၊ ပညာတွေကို အမြဲတမ်း ဂုဏ်မောက်တတ်ကြပါတယ်။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ် သလိုပါပဲ။

သူတို့ရဲ့ အားသာချက်တွေဟာ သူတစ်ပါးကို အနိုင်ယူဖို့၊ သူတစ်ပါးကို နှိမ်ဖို့နဲ့ သူတစ်ပါးကို တိုက်ခိုက်ဖို့အတွက်ပဲ အသုံးပြုကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ ပညာတတ်တတ် သူတစ်ပါးအတွက် အသုံးမဝင်တဲ့ ဘဝင်ရူးတွေသာ ဖြစ်ကြပါတယ်။

ယှဉ်ပြိုင်ခြင်း
စိတ်ဓာတ်အဆင့်အတန်း နိမ့်ကျသူတွေဟာ ကိုယ့်ကိုယ်ကို ယှဉ်ပြိုင်ရမယ့်အစား သူတစ်ပါးကို ယှဉ်ပြိုင်တတ်ကြပါတယ်။ သူတစ်ပါးက သူတို့ထက် သာသွားရင် မအိပ်နိုင်၊မစားနိုင်တွေဖြစ်ပြီး ဘယ်လို အနိုင်ယူရမလဲဆိုတာကိုသာ အမြဲတမ်း တွေးတောနေလေ့ရှိပါတယ်။

သူတစ်ပါးရဲ့ ပိုင်ဆိုင်မှု၊ ဂုဏ်တွေကို အထူးအလေးထားကြပြီး အမြဲတမ်း ယှဉ်ပြိုင်တတ်ကြသလို မနာလိုစိတ်လည်း အရမ်းကို ကြီးကြပါတယ်။

အပုပ်ချခြင်း
သူတို့ဟာ သူတို့ထက်သာတဲ့သူတွေ၊ သူတို့မနာလိုတဲ့သူတွေရဲ့ သတင်းကို မဟုတ်မမှန် အပုပ်ချတတ်ကြပါတယ်။ သူတို့ပြောတဲ့စကား တော်တော်များများဟာ သူတစ်ပါးရဲ့ မကောင်းကြောင်း၊ အပုပ်သတင်းတွေနဲ့ လှောင်ပြောင်တဲ့ စကားတွေသာ များပါတယ်။

တစ်နေကုန် အကျိုးမရှိတဲ့ စကားတွေနဲ့ အချိန်ဖြုန်းနေရလည်း အချိန်ကို နှမြောရကောင်းမှန်း မသိတဲ့သူတွေ ဖြစ်တယ်။ ဒီလိုလူတွေဟာ စိတ်ဓာတ်အဆင့်အတန်း နိမ့်ကျတဲ့သူတွေ ဖြစ်တယ်။

အလိုက်မသိခြင်း

အလိုက်မသိတာလည်း စိတ်ဓာတ်အဆင့်အတန်း နိမ့်ကျခြင်းတစ်မျိုးဖြစ်တယ်။ ဘာကြောင့်လဲ ဆိုရင် သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာတွေ၊ သူတစ်ပါးရဲ့ လျှို့ဝှက်ချက်တွေ၊ သူတစ်ပါးပြောဖို့ အခက်အခဲရှိတဲ့အကြောင်းအရာတွေကို အတင်းမေးတာ၊ သူတစ်ပါး မပေးချင်တဲ့ ပစ္စည်းတွေကို အတင်းတောင်းတာ၊ သူတစ်ပါး နားမထောင်ချင်တဲ့ အရာကို အတင်းသွားပြောတာ အဲဒါတွေအားလုံးဟာ စိတ်ဓာတ်အဆင့်အတန်း နိမ့်ကျကြောင်း ပြနေတဲ့ လက္ခဏာတွေပါပဲ။

သူတစ်ပါးရဲ့အရှုံးကို လှောင်ပြောင်သရော်တတ်ခြင်း
စိတ်ဓာတ်နိမ့်ကျတဲ့ သူတွေဟာ သူတစ်ပါးရဲ့ အားနည်းချက်၊ သူတစ်ပါးရဲ့ အရှုံးတွေကို သနားကိုယ်ချင်းစာရမယ့်အစား လှောင်ပြောင်ရယ်မောပြီး ကဲ့ရဲ့ တတ်ကြတဲ့သူတွေဖြစ်ပါတယ်။

ဒီလိုလူတွေဟာ ကိုယ်ကိုယ်တိုင်က ဘာမှမဟုတ်ပေမယ့် သူတစ်ပါးအပြစ်ကိုမြင်ပြီး သူတစ်ပါးကို ကဲ့ရဲ့ဝေဖန်ရာမှာ တအားကို ကျွမ်းကျင်ကြပါတယ်။ ဒါကြောင့်သူတို့ကို စိတ်ရင်းအမှန်နဲ့ ပေါင်းတဲ့သူ မရှိတတ်ကြပါဘူး။

Credit: Shwemon

Page 10 of 13