“Programming Languages ကိုသင်ယူနေတဲ့ကျောင်းသားတွေအတွက် လေ့လာနိုင်မယ့် website (၅) ခု"
နည်းပညာတွေတိုးတက်လာတာနဲ့အမျှ သင်ယူစရာဘာသာရပ်တွေ လေ့လာစရာတွေများလာပါတယ်။
"ကျောင်းသားလူငယ်များအတွက် လွယ်ကူရိုးရှင်းသော စာစီစာကုံးရေးသားနည်း"
ကျောင်းသားလူငယ်များ လွယ်ကူသော အတွေးအခေါ်ဖြင့် ရိုးရှင်းသော စာ(၁၀) ကြောင်း၊ စာစီစာကုံးတစ်ပုဒ် ရေးသားနိုင်စေရန် ပထမဦးစွာ စာဖတ်အားကောင်းရန်လိုအပ်ပါတယ်။
"လူငယ်တွေ ကျောင်းတက်ရင်း အလုပ်လုပ်ကြတဲ့အခါ"
ကျွန်တော်တို့တွေရဲ့ ဆယ်ကျော်သက်ဘဝတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီဘဲကွဲပြားခြားနားတတ်ကြပါတယ်။ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတဲ့ အချိန်မှာပေါ့။
"စာမေးပွဲအတွက်ပြင်ဆင်ချိန်မှာ မမေ့သင့်တဲ့ အချက် (၉) ချက်"
စာမေးပွဲ ဖြေဆိုခါနီးအချိန်တွေမှာ ကျောင်းသားကျောင်းသူတွေ အနေနဲ့ စာတွေကျက်မှတ်တာက အဓိကဆိုပေမယ့် တခြားအကြောင်းအရာတွေဖြစ်တဲ့ စာမေးပွဲကို နောက်မကျဖို့ ကိုယ်စာကြည့်တဲ့ စားပွဲပေါ်မှာ ကိုယ့်အတွက် လိုအပ်တဲ့ စာအုပ်နဲ့ စာရေးကိရိယာတွေပဲ ထားထားဖို့စတဲ့ အရာတွေလည်းပါပါတယ်။
"ကျောင်းသားများ စာကျက်စွမ်းရည်ကို မြှင့်တင်ဖို့နည်းလမ်း (၅) ခု"
၁. စာကျက်သည့်နေရာ
စာကျက်တဲ့နေရာကလည်း များစွာ အရေးပါပါတယ်။ နေရာတစ်နေရာတည်းမှာပဲ အမြဲတမ်း စွဲစွဲမြဲမြဲကျက်တဲ့ သူတွေဟာ နေရာတွေ ခဏခဏပြောင်းပြီး စာကျက်တဲ့သူတွေထက် စာပိုရ၊ စာပိုမှတ်မိစေပါတယ်။
ဖြစ်နိုင်ရင် စာကျက်တဲ့နေရာဟာ အိပ်ရာပေါ်တို့၊ ဆိုဖာပေါ်တို့ ထက် စာကြည့်စာမေးပွဲမှာ ဖြစ်သင့်ပါတယ်။
စာကြည့်စားပွဲပေါ်မှာ ကျောင်းစာနဲ့ ပတ်သက်လို့ ကိုးကာ (reference) လုပ်စရာ Dictionary လိုမျိုး စာအုပ်စာတမ်းတွေကို ထားရှိသင့်သလို စာကျက်ရင်း လိုအပ်မယ့်
ဘောလ်ပင်၊ ခဲတံ၊ Line Pen စတဲ့ စာရေးကိရိယာတွေကိုလည်း စာကျက်နေရင် ထရှာစရာလိုအောင် အရန်သင့်ထားရှိသင့်ပါတယ်။
၂. အချိန်စာရင်း ပြင်ဆင်ရေးဆွဲမှုနှင့် ပန်းတိုင်
ကျောင်းသားအများစုဟာ Planning ရေးဆွဲတဲ့ နေရာမှာ အားနည်းလေ့ရှိပါတယ်။ စာသင်နှစ် စစချင်းမှာ ဘာသာရပ်တွေကို ဘယ်နေ့ဘယ်ရက်မှာ
သင်ရိုးကုန်လေ့လာပြီး ပြန်လည်လေ့ကျင့်ခန်းလုပ်မယ်ဆိုတာ ကိုယ်ရဲ့ studying process နဲ့ ဆက်စပ်မှုများကို အသေးစိတ် ရေးဆွဲပြင်ဆင်ထားသင့်ပါတယ်။
ကိုယ်ရေးဆွဲထားတဲ့ Plan နဲ့အညီ လက်တွေ့အကောင်အထည်ဖော်လုပ်ကြရပါ့မယ်။
အဲဒီလို လုပ်နေစဉ်မှာလည်း ကိုယ်ရဲ့ plan ဟာ လက်တွေ့ကျမကျ၊ ကိုယ်နဲ့ ကိုက်ညီမကိုက်ညီ မပြတ်ဆန်းစစ်နေပြီး လိုအပ်တာမှန်သမျှကို လိုတိုးပိုလျော့လုပ်ပေးရမှာ ဖြစ်ပါတယ်။
မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။
အရေးကြီးသည့် အင်္ဂလိပ်စာနှင့် coding
၃. အမျိုးမျိုးသော စာဖတ်နည်းများ
မြန်မာကျောင်းသားများဟာ စာဆိုတာနဲ့ တန်းပြီး အလွတ်ကျက်ဖို့ပဲ အားသန်ကြပါတယ်။ အပေါ်ယံရှုပ်ဖတ်ခြင်းဆိုတာဟာ သင်ရိုးတစ်ခုလုံး၊
စာအုပ်တစ်အုပ်လုံးကို တစ်ခန်းချင်း အသေးစိတ်မဖတ်ရှုမီ စာအုပ်ရဲ့ ဆိုလိုရင်း အာဘော်ကို ခြုံငုံမိအောင် အပေါ်ယံဖတ်ရှုသင့်ပါတယ်။
မှတ်မိအောင် ကျက်မှတ်ဖတ်ရှုခြင်းဆိုတာက စာမေးပွဲမှာ မေ့လေးမေးထရှိတဲ့ အကြောင်းအရာများ၊ မသိမဖြစ် သိထားရမယ့်
အချက်အလက်တွေကိုတော့ အလွတ်မှတ်မိနေအောင် memorizing reading style နဲ့ ထပ်ကာတလဲလဲ ဖတ်ရှုရပါ့မယ်။
တက္ကသိုလ်မှာ ရည်းစားထားသင့်ရဲ့လား?
၎. တတ်နိုင်သလောက် အလွတ်ကျက်မှတ်ရမည့် စာများကို အသံထွက်၍ ကျက်ပါ
စာကျက်မှတ်တဲ့အခါ တချို့ကပါးစပ်ကနေ အသံထွက် ကျက်မှတ်လေ့ရှိပေမယ့် တချို့ကတော့ မျက်စိနဲ့ပဲ ဖတ်ပြီး အသံထွက်ကျက်လေ့ရှိပါတယ်။
မျက်စိနဲ့ပဲကြည့်ပြီး ကျက်လေ့ရှိတဲ့သူတွေရဲ့ ဦးနှောက်ဟာ သူမှတ်ရမယ့် အကြောင်းအရာတွေကို မျက်စိနဲ့ပဲ Scan လုပ်မှတ်သားနိုင်ပြီး နားနဲ့ အသံမကြားနိုင်ပါဘူး။
အသံထွက်ကျက်မှတ်လေ့ရှိသူများဟာ သူတို့ရဲ့ ဦးနှောက်ကတော့ မှတ်သားရမယ့် Input Data တွေကို မျက်စိနဲ့ Scan လုပ် မှတ်သားနိုင်ရုံသာမက
အသံထွက်ပြီး ကျက်မှတ်တဲ့အတွက် နားနဲ့ပါ အသံကို မှတ်သားလုပ်နိုင်ပါတယ်။
၅. စိတ်ဖိစီးမှုများကို လျော့ချပါ
တတ်နိုင်သလောက် စာမကျက်ခင်မှာ စိတ်ကို ပေါ့ပါးကြည်လင်အောင် ထားပါ။ အထူးသဖြင့် စာမကျက်ခင် တရားထိုင်တာလိုမျိုးကို ၁၅ မိနစ်လောက် လုပ်ပေးနိုင်ရင် ကောင်းပါတယ်
သို့မဟုတ် ကိုယ်အနှစ်အသက်ဆုံး သီချင်းတစ်ပုဒ်ကို ဖွင့်ပြီး ၅ မိနစ် ၁၀ မိနစ်လောက် နားထောင်ပါ။ ကိုယ်ရဲ့ Study Plan, Time-table ကို ရေးဆွဲတဲ့နေရာမှာလည်း
တောက်လျှောက်စာကျက်တာမျိုးထက် တစ်နာရီလောက် ကျက်၊ ၁၅ မိနစ်လောက် နားပြီးရင် ပြန်ကျက် စသည်ဖြင့် ရေးဆွဲထားသင့်ပါတယ်။
"အင်္ဂလိပ်ဘာသာစကားကို ယုံကြည်မှုရှိရှိနဲ့ သွက်သွက်လက်လက်ပြောနိုင်ဖို့ နည်းလမ်း(၉) ခု"
myanmar-network.net
"အချိန်ကြာကြာ စာကျက်ဖို့ လိုလာတဲ့အခါ လုပ်ဆောင်ရမယ့် အချက် ၅ ချက်"
စာပေလေ့လာခြင်း၊ စာကျက်ခြင်းဆိုတာ ကျောင်းသား၊ ကျောင်းသူတိုင်း မဖြစ်မနေ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။
"စာကျက်ရာတွင် အချိန်နည်းနည်း နဲ့  ထိထိရောက်ရောက် ဖြစ်စေဖို့ ရိုးရှင်းတဲ့နည်းလမ်း (၆) ခု"
ကျောင်းသားလူငယ်တွေအနေနဲ့  စာကျက်ကြတဲ့အခါ စာကျက်ချိန်တွေသာ ကြာသွားတယ် ကိုယ်လိုချင်သလောက် စာကမရတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒါကြောင့် စာကျက်တဲ့အခါ အချိန်နည်းနည်းနဲ့ ထိထိရောက်ရောက်စာရစေဖို့  နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
"ကျောင်းသားလူငယ်တွေ ဘာကြောင့်ခရီးသွားသင့်လဲ"
ကျောင်းသား လူငယ်တွေအနေနဲ့ ကျောင်းစာသင်ရင်း ကျောင်းစာအပြင် ပြင်ပ ဗဟုသုတ၊ ဒေသန္တာရ ဗဟုသုတ အတွေ့အကြုံတွေရအောင် ခရီးသွားလည်း သွားသင့်ပါတယ်။
"ကျောင်းပြီးတာနဲ့ လစာကောင်းတဲ့အလုပ်ရဖို့ ဒါတွေသိဖို့ လိုပါတယ်"
တက္ကသိုလ်ကျောင်းသားဘဝဆိုတာ လွတ်လပ်ပေါ့ပါးတဲ့ လူငယ်ဘဝရဲ့ နောက်ဆုံးနေ့ ရက် တွေလို့ ပြောရမှာပါ။
လူငယ်နဲ့ အားလပ်ရက်
လူငယ်တွေဟာ ခွန်အားရှိကြပါတယ်။ ရည်မှန်းချက်ကြီးကြီးမားမားတွေ၊ စိတ်ကူးအိပ်မက်တွေ၊ ရည်မှန်းချက်တွေနဲ့ ဘဝကို ဘယ်လိုဘယ်ပုံတည်ဆောက်ကြမယ်ဆိုပြီး ရည်မှန်းချက်မျိုးစုံရှိနေတတ်ကြပါတယ်။