×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Wednesday, 31 October 2018

ဂျပန်ဘာသာဆရာဖြစ် မွမ်းမံသင်တန်းလျှောက်လွှာများ စတင်ခေါ်ယူ

ဂျပန်ဘာသာဆရာဖြစ် မွမ်းမံသင်တန်းလျှောက်လွှာများ စတင်ခေါ်ယူ google.com

ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ဂျပန်ဘာသာဆရာဖြစ် မွမ်းမံသင်တန်းလျှောက်လွှာတွေ ခေါ်ယူနေပြီဖြစ်တယ်လို့ သိရပါတယ်။


ဂျပန်ဖောင်ဒေးရှင်းနဲ့ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တို့ ပူးပေါင်းမှုနဲ့ ဂျပန်ဘာသာဆရာဖြစ် မွမ်းမံသင်တန်းကို ဒီဇင်ဘာလမှာ စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ပိုမိုထိရောက်မှုရှိတဲ့ သင်ကြားရေးနည်းလမ်းတွေကို လက်တွေ့အသုံးချနိုင်ဖို့ မြန်မာလူမျိုး ဂျပန်ဘာသာသင်ဆရာ၊ ဆရာမတွေ ပြုစုပျိုးထောင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်မှာဖြစ်ပါတယ်။ လုပ်ငန်းခွင်လိုအပ်ချက်အရ လက်တွေ့အသုံးချနိုင်မယ့် ဂျပန်ဘာသာသင်ကြားရေးကို လုပ်ဆောင်နိုင်စေဖို့ ဂျပန်ဘာသာသင် ဆရာ၊ ဆရာမတွေကို ပြုစုပျိုးထောင်ခြင်းနဲ့ သင်ကြားရေးစွမ်းရည်ကို အဆင့်မြှင့်တင်တဲ့ သင်တန်းဖြစ်ပါတယ်။


အခြေခံအားဖြင့် Beginner Level, Intermediate Level (CEFR A1 သို့မဟုတ် A2 Level) ရှိ ဂျပန်ဘာသာသင်ကြားရေးကို လက်တွေ့အသုံးချနိုင်ဖို့ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးတဲ့အထိ တက်ရောက်သူတွေကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန်နှင့် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တို့ရဲ့ ပူးတွဲနာမည်နဲ့ သင်တန်းဆင်းလက်မှတ် ပေးအပ်သွားမှာဖြစ်ပါတယ်။ ပထမနှစ်ဝက်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် မတ်လ အထိ ဒုတိယနှစ်ဝက်ကို ၂၀၁၉ ခုနှစ် ဇွန်လမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။


လျှောက်လွှာရယူလိုသူတွေအနေနဲ့ This email address is being protected from spambots. You need JavaScript enabled to view it. အီးမေလ်းလိပ်စာသို့ ပေးပို့၍တောင်းယူ နိုင်မှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဖုန်း ၀၉-၉၇၁၁၆၂၂၈၀၊ ၀၉-၉၇၆၈၃၀၁၄၄ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - Australian Endeavour Leadership Program (ELP) အတွက် လျှောက်လွှာခေါ်ယူ

 

Recommended for you - ဆေးပညာနှီးနွှယ် တက္ကသိုလ် (၇) ခု သို့ ကျောင်းသား/သူ ၁၅၀၀ ကျော် ၀င်ခွင့်ရရှိ

 

Credit; Internet Journal

Read times Last modified on Wednesday, 29 January 2020 14:00
Rate this articles
(1 Vote)