×

Warning

JUser: :_load: Unable to load user with ID: 723


Language

Wednesday, 24 May 2017

အင်္ဂလိပ်စကားကို ခေတ်မီအောင် ပြုလုပ်နိုင်ရန် သင်ယူလေ့လာရန် အကြံပြုချက် (၄) ချက်

အင်္ဂလိပ်စကားကို ခေတ်မီအောင် ပြုလုပ်နိုင်ရန် သင်ယူလေ့လာရန် အကြံပြုချက် (၄) ချက် Google.com

၁. နည်းပညာနှင့် ဆက်စပ်နေသော ဝတ္ထုများနဲ့ စာအုပ်စာနယ်ဇင်းများကို ဖတ်ပါ။

- Google မှာ စကားလုံးအသစ်များသည် နည်းပညာအသစ်နှင့် စွမ်းဆောင်နိုင်မှု အသစ်တို့ကို သရုပ် ဖော်ပြသော စကားလုံးတို့မှ အစပြုပါတယ်။

- ကွန်ပျူတာဆိုင်ရာ၊ လျှပ်စစ် ဆိုင်ရာ၊ သိပ္ပံပညာဆိုင်ရာ တိုးတက်မှုနှင့်ဦးတည်ရာ နယ်ပယ်တို့ အမီလိုက်နိုင်ခြင်းက သင့်ရဲ့ အင်္ဂလိပ်စကားကို ခေတ်အမီဆုံးဖြစ်အောင် လုပ်ပေးမှာ ဖြစ်ပါတယ်။

၂. လူကြိုက်များတဲ့ ရုပ်မြင်သံကြား၊ ဖျော်ဖြေမှုတွေနဲ့ ရုပ်ရှင်တွေကို ကြည့်ပါ။ 

- စကားလုံး အသစ်တွေကို စပြီး ပွဲထုတ်တာကတော့ ရုပ်သံဇာတ်လမ်းနှင့် ရုပ်ရှင် စတဲ့ ရုပ်မြင်နိုင်တဲ့ဆက်သွယ် ပြန်ကြားရေးတွေပဲ ဖြစ်ပါတယ်။

- ရုပ်မြင်သံကြားဖျော်ဖြေမှုနှင့် ရုပ်ရှင် ဇာတ်လမ်းရေးသော ဇာတ်ညွှန်းရေး ဆရာများဟာ သူတို့ရဲ့ ဇာတ်ညွှန်း တွေဟာ သစ်လွင်ပြီး ဆွဲဆောင်မှုရှိစေရန်အတွက် ပေါ်ထွန်းစ စကားလုံးများကို အသုံးပြုကြပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. လူငယ်ထုအတွက် ရည်ရွယ်တဲ့ စာအုပ်များ၊ စာနယ်ဇင်းများကို ဖတ်ပါ။

- နောက်ဆုံးပေါ် စကားလုံးတွေဟာ လူငယ်ပရိသတ်အတွက် ရည်စူးသတ်မှတ်ပြီး ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်တွေမှာ အများအားဖြင့် ဦးစွာ ဖော်ပြကြပါတယ်။

- ထိုစကားလုံးတွေရဲ့ အသုံးအနှုန်းတွေ ပိုပြီးခိုင်မာ လာတဲ့ အခါကျမှ အများပြည်သူအတွက် ရည်ရွယ်တဲ့ ဆက်သွယ်ပြန်ကြားရေးတွေမှာ ဖော်ပြလာကြပါတယ်။

- သင်စိတ်ဝင်စားပြီး လူငယ် စာဖတ်သူတွေ အတွက် အာရုံစိုက်ထားတဲ့ အကြောင်းအရာတွေကို မဂ္ဂဇင်းတွေ၊ အင်တာနက် ဝက်ဘ်ဆိုက်တွေမှာ ရှာဖွေကြည့်ပါ။

- နောက်ရွေးချယ်စရာ တစ်ခုကတော့ အဘိဓာန် site တွေထဲ ဝင်ကြည့်ဖို့ပါပဲ။ အဘိဓာန် site အများစုကတော့ မကြာသေးမီကမှ အဘိဓာန်ထဲကို ထပ်ဖြည့်ထားတဲ့ စကားလုံးတွေကို တိုက်ရိုက်ဖော်ပြတဲ့ ကဏ္ဍတွေပါပါတယ်။

၎. သတင်းကို နားထောင်ပါ။

- လတ်တလောဖြစ်ပေါ်နေတဲ့ သတင်းအကြောင်းအရာတွေကို ဖော်ပြတဲ့အခါ သတင်းထောက်တွေဟာ စကားလုံးအသစ်တွေကို အသုံးပြုတတ်ကြပါတယ်။

- မှန်ကန်တဲ့နေရာတွေမှာ ရှာဖွေကြည့်မယ်ဆိုရင်တော့ သင့်ရဲ့ အင်္ဂလိပ်စကားကို ခေတ်မီအောင် ပြုလုပ်ရတာ လွယ်ကူပါတယ်။ သင့်ဝေါဟာရတွေထဲမှာ စကားလုံး အသစ်တွေ ပါဝင်လာနိုင်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: lwanmapyay

Read times Last modified on Saturday, 28 December 2019 11:42
Rate this articles
(1 Vote)