×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Monday, 03 December 2018

အင်္ဂလိပ်စကားပြောကို တစ်ယောက်တည်းထိထိရောက်ရောက် လေ့ကျင့်နိုင်မယ့် နည်းလမ်း (၅) သွယ်

Native တွေကိုယ်တိုင်တောင်မှ စကားပြောတဲ့အခါအမြဲလိုလို သဒ္ဒါမှန်အောင် ပြောလေ့မရှိပါဘူး။ ဒါကြောင့် အပြောစွမ်းရည်ကို လေ့ကျင့်တဲ့ အခါမှာ သဒ္ဒါကို အရမ်းဂရုမစိုက်ပါနဲ့ ပြောချင်ပါတယ်နော်....။

(၁) အင်္ဂလိပ်လိုတွေးပါ။

လူတိုင်းဟာနေ့စဉ်နေ့တိုင်း အတွေးပေါင်းမြောက်များစွာကို ရောက်တတ်ရာရာ တွေးနေမိတတ်ကြပါပဲ။ အဲဒီအထဲမှာကျွန်တော်ပါသလို သင်လည်း ပါပါတယ် ။ ဒါပေမယ့် ၎င်းအတွေးတွေကို လူတွေအားလုံးဟာ သူတို့ရဲ့မိခင်ဘာသာစကားနဲ့ပဲ တွေးတောကြတာ မဟုတ်ပါလား?

ဘယ်သူကမှ အလုပ်ရှုပ်ခံပြီး အင်္ဂလိပ်လို တွေးမနေကြပါဘူး။ တကယ်တမ်းပြောရရင်Presentation ၊ Debate နဲ့ Public Speaking တွေဟာသင့်ရဲ့ အတွေးစိတ်ကူးတွေကို အင်္ဂလိပ်လိုချပြရေးပြရတာ ဖြစ်ပါတယ်။

ဒါကြောင့် အလေ့အကျင့်ဖြစ်သွားအောင် သင့်ရဲ့ နေ့စဉ် တွေးတောလေ့ရှိတဲ့ အတွေးစိတ်ကူးတွေက တစ်ချို့ကို  အင်္ဂလိပ်လို တွေးပြီး ကိုယ့်ကိုယ်ကို  ပြန်ပြောကြည့်ပါ။ သင်မယုံ မရှိပါနဲ့ ဒီနည်းလမ်းဟာတကယ်အသုံးဝင်ပါတယ်။

(၂) များများနားထောင်ပါ ...ထပ်ကာထပ်ကာ နားထောင်ပါ။

သင်နဲ့အတူ အင်္ဂလိပ်စကားပြော လေ့ကျင့်ပေးမယ့်ပါတနာမရှိတဲ့အခါမှာ ဒီနည်းလမ်းကို အသုံးပြုသင့်ပါတယ်။ ဘာသာစကားတစ်ခုကို ပြောထွက်ရဲဖို့အတွက်အရင်ဆုံး များများနားထောင်ထားဖို့ လိုအပ်ပါတယ်။

ဒါကြောင့်သင်သဘောကျတဲ့ အင်္ဂလိပ်စကားပြော ရုပ်ရှင်ဇာတ်လမ်းတွဲတွေနဲ့ ရုပ်သံအစီအစဉ်တွေကိုကြည့်ရှုနားထောင်ပါ။ မြန်မာစာတန်း မထိုး တာတွေကိုသာ ရွေးချယ်ဖို့လည်း မမေ့ပါနဲ့။

(၃) မြန်မြန်သွက်သွက်ပြောနိုင်ဖို့ဦးစားပေးပါ။

အင်္ဂလိပ်လို ပြောဆိုနိုင်ဖို့အတွက် မြန်မြန်နဲ့ သွက်သွက်လက်လက်ပြောနိုင်ဖို့ လိုအပ်ပါတယ် ။ သဒ္ဒါတွေကို အရမ်းဦးစားမပေးပါနဲ့။ Native တွေကိုယ်တိုင်တောင်မှ စကားပြောတဲ့အခါအမြဲလိုလို  သဒ္ဒါမှန်အောင် ပြောလေ့မရှိပါဘူး။ ဒါကြောင့် အပြောစွမ်းရည်ကို လေ့ကျင့်တဲ့အခါမှာ သဒ္ဒါကို အရမ်းဂရုမစိုက်ပါနဲ့။

(၄) ဖိသံဖော့သံတွေကို သတိထားပါ။

အင်္ဂလိပ်စကားဟာ ကျွန်တော်တို့ မြန်မာစကားလိုတသတ်မတ်တည်း သွားတဲ့ ဘာသာစကားမဟုတ်ပါဘူး ။ ၎င်းမှာ ဖိသံဖော့သံတွေ ရှိပါတယ် ။ ဒါကြောင့်သင့်ရဲ့ အင်္ဂလိပ်စကားပြောသံကို Native တွေရဲ့ပြောသံလို ဆွဲဆောင်မှု ရှိစေချင်ရင် ဖိသံဖော့သံတွေကိုအသေးစိတ် စနစ်တကျ လေ့လာပြီး လေ့ကျင့်ပြောဆိုကြည့်ပါ။

(၅) အင်္ဂလိပ်သီချင်းတွေဆိုကြည့်ပါ။

သီချင်းဆိုတာဟာ သင့်ကို အမြန်ဆုံးနဲ့ အလွယ်ကူဆုံးစကားပြောထွက်စေမယ့် နည်းလမ်းဖြစ်ပါတယ် ။ ဒါကြောင့် အင်္ဂလိပ်စကားပြော လေ့ကျင့်တဲ့အခါမှာအင်္ဂလိပ်သီချင်းတွေကို နားထောင်ပြီး များများလိုက်ဆိုပေးပါ။

source:lunge.media

Read times Last modified on Wednesday, 29 January 2020 09:58
Rate this articles
(1 Vote)