×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Friday, 14 December 2018

ဘယ်ဘာသာရပ်ကို သင်ယူလေ့လာသင့်သလဲ

ကမ္ဘာပေါ်တွင် ဘာသာစကားအမျိုးအစားပေါင်း ၇၀၉၉ မျိုးရှိပြီး ကလေးများအတွက် မည်သည့် ဘာသာဖြင့် သင်ကြားခြင်းသည်

အကောင်းဆုံးဖြစ်ကြောင်း သြစတြေးလျနိုင်ငံ၊ တောင်ပိုင်းကွင်းစ်လန်းတက္ကသိုလ်မှ ပညာရှင်များက စစ်တမ်းကောက်လျက်ရှိသည်ဟု The Independent သတင်းတွင်ဖော်ပြထားပါတယ်။

ပညာရှင်များက သြစတြေးလျနိုင်ငံမှာ ကျောင်းသားများအတွက် မည်သည့်ဘာသာရပ်ဖြင့် သင်ကြားခြင်းက ပိုပြီး ထိရောက် ကောင်းမွန်ကြောင်း လေ့လာဆန်းစစ်ရာတွင် ယနေ့တိုင် အဖြေရှာမရနိုင်သေးသော်လည်း အဖြေတစ်ခု ထုတ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ကမ္ဘာပေါ်တွင် အင်္ဂလိပ်ဘာသာစကားကလွဲလျှင် အများဆုံး ပြောဆို သုံးစွဲသည့် ဘာသာစကား သုံးမျိုးသာရှိ ကြောင်း၊ မန်ဒရင်း ဘာသာစကားကို ပြောဆိုသူ ၈၉၈ သန်း၊ စပိန်ဘာသာစကားပြောကြားသူ ၄၃၇ သန်းနှင့် အာရဗစ် ဘာသာစကားကို ပြောကြားသူ ၂၉၅ သန်းရှိသည်ဟုဆိုပါတယ်။

ပညာရေးထောင်စုနှစ်တွင် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံကြီးလေးနိုင်ငံမှာ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံ လေးနိုင်ငံဖြစ်ပြီး စီးပွားရေးအရ အတိုးတက် အဖွံ့ဖြိုးဆုံးနိုင်ငံ သုံးနိုင်ငံတွင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများဖြစ်ကာ ထိုနိုင်ငံ သုံးနိုင်ငံတွင် အများဆုံး ပြောဆိုကြသည့် ဘာသာစကား များမှာ ဟင်ဒီ၊ အင်ဒိုနှင့် မလေးဘာသာစကားများသာဖြစ်ကြပါတယ်။

အင်္ဂလိပ်ဘာသာစကားသည် ကမ္ဘာပေါ်တွင် အများဆုံးနှင့် ခရီးသွားဘာသာစကားတစ်ခုအဖြစ် ယနေ့တိုင် သုံးစွဲနေကြပြီး၊ နိုင်ငံပေါင်း ၁၆၀ တွင် အသုံးပြုနေကြပါတယ်။

အင်္ဂလိပ်ဘာသာစကားသည် နိုင်ငံတကာတွင် အများဆုံး အသုံးပြုနေသည့် ဘာသာစကားဖြစ်သကဲ့သို့ သြစတြေးလျနိုင်ငံရှိ ကလေးများကို ပညာသင်ကြားပေးရာတွင် ဒုတိယအကောင်းဆုံးနှင့် အလေးပေး အသင် ကြားသင့်ဆုံး ဘာသာစကားမှာ ပြင်သစ်ဘာသာစကားဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ကြပါတယ်။

Read times Last modified on Wednesday, 29 January 2020 10:17
Rate this articles
(2 votes)