×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Thursday, 03 January 2019

ကလေးများကို အင်္ဂလိပ်လိုပြောတတ်အောင် ဘယ်လို လေ့ကျင့်ပေးမလဲ

ကလေးများကို အင်္ဂလိပ်စကားကို မကြာခဏ သုံးတတ်တဲ့ အလေ့အထဖြစ်အောင် ဘယ်လိုလုပ်ဆောင်ပေးရမလဲဆိုတဲ့ အချက်အလက်များကို ဖော်ပြပေးလိုက်ပါတယ်။

စိတ်အားထက်သန်စွာဖြင့် ပါဝင်ပတ်သက်မှု ရှိပေးခြင်း

အင်္ဂလိပ်စာကို လေ့လာသင်ယူတယ်ဆိုတာ မိဘတွေဆီကနေ စတင်ပါတယ်။ သင့်ကလေးက သင် အင်္ဂလိပ်စာဖတ်နေတာ၊ ရုပ်ရှင်ကြည့်နေတာတွေ၊ အင်္ဂလိပ်စကားပြောနေတာတွေကို တွေ့မြင်နေရင် သင်တို့လေးတွေလည်း လိုက်လုပ်ချင်စိတ်တွေ ဖြစ်ပေါ်လာမှာပါ။

ကလေးများကို သူတို့ဘာသာ လေ့လာသင်ကြားမှုကို လုပ်စေတာထက် သူတို့ရဲ့ အင်္ဂလိပ်စာသင်ကြားရေးမှာ သင်ကိုယ်တိုင် တက်ကြွစွာပါဝင်ပတ်သက်ပေးစေလိုပါတယ်။

သင်ယူလေ့လာရေး အစီအစဉ်များကို ကိုယ်ပိုင်ဟန်ဖြစ်အောင် ဖန်တီးပေးခြင်း

ကလေးများအတွက် အင်္ဂလိပ်စာသင်ကြားရေးကို ပျော်ရွှင်ဖွယ်နှင့် စိတ်ကျေနပ်ဖွယ် အတွေ့အကြုံတစ်ခုဖြစ်အောင် ဖန်တီးပေးရမှာဖြစ်ပါတယ်။

အားကစားဝါသနာပါတယ်ဆိုရင် အားကစားနဲ့ ဆိုင်တဲ့ ပုံပြင်တွေ ဝေါဟာရစကားလုံးလေ့လာတဲ့ ကစားနည်းတွေကို ပြုလုပ်ပေးပါ။ သင့်ကလေးအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းကို ရွေးချယ်ဖို့အတွက် သူတို့တွေ ဘယ်လိုလေ့ကျင့်ခန်းမျိုးတွေ လုပ်ရတာကြိုက်သလဲဆိုတာ မေးမြန်းပေးပါ။

သင့်ကလေးရဲ့ စိတ်နေစိတ်ထားကို သုံးသပ်ခြင်း

သင့်ကလေးကို အင်္ဂလိပ်စာစွမ်းရည် လေ့ကျင့်ဖို့ တိုက်တွန်းမှုပြုဖို့ သင့်တော်တဲ့ အချိန်ကို ရွေးချယ်ပြီးမှ ပြုလုပ်ပါ။ သူတို့တွေ ပင်ပန်းနွမ်းနယ်နေတဲ့အချိန်၊ စိတ်လက်မကြည်မလင်ဖြစ်နေတဲ့အချိန်တွေမှာဆိုရင် အင်္ဂလိပ်စာ လုပ်ဖို့ မတိုက်တွန်းပါနဲ့။

အကယ်၍ လေ့ကျင့်ခန်းသင်ခန်းစာ လုပ်နေတုန်း သင့်ကလေးက စိတ်မပါသလို ဖြစ်နေရင် အတင်းဆက်လက်မလုပ်ခိုင်းပါနဲ့တော့။

အဓိပ္ပာယ်ပြည့်စုံတဲ့ အခြေအနေမျိုးကို ဖန်တီးပေးခြင်း
ကလေးတွေဟာ သူတို့ရဲ့ စိတ်ကူးတွေကို သုံးပြီး role-typing ခေါ်တဲ့ ယုံတမ်းကစားနည်းမျိုး ကစားရတာကို နှစ်သက်ကြပါတယ်။ ဒီလိုယုံတမ်းအခြေအနေ ဟန်ဆောင်ကစားနည်းတွေဟာ ကလေးတွေကို အင်္ဂလိပ်စာ လျှပ်တစ်ပြက် ထုတ်ပြောဖို့ တွန်းအားကို ဖြစ်စေပါတယ်။

အဲလို လုပ်ပေးခြင်းအားဖြင့် အင်္ဂလိပ်စကားကို သုံးချင်အောင် လှုံ့ဆော်ပေးတာဖြစ်လို့ ဘာသာစကားကို ပြောဆိုရာမှာ ယုံကြည်မှုကို ပိုမို တိုးပွားစေပါတယ်။

သင့်ကလေးက အခြားသူတွေနဲ့ အင်္ဂလိပ် ပြောဆိုဖို့ နည်းလမ်းများ ရှာဖွေပေးခြင်း

အင်္ဂလိပ်လို ပြောဆိုဆက်ဆံဖို့ စစ်မှန်တဲ့ အကြောင်းပြချက်ရှိနေရင် စိတ်ထက်သန်မှုအဆင့် မြင့်မြင့်မားမားကို ဖြစ်ပေါ်စေပါတယ်။ ဖြစ်နိုင်ရင် အင်္ဂလိပ်လို ပြောဆိုဆက်ဆံရေးမှာ သင့်ကလေးကို စိတ်ဓာတ်ကြွအောင် ဖန်တီးပေးတဲ့ သင်တန်းမျိုးတွေမှာ အပ်သင့်ပါတယ်။

သင့်ကလေးကို အခြားရွယ်တူကလေးတွေနဲ့ အတူတူ အင်္ဂလိပ်စာသင်ဖို့ အကောင်းဆုံး နေရာတစ်ခုကတော့ စာသင်ခန်းဆိုတဲ့ ပတ်ဝန်းကျင်ဘဲ ဖြစ်ပါတယ်။


Credit: myanmar-network.net

Read times Last modified on Wednesday, 29 January 2020 10:32
Rate this articles
(1 Vote)