×

Warning

JUser: :_load: Unable to load user with ID: 723


Language

Thursday, 29 June 2017

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်းများ

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်းများ Google.com

၁. အင်တာနက်မှာ အင်္ဂလိပ်ဘာသာနဲ့ အင်တာနက်မှတ်တမ်းရေးပါ။

အင်္ဂလိပ်ဘာသာနဲ့ရေးတာ မဟုတ်ရင်တောင်မှ စာရေးရင်း ကိုယ့်အကြောင်းကို ဖော်ပြတဲ့အခါ ဒါမှမဟုတ် စိတ်ပါဝင်စားတဲ့ အကြောင်းအရာများကို ဖော်ပြတဲ့အခါ ဘယ်လိုဝေါဟာရမျိုး လိုအပ်တယ်ဆိုတာ သိလာမှာ ဖြစ်ပါတယ်။ သဒ္ဒါမှားမှာကို စိုးရိမ်မနေဘဲ ရေးရဲလာအောင် ပျိုးထောင်တဲ့ အကျင့်လုပ်ပါ။ လူအများစုမှာ ဘာရေးရမယ်ဆိုတာ မသိတဲ့ ပြဿနာတစ်ခုရှိတဲ့အတွက် အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို အဟန့်အတားဖြစ်စေပါတယ်။

၂. သတင်းမှတ်တမ်း ရေးပါ။

လူတိုင်းလူတိုင်းကတော့ နေ့စဉ် ကိုယ်ဘာလုပ်သလဲဆိုတာ ရေးရမှာ အရမ်းပျင်းကြပါတယ်။ မှတ်တမ်းရေးရမှာ ပျင်းတဲ့သူများအတွက် နေ့စဉ်ဖတ်ရှုကြားသိရတဲ့ သတင်းများကို ရေးနိုင်ခြင်းဖြင့် အင်္ဂလိပ်စာ တိုးတက်လာအောင် လုပ်နိုင်ပါတယ်။

READ - အင်္ဂလိပ်စာ Grammar အားနည်းသူများ သိထားရမယ့် Grammar ပုံစံ ၈ မျိုး

၃. အင်တာနက်ကနေ ပုံမှန်အင်္ဂလိပ်ဘာသာစကား သင်ယူခြင်းဆိုင်ရာ အကြံဥာဏ်ရယူဖို့ စာရင်းပေးထားပါ။

အချို့ဝက်ဘ်ဆိုက်တွေက စာရင်းပေးသွင်းထားသူရဲ့ အီးမေးလ်လိပ်စာကို တစ်ပတ်တစ်ကြိမ် သို့မဟုတ် နေ့စဉ် အင်္ဂလိပ်ဘာသာ သင်ခန်းစာတိုများ ပေးပို့ကြပါတယ်။ သင်ခန်းစာများဟာ သာမန်အားဖြင့် အလွယ်အခက် အဆင့်ခွဲတာ သိပ်မကောင်းတတ်ဘူး။ ကိုယ့်အဆင့်နဲ့ ကွက်တိ ကိုက်ညီချင်မှ ကိုက်ညီမယ်။ ထို့ကြောင့် ကိုယ်တိုင်ဖြစ်စေ၊ ဆရာ၊ ဆရာမကဖြစ်စေ ဂရုတစိုက် ရွေးချယ်ထားတဲ့ သင်ခန်းစာများကို အစားထိုးဖို့ မဟုတ်ဘဲ အင်္ဂလိပ်စာ အပိုလေ့လာဖို့ သင့်တော်ပါတယ်။

၎. အင်္ဂလိပ်လိုပြောတဲ့ MP3 များကို နားထောင်ပါ။

အင်္ဂလိပ်သီချင်းများ နားထောင်တာထက် Scientific American, ဘီဘီစီ နဲ့ သြစတြေးလျက အေဘီစီ ရေဒီယိုတို့က ထုတ်လွှင့်တဲ့ အင်္ဂလိပ်ပြောတဲ့ MP3 နားထောင်တာက ပိုကောင်းပါတယ်။

၅. အင်္ဂလိပ်လို ကာရာအိုကေ သီချင်း သီဆိုပါ။

သီချင်းကို နားလည်ပြီး အလွတ်ရပြီဆိုရင် ကိုယ်တိုင်ဆိုဖို့အတွက် အလေ့အထပြုလုပ်ပေးပါ။ တစ်ချို့စကားလုံးများက သီချင်းထဲမှာ အံဝင်ခွင်ကျဖြစ်အောင် အသံထွက် လုံးဝပြောင်းလဲသွားပေမယ့် စကားလုံးအများစုကတော့ ပုံမှန်စကားပြောတဲ့အခါမှာ ဆိုရတဲ့ အသံထွက်အတိုင်း၊ Stress အတိုင်းပဲ ရှိပါတယ်။

သီချင်းစာသားတစ်ကြောင်းပြီးဆုံးတိုင်း ဘယ်စကားလုံးတွေက ကာရန်ကိုက်တယ်ဆိုတာကို မှတ်မိနေခြင်းအားဖြင့် အင်္ဂလိပ်စာ အသံထွက် တတ်မြောက်လာဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

READ - အင်္ဂလိပ်စကားပြော လေ့ကျင့်နည်း (၆) နည်း

Source: myanmar-network.net

Read times Last modified on Saturday, 28 December 2019 13:36
Rate this articles
(3 votes)