×

Warning

JUser: :_load: Unable to load user with ID: 723


Language

Thursday, 20 July 2017

အပျင်းလည်းပြေ ဗဟုသုတလည်းရ အင်္ဂလိပ်စာလည်း လေ့လာပြီးသားဖြစ်အောင် English novel လေးတွေဖတ်ကြမယ်~~~~

အင်္ဂလိပ်စာအုပ်မှ မဟုတ်ပါဘူး ဘယ်စာအုပ်ပဲဖြစ်ဖြစ် စာဖတ်ခြင်းကနေ သင့်ကို အသိဥာဏ် ဗဟုသုတ အတွေ့အကြုံပေါင်းများစွာကို ပေးစွမ်းနိုင်ပါတယ်။ စာဖတ်ခြင်းက သင့်ကို ထူးခြားတောက်ပတဲ့ အနာဂတ်ရှိတဲ့ ကမ္ဘာသစ်ဆီသို့ ခေါ်ဆောင်သွားနိုင်ပါတယ်။

အင်္ဂလိပ်စာအုပ်တွေဖတ်ပြီးတော့ အင်္ဂလိပ်စာလ့လာခြင်းက သိပ်ပြီးတိုးတက်မှုမရှိဘူး၊ ထိရောက်မှုမရှိဘူးလို့ထင်နိုင်ပါတယ်။ ဒါပေမယ့် ဒါက တကယ်အကျိုးရှိတဲ့ နည်းလေးပါ။ လွယ်လွယ်ကူကူဖတ်လို့ရမယ့် စာအုပ်ကောင်းတချို့ကို ညွှန်းထားပေးတယ်နော်။

 

“The more that you read , the more that you’ll know. The more that you’ll know , the more places you’ll go.” - Dr. Seuss.

 

# Charlotte’s Web – E.B. White

charlottes web

ဒီစာအုပ်လေးကတော့ ဘယ်အသက်အရွယ်မဆို နားလည်နိုင်ပြီး နှစ်သက်စရာကောင်းတဲ့ စာအုပ်လေးဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ကျောင်းတော်တော်များများမှာလည်း သင်ရိုးအဖြစ် ထည့်သွင်းဖော်ပြလေ့ရှိပါတယ်။ အင်္ဂလိပ်လူမျိုးတွေကိုယ်တိုင် ဒီစာအုပ်လေးကို အနည်းဆုံးတစ်ကြိမ်တော့ ဖတ်ဖူးမယ်ဆိုတာ သေချာပါတယ်။

 

# Mieko and the Fifth Treasure – Eleanor Coerr

mieko

ဒီစာအုပ်လေးကတော့ အရမ်းကြီးကျော်ကြားတဲ့ အထဲမှာတော့မပါပါဘူး။ စာမျက်နှာ ၇၇ မျက်နှာသာရှိပြီးတော့ begineer တွေအတွက် ဖတ်ဖို့လွယ်ကူတဲ့ ဝေါဟာရတွေနဲ့ စာကြောင်းကို ဖွဲ့စည်းထားပါတယ်။ ဒီစာအုပ်လေးကနေ ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတွေကို လေ့လာခွင့်ရနိုင်ပါတယ်။

 

# The House On Mango Street – Sandra Cisneros

house on mango street

စာရေးဆရာရဲ့ အမြင်ကိုရေးသားထားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်လေးပါပဲ။ စာကြောင်းတွေ ကလည်း short sentences လေးတွေဆိုတော့ နားလည်ရ လွယ်ကူစေပါတယ်။ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ သရုပ်ဖော်စကားလုံးတွေကိုလည်း လေ့လာနိုင်ပါတယ်။

 

# The Giver – Lois Lowry

giver

စိတ်ဝင်စားစရာအချက်တွေနဲ့ စာဖတ်သူတွေကို ဆွဲဆောင်ထားနိုင်တယ့် စာအုပ်လေးပါ။ အများစုက simple past နဲ့ past perfect ကိုအသုံးပြုထားပြီး ရိုးရှင်းတဲ့ သဒ္ဒါနဲ့ ဝါကျကိုတည်ဆောက်ထားပါတယ်။ အတွေးအခေါ်အသစ်တွေလည်း ရရှိနိုင်မှာပါ။

 

# The Old Man and the Sea - Ernest Hemmingway

old man and sea

နာမည်ကျော် ဂန္ဓဝင်စာအုပ်လေးတစ်အုပ်ပါ။ ဒီစာအုပ်ထဲမှာတော့ အနည်းငယ်ခက်ခဲတဲ့ ဝေါဟာရ တချို့ပါဝင်ပါတယ်။ ဒါပေမယ့် အရမ်းရှည်တဲ့စာအုပ်လေးမဟုတ်တဲ့ အတွက် သင်လွယ်ကူစွာပဲ ပြီးဆုံးအောင် ဖတ်နိုင်ပါလိမ့်မယ်။

Source ; FluentU

 

 

 

Read times Last modified on Saturday, 28 December 2019 13:47
Rate this articles
(5 votes)