# E to E dictionary ကို အသုံးပြုပါ။
ဘာသာနှစ်မျိုး အဘိဓာန်ကို လျော့သုံးပြီး အင်္ဂလိပ်ဘာသာ တစ်မျိုးတည်း အဘိဓာန်ကို ပြောင်းသုံးခြင်းအား ဖြင့် စကားပြောတဲ့အခါ ဒါမှမဟုတ် နားထောင်တဲ့အခါ ဘာသာပြန်မနေရအောင် အထောက်အကူပြုနိုင် ပါတယ်။ အဘိဓာန်သုံးနေတုန်းမှာ အခြားအသုံးဝင်တဲ့ စကားလုံးတွေလည်း လေ့လာနိုင်ပါတယ်။ ဝေါဟာရ အသုံးအနှုန်းကိုလည်း လေ့လာနိုင်ပါတယ်။
# အသံထွက်အတွက် သရုပ်ဆောင်တစ်ဦးကို စံနမူနာထားပြီး လေ့ကျင့်ပါ။
တချို့ကျောင်းသူကျောင်းသားတွေက အင်္ဂလိပ်စာကို မိခင်ဘာသာစကားအဖြစ် ပြောသူတစ်ယောက်လိုမျိုး အသံထွက်ချင်ကြတယ်။ ဒါပေမယ့် ခက်တာက မိခင်ဘာသာစကားအဖြစ်ပြောတဲ့သူတွေကိုယ်တိုင် တစ်ယောက်နဲ့တစ်ယောက် အသံထွက်က သိပ်မတူကြပါဘူး။ မြန်မာမှာလည်း မြန်မာစကားမပီတဲ့သူတွေရှိ နိုင်သလိုပေါ့။ ဒါကြောင့် ကိုယ်နှစ်သက်တဲ့ သရုပ်ဆောင်တစ်ယောက်ယောက်ကို စံနမူနာထားပြီးလေ့ကျင့် ခြင်းဖြင့် အသံထွက်ပိုကောင်းအောင်လုပ်ရတာ လွယ်ကူသွားမှာပါ။ ပျော်စရာလည်းကောင်းလာပါတယ်။ ပါတီပွဲလို ပျော်ပွဲရွှင်ပွဲတွေမှာလည်း ပြန်သရုပ်ဆောင်ပြလို့ ရတာပေါ့။
READ - Online education ကနေ သင်ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မှာလဲ။
# မိတ်ဆွေသူငယ်ချင်းတွေနဲ့ အင်္ဂလိပ်လို စကားပြောပါ။ e-mail ပို့ပါ။
လူတော်တော်များများက အင်္ဂလိပ်လို ပြောရရေးရတာကို ပုံမှန်မဟုတ်သလိုမျိုး၊ ရှက်စရာကောင်းသလိုလို ထင်ကြပါတယ်။ ဒါပေမယ့် ဘာသာစကားလေ့လာနေတာဘဲလို့ သဘောထားပြီ အချိန် ဒါမှမဟုတ် နေရာသတ်မှတ်ပြီးတော့ ပြောမယ် လေ့လာမယ်ဆိုရင်တော့ တခြားဘာသာရပ်တွေလေ့လာသလိုပါပဲ သင်္ချာအတူတူတွက်သလိုပေါ့ အဲလိုသဘောထားမယ်ဆိုရင် ရှက်ဖို့ကောင်းတယ်လို့ ခံစားရတော့မှာ မဟုတ်ပါဘူး။ ကိုယ်စီစိတ်ဝင်စားတဲ့ အကြောင်းအရာလေးတွေ၊ လတ်တလာ စိတ်ဝင်စားနေတဲ့ သတင်း တွေကို ပြန်လည်ဆွေးနွေးခြင်း လုပ်ပေးခြင်းတို့ကလည်း စကားပြောသာမက ဝေါဟာရကြွယ်ဝစေပါတယ်။
# အင်္ဂလိပ်ဘာသာစကားစာမေးပွဲဖြေပါ။
စာမေးပွဲဖြေဖို့ မလိုဘူး၊ မဖြေချင်သေးဘူးဆိုရင်တောင် ဒါမှမဟုတ် သင်တန်းလည်းမတက်နိုင်ရင်တောင် TOEFL, TOEIC, IELTS ဒါမှမဟုတ် FCE လိုစာမေးပွဲတွေအတွက် စာရင်းသွင်းပြီး ဖြေလိုက်မယ်ဆိုရင် အင်္ဂလိပ်စာလေ့လာရာမှာ ကိုယ့်ရဲ့ အခြေအနေကိုသိလာနိုင်ပြီး လေ့လာရာမှာ အလေးအနက် စိတ်ဝင်စားနိုင်ပါတယ်။
Source; myanmar network