×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Thursday, 31 October 2019

"အဂၤလိပ္လိုနားလည္တယ္ ဒါေပမဲ့ ျပန္ေျပာရင္ မွားသြားမွာေၾကာက္တယ္.ျပန္မေျပာရဲဘူးဆိုတဲ့ သူေတြအတြက္"

"အဂၤလိပ္လိုနားလည္တယ္ ဒါေပမဲ့ ျပန္ေျပာရင္ မွားသြားမွာေၾကာက္တယ္.ျပန္မေျပာရဲဘူးဆိုတဲ့ သူေတြအတြက္" google.com

"အဂၤလိပ္လိုနားလည္တယ္ ဒါေပမဲ့ ျပန္ေျပာရင္ မွားသြားမွာေၾကာက္တယ္.ျပန္မေျပာရဲဘူးဆိုတဲ့ သူေတြအတြက္"
(၁) မ်ားမ်ားနားေထာင္ပါ
အဂၤလိပ္ဘာသာစကားဆိုတာ ေနရာတိုင္းမွာရွိပါတယ္။
ဥပမာ ..facebook က videosေတြပဲျဖစ္ျဖစ္၊ Tv က ပဲျဖစ္ျဖစ္၊ radios ကပဲျဖစ္ျဖစ္ ထြက္ လာသမွ် အဂၤလိပ္စကားသံမ်ားကိုလိုက္နားေထာင္ပါ။

ဘယ္လိုေျပာတယ္ဆိုတာကိုသိဖို႔ မ်ားမ်ားနားေထာင္ရပါတယ္။ ဒါေၾကာင့္ listening လုပ္ေနရင္း အေျပာအတြက္ပါ တစ္ခါတည္း မွတ္သားေလ့က်င့္နိုင္ပါတယ္။ ရုပ္ရွင္ေတြကေနလည္း သင္ယူနိုင္ပါတယ္။

 


(၂) Listen,Speak,Read, Write, Repeat
အစပိုင္းမွာေတာ့ နည္းနည္းနားေထာင္ၾကည့္မယ္(ဥပမာ အဂၤလိပ္သီခ်င္း) ၊ နည္းနည္းေျပာၾကည့္မယ္(ဥပမာ ဘယ္သူမွေျပာစရာမရွိရင္ တစ္ေယာက္တည္း အဂၤလိပ္စကားေျပာၾကည့္ပါ)၊

နည္းနည္းဖတ္ၾကည့္မယ္ (ဥပမာ အဂၤလိပ္စာတန္းထိုး ဇတ္ကားေလးေတြၾကည့္ျပီး တစ္ေၾကာင္းနွစ္ေၾကာင္းေလာက္ဖတ္ၾကည့္မယ္)၊

နည္းနည္းေရးၾကည့္မယ္(ဥပမာ သင္သိသမွ်အေၾကာင္အရာေတြကို စာအုပ္ေပၚမွာခ်ေရးၾကည့္မယ္) ။ ေနာက္ပိုင္း အဲ့အရာေတြကို နည္းနည္းကေန မ်ားမ်ားလုပ္ၾကည့္မယ္။

 


(၃) မိမိကိုယ္မိမိ ယံုၾကည္မႈအျပည့္ထားပါ
“သင္ဟာေၾကာက္ေနမယ္"၊ "သင္တစ္ခုခုမွားသြားတဲ့အခါ သင့္ကို လူေတြေလွာင္ေျပာင္ၾကလိမ့္မယ္"လို ့ေတြေနတာလား၊?စိတ္မပူပါနဲ့ တျခားသူေတြေတာင္လုပ္နိုင္ေသးတာပဲ..

သင္ကဘာလို ့မလုပ္နိုင္ရမွာလဲ?”ဒါေၾကာင့္ အဂၤလိပ္စကားေျပာတဲ့အခါ ..မိမိကိုယ္မိမိ ယံုၾကည္မႈအျပည့္ထားျပီးေျပာပါ။
ျမန္မာေက်ာင္းသား အမ်ားစုက အေျခခံပညာမွာ English speaking ကို အစစ္ေဆးမခံခဲ႔ရေတာ့ တျခား writing နဲ႔ grammar exams ေတြလို မွားမွာ ေၾကာက္ၾကပါတယ္။ ဒါေၾကာင့္ မွားမွာ မေၾကာက္ပါနဲ႔။ မွားမွာကို ေၾကာက္ျပီး မေျပာေတာ့ရင္ ရွိတဲ႔အေၾကာင္းအရာကို ေျပာထြက္ေအာင္ ေျပာျဖစ္ေတာ့မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ မွားမွာ မေၾကာက္ပါနဲ႔။

 


(၄)စိတ္တူကိုယ္တူ သူငယ္ခ်င္းစုပါ
ကိုယ့္လိုေျပာမယ့္သူအခ်င္းခ်င္း စုစည္းျပီး ေခါင္းစဥ္တစ္ခုခုကို အဂၤလိပ္လို ေဆြးေႏြးတာမ်ိဳး၊ အဂၤလိပ္လိုမေျပာရင္ ဖိုင္းေကာက္ျပီး စာအုပ္စာတမ္း ဝယ္တာမ်ိဳးေလးေတြ အခ်ိန္ေပးလုပ္ၾကည့္သင့္ပါတယ္။

ျပီးရင္ အဂၤလိပ္လိုမ်ိဳး အသံုးျပဳတဲ႔ workshop, presentation, activities ေတြမွာ ပါ၀င္ေဆာင္ရြက္တာမ်ိဳး၊ တက္ေရာက္တာမ်ိဳး လုပ္သင့္ပါတယ္။

မွန္ေတြကိုၾကည့္ျပီး အဂၤလိပ္စကားေျပာၾကည့္ပါ။ အဲ့ဒါဟာ သင္ အဂၤလိပ္စကားေျပာရာမွာ ယံုၾကည္မႈရွိရွိနဲ ့အဂၤလိပ္စကားေျပာနိုင္တဲ ့ခံစားမႈမ်ိဳးရလာပါလိမ့္မယ္။

 


(၅) စာေၾကာင္းေတြကိုဆံုးေအာင္ဖတ္ပါ
စာဖတ္မွ အသံုးအႏႈန္းသိရမွာ ျဖစ္တာမို႔ စာကို ပံုမွန္ဖတ္သင့္ပါတယ္။ အသံထြက္မသိရင္လည္း အဘိဓာန္ဖြင့္ၾကည့္တာမ်ိဳး ျပဳလုပ္သင့္ပါတယ္။

လူေတာ္ေတာ္မ်ားက အဂၤလိပ္ sentence တစ္ခုေတြ ့ရင္ဆံုးေအာင္မဖတ္ၾကပါဘူး။ အစပိုင္းေလာက္ဖတ္ျပီးထင္ခ်င္ရာထင္လိုက္က်တာမ်ားပါတယ္။

မဖတ္နိုင္တာလဲပါတာေပါ့။ ျမန္မာစာ...စာေၾကာင္းေတြကိုေတာင္ဆံုးေအာင္ဖတ္နိုင္ေသးတာပဲ။ အဂၤစာေလးေလာက္ကေတာ့ဘာလို ့မဖတ္နိုင္ရမွာလဲ?။ အဂၤလိပ္ စာေၾကာင္းေတြကိုဆံုးေအာင္ဖတ္ပါ။

Recommended For You >>> ရုပ္ရွင္ေတြကေန တဆင့္ဘာေၾကာင့္အဂၤလိပ္စာေလ့လာသင့္လဲ? ဘယ္လိုအက်ိဳးေက်းဇူးေတြရနို္င္လဲ ? ဘယ္လိုရုပ္ရွင္ေတြကိုေရြးခ်ယ္ျပီး အဂၤလိပ္စာေလ့လာမလဲ? ဘာေတြက ၾကည့္သင္တဲ့ရုပ္ရွင္ေတြလဲ ?

 


(၆) Grammar မမွန္မွာမစိုးရိမ္နဲ ့စိတ္ေအးေအးထားပါ
Grammar ေတြအရမ္းက်က္ထားတာလဲ တကယ္ေျပာရာမွာ အဆင္မေျပလွပါဘူး။ သိေတာ့သိထားရပါမယ္။ ေျပာရင္လည္း ထည့္သံုးရပါမယ္။

ဒါေပမယ့္လည္း က်က္ထားတဲ႔ အတိုင္း ပုံစံဝင္ေအာင္လိုက္ေျပာေနရင္ အဂၤလိပ္စကားေျပာထြက္ဖုိ႔ ေႏွာင့္ေႏွးႏုိင္ပါတယ္။
အဂၤလိပ္စကားကို ေကာင္းေကာင္း မြန္မြန္နဲ ့၊ သြက္သြက္လက္လက္ေျပာနိုင္သူေတြေတာင္ grammar အမွားေတြရွိပါတယ္။

ဒါေပမဲ့သူတို ့ေျပာတာလဲ တျခားသူေတြနာလည္ေနတာပဲေလ။ ဒါေၾကာင့္ အဂၤလိပ္စကားစေျပာတဲ့အခါ… Grammarမွားမွာကိုစိုးရိမ္စိတ္မထားပါနဲ ၊ ရဲရဲသာေျပာပါ။

ေနာက္ပိုင္းကၽြမ္းက်င္လာတဲ့အခါ Grammarမွားမွာ စိတ္ပူစရာမလိုေတာ့ပါဘူး။ 

 

(၇) အသံထြက္ဖတ္ပါ
စာဖတ္ျခင္းဟာ ဦးေႏွာက္ကို စကားလံုးအသစ္ေတြ ေရာက္ေစမွာမို႔ အသံထြက္ဖတ္ျခင္းအားျဖင့္ အသံထြက္နဲ႔ အဓိပၸါယ္ကို တဲြသံုးတက္ေစပါလိမ့္မယ္။

အသံထြက္အတြက္ ဖုန္းထဲထည့္လို့ရတဲ့ pronunciation dictionary, Oxford learners’ dictionary တို့ကို ထည့္သြင္းျပီး အသံထြက္အမွန္ကို နားေထာင္နိုင္ပါတယ္။

ဒါ့အျပင္ အသံထြက္မွန္ေအာင္လည္း ဖုန္းမွာရွိတဲ႔ siri တို႔ cortana တို့ကို ခိုင္းၾကည့္ပါ။ ကိုယ္ေျပာတဲ႔ စကားတိုင္းကို သူတို့ နားလည္လာရင္ေတာ့ အရမ္းေပ်ာ္ဖို့ ေကာင္းပါတယ္။

 

(၈) သင့္ရဲ ့ျဖစ္ေပၚလာတဲ့ခံစားမႈကိုအသံုးခ်ပါ
သင့္အလုပ္လုပ္ေနတုန္းျဖစ္ျဖစ္၊ လမ္းေလွ်ာက္ေနတုန္းျဖစ္ျဖစ္...ျဖစ္ေပၚလာတဲ့ခံစားမႈကို အဂၤလိပ္လိုဘယ္လိုေျပာလည္းစဥ္းစားၾကည့္ပါ။ မွားတာ၊ မွန္တာအဓိကမဟုတ္ပါဘူး။



(၉) ထပ္ခါထပ္ခါ ေလ့က်င့္ပါ
အထပ္ထပ္အခါခါ ေလ့က်င့္ျခင္းဟာ သင့္ရဲ ့အဂၤလိပ္စကားေျပာ စြမ္းရည္ကို မ်ားစြာအေထာက္အကူျဖစ္ေစပါတယ္။ "ကိုယ့္အလုပ္မွာ ဖြံ႔ျဖိဳးဖို႔အတြက္ လုိက္နာသင့္တဲ့ (၁၀) ခ်က္"

အဂၤလိပ္ဘာသာစကားသင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-496.html

English Academic >>> https://www.sayar.com.mm/subjects/all-teachers/subject-497.html

 

STH(sayar.com.mm)

 

UNICODE

"အင်္ဂလိပ်လိုနားလည်တယ် ဒါပေမဲ့ ပြန်ပြောရင် မှားသွားမှာကြောက်တယ်.ပြန်မပြောရဲဘူးဆိုတဲ့ သူတွေအတွက်"


(၁) များများနားထောင်ပါ
အင်္ဂလိပ်ဘာသာစကားဆိုတာ နေရာတိုင်းမှာရှိပါတယ်။
ဥပမာ ..facebook က videosတွေပဲဖြစ်ဖြစ်၊ Tv က ပဲဖြစ်ဖြစ်၊ radios ကပဲဖြစ်ဖြစ် ထွက် လာသမျှ အင်္ဂလိပ်စကားသံများကိုလိုက်နားထောင်ပါ။

ဘယ်လိုပြောတယ်ဆိုတာကိုသိဖို့ များများနားထောင်ရပါတယ်။ ဒါကြောင့် listening လုပ်နေရင်း အပြောအတွက်ပါ တစ်ခါတည်း မှတ်သားလေ့ကျင့်နိုင်ပါတယ်။ ရုပ်ရှင်တွေကနေလည်း သင်ယူနိုင်ပါတယ်။

 


(၂) Listen,Speak,Read, Write, Repeat
အစပိုင်းမှာတော့ နည်းနည်းနားထောင်ကြည့်မယ်(ဥပမာ အင်္ဂလိပ်သီချင်း) ၊ နည်းနည်းပြောကြည့်မယ်(ဥပမာ ဘယ်သူမှပြောစရာမရှိရင် တစ်ယောက်တည်း အင်္ဂလိပ်စကားပြောကြည့်ပါ)၊

နည်းနည်းဖတ်ကြည့်မယ် (ဥပမာ အင်္ဂလိပ်စာတန်းထိုး ဇတ်ကားလေးတွေကြည့်ပြီး တစ်ကြောင်းနှစ်ကြောင်းလောက်ဖတ်ကြည့်မယ်)၊

နည်းနည်းရေးကြည့်မယ်(ဥပမာ သင်သိသမျှအကြောင်အရာတွေကို စာအုပ်ပေါ်မှာချရေးကြည့်မယ်) ။ နောက်ပိုင်း အဲ့အရာတွေကို နည်းနည်းကနေ များများလုပ်ကြည့်မယ်။

 


(၃) မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ထားပါ
“သင်ဟာကြောက်နေမယ်"၊ "သင်တစ်ခုခုမှားသွားတဲ့အခါ သင့်ကို လူတွေလှောင်ပြောင်ကြလိမ့်မယ်"လို့တွေနေတာလား၊?စိတ်မပူပါနဲ့ တခြားသူတွေတောင်လုပ်နိုင်သေးတာပဲ..

သင်ကဘာလို့မလုပ်နိုင်ရမှာလဲ?”ဒါကြောင့် အင်္ဂလိပ်စကားပြောတဲ့အခါ ..မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ထားပြီးပြောပါ။
မြန်မာကျောင်းသား အများစုက အခြေခံပညာမှာ English speaking ကို အစစ်ဆေးမခံခဲ့ရတော့ တခြား writing နဲ့ grammar exams တွေလို မှားမှာ ကြောက်ကြပါတယ်။ ဒါကြောင့် မှားမှာ မကြောက်ပါနဲ့။ မှားမှာကို ကြောက်ပြီး မပြောတော့ရင် ရှိတဲ့အကြောင်းအရာကို ပြောထွက်အောင် ပြောဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် မှားမှာ မကြောက်ပါနဲ့။

 


(၄)စိတ်တူကိုယ်တူ သူငယ်ချင်းစုပါ
ကိုယ့်လိုပြောမယ့်သူအချင်းချင်း စုစည်းပြီး ခေါင်းစဉ်တစ်ခုခုကို အင်္ဂလိပ်လို ဆွေးနွေးတာမျိုး၊ အင်္ဂလိပ်လိုမပြောရင် ဖိုင်းကောက်ပြီး စာအုပ်စာတမ်း ဝယ်တာမျိုးလေးတွေ အချိန်ပေးလုပ်ကြည့်သင့်ပါတယ်။

ပြီးရင် အင်္ဂလိပ်လိုမျိုး အသုံးပြုတဲ့ workshop, presentation, activities တွေမှာ ပါဝင်ဆောင်ရွက်တာမျိုး၊ တက်ရောက်တာမျိုး လုပ်သင့်ပါတယ်။

မှန်တွေကိုကြည့်ပြီး အင်္ဂလိပ်စကားပြောကြည့်ပါ။ အဲ့ဒါဟာ သင် အင်္ဂလိပ်စကားပြောရာမှာ ယုံကြည်မှုရှိရှိနဲ့အင်္ဂလိပ်စကားပြောနိုင်တဲ့ခံစားမှုမျိုးရလာပါလိမ့်မယ်။

 


(၅) စာကြောင်းတွေကိုဆုံးအောင်ဖတ်ပါ
စာဖတ်မှ အသုံးအနှုန်းသိရမှာ ဖြစ်တာမို့ စာကို ပုံမှန်ဖတ်သင့်ပါတယ်။ အသံထွက်မသိရင်လည်း အဘိဓာန်ဖွင့်ကြည့်တာမျိုး ပြုလုပ်သင့်ပါတယ်။

လူတော်တော်များက အင်္ဂလိပ် sentence တစ်ခုတွေ့ရင်ဆုံးအောင်မဖတ်ကြပါဘူး။ အစပိုင်းလောက်ဖတ်ပြီးထင်ချင်ရာထင်လိုက်ကျတာများပါတယ်။

မဖတ်နိုင်တာလဲပါတာပေါ့။ မြန်မာစာ...စာကြောင်းတွေကိုတောင်ဆုံးအောင်ဖတ်နိုင်သေးတာပဲ။ အင်္ဂစာလေးလောက်ကတော့ဘာလို့မဖတ်နိုင်ရမှာလဲ?။ အင်္ဂလိပ် စာကြောင်းတွေကိုဆုံးအောင်ဖတ်ပါ။

Recommended For You >>> ရုပ်ရှင်တွေကနေ တဆင့်ဘာကြောင့်အင်္ဂလိပ်စာလေ့လာသင့်လဲ? ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ ? ဘယ်လိုရုပ်ရှင်တွေကိုရွေးချယ်ပြီး အင်္ဂလိပ်စာလေ့လာမလဲ? ဘာတွေက ကြည့်သင်တဲ့ရုပ်ရှင်တွေလဲ ?

 


(၆) Grammar မမှန်မှာမစိုးရိမ်နဲ့စိတ်အေးအေးထားပါ
Grammar တွေအရမ်းကျက်ထားတာလဲ တကယ်ပြောရာမှာ အဆင်မပြေလှပါဘူး။ သိတော့သိထားရပါမယ်။ ပြောရင်လည်း ထည့်သုံးရပါမယ်။

ဒါပေမယ့်လည်း ကျက်ထားတဲ့ အတိုင်း ပုံစံဝင်အောင်လိုက်ပြောနေရင် အင်္ဂလိပ်စကားပြောထွက်ဖို့ နှောင့်နှေးနိုင်ပါတယ်။
အင်္ဂလိပ်စကားကို ကောင်းကောင်း မွန်မွန်နဲ့၊ သွက်သွက်လက်လက်ပြောနိုင်သူတွေတောင် grammar အမှားတွေရှိပါတယ်။

ဒါပေမဲ့သူတို့ပြောတာလဲ တခြားသူတွေနာလည်နေတာပဲလေ။ ဒါကြောင့် အင်္ဂလိပ်စကားစပြောတဲ့အခါ… Grammarမှားမှာကိုစိုးရိမ်စိတ်မထားပါနဲ ၊ ရဲရဲသာပြောပါ။

နောက်ပိုင်းကျွမ်းကျင်လာတဲ့အခါ Grammarမှားမှာ စိတ်ပူစရာမလိုတော့ပါဘူး။

 


(၇) အသံထွက်ဖတ်ပါ
စာဖတ်ခြင်းဟာ ဦးနှောက်ကို စကားလုံးအသစ်တွေ ရောက်စေမှာမို့ အသံထွက်ဖတ်ခြင်းအားဖြင့် အသံထွက်နဲ့ အဓိပ္ပါယ်ကို တွဲသုံးတက်စေပါလိမ့်မယ်။

အသံထွက်အတွက် ဖုန်းထဲထည့်လို့ရတဲ့ pronunciation dictionary, Oxford learners’ dictionary တို့ကို ထည့်သွင်းပြီး အသံထွက်အမှန်ကို နားထောင်နိုင်ပါတယ်။

ဒါ့အပြင် အသံထွက်မှန်အောင်လည်း ဖုန်းမှာရှိတဲ့ siri တို့ cortana တို့ကို ခိုင်းကြည့်ပါ။ ကိုယ်ပြောတဲ့ စကားတိုင်းကို သူတို့ နားလည်လာရင်တော့ အရမ်းပျော်ဖို့ ကောင်းပါတယ်။

 

(၈) သင့်ရဲ့ဖြစ်ပေါ်လာတဲ့ခံစားမှုကိုအသုံးချပါ
သင့်အလုပ်လုပ်နေတုန်းဖြစ်ဖြစ်၊ လမ်းလျှောက်နေတုန်းဖြစ်ဖြစ်...ဖြစ်ပေါ်လာတဲ့ခံစားမှုကို အင်္ဂလိပ်လိုဘယ်လိုပြောလည်းစဉ်းစားကြည့်ပါ။ မှားတာ၊ မှန်တာအဓိကမဟုတ်ပါဘူး။

 

(၉) ထပ်ခါထပ်ခါ လေ့ကျင့်ပါ
အထပ်ထပ်အခါခါ လေ့ကျင့်ခြင်းဟာ သင့်ရဲ့အင်္ဂလိပ်စကားပြော စွမ်းရည်ကို များစွာအထောက်အကူဖြစ်စေပါတယ်။ "ကိုယ့်အလုပ်မှာ ဖွံ့ဖြိုးဖို့အတွက် လိုက်နာသင့်တဲ့ (၁၀) ချက်"

အဂၤလိပ္ဘာသာစကားသင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-496.html

English Academic >>>> https://www.sayar.com.mm/subjects/all-teachers/subject-497.html

 

STH(sayar.com.mm) 

Read times Last modified on Wednesday, 08 January 2020 17:06
Rate this articles
(1 Vote)