×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Saturday, 02 November 2019

အလုပ္ခြင္မွာပဲျဖစ္ျဖစ္၊ ေက်ာင္းမွာပဲ ျဖစ္ျဖစ္ အဂၤလိပ္လို Presentation လုပ္ၾကတဲ့အခါ ဘယ္လုိ ႀကိဳတင္ျပင္ဆင္ရမလဲ?

အလုပ္ခြင္မွာပဲျဖစ္ျဖစ္၊ ေက်ာင္းမွာပဲ ျဖစ္ျဖစ္ အဂၤလိပ္လို Presentation လုပ္ၾကတဲ့အခါ ဘယ္လုိ ႀကိဳတင္ျပင္ဆင္ရမလဲ? freepick

ZAWGYI

Presentation ဆိုတဲ့စကားၾကားတာနဲ႔ အနည္းနဲ႔ အမ်ားေတာ့ စိတ္လႈပ္ရွားၾကတယ္ဆိုတာေတာ့ မျငင္းႏိုင္ဘူးမလား။

ျမန္မာလိုလုပ္ရမယ္ဆိုရင္ေတာင္ လူေတြအမ်ားႀကီးေရွ႕မွာမို႔ ဒူးတုန္ေနမွာပဲေလ။ အဲ.. အဲ့ Presentation ကို အဂၤလိပ္လိုလုပ္မယ္ဆိုရင္ေရာ? ေၾကာက္ၿပီးမေျပးၾကပါနဲ႔ေနာ္။ ေခ်ာေခ်ာေမြ႔ေမြ႔ျဖစ္သြားေအာင္ ကူညီႏုိင္မယ့္အခ်က္ေတြရွိပါတယ္။

ၿပီးျပည့္စံုတဲ့ ႀကိဳတင္ျပင္ဆင္မႈ

Preparation is the key to success တဲ့။ လူေတြအမ်ားႀကီးေရွ႕မွာ presentation ေပးရတာ တကယ္ကို စိတ္ဖိစီးစရာပါ။ ျပင္ဆင္မႈဆိုတဲ့ေနရာမွာ ကိုယ္ေျပာရမယ့္ အေၾကာင္းအရာပိုင္းမွာတင္မကဘဲ စိတ္ဖိစီးမႈေလ်ာ့နည္းႏိုင္သမွ် ေလ်ာ့နည္းေအာင္ ႀကိဳတင္ျပင္ဆင္ရပါမယ္။ ဥပမာ – ကိုယ္ေျပာရမယ့္ ေနရာရဲ႕ အေနအထား၊ ဘယ္နားမွာ ေနရာယူရင္ေတာ့ သက္ေတာင့္သက္သာရွိမယ္၊ Visual aids သံုးမသံုး၊ Power Point ကို ဘယ္အခ်ိန္မွာ သံုးမယ္၊ အခ်ိန္ ဘယ္ေလာက္သတ္မွတ္မယ္၊ ဘာဝတ္မယ္ စသည္ ႀကိဳတင္ျပင္ဆင္ထားျခင္းအားျဖင့္ တကယ္ Presentation ေပးတဲ့အခါမွာ စိတ္လႈပ္ရွားမႈ အတန္သင့္ေတာ့ ေလ်ာ့ႏိုင္မွာပါ။

စာလုပ္ပါ

ဒါေပါ့ စာမလုပ္ဘဲနဲ႔ presentation တစ္ခုဘယ္လို ေပးၾကမလဲ။ စာလုပ္ပါဆိုတဲ့ ေနရာမွာ ဒီအခ်က္ေလးေတြ ထည့္စဥ္းစားျပီး လုပ္ပါ။

– Presentation လုပ္ရမယ့္အေၾကာင္းအရာ၊ ကိုယ္ေပးခ်င္တဲ့ ေခါင္းစဥ္နဲ႔ သူ႔ရဲ႕ ရည္ရြယ္ခ်က္ေတြက ဘာလဲဆိုတာကို ကိုယ့္ကိုကိုယ္ေမးခြန္းထုတ္ပါ။

– ကိုယ့္ Presentation ကို နားေထာင္တဲ့ Audience level (ပရိသတ္ရဲ႕ အဂၤလိပ္စာ level နဲ႔ ေတြးေခၚႏိုင္စြမ္း)

– ဘယ္လိုမ်ိဳး ဖြင့္မယ္၊ အေၾကာင္းအရာဆီကို ဘယ္လိုမ်ိဳး ဆြဲေခၚမယ္၊ အဓိက အေၾကာင္းအရာကို ဘယ္လိုတင္ျပမယ္၊ ဘယ္လိုနိဂံုးခ်ဳပ္မယ္ ဆိုတာ စဥ္းစားပါ။

– ပရိသတ္ နားလည္လြယ္မယ့္ စကားလံုးနဲ႔ စာေၾကာင္းတည္ေဆာက္ပံုေတြပဲ သံုးပါ။ ဒီေနရာမွာ လူအထင္ႀကီးေအာင္ စကားလံုးအျမင့္ႀကီးေတြ သံုးစရာမလိုပါဘူးေနာ္။ ပရိသတ္နားရႈပ္သြားႏိုင္လို႔ပါ။

– ပရိသတ္ဆီက ျပန္လာႏိုင္မယ့္ ေမးခြန္းေတြ အတြက္ ျပင္ဆင္ထားပါ။ ကိုယ္သာ ပရိသတ္ဆိုရင္ ဘာေမးႏိုင္ေလာက္သလဲ ဆိုတဲ့ ေမးခြန္းမ်ိဳး ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးပါ။

Recommended For You >>> "ဘဝရည္မွန္းခ်က္ေရေရရာရာမသိေသးဘူးဆိုရင္ ျပဳလုပ္ၾကည့္သင့္တဲ့အခ်က္ (၆) ခ်က္"

 

Presentation လုပ္ေနတဲ့အခ်ိန္မွာ …

– အစဦးဆံုး ကိုယ့္ကိုယ္ကိုယ္ မိတ္ဆက္ပါ။ ၿပီးရင္ ကိုယ့္ေခါင္းစဥ္ကို မိတ္ဆက္ပါ။ Eg – Hello everyone, I am ….. thank you for coming. The topic for today is ….

– Outline (ကိုယ္ေျပာမယ့္ အေၾကာင္းအရာကို ၿခံဳငံုမိေစမယ့္ စာေၾကာင္းတစ္ေၾကာင္း) တစ္ခုျပင္ဆင္ပါ။ ဒီေနရာမွာ Outline က အသက္ပါ။ ကိုယ့္ Outline ကိုၾကည့္ၿပီး ပရိသတ္က ကိုယ့္ Presentation ကိုဆက္နားေထာင္သင့္ မသင့္ ဆံုးျဖတ္မွာပါ။ အဲ့ေတာ့ လူစိတ္ဝင္စားေလာက္ေစမယ့္ Outline တစ္ေၾကာင္းေလာက္ေတာ့ ဖန္တီးဖို႔လိုမယ္ေနာ္။

– အေၾကာင္းအရာ တစ္ခုကေန တစ္ခုကို ေျပာင္းေတာ့မယ္ဆို တုံးတိႀကီး မေျပာင္းလိုက္ပါနဲ႔၊ ပရိသတ္ကို ေနာက္တစ္ပိုင္းေရာက္ၿပီ ျဖစ္ေၾကာင္း အသိေပးပါ။ ဒါမွ သူတို႔လည္း ကိုယ္ေျပာေနတာကို ကြဲကြဲျပားျပား သေဘာေပါက္ပါလိမ့္မယ္။ Eg- I’d like to move on to another part of the presentation…

– ကိုယ့္ရဲ႕ Data ေတြက က်စ္လ်စ္ေနပါေစ။ ပါးစပ္နဲ႔ေျပာရံုနဲ႔ မလံုေလာက္ပါဘူး၊ အေထာက္အထားေတြျပပါ။ graph ေတြျပပါ၊ diagram ေတြျပပါ။ ဒါဆိုရင္ေတာ့ စိတ္ဝင္စားမႈ ပိုရႏိုင္ပါတယ္။

 

Presentation အတြက္ တင္ျပစရာ ကုန္သြားတဲ့အခါ..

နိဂံုးခ်ဳပ္ရပါေတာ့မယ္။ ဒီတိုင္းၿပီးပါၿပီးဆိုၿပီး ပိတ္လိုက္မယ့္အစား ကိုယ္ေျပာခဲ့တဲ့ အဓိကအေၾကာင္းအရာေတြနဲ႔ အဲဒီ အေၾကာင္းအရာအေပၚ ကိုယ့္ထင္ျမင္ခ်က္ေတြကို ေဝမွ်ပါ။ ဒါဆို ကိုယ္ေပးလိုက္တဲ့ အခ်က္အလက္ေတြကို သူတို႔အေတာ္အတန္မွတ္မိပါၿပီ။ ၿပီးရင္ေတာ့ နားေထာင္ေပးတဲ့ ပရိသတ္ကို ေက်းဇူးတင္စကားေျပာပါ။ ေမးခြန္းေတြကို ဖိတ္ေခၚပါ။

 

ေလ့က်င့္ပါ

ေနာက္ဆံုးနဲ႔ အေရးအႀကီးဆံုးအခ်က္ပါ။ အေပၚက ေျပာခဲ့တဲ့ အခ်က္ေတြအတိုင္း ေလ့က်င့္ၾကည့္ပါ။ မိခင္ဘာသာစကားမဟုတ္တဲ့အတြက္ အနည္းငယ္ အခက္အခဲရွိႏိုင္ပါတယ္။ Practice makes perfect ပါ။ အေလ့အက်င့္မရွိရင္ေတာ့ မိခင္ဘာသာစကားေတာင္ မေခ်ာေမြ႕ႏိုင္ပါဘူး။ မွန္ထဲၾကည့္ၿပီး ေလ့က်င့္ပါ။ လိုအပ္တာေတြ မရွိေအာင္ ျပင္ဆင္ပါ။ အျခားသူေတြ Speech ဘယ္လိုေပးလဲ၊ Presentation ဘယ္လိုလုပ္လဲဆိုတာကို နမူနာအေနနဲ႔ ၾကည့္ပါ။ Steve Jobs တို႔ Jack Ma တို႔ရဲ႕ ေဟာေျပာပြဲေတြကို YouTube မွာ ရွာၾကည့္လို႔ရပါတယ္။

ဒီေလာက္ဆိုရင္ေတာ့ Presentation ေကာင္းေကာင္းတစ္ခု တင္ဆက္လို႔ရပါၿပီေနာ္။ Good Speaker ေတြ ျဖစ္ၾကပါေစ လို ့ဆုေတာင္းရင္း.......

သင့္ရဲ ့အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ ဆိုရင္ေတာ့ sayar.com.mm မွာရွိတဲ့ ဆရာ၊ ဆရာမမ်ားႏွင့္ဆက္သြယ္လိုက္ပါ။
ဤလင့္ https://www.sayar.com.mm/subjects.html မွာ ဘာသာရပ္ေပါင္းစံု သင္ေပးေသာ ဆရာ၊ ဆရာမမ်ား ကို အခမဲ့ ဝင္ေရာက္ရ်ာေဖြႏိုင္ပါသည္။

- ဤဝက္ဆိုဒ္တြင္ သင္ယူလိုသည့္ သူမ်ားအေနျဖင့္ ဂီတ၊ ဘာသာစကား၊ ကြန္ျပဴတာ၊ ေကာ်င္းဘာသာရပ္မ်ား၊ ဒီဇိုင္းပညာရပ္မ်ား၊ အႏုပညာ စသည္ျဖင့္ ဘာသာရပ္အမ်ိဳးမ်ိဳးကို အနီးကပ္သင္ေပးေသာ ဆရာ၊ ဆရာမမ်ားကိုရွာေဖြ ႏိုင္ပါသည္။
- ဆရာ၊ ဆရာမမ်ား၏ ကိုယ္ေရးအခ်က္အလက္ အျပည့္ အစံုပါဝင္ေသာေၾကာင့္ အေသးစိတ္ၾကည့္ရွဳႏိုင္ပါသည္။
- ဝင္ေရာက္ၾကည့္ရႈ၊ ရွာေဖြ ပါက ဤလင့္ခ္ https://www.sayar.com.mm/subjects.html ေလးကိုသာႏွိပ္လိုက္ပါ။

 

Myat (For Her Myanmar)

 

UNICODE

အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲ ဖြစ်ဖြစ် အင်္ဂလိပ်လို Presentation လုပ်ကြတဲ့အခါ ဘယ်လို ကြိုတင်ပြင်ဆင်ရမလဲ?
Presentation ဆိုတဲ့စကားကြားတာနဲ့ အနည်းနဲ့ အများတော့ စိတ်လှုပ်ရှားကြတယ်ဆိုတာတော့ မငြင်းနိုင်ဘူးမလား။ မြန်မာလိုလုပ်ရမယ်ဆိုရင်တောင် လူတွေအများကြီးရှေ့မှာမို့ ဒူးတုန်နေမှာပဲလေ။ အဲ.. အဲ့ Presentation ကို အင်္ဂလိပ်လိုလုပ်မယ်ဆိုရင်ရော? ကြောက်ပြီးမပြေးကြပါနဲ့နော်။ ချောချောမွေ့မွေ့ဖြစ်သွားအောင် ကူညီနိုင်မယ့်အချက်တွေရှိပါတယ်။

 

ပြီးပြည့်စုံတဲ့ ကြိုတင်ပြင်ဆင်မှု

Preparation is the key to success တဲ့။ လူတွေအများကြီးရှေ့မှာ presentation ပေးရတာ တကယ်ကို စိတ်ဖိစီးစရာပါ။ ပြင်ဆင်မှုဆိုတဲ့နေရာမှာ ကိုယ်ပြောရမယ့် အကြောင်းအရာပိုင်းမှာတင်မကဘဲ စိတ်ဖိစီးမှုလျော့နည်းနိုင်သမျှ လျော့နည်းအောင် ကြိုတင်ပြင်ဆင်ရပါမယ်။ ဥပမာ – ကိုယ်ပြောရမယ့် နေရာရဲ့ အနေအထား၊ ဘယ်နားမှာ နေရာယူရင်တော့ သက်တောင့်သက်သာရှိမယ်၊ Visual aids သုံးမသုံး၊ Power Point ကို ဘယ်အချိန်မှာ သုံးမယ်၊ အချိန် ဘယ်လောက်သတ်မှတ်မယ်၊ ဘာဝတ်မယ် စသည် ကြိုတင်ပြင်ဆင်ထားခြင်းအားဖြင့် တကယ် Presentation ပေးတဲ့အခါမှာ စိတ်လှုပ်ရှားမှု အတန်သင့်တော့ လျော့နိုင်မှာပါ။

 

စာလုပ်ပါ

ဒါပေါ့ စာမလုပ်ဘဲနဲ့ presentation တစ်ခုဘယ်လို ပေးကြမလဲ။ စာလုပ်ပါဆိုတဲ့ နေရာမှာ ဒီအချက်လေးတွေ ထည့်စဉ်းစားပြီး လုပ်ပါ။
– Presentation လုပ်ရမယ့်အကြောင်းအရာ၊ ကိုယ်ပေးချင်တဲ့ ခေါင်းစဉ်နဲ့ သူ့ရဲ့ ရည်ရွယ်ချက်တွေက ဘာလဲဆိုတာကို ကိုယ့်ကိုကိုယ်မေးခွန်းထုတ်ပါ။

– ကိုယ့် Presentation ကို နားထောင်တဲ့ Audience level (ပရိသတ်ရဲ့ အင်္ဂလိပ်စာ level နဲ့ တွေးခေါ်နိုင်စွမ်း)

– ဘယ်လိုမျိုး ဖွင့်မယ်၊ အကြောင်းအရာဆီကို ဘယ်လိုမျိုး ဆွဲခေါ်မယ်၊ အဓိက အကြောင်းအရာကို ဘယ်လိုတင်ပြမယ်၊ ဘယ်လိုနိဂုံးချုပ်မယ် ဆိုတာ စဉ်းစားပါ။

– ပရိသတ် နားလည်လွယ်မယ့် စကားလုံးနဲ့ စာကြောင်းတည်ဆောက်ပုံတွေပဲ သုံးပါ။ ဒီနေရာမှာ လူအထင်ကြီးအောင် စကားလုံးအမြင့်ကြီးတွေ သုံးစရာမလိုပါဘူးနော်။ ပရိသတ်နားရှုပ်သွားနိုင်လို့ပါ။

– ပရိသတ်ဆီက ပြန်လာနိုင်မယ့် မေးခွန်းတွေ အတွက် ပြင်ဆင်ထားပါ။ ကိုယ်သာ ပရိသတ်ဆိုရင် ဘာမေးနိုင်လောက်သလဲ ဆိုတဲ့ မေးခွန်းမျိုး ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။

Recommended For You >>> "ဘဝရည်မှန်းချက်ရေရေရာရာမသိသေးဘူးဆိုရင် ပြုလုပ်ကြည့်သင့်တဲ့အချက် (၆) ချက်"

 

Presentation လုပ်နေတဲ့အချိန်မှာ …

– အစဦးဆုံး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါ။ ပြီးရင် ကိုယ့်ခေါင်းစဉ်ကို မိတ်ဆက်ပါ။ Eg – Hello everyone, I am ….. thank you for coming. The topic for today is ….

– Outline (ကိုယ်ပြောမယ့် အကြောင်းအရာကို ခြုံငုံမိစေမယ့် စာကြောင်းတစ်ကြောင်း) တစ်ခုပြင်ဆင်ပါ။ ဒီနေရာမှာ Outline က အသက်ပါ။ ကိုယ့် Outline ကိုကြည့်ပြီး ပရိသတ်က ကိုယ့် Presentation ကိုဆက်နားထောင်သင့် မသင့် ဆုံးဖြတ်မှာပါ။ အဲ့တော့ လူစိတ်ဝင်စားလောက်စေမယ့် Outline တစ်ကြောင်းလောက်တော့ ဖန်တီးဖို့လိုမယ်နော်။

– အကြောင်းအရာ တစ်ခုကနေ တစ်ခုကို ပြောင်းတော့မယ်ဆို တုံးတိကြီး မပြောင်းလိုက်ပါနဲ့၊ ပရိသတ်ကို နောက်တစ်ပိုင်းရောက်ပြီ ဖြစ်ကြောင်း အသိပေးပါ။ ဒါမှ သူတို့လည်း ကိုယ်ပြောနေတာကို ကွဲကွဲပြားပြား သဘောပေါက်ပါလိမ့်မယ်။ Eg- I’d like to move on to another part of the presentation…

– ကိုယ့်ရဲ့ Data တွေက ကျစ်လျစ်နေပါစေ။ ပါးစပ်နဲ့ပြောရုံနဲ့ မလုံလောက်ပါဘူး၊ အထောက်အထားတွေပြပါ။ graph တွေပြပါ၊ diagram တွေပြပါ။ ဒါဆိုရင်တော့ စိတ်ဝင်စားမှု ပိုရနိုင်ပါတယ်။

 

Presentation အတွက် တင်ပြစရာ ကုန်သွားတဲ့အခါ..

နိဂုံးချုပ်ရပါတော့မယ်။ ဒီတိုင်းပြီးပါပြီးဆိုပြီး ပိတ်လိုက်မယ့်အစား ကိုယ်ပြောခဲ့တဲ့ အဓိကအကြောင်းအရာတွေနဲ့ အဲဒီ အကြောင်းအရာအပေါ် ကိုယ့်ထင်မြင်ချက်တွေကို ဝေမျှပါ။ ဒါဆို ကိုယ်ပေးလိုက်တဲ့ အချက်အလက်တွေကို သူတို့အတော်အတန်မှတ်မိပါပြီ။ ပြီးရင်တော့ နားထောင်ပေးတဲ့ ပရိသတ်ကို ကျေးဇူးတင်စကားပြောပါ။ မေးခွန်းတွေကို ဖိတ်ခေါ်ပါ။

 

လေ့ကျင့်ပါ

နောက်ဆုံးနဲ့ အရေးအကြီးဆုံးအချက်ပါ။ အပေါ်က ပြောခဲ့တဲ့ အချက်တွေအတိုင်း လေ့ကျင့်ကြည့်ပါ။ မိခင်ဘာသာစကားမဟုတ်တဲ့အတွက် အနည်းငယ် အခက်အခဲရှိနိုင်ပါတယ်။ Practice makes perfect ပါ။ အလေ့အကျင့်မရှိရင်တော့ မိခင်ဘာသာစကားတောင် မချောမွေ့နိုင်ပါဘူး။ မှန်ထဲကြည့်ပြီး လေ့ကျင့်ပါ။ လိုအပ်တာတွေ မရှိအောင် ပြင်ဆင်ပါ။ အခြားသူတွေ Speech ဘယ်လိုပေးလဲ၊ Presentation ဘယ်လိုလုပ်လဲဆိုတာကို နမူနာအနေနဲ့ ကြည့်ပါ။ Steve Jobs တို့ Jack Ma တို့ရဲ့ ဟောပြောပွဲတွေကို YouTube မှာ ရှာကြည့်လို့ရပါတယ်။

ဒီလောက်ဆိုရင်တော့ Presentation ကောင်းကောင်းတစ်ခု တင်ဆက်လို့ရပါပြီနော်။ Good Speaker တွေ ဖြစ်ကြပါစေ လို့ဆုတောင်းရင်း.......

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://www.sayar.com.mm/subjects.html မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။

- ဤဝက်ဆိုဒ်တွင် သင်ယူလိုသည့် သူများအနေဖြင့် ဂီတ၊ ဘာသာစကား၊ ကွန်ပြူတာ၊ ကောျင်းဘာသာရပ်များ၊ ဒီဇိုင်းပညာရပ်များ၊ အနုပညာ စသည်ဖြင့် ဘာသာရပ်အမျိုးမျိုးကို အနီးကပ်သင်ပေးသော ဆရာ၊ ဆရာမများကိုရှာဖွေ နိုင်ပါသည်။
- ဆရာ၊ ဆရာမများ၏ ကိုယ်ရေးအချက်အလက် အပြည့် အစုံပါဝင်သောကြောင့် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။
- ဝင်ရောက်ကြည့်ရှု၊ ရှာဖွေ ပါက ဤလင့်ခ် https://www.sayar.com.mm/subjects.html လေးကိုသာနှိပ်လိုက်ပါ။

 

 

Sources : Myat (For Her Myanmar)

sayar.com.mm

Read times Last modified on Wednesday, 08 January 2020 17:06
Rate this articles
(0 votes)