×

Warning

JUser: :_load: Unable to load user with ID: 723


Language

Monday, 21 August 2017

အင်္ဂလိပ်စာလေ့လာနေသူတွေ ရှောင်သင့်သည့်အချက်များ

အင်္ဂလိပ်စာလေ့လာနေသူတွေ ရှောင်သင့်သည့်အချက်များ google.com

အင်္ဂလိပ်စာလေ့လာနေရင်းနဲ့ တခါတလေ ထင်သလောက်တိုးတက်မှုမရှိသည့်အခါ ဆက်ပြီးတော့လေ့လာ ချင်စိတ်မရှိလောက်အောင်ဖြစ်ဖူးပါလိမ့်မယ်။ ကိုယ်လေ့လာမှုအားနည်းနေတာ ဒါမှမဟုတ် လေ့လာတဲ့ နည်းစနစ်မှားယွင်းနေတာမျိုးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

ကိုယ်ကတတ်ချင်တဲ့ဆန္ဒအရမ်းပြင်းပြ နေတဲ့အခါမျိုးမှာ လောဘကြီးပြီး တွေ့သမျှစာတွေကို အကုန်ကျက်မှတ်နေတဲ့အခါ စာလဲမမှတ်မိ အချိန် တွေလည်း အကျိုးမရှိကုန်ဆုံးတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး မဖြစ်ရအောင် ရှောင်သင့်တဲ့အချက် လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. လေ့လာချိန်ရဲ့ ၅ ရာခိုင်နှုန်းထက်ပိုပြီး သဒ္ဒါ၊ ဘာသာပြန်ခြင်းဖြင့် အချိန်ကုန်ဆုံးစေတာကို ရှောင်သင့် ပါတယ်။ ဘာသာစကားတစ်ခုကို တမင်လေ့လာနေတာမျိုးမဟုတ်ပဲနဲ့ မသိစိတ်ကနေ တဖြည်းဖြည်းစိမ့် ဝင်ပြီး အနည်ထိုင်စေတဲ့ ပုံစံမျိုးနဲ့ လေ့ကျင့်တာပိုကောင်းပါတယ်။ ဥပမာ ဂျပန်ကာတွန်းကားတွေ ကြည့်နေရင်း ဂျပန်ဘာသာစကားအချို့ကို မှတ်မိနေတာမျိုးပေါ့။ ဒါကြောင့် အင်္ဂလိပ်ရုပ်ရှင်ကြည့်တာမျိုး၊ သီချင်းနားထောင်တာမျိုး၊ ဝတ္ထု ပုံပြင်ဖတ်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

၂. ဝေါဟာရတွေကို စကားအဆက်အစပ် မရှိပဲ အလွတ်ကျက်မှတ်တတ်တာကို ရှောင်ကြဉ်သင့်ပါတယ်။ စကားလုံးတစ်လုံးမှာအဓိပ္ပါယ်တွေအများကြီးရှိလို့ နမူနာစာကြောင်းမပါဘဲ နဲ့သူ့ချည်းသက်သက်မှတ်တာ မျိုးဟာအချိန်ကုန် လူပန်းပါတယ်။

READ -အင်္ဂလိပ်စာတိုးတက်လာစေရန်…

၃. ဘာသာစကားလေ့လာတယ်ဆိုတဲ့အခါ လေ့လာနေရုံနဲ့တော့ တိုးတက်မှုက သိသာလာမှာမဟုတ်ပါဘူး။ ပြန်အသုံးချဖို့လိုပါတယ်။ ပတ်ဝန်းကျင်ပေါ်မှာလည်း အများကြီးမူတည်နေပါတယ်။ သင့်ကို စကားပြောဖို့ အခွင့်အရေးပေးတဲ့ ပတ်ဝန်းကျင်မှာနေပါ။ အမှားအယွင်းကိုအားမပေးတဲ့ ပတ်ဝန်းကျင်မျိုးကို ရှောင်ပါ။

၎. လေ့လာတဲ့အခါမှာ အချိန်တွေအကြာကြီးလေ့လာလိုက် ပြီးရင် မလေ့လာပဲပြစ်ထားလိုက် နောက်မေ့သွားလောက်မှ ပြန်လေ့လာလိုက် အဲ့လိုမျိုးအကျင့်တွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါက အင်္ဂလိပ်စာလေ့လာမှ မဟုတ်ပါဘူး… ဘယ်ဘာသာရပ်တွေကိုပဲ လေ့လာလေ့လာ မလုပ်ဆောင်သင့်တဲ့ အချက်ပါပဲ။ အချိန်တွေအများကြီးပေးပြီး လေ့လာစရာမလိုပါဘူး။ ပုံမှန်တစ်ရက်ကို တစ်နာရီလောက်ပေးရင် လုံလောက်ပါတယ်။

Read times Last modified on Monday, 30 December 2019 14:27
Rate this articles
(3 votes)