×
Warning
JUser: :_load: Unable to load user with ID: 81428
Language
Monday, 04 November 2019
သီချင်းများဖြင့်အင်္ဂလိပ်စာ လေ့လာတဲ့အခါ ဘယ်အဆိုတော်တွေရဲ့ သီချင်းတွေကို နားထောင်သင့်သလဲ? google.com
(၁) Ed Sheeran
(၂) Of Monsters and Men
(၃) Bruno Mars
(၄) Taylor Swift
(၅) John Legend
(၆) Adele
Image result for adele
(၇) Sam Smith
(၈) Marron 5
STH (sayar.com.mm)
UNICODE
သီချင်းများဖြင့်အင်္ဂလိပ်စာ လေ့လာတဲ့အခါ ဘယ်အဆိုတော်တွေရဲ့သီချင်းတွေကို နားထောင်သင့်သလဲ?
ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ စာသင်ခန်းထဲတွင်သာလေ့လာခြင်းထက် သင့်ရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်များနှင့် အတူလေ့လာခြင်းက သင့်ရဲ့အင်္ဂလိပ်စာလေ့လာခြင်းကိုပိုပြီး အားကောင်းစေပါတယ်။
တီဗီရှိုးများသို့မဟုတ်ရုပ်ရှင်များကိုအင်္ဂလိပ်ဘာသာဖြင့်ကြည့်ခြင်းကအင်္ဂလိပ်စာလေ့ခြင်းကို ပိုမိုမြန်ဆန်သောတိုးတက်မှုရစေသလို အင်္ဂလိပ်သီချင်းများနားထောင်ပြီး အင်္ဂလိပ်ဘာသာစကားလေ့လာခြင်းသည်လည်း ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။
အခုဖော်ပြပေးမယ့် အဆိုတော်တွေရဲ့သီချင်းတွေက အင်္ဂလိပ်စာ လေ့လာဖို့အတွက် တော်တော်လေးကို အဆင်ပြေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့သီချင်တွေမှာ အသုံးပြုထားတဲ့ စာသားတွေက အရမ်းရိုးရှင်းလို့ပါ။ ရိုးရှင်းတဲ့ Grammar ပုံစံ၊ ရိုးရှင်းတဲ့ ဝေါဟာရလေးတွေကိုအသုံးပြုထားတဲ့အတွက် အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် အရမ်းကိုအဆင်ပြေပါတယ်.....
(၁) Ed Sheeran
Image result for Ed Sheeran
သင်ဟာ သူ့ရဲ့ပရိတ်သတ်တစ်ယောက် ဆိုရင်သူ့ရဲ့သီချင်းတွေက ဘယ်လောက်နားထောင်လို့ကောင်းလဲ သင်သိမှာပါ။ သူ့ရဲ့သီချင်းမှာ သုံးထားတဲ့ စာသားတွေက ဘာသာစကားရှုပ်ထွေးမှုမရှိတဲ့အတွက် အင်္ဂလိပ်စာလေ့လာဖို့အဆင်ပြေပါတယ်။
(၂) Of Monsters and Men
Image result for of monsters and men
သူတို့ရဲ့သီချင်းသံစဉ်တွေဟာ အရမ်းမမြန်တဲ့ အတွက် သင့်အတွက် စာသားတွေကိုလိုက်ဆိုဖို့လွယ်ကူပြီး speaking၊ listening၊ လေ့ကျင့်ဖို့အတွက်အထောက်အကူပြုပါတယ်။
နောက်တစ်ခုက သူတို့တစ်ဖွဲ့လုံးက အိုက်စလန်လူမျိုးတွေပါ။ အင်္ဂလိပ်ဘာသာစကားက သူတို့ရဲ့မိခင်ဘာသာစကားမဟုတ်ပါဘူး။ ဒါ့ကြောင့်လဲ သူတို့ရဲ့သီချင်းတွေကို နားထောင်ပြီး အင်္ဂလိပ်စာလေ့လာတာဟာ ပိုမိုလွယ်ကူပါလိမ့်မယ်။
(၃) Bruno Mars
Image result for bruno mars
သူရဲ့သီချင်းစာသားတော်တော်များများဟာ အင်္ဂလိပ်ဘန်းစကားများဖြင့်ပြည့်နှက်နေတဲ့ အတွက် အင်္ဂလိပ်ဘာသာစကားကိုသီချင်းများဖြင့်လေ့လာတဲ့အခါ နားထောင်သင့်ပါတယ်။
(၄) Taylor Swift
Image result for taylor swift
Taylaor swift ကတော့သိတဲ့ အတိုင်းပဲ သူမရဲ့ ရည်းစားဟောင်းတွေအကြောင်းကို သီချင်းအဖြစ်ပြောင်းလဲသီဆိုရင်း လူကြိုက်များ အောင်မြင်တဲ့ ပေါ့ပ် အဆိုတော်တစ်ဦးပါ။ သူမ သီချင်းအများစုရဲ့စာသားတွေဟာ တစ်ယောက်နဲ့တစ်ယောက်တိုက်ရိုက်စကားပြောဆိုမှု ပုံစံဖြစ်တဲ့အတွက် သင်အင်္ဂလိပ်စကားပြောတဲ့အခါ အသုံးပြုဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။
Recommended For You >>> "အင်္ဂလိပ်စာလေ့လာသူတွေ လုပ်လေ့ရှိတဲ့ အမှား (၃) ခု"
(၅) John Legend
Image result for john legend
သူရဲ့သီချင်းစာသားမှာ သုံးထားတဲ့ စကားလုံးတွေဟာ အရမ်းရိုးရှင်းပေမဲ့ ကိုယ်စိတ်ကူးယဉ်နိုင်သလောက် အရမ်းကိုလေးနက်ပါတယ်။ ဥပမာ All Of Me ပေါ့။ သူရဲ့သီချင်းတွေကိုနားထောင်မယ်။ လိုက်ဆိုကြည့်မယ်။
သူရဲ့စကားလုံးအသံထွက်အတိုင်းလိုက်ပြီးလေ့ကျင့်နိုင်မယ်ဆိုရင်တော့ အမေရိကန်ရဲ့အင်္ဂလိပ်စကားပြော လေယူလေသိမ်း နဲ့အသံထွက်တွေကို ပိုင်နိုင်စွာ ပြောဆိုနိုင်ပါလိမ့်မယ်။
(၆) Adele
Image result for adele
Alede ဆိုတာနဲ့ အသံပါဝါအားကောင်းကောင်းနဲ့ ချစ်စရာကောင်းတဲ့ အင်္ဂလန်အဆိုတော် မလေးကိုပြေးမြင်မိမှာအမှန်ပါပဲ။ သူမဟာ အသံပါဝါအားကောင်းကောင်းနဲ့သီချင်းတွေကိုလှလှပပ ဖန်တီးသီဆိုနိုင်တဲ့အပြင် အင်္ဂလိပ် ဘန်းစကား အသုံးပြုရာမှာလဲ ဆရာတစ်ဆူပါ။ ဒါကြောင့်ဒေသတွင်း ဘန်းစကားတွေကိုလေ့လာတဲ့ အခါအသုံးဝင်ပါတယ်။
(၇) Sam Smith
Image result for sam smith
သူကလဲ Adele လိုပဲ သီချင်းတွေကို ခံစားမှုအပြည့်၊ အသံပါဝါအားကောင်းကောင်းနဲ့သီဆိုတတ်တဲ့ ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားဟာ သူရဲ့မိခင်ဘာသာစကားမဟုတ်တဲ့အတွက် သီချင်းစာသားတွေ အရမ်းရိုးရှင်းပြီး၊ Grammar ကျကျ အသုံးပြုထားတဲ့အတွက် ကျွန်တော်တို့လို အင်္ဂလိပ်ဘာသာစကားလေ့လာနေတဲ့အတွက် များစွားအထောက်အကူဖြစ်စေပါတယ်။
(၈) Marron 5
Image result for Maroon 5
Marron 5 လို့ပြောလိုက်တာနဲ့Adam Levine ကိုလူတိုင်းသိကြမှာ။ ခန့်ငြားတဲ့ ရုပ်ရည်ရှိတဲ့အပြင် သီချင်းတွေကိုကိုယ်တိုင်းရေး ကိုယ်တိုင်သီဆိုနိုင်တဲ့ ပါရမီရှင်တစ်ဦးပါ။ သူရဲ့သီချင်းစားသားတွေမှာသုံးတဲ့ စကားလုံးတွေဟာ အရမ်းရိုးရှင်းပြီး များသောအားဖြင့် ကျွန်တော် တို့အသံမထွက်နိုင်တဲ့ စကားလုံးရယ်လို့မရှိပါဘူး။ ဒါကြောင့် အင်္ဂလိပ်စကားကို သဘာဝကျကျနဲ့ရိုးရိုးရှင်းရှင်းပြောနိုင်ဖို့များစွာအသုံးဝင်ပါတယ်။
တစ်ဦးချင်း အင်္ဂလိပ်ဘာသာစကားသင်ကြားပေးသော sayar.com.mm မှ ဆရာ၊ ဆရာမများကို ဤလင့်ခ် https://www.sayar.com.mm/subjects/all-teachers/subject-496.html  တွင် အခမဲ့ ဝင်ရောက်ရှာဖွေနိုင်ပါသည်။
STH (sayar.com.mm)
Read times Last modified on Wednesday, 08 January 2020 17:14
Rate this articles
(1 Vote)