×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Wednesday, 13 November 2019

အဂၤလိပ္စကားကၽြမ္းကၽြမ္းက်င္က်င္ေျပာတတ္ဖို ့ သင္တန္းေတြပဲ တက္မွာလား..ကိုယ္ကုိယ္တိုင္ေရာ မေလ့က်င့္ေတာ့ဘူးလား?

အဂၤလိပ္စကားကၽြမ္းကၽြမ္းက်င္က်င္ေျပာတတ္ဖို ့ သင္တန္းေတြပဲ တက္မွာလား..ကိုယ္ကုိယ္တိုင္ေရာ မေလ့က်င့္ေတာ့ဘူးလား? google.com

၁. စကားေျပာ ဝါက်မ်ားကို ေလ့လာပါ

စကားေျပာ ဝါက်ေလးေတြ ရွိပါတယ္။ တစ္ခါတစ္ရံကိုယ္ေျပာခ်င္ တာေတြ ရွိတဲ့အခါ စိတ္ထဲမွာ ဝါက် ေဆာက္ ေနမယ့္ အစား ကိုယ္သိထားတဲ့ ဝါက်မ်ားနဲ႔ အသံုးျပဳလို႔ ရပါတယ္။ အဂၤလိပ္စာ စကားေျပာျခင္း အစကလည္း ဝါက် တစ္ေၾကာင္း၊ စကား တစ္ေၾကာင္းေတြကို စတင္ေလ့လာျခင္းပဲ ျဖစ္ပါတယ္။

 

၂. အဂၤလိပ္လို နားေထာင္ပါ

အဂၤလိပ္ သီခ်င္း နားေထာင္ျခင္း၊ အဂၤလိပ္လို စကားေျပာတဲ့ ရုပ္ရွင္ေတြကို အဂၤလိပ္စာတန္းထိုးနဲ႔ ၾကည့္မယ္ဆိုရင္ ဝါက်ကိုပါ တစ္ခါတည္း ေလ့လာ မိၿပီးသား ျဖစ္ပါတယ္။ သူတို႔ရဲ႕ အသံထြက္ကိုလည္း သိသြားပါမယ္။ ပထမ တစ္ခါ စာတန္းထိုးနဲ႔ ၾကည့္ၿပီး ဒုတိယ တစ္ခါ စာတန္း မပါပဲ ၾကည့္ၾကည့္ပါ။ ၿပီးရင္ ကိုယ္ေျပာခ်င္တဲ့ေနရာက် သူတို႔လို လိုက္ေျပာၾကည့္ပါ။

မိမိတို႔ သင္ၾကားလိုသည့္ ဘာသာရပ္မ်ားစြာကို အလြယ္တကူ ရွာေဖြလိုပါက ဒီ Link မွာ ရွိေသာ ဆရာမ်ားနဲ႕ တုိက္ရုိက္ ဆက္သြယ္ႏိုင္ပါတယ္။

 

၃. တစ္ေယာက္တည္း ေျပာပါ

တစ္ေယာက္တည္း အဂၤလိပ္လို ေျပာရင္ ေၾကာင္သလို၊ ေပါသလို ျဖစ္တယ္လို႔ ထင္ၾကပါတယ္။ အမွန္ေတာ့ တစ္ေယာက္တည္း ရွိေနခ်ိန္ ေလ့က်င့္တာ မမွားပါဘူး။ တစ္ေယာက္တည္း အဂၤလိပ္လို အၿမဲေျပာေနဖို႔ လိုပါတယ္။ တကူးတက မဟုတ္ပဲ လမ္းသြားေနရင္း နဲ႔ေတာင္ ေျပာၾကည့္ႏိုင္ပါတယ္။

Recommended For You >>> ႏွစ္တစ္ဝက္အတြင္း IELTS စာေမးပြဲအတြက္ ဘာေတြဘယ္လိုျပင္ဆင္မလဲ ?

 

၄. အဂၤလိပ္စာ အသံထြက္ဖတ္ပါ

အဂၤလိပ္လို ေရးထားတဲ့ စာမ်ားကို အသံထြက္ ဖတ္ဖို႔ လိုအပ္ပါတယ္။ မ်ားမ်ား အသံထြက္ ဖတ္တဲ့ အခါ၊ အသံ က်ယ္က်ယ္ ဖတ္တဲ့အခါ ေျပာတဲ့ ေလယူေလသိမ္းလည္း ရလာပါ့မယ္။

 

၅. စကားေျပာေဖာ္ တစ္ေယာက္ ရွာပါ

အဂၤလိပ္လို စကားေျပာေဖာ္ အေဖာ္ ရွိဖို႔ လိုအပ္ ပါတယ္။ အဂၤလိပ္စကားေျပာတဲ့ ရည္ရြယ္ခ်က္ကလည္း စကားေျပာဖို႔ပါပဲ။ ကိုယ္တစ္ေယာက္တည္း ေျပာေနလို႔ မၿပီးပါဘူး။ အျမဲတမ္း ေလ့က်င့္ေဖာ္ မရႏုိင္ေတာင္ တစ္ခါတစ္ရံ ေလ့က်င့္ႏိုင္မယ့္ မိတ္ေဆြရွိရင္ ေကာင္းပါတယ္။

 

၆. စိတ္ထဲမွာ ဝါက်ဖြဲ႔က်င့္ပါ

အဂၤလိပ္စကားေျပာဖို႔အတြက္ အရင္ဆံုး ဦးေႏွာက္ထဲက ဝါက်ဖြဲ႔ရတာပါ။ အမ်ားစုဟာ စာေရးဆုိရင္ ေရးႏုိင္ေပမယ့္ ေျပာပါလို႔ ဆုိလိုက္ရင္ ေတာ္ေတာ္နဲ႔ မထြက္ေတာ့ပါဘူး။ အေၾကာင္းျပခ်က္ တစ္ခုက စိတ္ထဲမွာ ဝါက်ဖြဲ႔တာ ေနာက္က်ျခင္း ျဖစ္ပါတယ္။

ဒီေတာ့ အလြဲလြဲမွားမွားေတြလည္း ေျပာျဖစ္ သြား တတ္ပါတယ္။ ထို႔ေၾကာင့္ အားေနရင္ စိတ္ထဲမွာ ဝါက် ဖြဲ႔ေနၿပီးရင္ အသံထြက္ ေလ့က်င့္ေပးဖို႔ လိုအပ္ပါတယ္။ အဂၤလိပ္စကားေျပာတတ္တယ္ မတတ္ဘူး ဆုိတာ ေလ့က်င့္မႈနဲ႔ အထူးသက္ဆိုင္ ပါတယ္။ ေလ့က်င့္မႈအား ေကာင္းသူ၊ စကားေျပာတတ္သူေတြ ဆုိတာ မ်ားမ်ား ေျပာ၊ မ်ားမ်ားေလ့က်င့္ထားလို႔ ျဖစ္ပါတယ္။

အဂၤလိပ္ဘာသာစကားသင္ၾကားေပးေသာ မွ ဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-496.html

English Academic သင္ၾကားေပးေသာ မွ ဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-497.html

 

UNICODE

အင်္ဂလိပ်စကားကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ဖို့ သင်တန်းတွေပဲ တက်မှာလား..ကိုယ်ကိုယ်တိုင်ရော မလေ့ကျင့်တော့ဘူးလား?


၁. စကားပြော ဝါကျများကို လေ့လာပါ

စကားပြော ဝါကျလေးတွေ ရှိပါတယ်။ တစ်ခါတစ်ရံကိုယ်ပြောချင် တာတွေ ရှိတဲ့အခါ စိတ်ထဲမှာ ဝါကျ ဆောက် နေမယ့် အစား ကိုယ်သိထားတဲ့ ဝါကျများနဲ့ အသုံးပြုလို့ ရပါတယ်။ အင်္ဂလိပ်စာ စကားပြောခြင်း အစကလည်း ဝါကျ တစ်ကြောင်း၊ စကား တစ်ကြောင်းတွေကို စတင်လေ့လာခြင်းပဲ ဖြစ်ပါတယ်။

 

၂. အင်္ဂလိပ်လို နားထောင်ပါ

အင်္ဂလိပ် သီချင်း နားထောင်ခြင်း၊ အင်္ဂလိပ်လို စကားပြောတဲ့ ရုပ်ရှင်တွေကို အင်္ဂလိပ်စာတန်းထိုးနဲ့ ကြည့်မယ်ဆိုရင် ဝါကျကိုပါ တစ်ခါတည်း လေ့လာ မိပြီးသား ဖြစ်ပါတယ်။ သူတို့ရဲ့ အသံထွက်ကိုလည်း သိသွားပါမယ်။ ပထမ တစ်ခါ စာတန်းထိုးနဲ့ ကြည့်ပြီး ဒုတိယ တစ်ခါ စာတန်း မပါပဲ ကြည့်ကြည့်ပါ။ ပြီးရင် ကိုယ်ပြောချင်တဲ့နေရာကျ သူတို့လို လိုက်ပြောကြည့်ပါ။

 

၃. တစ်ယောက်တည်း ပြောပါ

တစ်ယောက်တည်း အင်္ဂလိပ်လို ပြောရင် ကြောင်သလို၊ ပေါသလို ဖြစ်တယ်လို့ ထင်ကြပါတယ်။ အမှန်တော့ တစ်ယောက်တည်း ရှိနေချိန် လေ့ကျင့်တာ မမှားပါဘူး။ တစ်ယောက်တည်း အင်္ဂလိပ်လို အမြဲပြောနေဖို့ လိုပါတယ်။ တကူးတက မဟုတ်ပဲ လမ်းသွားနေရင်း နဲ့တောင် ပြောကြည့်နိုင်ပါတယ်။

Recommended For You >>> နှစ်တစ်ဝက်အတွင်း IELTS စာမေးပွဲအတွက် ဘာတွေဘယ်လိုပြင်ဆင်မလဲ ?

 

၄. အင်္ဂလိပ်စာ အသံထွက်ဖတ်ပါ

အင်္ဂလိပ်လို ရေးထားတဲ့ စာများကို အသံထွက် ဖတ်ဖို့ လိုအပ်ပါတယ်။ များများ အသံထွက် ဖတ်တဲ့ အခါ၊ အသံ ကျယ်ကျယ် ဖတ်တဲ့အခါ ပြောတဲ့ လေယူလေသိမ်းလည်း ရလာပါ့မယ်။

 

၅. စကားပြောဖော် တစ်ယောက် ရှာပါ

အင်္ဂလိပ်လို စကားပြောဖော် အဖော် ရှိဖို့ လိုအပ် ပါတယ်။ အင်္ဂလိပ်စကားပြောတဲ့ ရည်ရွယ်ချက်ကလည်း စကားပြောဖို့ပါပဲ။ ကိုယ်တစ်ယောက်တည်း ပြောနေလို့ မပြီးပါဘူး။ အမြဲတမ်း လေ့ကျင့်ဖော် မရနိုင်တောင် တစ်ခါတစ်ရံ လေ့ကျင့်နိုင်မယ့် မိတ်ဆွေရှိရင် ကောင်းပါတယ်။

 

၆. စိတ်ထဲမှာ ဝါကျဖွဲ့ကျင့်ပါ

အင်္ဂလိပ်စကားပြောဖို့အတွက် အရင်ဆုံး ဦးနှောက်ထဲက ဝါကျဖွဲ့ရတာပါ။ အများစုဟာ စာရေးဆိုရင် ရေးနိုင်ပေမယ့် ပြောပါလို့ ဆိုလိုက်ရင် တော်တော်နဲ့ မထွက်တော့ပါဘူး။ အကြောင်းပြချက် တစ်ခုက စိတ်ထဲမှာ ဝါကျဖွဲ့တာ နောက်ကျခြင်း ဖြစ်ပါတယ်။

ဒီတော့ အလွဲလွဲမှားမှားတွေလည်း ပြောဖြစ် သွား တတ်ပါတယ်။ ထို့ကြောင့် အားနေရင် စိတ်ထဲမှာ ဝါကျ ဖွဲ့နေပြီးရင် အသံထွက် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ အင်္ဂလိပ်စကားပြောတတ်တယ် မတတ်ဘူး ဆိုတာ လေ့ကျင့်မှုနဲ့ အထူးသက်ဆိုင် ပါတယ်။ လေ့ကျင့်မှုအား ကောင်းသူ၊ စကားပြောတတ်သူတွေ ဆိုတာ များများ ပြော၊ များများလေ့ကျင့်ထားလို့ ဖြစ်ပါတယ်။

အင်္ဂလိပ်ဘာသာစကားသင်ကြားပေးသော မှ ဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-496.html

English Academic သင်ကြားပေးသော မှ ဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-497.html

 

sayar.com.mm

Sources : Alinyaung

 

 

 

 

Read times Last modified on Wednesday, 08 January 2020 17:36
Rate this articles
(0 votes)