×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Friday, 15 November 2019

JOOX ကေန English သီခ်င္းေတြ နားေထာင္ျပီး English စာပိုေကာင္းလာေအာင္ဘယ္လုိေလ့က်င္မလဲ?

JOOX ကေန English သီခ်င္းေတြ နားေထာင္ျပီး English စာပိုေကာင္းလာေအာင္ဘယ္လုိေလ့က်င္မလဲ? google.com

JOOX App နဲ႔ ပက္သက္ျပီး အခုေခတ္လူငယ္တုိင္းကုိ အေထြအထူးမိတ္ဆက္ေပးစရာလုိမယ္မထင္ပါဘူး။

ကမာၻေပၚက နာမည္ၾကီးသီခ်င္းေတြနဲ႔ ႏုိင္ငံေပါင္းစုံက သီခ်င္းေတြကုိ တစ္ေန႔ရာထဲမွာ နားေထာင္ႏုိင္ေအာင္ ျပဳလုပ္ေပးထားတဲ့ music app တစ္မ်ိဳးျဖစ္ပါတယ္။ ဒီ App ကေနသီခ်င္းလည္းနားေထာင္ျပီး English စာလည္းေလ့လာႏုိင္မယ့္ နည္းလမ္းေလးေတြကုိ မွ်ေဝေပးလုိက္ပါ။


(၁) Pop သီခ်င္းေတြ နားေထာင္ပါ
Pop သီခ်င္းလုိမ်ိဳး သီခ်င္းေအးေအးေလးေတြ ၾကိဳက္ႏွစ္သက္တဲ့သူတစ္ေယာက္ဆုိရင္ေတာ့ သိပ္ကုိအဆင္ေျပပါတယ္။ Pop သီခ်င္းေတြက ခပ္ေႏွးေႏွးနဲ႔ နားေထာင္ရလြယ္ကူျပီး စာဖတ္ရတာအဆင္ေျပတာေၾကာင့္ English စာေတြေလ့လာေနသူေတြအတြက္ pop သီခ်င္းအမ်ိဴးအစာေတြကုိ ပိုျပီးအေထာက္အကူျဖစ္ပါလိမ့္။

 


(၂) သီခ်င္းေပၚမွာလုိက္ခံစားပါ
သင့္ဟာအဂၤလိပ္စာအခုမွစျပီးေလ့လာမယ္ဆုိရင္ေတာင္ ဘယ္သီခ်င္းကဘယ္လုိခံစားခ်က္နဲ႔ဆုိထားလဲ ဆုိတာကုိေတာ့ အနည္းငယ္ခန္႔မွန္းႏုိင္ပါလိမ့္မယ္လုိ႔ထင္ပါတယ္။

အဂၤလိပ္စာစေလ့လာမယ့္သူေတြကလည္း ၁၀ တန္းျပီးတဲ့လူငယ္ေတြနဲ႔ အထက္ေတြက ေလ့လာမွာျဖစ္တာေၾကာင့္ အဂၤလိပ္စာအေျခခံေတာ့ရွိၾကမယ္ထင္ပါတယ္။

ဆုိေတာ့ ဒီ level ေလာက္နဲ႔ အဂၤလိပ္သီခ်င္းက ဘာခံစားခ်က္ ဘာေၾကာင္းအရာကုိဆုိလုိတယ္ဆုိတာကုိ ခန္႕မွန္းျပီး သီခ်င္းရဲ႕ အႏွိမ့္အျမင့္အတတ္အက်ေပၚမူတည္ျပီး သီခ်င္းအေပၚစီးေမ်ားခံစားမယ္ဆုိရင္ေတာ့ ဒီခံစားခ်က္ေၾကာင့္သီခ်င္းကကုိယ္ရဲ႕နားလည္ႏုိင္းစြမ္းကုိ တျဖည္းျဖည္းျမင့္တင္ေပးသြားလိမ့္မယ္ထင္ပါတယ္။ ဒီလုိမွမဟုတ္ဘဲ ပုံမွန္နားေထာင္ရုံဆုိရင္ေတာ့ listen စေကးဘာမွမတုိးဘဲ ဒုံရင္းကဒုံရင္းပဲျဖစ္သြားမွာပါ။

Recommended For You >>> သီခ်င္းမ်ားျဖင့္အဂၤလိပ္စာ ေလ့လာတဲ့အခါ ဘယ္အဆိုေတာ္ေတြရဲ ့သီခ်င္းေတြကို နားေထာင္သင့္သလဲ?

 


(၃) ဆက္စပ္ နားေထာင္ပါ
သင္ကသီခ်င္းတစ္ပုဒ္ကုိ စျပီးနားေထာင္ေနျပီဆုိရင္ ဒီသီခ်င္းရဲ႕အဓိပၸါယ္ကုိ နားေထာင္ရင္းခန္႔မွန္းမိမယ္ထင္ပါတယ္။ ဒီလုိခန္႔မွန္းတဲ့အခါမွာေတာ့ ပထမဆုံးအၾကိမ္ သီခ်င္းတစ္ပုဒ္လုံးကုိ ေသေသခ်ာခ်ာစိတ္ႏွစ္ျပီး နားေထာင္လုိက္ပါ။ ျပီးရင္ေနာက္တစ္ၾကိမ္အစကုိျပန္နားေထာင္ပါ။ ပထမသီခ်င္းတစ္ေၾကာင္းကုိ နားေထာင္ျပီးတာနဲ႔ ေနာက္တစ္ေၾကာင္းကုိဖတ္ရင္း ဒီႏွစ္ေၾကာင္းရဲ႕အဓိပၸါယ္ကုိ ေပါင္းစပ္ျပီး ဆက္စပ္ေတြးေခၚၾကည့္ပါ။

 


(၄) မသိတဲ့ေဝါဟာရေတြကုိ ခ်ေရးပါ
သီခ်င္းတစ္ပုဒ္ကုိ နားေထာင္ျပီဆုိတာနဲ႔ ကုိမသိတဲ့စကားလုံးေတြကုိမ်ားစြာပါဝင္လာမွာပါ။ ဒီစကားလုံးေတြအားလုံးကုိ သင္ကအျမဲတန္းမွတ္မိမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ မွတ္စုစာအုပ္တစ္ခုခုထားျပီး ခ်ေရးထားပါ။ ခ်ေရးျပီးေန႔စဥ္က်က္မွတ္ေန႔ပါ။ သင့္ဦးေႏွာက္က ဘယ္အခ်ိန္ေမးေမးမွတ္မိျပီဆုိရင္ေတာ့ ေနာက္ထပ္စာလုံးေတြ ထပ္ခ်ေရးပါျပီးရင္ ထပ္က်က္မွတ္ပါ။ ဒီလုိလုပ္တာမ်ားလာတာနဲ႔ သင့္ရဲ႕မွတ္ညဏ္ထဲမွာ ေဝါဟာရေတြတျဖည္းျဖည္းၾကြယ္ဝလာျပီး အခ်ိန္အနည္းငယ္အတြင္းမွာ တျဖည္းျဖည္းနဲ႔အဂၤလိပ္သီခ်င္းေတြကုိ အလြယ္တကူနားလည္လာျပီး သင့္ရဲ႕အဂၤလိပ္စာအရည္အေသြးေတြလည္း လ်င္ျမန္စြာတုိးတတ္လာမွာပါ။

 


(၅) တစ္ေနရာထဲမွာ အာရုံစုိက္ပါ
သင့္က သီခ်င္းတစ္ပုဒ္နားေထာင္ျပီဆုိရင္ ဒီသီခ်င္းအေပၚမွာပဲ ေသခ်ာအာရုံစုိက္ျပီး ေလ့လာဖုိ႔လုိပါတယ္။ အခုသီခ်င္းတစ္ပုဒ္နားေထာင္လုိက္ ခဏေနတစ္ျခားသီခ်င္းတစ္ပုဒ္နားေထာင္လုိက္၊ ေနာက္ရက္မွာ ေနာက္သီခ်င္းအသစ္တစ္ပုဒ္နားေထာင္လုိက္ ျဖစ္ေနမယ္ဆုိရင္ေတာ့ ဘယ္သီခ်င္းကုိမွအာရုံစုိက္ျပီး မေလ့လာျဖစ္တဲ့အတြက္ သင့္ရဲ႕တုိးတတ္မႈကေရွ႕မေရာက္ဘဲ ရွိေနတဲ့ေနရာမွပဲတန္႔ေနမွာပါ။
ဒါေၾကာင့္ အဂၤလိပ္စာကုိအခုမွစျပီးေလ့လာမယ့္သူေတြအတြက္ အဂၤလိပ္သီခ်င္းေတြနဲ႕ေလ့လာမယ္ဆုိရင္ အထက္ပါနည္းလမ္းေတြက သင့္ကုိအခ်ိန္အနည္းငယ္အတြင္းမွာ တုိးတတ္လာဖုိ႔ ကူညီေပးပါလိမ့္မယ္။

အဂၤလိပ္ဘာသာစကားသင္ၾကားေပးေသာ မွ ဆရာဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-496.html


ZLO (Sayar.com.mm)

 

UNICODE

JOOX ကနေ English သီချင်းတွေ နားထောင်ပြီး English စာပိုကောင်းလာအောင်ဘယ်လိုလေ့ကျင်မလဲ?
JOOX App နဲ့ ပက်သက်ပြီး အခုခေတ်လူငယ်တိုင်းကို အထွေအထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ ကမ္ဘာပေါ်က နာမည်ကြီးသီချင်းတွေနဲ့ နိုင်ငံပေါင်းစုံက သီချင်းတွေကို တစ်နေ့ရာထဲမှာ နားထောင်နိုင်အောင် ပြုလုပ်ပေးထားတဲ့ music app တစ်မျိုးဖြစ်ပါတယ်။ ဒီ App ကနေသီချင်းလည်းနားထောင်ပြီး English စာလည်းလေ့လာနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါ။


(၁) Pop သီချင်းတွေ နားထောင်ပါ
Pop သီချင်းလိုမျိုး သီချင်းအေးအေးလေးတွေ ကြိုက်နှစ်သက်တဲ့သူတစ်ယောက်ဆိုရင်တော့ သိပ်ကိုအဆင်ပြေပါတယ်။ Pop သီချင်းတွေက ခပ်နှေးနှေးနဲ့ နားထောင်ရလွယ်ကူပြီး စာဖတ်ရတာအဆင်ပြေတာကြောင့် English စာတွေလေ့လာနေသူတွေအတွက် pop သီချင်းအမျိူးအစာတွေကို ပိုပြီးအထောက်အကူဖြစ်ပါလိမ့်။

 


(၂) သီချင်းပေါ်မှာလိုက်ခံစားပါ
သင့်ဟာအင်္ဂလိပ်စာအခုမှစပြီးလေ့လာမယ်ဆိုရင်တောင် ဘယ်သီချင်းကဘယ်လိုခံစားချက်နဲ့ဆိုထားလဲ ဆိုတာကိုတော့ အနည်းငယ်ခန့်မှန်းနိုင်ပါလိမ့်မယ်လို့ထင်ပါတယ်။

အင်္ဂလိပ်စာစလေ့လာမယ့်သူတွေကလည်း ၁၀ တန်းပြီးတဲ့လူငယ်တွေနဲ့ အထက်တွေက လေ့လာမှာဖြစ်တာကြောင့် အင်္ဂလိပ်စာအခြေခံတော့ရှိကြမယ်ထင်ပါတယ်။

ဆိုတော့ ဒီ level လောက်နဲ့ အင်္ဂလိပ်သီချင်းက ဘာခံစားချက် ဘာကြောင်းအရာကိုဆိုလိုတယ်ဆိုတာကို ခန့်မှန်းပြီး သီချင်းရဲ့ အနှိမ့်အမြင့်အတတ်အကျပေါ်မူတည်ပြီး သီချင်းအပေါ်စီးမျေားခံစားမယ်ဆိုရင်တော့ ဒီခံစားချက်ကြောင့်သီချင်းကကိုယ်ရဲ့နားလည်နိုင်းစွမ်းကို တဖြည်းဖြည်းမြင့်တင်ပေးသွားလိမ့်မယ်ထင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ပုံမှန်နားထောင်ရုံဆိုရင်တော့ listen စကေးဘာမှမတိုးဘဲ ဒုံရင်းကဒုံရင်းပဲဖြစ်သွားမှာပါ။

Recommended For You >>> သီချင်းများဖြင့်အင်္ဂလိပ်စာ လေ့လာတဲ့အခါ ဘယ်အဆိုတော်တွေရဲ့သီချင်းတွေကို နားထောင်သင့်သလဲ?

 


(၃) ဆက်စပ် နားထောင်ပါ
သင်ကသီချင်းတစ်ပုဒ်ကို စပြီးနားထောင်နေပြီဆိုရင် ဒီသီချင်းရဲ့အဓိပ္ပါယ်ကို နားထောင်ရင်းခန့်မှန်းမိမယ်ထင်ပါတယ်။ ဒီလိုခန့်မှန်းတဲ့အခါမှာတော့ ပထမဆုံးအကြိမ် သီချင်းတစ်ပုဒ်လုံးကို သေသေချာချာစိတ်နှစ်ပြီး နားထောင်လိုက်ပါ။ ပြီးရင်နောက်တစ်ကြိမ်အစကိုပြန်နားထောင်ပါ။ ပထမသီချင်းတစ်ကြောင်းကို နားထောင်ပြီးတာနဲ့ နောက်တစ်ကြောင်းကိုဖတ်ရင်း ဒီနှစ်ကြောင်းရဲ့အဓိပ္ပါယ်ကို ပေါင်းစပ်ပြီး ဆက်စပ်တွေးခေါ်ကြည့်ပါ။

 


(၄) မသိတဲ့ဝေါဟာရတွေကို ချရေးပါ
သီချင်းတစ်ပုဒ်ကို နားထောင်ပြီဆိုတာနဲ့ ကိုမသိတဲ့စကားလုံးတွေကိုများစွာပါဝင်လာမှာပါ။ ဒီစကားလုံးတွေအားလုံးကို သင်ကအမြဲတန်းမှတ်မိမှာ မဟုတ်ပါဘူး။ ဒါကြောင့် မှတ်စုစာအုပ်တစ်ခုခုထားပြီး ချရေးထားပါ။ ချရေးပြီးနေ့စဉ်ကျက်မှတ်နေ့ပါ။ သင့်ဦးနှောက်က ဘယ်အချိန်မေးမေးမှတ်မိပြီဆိုရင်တော့ နောက်ထပ်စာလုံးတွေ ထပ်ချရေးပါပြီးရင် ထပ်ကျက်မှတ်ပါ။ ဒီလိုလုပ်တာများလာတာနဲ့ သင့်ရဲ့မှတ်ညဏ်ထဲမှာ ဝေါဟာရတွေတဖြည်းဖြည်းကြွယ်ဝလာပြီး အချိန်အနည်းငယ်အတွင်းမှာ တဖြည်းဖြည်းနဲ့အင်္ဂလိပ်သီချင်းတွေကို အလွယ်တကူနားလည်လာပြီး သင့်ရဲ့အင်္ဂလိပ်စာအရည်အသွေးတွေလည်း လျင်မြန်စွာတိုးတတ်လာမှာပါ။

 


(၅) တစ်နေရာထဲမှာ အာရုံစိုက်ပါ
သင့်က သီချင်းတစ်ပုဒ်နားထောင်ပြီဆိုရင် ဒီသီချင်းအပေါ်မှာပဲ သေချာအာရုံစိုက်ပြီး လေ့လာဖို့လိုပါတယ်။ အခုသီချင်းတစ်ပုဒ်နားထောင်လိုက် ခဏနေတစ်ခြားသီချင်းတစ်ပုဒ်နားထောင်လိုက်၊ နောက်ရက်မှာ နောက်သီချင်းအသစ်တစ်ပုဒ်နားထောင်လိုက် ဖြစ်နေမယ်ဆိုရင်တော့ ဘယ်သီချင်းကိုမှအာရုံစိုက်ပြီး မလေ့လာဖြစ်တဲ့အတွက် သင့်ရဲ့တိုးတတ်မှုကရှေ့မရောက်ဘဲ ရှိနေတဲ့နေရာမှပဲတန့်နေမှာပါ။
ဒါကြောင့် အင်္ဂလိပ်စာကိုအခုမှစပြီးလေ့လာမယ့်သူတွေအတွက် အင်္ဂလိပ်သီချင်းတွေနဲ့လေ့လာမယ်ဆိုရင် အထက်ပါနည်းလမ်းတွေက သင့်ကိုအချိန်အနည်းငယ်အတွင်းမှာ တိုးတတ်လာဖို့ ကူညီပေးပါလိမ့်မယ်။

အင်္ဂလိပ်ဘာသာစကားသင်ကြားပေးသော မှ ဆရာဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-496.html


ZLO (Sayar.com.mm)

 

Read times Last modified on Wednesday, 08 January 2020 17:40
Rate this articles
(1 Vote)