×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Thursday, 28 November 2019

အဂၤလိပ္စာ စြမ္းရည္ 4 skills တိုးတက္ေကာင္းမြန္လာေအာင္ ဘယ္လိုေလ့က်င့္ရမလဲ???

အဂၤလိပ္စာ စြမ္းရည္ 4 skills တိုးတက္ေကာင္းမြန္လာေအာင္ ဘယ္လိုေလ့က်င့္ရမလဲ??? google.com

(၁) နားေထာင္မႈစြမ္းရည္Listening Skill

အဂၤလိပ္ဘာသာစကားကို ကြၽမ္းက်င္တတ္ေျမာက္ေစတဲ့ အရာေတြထဲက နားေထာင္မႈစြမ္းရည္သည္လည္း အဓိက က်သည့္အခန္းက႑မွ တစ္ခုအပါအဝင္ျဖစ္ပါတယ္။


နားမေထာင္သူက အကန္းနဲ႔တူသလိုပဲ မ်ားမ်ားနားေထာင္မွ မ်ားမ်ားေျပာတတ္မည္ျဖစ္ၿပီး မ်ားမ်ား စာဖတ္မွ မ်ားမ်ားေရးသားႏိုင္မည္ျဖစ္ပါသည္။
ထို႔ေၾကာင့္ နားစြင့္ထားပါ ေလ့က်င့္မႈမ်ားမ်ားရေအာင္ မေၾကာက္မ႐ြံေျပာပါ အဂၤလိပ္လိုေျပာသမွ် ကိုေသခ်ာနားေထာင္ပါ လိုက္ၿပီးေျပာၾကည့္ပါ အဂၤလိပ္လိုေျပာသမွ် ဂီတ သတင္းေပါင္းစုံ က႑အားလုံးကို စုံလင္စြာနဲ႔ မတူကြဲျပားေသာ အသံပါသည့္ Video , song မ်ားကို နားေထာင္ပါ နားေထာင္ရာမွာ ျဖစ္သလိုမဟုတ္ပဲ ဘယ္လိုေလယူေလသိမ္းနဲ႔ေျပာေနတယ္ဆိုတာအစ မွတ္သားပါ။

ဘယ္လိုေလ့က်င့္မလဲဆိုတာကေတာ့ သီခ်င္းတစ္ပုဒ္ကို နားေထာင္ၾကည့္ရေအာင္ ဘယ္လိုစတင္မလဲ ဘယ္ႏွစ္ႀကိမ္နားေထာင္ရမလဲ ၅ ႀကိမ္ေလာက္ေပါ့ ပထမအႀကိမ္ လုံးဝနားေထာင္တယ္ဆို႐ုံပဲ နားေထာင္ပါ၊ ဒုတိယအႀကိမ္ နားေထာင္ပါ၊ တတိယအႀကိမ္မွာ သီခ်င္းစာသားကိုစိတ္ထဲက ဖတ္ၿပီးနားေထာင္ပါ၊ စတုတၳအႀကိမ္ အသံထြက္ဖတ္ၿပီးစာၾကည့္လိုက္ဆိုပါ၊ ပၪၥမအႀကိမ္ စာသားေကာၾကည့္ သူ႔ေလယူေလသိမ္းအတိုင္းလိူက္ဆိုပါ၊ ဘာသာလည္းျပန္ၾကည့္ပါ၊ မိမိႀကိဳက္ႏွစ္သက္ေနေသာသီခ်င္းျဖစ္ရင္ပိုေကာင္းပါတယ္၊ အနည္းဆုံးသုံးႀကိမ္ေလာက္နားေထာင္မွသာ နားေထာင္မႈစြမ္းရည္ရဲ႕အဓိပၸါယ္ကိုသိလာမွာပါ။

online တြင္လည္း မ်ားစြာေသာ listening ေလ့က်င့္ဖို႔ အသံဖိုင္ေတြ၊ စကားေျပာေတြ၊ Story ဖတ္ျပထားတဲ့ အသံေတြ မ်ားစြာနဲ႔ေလ့က်င့္လို႔ရပါတယ္။ မ်ားမ်ားေလ့က်င့္ပါ အနည္းဆုံး၃ႀကိမ္နားေထာင္ပါ ပထမႏွင့္ ဒုတိယအႀကိမ္ေတြမွာ ဘယ္ေတာ့မွ အဓိပၸါယ္မေတြးပါနဲ႔ မစဥ္းစားပါနဲ႔ စကားလုံးတခုခ်င္းစီမွာသာ အာ႐ုံစိုက္ၿပီး နားေထာင္႐ုံနားေထာင္ပါ။

တခ်ိဳ႕ Listening အတြက္ MP3, MP4ေတြက အရမ္းရွည္ရင္ တစ္ခန္းခ်င္းစီဖတ္ၿပီးမွသာနားေထာင္ပါ။ တခ်ိဳ႕က သူမ်ားေျပာတာနားမလည္ဘူး Listening အတြက္ဘယ္လိုလုပ္ရမလဲ ဆိုရင္ေျဖၾကတာက မ်ားမ်ားနားေထာင္ သီခ်င္းေတြေပါ့ သီခ်င္းေတြသာတခုၿပီးတခု ဒုံရင္းက ဒုရင္း မထူးျခားလာဘူး ဆိုသူေတြ က်ေနာ္ေျပာျပသလို ေလ့က်င့္ၾကည့္ပါ။

ထူးျခားလာပါလိမ့္မယ္ ကြၽန္ေတာ့ေလ့လာမႈအရဆိုရင္ Daily English Conversation မွာ အခန္း၁၀၀ ရွိတာကို တစ္ရက္ ၅ခန္းကို တစ္ပတ္လုံးနားေထာင္ပါတယ္။ အဲ့လိုနဲ႔ေလ့က်င့္လာတာ အလြတ္နီးပါးရလာၿပီး အျခားသူေျပာလာတာလည္းပိုနားလည္လာၿပီး ဘယ္လိုျပန္ေျဖရမယ္ဆိုတာကိုလည္း ျမန္ျမန္ဆန္ဆန္ ခြန႔္တုံ႔ ျပန္လာႏိုင္လာပါတယ္။ တစ္ခန္းစီတိုင္းမွာပါတာက ေနရာတိုင္းေန႔တိုင္းသုံးႏိုင္ၿပီးအၿမဲျဖစ္ပ်က္ေတြ႕ႀကဳံေနရမည့္အေၾကာင္းအရာေတြကို လူ၂ဦးက အေမးအေျဖလုပ္ေပးထားတာပါ။ သူတို႔ေျပာတာလိုက္ေျပာရင္း အၿမဲဒြန္တြဲေနတဲ့ Listening ႏွင့္ Speaking ႏွစ္ခုလုံးကို တိုးတက္ေစပါတယ္။ မ်ားမ်ားနားလည္လာၿပီး မ်ားမ်ားေျပာႏိုင္လာပါတယ္။ စကားေျပာေဖာ္ရွာပါ အဂၤလိပ္စကားကို မိခင္ဘာသာစကားေျပာသူတစ္ဦး Foreigner နဲ႔မေလ့က်င့္ခင္မွာ သူငယ္ခ်င္းေတြ နဲ႔ျမန္မာဆရာေတြနဲ႔အရင္ေလ့က်င့္ပါ။ ေနာက္တဆင့္္မွ အဂၤလိပ္အစစ္ေတြနဲ႔ေလ့က်င့္ပါ။ ၃လေလးတတ္ျပ အုံဖြ ဆိုၿပီး သူမ်ားဘာသာစကားမတတ္ပါဘူး ႀကိဳးစားအားထုတ္စိုက္မႈရွိမွ တိုးတက္လာမွာပါ။

 

(၂) အေျပာစြမ္းရည္Speaking Skill

အေျပာစြမ္းရည္တိုးတက္ေစဖို႔ တဆင့္ျခင္းေလ့လာႏိုင္ေအာင္ေရးထားတဲ့ စာအုပ္ေကာင္းေတြ အမ်ားႀကီးရွိပါတယ္။ ဘယ္လိုေနေနခြန႔္တုန႔္ ႏႈတ္ဆက္စကားေတြက စတင္ၿပီးေလ့လာသင့္တယ္ ၿပီးရင္ Situational dialogues လို႔ေခၚတဲ့ ေမရာေပၚမူတည္ၿပီးေျပာတဲ့ အရာေတြကို ေလ့လာသင့္တယ္။

ဥပမာ ေဈးဝယ္သြားမယ္ ဆိုပါစို႔ ေခါင္းစဥ္က Go shopping ဦးစြာ ေခါင္းစဥ္ရယ္ တခြန္းဆိုင္ဆိုဘယ္လိုေခၚတယ္။ ကုန္တိုက္ဘယ္လိုေခၚတယ္သိေအာင္လုပ္ရမယ္။ Vocabulary ေဝါဟာရေတြပဲ လိမ့္က်က္ေနၿပီးအလြတ္အသဲအသန္ရေနမွ စကားေျပာတတ္တာမဟုတ္ပါ။ ေဝါဟာရ သိန္းေက်ာ္သိေတာင္ Pattern ေတြ clause ေတြမသိရင္ စကားမေျပာတတ္ပါဘူးဗ်။ ေဈးဝယ္ထြက္ရင္ေျပာမယ့္အရာေတြ ဘယ္ေလာက္လဲ ဘာအေရာင္လဲ ေဈးေလ်ာ့ဖို႔ အစရွိသည္ေတြကို စာအုပ္ေကာင္းေတြက မ်ားစြာေဖာ္ျပထားၾကပါတယ္ မိမိကိုယ္တိုင္က စိတ္ပါဝင္စားစြာ လိုက္ၿပီးေလ့လာမွတ္သားထားပါ။ Video ေတြလည္းအမ်ားႀကီးရွိပါတယ္။ က်ေနာ္ႀကိဳက္တဲ့ အဂၤလိပ္ကာတြန္းကားေတြဆို အလြတ္နီးပါးစာေတြရသည္ထိၾကည့္တတ္တယ္။

ပထမတစ္ႀကိမ္၂ႀကိမ္ေတာ့ နားေထာင္တယ္ပုံၾကည့္တယ္ တတိယႀကိမ္ စာလိုက္ဖတ္တယ္။ ေနာက္ၾက လိုက္ေျပာတယ္စာဖတ္ရင္ေပါ့ ဒီလိုနဲ႔ ဘယ္လိုေလးသုံးသြားတာက ဘာေလးေျပာသြားတာဆိုၿပီး စာလုံးအသစ္ သို႔မဟုတ္ အျခား အသုံးေကာင္းေကာင္းေလးေတြေတြ႕ရင္ စာအုပ္ထဲမွတ္ထားတတ္တယ္ စကားလုံးအသစ္တခုေတြ႕ရင္ က်ေနာ္က သူ႔ရဲ႕ အသုံးကို အဂၤလိပ္လို ဝါက်၅ေၾကာင္းျပန္ၿပီးဖြဲ႕တတ္တယ္။ ၿပီးရင္ က်ေနာ္စကားေျပာရင္ထည့္သုံးၾကည့္တယ္။ အဲ့လိုနဲ႔ စကားလုံးေတြမေမ့ေတာ့ဘဲနဲ႔မွတ္မိလာတယ္ တခ်ိဳ႕က စကားလုံးေတြမမွတ္မိေတာ့ဘူးဆိုတာ ျပန္မသုံးလို႔ပါ တႀကိမ္ႏွစ္ႀကိမ္ စကားေျပာရင္သုံးၾကည့္ အၿမဲမွတ္မိသြားလိမ့္မယ္။

Patterns ေတြသိထားပါ Usages ေတြေကာပဲ ဥပမာ want အသုံးဆိုရင္ I want it , he want it , she want it အစရွိသလို သုံးစြဲ အစားထိုးေျပာၾကည့္ပါ။ သုံးပါ အသုံးေတြေလ့လာမွ ကိုယ္တိုင္စဥ္းစားေျပာဆိုတတ္မွာပါ။ စာအုပ္ထဲပါတာပဲအလြတ္ရေျပာတတ္ေနတာမ်ိဳးမျဖစ္ေစပဲ စာအုပ္အျပင္ပါေက်ာ္ထြက္ၿပီးစဥ္းစား ေျပာတတ္ေအာင္ေလ့က်င့္ပါ။ မွားမွားမွန္မွန္ထြင္ၿပီးေျပာၾကည့္ပါ စာအုပ္ထဲမပါရင္ နားမလည္ မေျပာတတ္ေတာ့မျဖစ္ပါေစနဲ႔။ ထပ္ၿပီးတခ်ိဳ႕က စကားလုံးေတြအမ်ားႀကီးသိမွ အဂၤလိပ္လိုေျပာတတ္တယ္ထင္ၾကတယ္။ သာမန္ အသုံးေလးေတြမွတ္ၿပီးသုံးရင္းေလ့လာရင္လည္းပဲ အဂၤလိပ္လိုအသင့္အတင့္ေျပာတတ္ပါတယ္ဗ်။ ေဝါဟာရေတြ ေထာင္ေသာင္းသိထားမွမဟုတ္ပါဘူး။

သိလို႔ေျပာေၾကးဆို အထက္တန္းေက်ာင္းသားတစ္ဦးသူသိသမွ် စကားလုံးခ်ေရးခိုင္းလိုက္ ၂ေထာင္ေက်ာ္ေလာက္ထြက္တယ္ ဘာလို႔မေျပာတတ္တာလဲ ? အသုံးမခ်လို႔ပါ ၿပီးေတာ့ အသုံးေတြကိုမေလ့လာပဲ ၾကက္တူေ႐ြးလိုစာလုံးေတြမလိုအပ္ပဲက်က္ၿပီး တရားေသအဓိပၸါယ္တစ္မ်ိဳးထဲမွတ္ေနလို႔ပါ ေလ့လာခဲ့လို႔ပါ။ ပထမဆုံးအေနနဲ႔ ႐ုပ္ျပအဂၤလိပ္ဗမာ စကားေျပာစာအုပ္ေတြဖတ္ပါ။ အသံထြက္ဖတ္ပါမွတ္ပါ ေနာက္ အဂၤလိပ္ျမန္မာ၂ဘာသာနဲ႔ေရးထားတဲ့ စကားေျပာစာအုပ္ေတြဖတ္ပါ ေနာက္တဆင့္အေနနဲ႔ အဂၤလိပ္ေတြေရးတဲ့ စကားေျပာစာအုပ္ေတြအသံထြက္ဖတ္ပါ။ မွတ္ပါ အေရးအႀကီးဆုံးက Speaking skill တိုးတက္ခ်င္ရင္ ပါးစပ္ပိတ္မထားပါနဲ႔ ေျပာပါမရွက္မေၾကာက္ေျပာပါ ကိုယ္ေတြက မိခင္ဘာသာမွမဟုတ္တာ အမွားမကင္းဘူး ေနာက္မွန္လာေအာင္ႀကိဳးစားပါ မွန္ကန္လာပါလိမ့္မယ္။


မိမိေန႔စဥ္ႀကဳံေတြ႕တာေတြကို အဂၤလိပ္စဥ္းစားၾကည့္ပါ ေျပာၾကည့္မိ ရဲရဲေျပာေတာ့မ်ားျမန္တတ္ေစပါတယ္ဗ်။
စကားေျပာစာအုပ္ေကာင္းေတြဖတ္ရင္းတိုးတက္လာႏိုင္တာက Speaking ေကာ Reading ေကာေကာင္းလာႏိုင္ပါတယ္ တခ်ိဳ႕ Listeningပါထည့္ေပးထားတာ စာကိုအသံအေနနဲ႔ပါေပါ့ အဲ့လိုစာအုပ္ေတြဆို Listening, speaking, reading သုံးခုလုံးတိုးတက္လာႏိုင္ပါတယ္။ 
က်ေနာ့အႀကိဳက္စာအုပ္ကေတာ့ ပါရဂူမင္းတင္မြန္ရဲ႕ Good Speaking စာအုပ္ပါ။

Recommended For You >>> "အဂၤလိပ္ဘာသာစကားေလ့လာေနသူတိုင္းၾကည့္သင့္တဲ့ ကာတြန္းကား (၇) ကား"

 

(၃) Reading အဖတ္စြမ္းရည္

အဖတ္စြမ္းရည္ႏွင့္အတူ Writing ပါတိုးတက္လာႏိုင္ပါတယ္ မ်ားမ်ားဖတ္ရင္မ်ားမ်ားေရးႏိုင္လာပါတယ္။ ေက်ာင္းသားေတြမွားေနၾကတာက ကိုယ့္Level နဲ႔မလိုက္တဲ့စာေတြဖတ္ေနတာပါ ပ်င္းလာႏိုင္တယ္ အဲ့လိုနဲ႔ စြမ္းရည္မတိုးတက္ပါဘူး။ အဲ့ေတာ့တဆင့္ခ်င္းအေနနဲ႔ ပထမဆုံး Dialogueေတြဖတ္ပါ။ ေနာက္ ကေလးပုံျပင္ short story ေလးေတြ ပုံျပစာအုပ္ေလးေတြဖတ္ပါအရမ္းရွင္းၿပီး လြယ္တဲ့စကားလုံးနဲ႔ စာေၾကာင္းတိုတာေလးေတြဖတ္ပါ။ ေနာက္ ပုံျပင္နည္းနည္းႀကီးတာေတြစမ္းဖတ္ပါ။ ေနာက္ သတင္းစာ မဂၢဇင္းေတြဖတ္ပါ ျဖည္းျဖည္းခ်င္းတိုးတက္လာတာကိုေတြ႕ရပါလိမ့္မယ္။

အသစ္အဆန္းစာလုံး စာစုေတြေတြ႕ရင္ သီးသန႔္စာအုပ္တစ္အုပ္နဲ႔ သူ႔ပါတဲ့အသုံးေဖာ္ျပတဲ့အသုံးကိုေရးမွတ္ပါ။ ကိုယ္ကိုတိုင္၅ေၾကာင္းထပ္ရေအာင္ ခ်ဲ႕ထြင္မွတ္သားသုံးထားပါေရးထားပါ။ Level တခုခ်င္းစီအတြက္ စာအုပ္ ၁၀အုပ္ေလာက္ အနည္းဆုံးဖတ္ပါ စာကိုအမ်ိဳးစားစုံလင္စြာဖတ္ပါ။ ဒါမွ စကားလုံးေတြ သိလာမွာပါ။

ဥပမာ စီးပြားေရး ပညာေရး လူမႉေရး သိပၸံ သဘာဝလြန္ စုံေထာက္ စုံေအာင္ဖတ္ပါ။ စာေမးပြဲအတြက္ Reading က႑အတြက္ဆို ဖတ္နည္းေတြမ်ားစြာရွိတယ္။ Skimming တို႔ အျခားနည္းေတြရွိပါတယ္။ အေရးၾကတာက စာအုပ္ကို ေ႐ြးခ်ယ္တတ္ပါေစ ကိုယ္ဖတ္ႏိုင္ေလာက္တဲ့အတိုင္းအတာကိုစဥ္းစားပါ။ စကားေျပာ၃လေလးတတ္ၿပီး စာျမင့္တာဆို က်န္တာမေျပာနဲ႔ ေ႐ႊေသြးေတာင္မဖတ္ေသးနဲ႔ စိတ္ညစ္သြားလိမ့္မယ္။ အျခားေသးေသးမႊားမႊား မူႀကိဳကေလးေတြအတြက္ ပုံျပင္စာအုပ္ကေနစဖတ္ပါ။

တခါတရံေတာင္အဲ့ထဲမွာ အမ်ားသူံးထဲက ကိုယ္မသိတဲ့စကားလုံးေတြေတာင္ ပါလာတတ္ပါတယ္။အေရးႀကီးတဲ့ေနာက္တခ်က္ကေတာ့ ဘယ္စာဖတ္ဖတ္ အသံထြက္ပါ က္ုယ့္အသံကိုၾကားႏိုင္ေအာင္အသံထြက္ဖတ္ပါ သင့္ရဲ႕ အသံထြက္ေကာ Speaking အတြက္ပါ လွ်ာသြက္ အာသြက္ျဖစ္လာမွာပါ။

 

(၄) အေရးစြမ္းရည္Writing Skill

Writing အတြက္လည္း ေလ့က်င့္ဖို႔ ႏိုင္ငံျခားျဖစ္စာအုပ္မ်ားစြာရွိပါတယ္။ ထပ္ၿပီးေပါင္းစပ္ဖို႔က Grammar ပါ စာေရးဖို႔အတြက္ Grammar ကအေရးႀကီးဆုံးပါပဲ။ ဒီထဲမွာက အသုံးမ်ားတဲ့ Grammar rulesေတြကို ေက်ညက္ေအာင္သိထားသင့္ပါတယ္။ တဆင့္ခ်င္းေလ့က်င့္ဖို႔ကေတာ့ စာမ်ားမ်ားဖတ္ပါ။ Basic Grammar in use စာအုပ္ကိုသုံးပါ ေလ့က်င့္ပါ။ မိမိရဲ႕ တေန႔တာလုပ္ေဆာင္ခ်က္ေတြကို အဂၤလိပ္လိုေရးၾကည့္ပါ။

ေနာက္တဆင့္တက္တက္ၿပီး ျမန္မာစာေတြကို အဂၤလိပ္လိုေရးၾကည့္ပါ။ ေနာက္ ပုံျပင္ေတြကိုယ္တိုင္ဖန္တီးေရးပါ။ မ်ားမ်ားဖတ္ေတာ့ မ်က္လုံးကလည္းအျမင္စြဲ ေတာ့ ဘယ္ေနရာမွားတယ္သိၿပီး ျပန္ဖတ္ရင္လည္း စာအုပ္ေတြအသံထြက္ဖတ္တဲ့ေက်းဇူးေၾကာင့္ အမွားျမန္ျမန္သိလာပါတယ္။

အထက္ေဖာ္ျပထားတာေတြအားလုံးက က်ေနာ္ကိုယ္တိုင္ေလ့လာႀကဳံေတြ႕လာခဲ့ရတဲ့အေတြ႕အႀကဳံေတြထဲက ျမန္ဆန္စြာစြမ္းရည္ေတြတိုးတက္ေကာင္းမြန္ဖို႔ အႀကံေကာင္းေတြျဖစ္တဲ့အတြက္ ေန႔စဥ္ ေလ့လာဖို႔ အခ်ိန္သတ္မွတ္ၿပီး 4 skills ကိုတိုးတက္ေကာင္းမြန္ပိုင္ႏိုင္လာေအာင္ေလ့လာေလ့က်င့္ႏိုင္ၾကပါေစဗ်။

သင့္ရဲ ့အဂၤလိပ္စာ အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ဆိုရင္ေတာ့ sayar.com.mm မွာ မိမိစိတ္တိုင္းက် ကိုယ္ပိုင္ study guide မ်ားကို လြယ္လြယ္ကူကူ၊ လ်င္လ်င္ျမန္ျမန္ရွာေဖြလို ့ရနိုင္ပါတယ္။
ရွာေဖြခ်င္ရင္ေတာ့ https://www.sayar.com.mm/subjects.html ဤလင့္ခ္မွာ အခမဲ့ဝင္ေရာက္ရွာေဖြႏိုင္ပါျပီ။

 


UNICODE

အင်္ဂလိပ်စာ စွမ်းရည် 4 skills တိုးတက်ကောင်းမွန်လာအောင် ဘယ်လိုလေ့ကျင့်ရမလဲ???

(၁) နားထောင်မှုစွမ်းရည်Listening Skill

အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်တတ်မြောက်စေတဲ့ အရာတွေထဲက နားထောင်မှုစွမ်းရည်သည်လည်း အဓိက ကျသည့်အခန်းကဏ္ဍမှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။


နားမထောင်သူက အကန်းနဲ့တူသလိုပဲ များများနားထောင်မှ များများပြောတတ်မည်ဖြစ်ပြီး များများ စာဖတ်မှ များများရေးသားနိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့် နားစွင့်ထားပါ လေ့ကျင့်မှုများများရအောင် မကြောက်မရွံပြောပါ အင်္ဂလိပ်လိုပြောသမျှ ကိုသေချာနားထောင်ပါ လိုက်ပြီးပြောကြည့်ပါ အင်္ဂလိပ်လိုပြောသမျှ ဂီတ သတင်းပေါင်းစုံ ကဏ္ဍအားလုံးကို စုံလင်စွာနဲ့ မတူကွဲပြားသော အသံပါသည့် Video , song များကို နားထောင်ပါ နားထောင်ရာမှာ ဖြစ်သလိုမဟုတ်ပဲ ဘယ်လိုလေယူလေသိမ်းနဲ့ပြောနေတယ်ဆိုတာအစ မှတ်သားပါ။

ဘယ်လိုလေ့ကျင့်မလဲဆိုတာကတော့ သီချင်းတစ်ပုဒ်ကို နားထောင်ကြည့်ရအောင် ဘယ်လိုစတင်မလဲ ဘယ်နှစ်ကြိမ်နားထောင်ရမလဲ ၅ ကြိမ်လောက်ပေါ့ ပထမအကြိမ် လုံးဝနားထောင်တယ်ဆိုရုံပဲ နားထောင်ပါ၊ ဒုတိယအကြိမ် နားထောင်ပါ၊ တတိယအကြိမ်မှာ သီချင်းစာသားကိုစိတ်ထဲက ဖတ်ပြီးနားထောင်ပါ၊ စတုတ္ထအကြိမ် အသံထွက်ဖတ်ပြီးစာကြည့်လိုက်ဆိုပါ၊ ပဉ္စမအကြိမ် စာသားကောကြည့် သူ့လေယူလေသိမ်းအတိုင်းလိူက်ဆိုပါ၊ ဘာသာလည်းပြန်ကြည့်ပါ၊ မိမိကြိုက်နှစ်သက်နေသောသီချင်းဖြစ်ရင်ပိုကောင်းပါတယ်၊ အနည်းဆုံးသုံးကြိမ်လောက်နားထောင်မှသာ နားထောင်မှုစွမ်းရည်ရဲ့အဓိပ္ပါယ်ကိုသိလာမှာပါ။

online တွင်လည်း များစွာသော listening လေ့ကျင့်ဖို့ အသံဖိုင်တွေ၊ စကားပြောတွေ၊ Story ဖတ်ပြထားတဲ့ အသံတွေ များစွာနဲ့လေ့ကျင့်လို့ရပါတယ်။ များများလေ့ကျင့်ပါ အနည်းဆုံး၃ကြိမ်နားထောင်ပါ ပထမနှင့် ဒုတိယအကြိမ်တွေမှာ ဘယ်တော့မှ အဓိပ္ပါယ်မတွေးပါနဲ့ မစဉ်းစားပါနဲ့ စကားလုံးတခုချင်းစီမှာသာ အာရုံစိုက်ပြီး နားထောင်ရုံနားထောင်ပါ။

တချို့ Listening အတွက် MP3, MP4တွေက အရမ်းရှည်ရင် တစ်ခန်းချင်းစီဖတ်ပြီးမှသာနားထောင်ပါ။ တချို့က သူများပြောတာနားမလည်ဘူး Listening အတွက်ဘယ်လိုလုပ်ရမလဲ ဆိုရင်ဖြေကြတာက များများနားထောင် သီချင်းတွေပေါ့ သီချင်းတွေသာတခုပြီးတခု ဒုံရင်းက ဒုရင်း မထူးခြားလာဘူး ဆိုသူတွေ ကျနော်ပြောပြသလို လေ့ကျင့်ကြည့်ပါ။

ထူးခြားလာပါလိမ့်မယ် ကျွန်တော့လေ့လာမှုအရဆိုရင် Daily English Conversation မှာ အခန်း၁၀၀ ရှိတာကို တစ်ရက် ၅ခန်းကို တစ်ပတ်လုံးနားထောင်ပါတယ်။ အဲ့လိုနဲ့လေ့ကျင့်လာတာ အလွတ်နီးပါးရလာပြီး အခြားသူပြောလာတာလည်းပိုနားလည်လာပြီး ဘယ်လိုပြန်ဖြေရမယ်ဆိုတာကိုလည်း မြန်မြန်ဆန်ဆန် ခွန့်တုံ့ ပြန်လာနိုင်လာပါတယ်။ တစ်ခန်းစီတိုင်းမှာပါတာက နေရာတိုင်းနေ့တိုင်းသုံးနိုင်ပြီးအမြဲဖြစ်ပျက်တွေ့ကြုံနေရမည့်အကြောင်းအရာတွေကို လူ၂ဦးက အမေးအဖြေလုပ်ပေးထားတာပါ။ သူတို့ပြောတာလိုက်ပြောရင်း အမြဲဒွန်တွဲနေတဲ့ Listening နှင့် Speaking နှစ်ခုလုံးကို တိုးတက်စေပါတယ်။ များများနားလည်လာပြီး များများပြောနိုင်လာပါတယ်။ စကားပြောဖော်ရှာပါ အင်္ဂလိပ်စကားကို မိခင်ဘာသာစကားပြောသူတစ်ဦး Foreigner နဲ့မလေ့ကျင့်ခင်မှာ သူငယ်ချင်းတွေ နဲ့မြန်မာဆရာတွေနဲ့အရင်လေ့ကျင့်ပါ။ နောက်တဆင့်မှ အင်္ဂလိပ်အစစ်တွေနဲ့လေ့ကျင့်ပါ။ ၃လလေးတတ်ပြ အုံဖွ ဆိုပြီး သူများဘာသာစကားမတတ်ပါဘူး ကြိုးစားအားထုတ်စိုက်မှုရှိမှ တိုးတက်လာမှာပါ။

 

(၂) အပြောစွမ်းရည်Speaking Skill

အပြောစွမ်းရည်တိုးတက်စေဖို့ တဆင့်ခြင်းလေ့လာနိုင်အောင်ရေးထားတဲ့ စာအုပ်ကောင်းတွေ အများကြီးရှိပါတယ်။ ဘယ်လိုနေနေခွန့်တုန့် နှုတ်ဆက်စကားတွေက စတင်ပြီးလေ့လာသင့်တယ် ပြီးရင် Situational dialogues လို့ခေါ်တဲ့ မေရာပေါ်မူတည်ပြီးပြောတဲ့ အရာတွေကို လေ့လာသင့်တယ်။

ဥပမာ ဈေးဝယ်သွားမယ် ဆိုပါစို့ ခေါင်းစဉ်က Go shopping ဦးစွာ ခေါင်းစဉ်ရယ် တခွန်းဆိုင်ဆိုဘယ်လိုခေါ်တယ်။ ကုန်တိုက်ဘယ်လိုခေါ်တယ်သိအောင်လုပ်ရမယ်။ Vocabulary ဝေါဟာရတွေပဲ လိမ့်ကျက်နေပြီးအလွတ်အသဲအသန်ရနေမှ စကားပြောတတ်တာမဟုတ်ပါ။ ဝေါဟာရ သိန်းကျော်သိတောင် Pattern တွေ clause တွေမသိရင် စကားမပြောတတ်ပါဘူးဗျ။ ဈေးဝယ်ထွက်ရင်ပြောမယ့်အရာတွေ ဘယ်လောက်လဲ ဘာအရောင်လဲ ဈေးလျော့ဖို့ အစရှိသည်တွေကို စာအုပ်ကောင်းတွေက များစွာဖော်ပြထားကြပါတယ် မိမိကိုယ်တိုင်က စိတ်ပါဝင်စားစွာ လိုက်ပြီးလေ့လာမှတ်သားထားပါ။ Video တွေလည်းအများကြီးရှိပါတယ်။ ကျနော်ကြိုက်တဲ့ အင်္ဂလိပ်ကာတွန်းကားတွေဆို အလွတ်နီးပါးစာတွေရသည်ထိကြည့်တတ်တယ်။

ပထမတစ်ကြိမ်၂ကြိမ်တော့ နားထောင်တယ်ပုံကြည့်တယ် တတိယကြိမ် စာလိုက်ဖတ်တယ်။ နောက်ကြ လိုက်ပြောတယ်စာဖတ်ရင်ပေါ့ ဒီလိုနဲ့ ဘယ်လိုလေးသုံးသွားတာက ဘာလေးပြောသွားတာဆိုပြီး စာလုံးအသစ် သို့မဟုတ် အခြား အသုံးကောင်းကောင်းလေးတွေတွေ့ရင် စာအုပ်ထဲမှတ်ထားတတ်တယ် စကားလုံးအသစ်တခုတွေ့ရင် ကျနော်က သူ့ရဲ့ အသုံးကို အင်္ဂလိပ်လို ဝါကျ၅ကြောင်းပြန်ပြီးဖွဲ့တတ်တယ်။ ပြီးရင် ကျနော်စကားပြောရင်ထည့်သုံးကြည့်တယ်။ အဲ့လိုနဲ့ စကားလုံးတွေမမေ့တော့ဘဲနဲ့မှတ်မိလာတယ် တချို့က စကားလုံးတွေမမှတ်မိတော့ဘူးဆိုတာ ပြန်မသုံးလို့ပါ တကြိမ်နှစ်ကြိမ် စကားပြောရင်သုံးကြည့် အမြဲမှတ်မိသွားလိမ့်မယ်။

Patterns တွေသိထားပါ Usages တွေကောပဲ ဥပမာ want အသုံးဆိုရင် I want it , he want it , she want it အစရှိသလို သုံးစွဲ အစားထိုးပြောကြည့်ပါ။ သုံးပါ အသုံးတွေလေ့လာမှ ကိုယ်တိုင်စဉ်းစားပြောဆိုတတ်မှာပါ။ စာအုပ်ထဲပါတာပဲအလွတ်ရပြောတတ်နေတာမျိုးမဖြစ်စေပဲ စာအုပ်အပြင်ပါကျော်ထွက်ပြီးစဉ်းစား ပြောတတ်အောင်လေ့ကျင့်ပါ။ မှားမှားမှန်မှန်ထွင်ပြီးပြောကြည့်ပါ စာအုပ်ထဲမပါရင် နားမလည် မပြောတတ်တော့မဖြစ်ပါစေနဲ့။ ထပ်ပြီးတချို့က စကားလုံးတွေအများကြီးသိမှ အင်္ဂလိပ်လိုပြောတတ်တယ်ထင်ကြတယ်။ သာမန် အသုံးလေးတွေမှတ်ပြီးသုံးရင်းလေ့လာရင်လည်းပဲ အင်္ဂလိပ်လိုအသင့်အတင့်ပြောတတ်ပါတယ်ဗျ။ ဝေါဟာရတွေ ထောင်သောင်းသိထားမှမဟုတ်ပါဘူး။

သိလို့ပြောကြေးဆို အထက်တန်းကျောင်းသားတစ်ဦးသူသိသမျှ စကားလုံးချရေးခိုင်းလိုက် ၂ထောင်ကျော်လောက်ထွက်တယ် ဘာလို့မပြောတတ်တာလဲ ? အသုံးမချလို့ပါ ပြီးတော့ အသုံးတွေကိုမလေ့လာပဲ ကြက်တူရွေးလိုစာလုံးတွေမလိုအပ်ပဲကျက်ပြီး တရားသေအဓိပ္ပါယ်တစ်မျိုးထဲမှတ်နေလို့ပါ လေ့လာခဲ့လို့ပါ။ ပထမဆုံးအနေနဲ့ ရုပ်ပြအင်္ဂလိပ်ဗမာ စကားပြောစာအုပ်တွေဖတ်ပါ။ အသံထွက်ဖတ်ပါမှတ်ပါ နောက် အင်္ဂလိပ်မြန်မာ၂ဘာသာနဲ့ရေးထားတဲ့ စကားပြောစာအုပ်တွေဖတ်ပါ နောက်တဆင့်အနေနဲ့ အင်္ဂလိပ်တွေရေးတဲ့ စကားပြောစာအုပ်တွေအသံထွက်ဖတ်ပါ။ မှတ်ပါ အရေးအကြီးဆုံးက Speaking skill တိုးတက်ချင်ရင် ပါးစပ်ပိတ်မထားပါနဲ့ ပြောပါမရှက်မကြောက်ပြောပါ ကိုယ်တွေက မိခင်ဘာသာမှမဟုတ်တာ အမှားမကင်းဘူး နောက်မှန်လာအောင်ကြိုးစားပါ မှန်ကန်လာပါလိမ့်မယ်။


မိမိနေ့စဉ်ကြုံတွေ့တာတွေကို အင်္ဂလိပ်စဉ်းစားကြည့်ပါ ပြောကြည့်မိ ရဲရဲပြောတော့များမြန်တတ်စေပါတယ်ဗျ။
စကားပြောစာအုပ်ကောင်းတွေဖတ်ရင်းတိုးတက်လာနိုင်တာက Speaking ကော Reading ကောကောင်းလာနိုင်ပါတယ် တချို့ Listeningပါထည့်ပေးထားတာ စာကိုအသံအနေနဲ့ပါပေါ့ အဲ့လိုစာအုပ်တွေဆို Listening, speaking, reading သုံးခုလုံးတိုးတက်လာနိုင်ပါတယ်။
ကျနော့အကြိုက်စာအုပ်ကတော့ ပါရဂူမင်းတင်မွန်ရဲ့ Good Speaking စာအုပ်ပါ။

Recommended For You >>> "အင်္ဂလိပ်ဘာသာစကားလေ့လာနေသူတိုင်းကြည့်သင့်တဲ့ ကာတွန်းကား (၇) ကား"

 

(၃) Reading အဖတ်စွမ်းရည်

အဖတ်စွမ်းရည်နှင့်အတူ Writing ပါတိုးတက်လာနိုင်ပါတယ် များများဖတ်ရင်များများရေးနိုင်လာပါတယ်။ ကျောင်းသားတွေမှားနေကြတာက ကိုယ့်Level နဲ့မလိုက်တဲ့စာတွေဖတ်နေတာပါ ပျင်းလာနိုင်တယ် အဲ့လိုနဲ့ စွမ်းရည်မတိုးတက်ပါဘူး။ အဲ့တော့တဆင့်ချင်းအနေနဲ့ ပထမဆုံး Dialogueတွေဖတ်ပါ။ နောက် ကလေးပုံပြင် short story လေးတွေ ပုံပြစာအုပ်လေးတွေဖတ်ပါအရမ်းရှင်းပြီး လွယ်တဲ့စကားလုံးနဲ့ စာကြောင်းတိုတာလေးတွေဖတ်ပါ။ နောက် ပုံပြင်နည်းနည်းကြီးတာတွေစမ်းဖတ်ပါ။ နောက် သတင်းစာ မဂ္ဂဇင်းတွေဖတ်ပါ ဖြည်းဖြည်းချင်းတိုးတက်လာတာကိုတွေ့ရပါလိမ့်မယ်။

အသစ်အဆန်းစာလုံး စာစုတွေတွေ့ရင် သီးသန့်စာအုပ်တစ်အုပ်နဲ့ သူ့ပါတဲ့အသုံးဖော်ပြတဲ့အသုံးကိုရေးမှတ်ပါ။ ကိုယ်ကိုတိုင်၅ကြောင်းထပ်ရအောင် ချဲ့ထွင်မှတ်သားသုံးထားပါရေးထားပါ။ Level တခုချင်းစီအတွက် စာအုပ် ၁၀အုပ်လောက် အနည်းဆုံးဖတ်ပါ စာကိုအမျိုးစားစုံလင်စွာဖတ်ပါ။ ဒါမှ စကားလုံးတွေ သိလာမှာပါ။

ဥပမာ စီးပွားရေး ပညာရေး လူမှူရေး သိပ္ပံ သဘာဝလွန် စုံထောက် စုံအောင်ဖတ်ပါ။ စာမေးပွဲအတွက် Reading ကဏ္ဍအတွက်ဆို ဖတ်နည်းတွေများစွာရှိတယ်။ Skimming တို့ အခြားနည်းတွေရှိပါတယ်။ အရေးကြတာက စာအုပ်ကို ရွေးချယ်တတ်ပါစေ ကိုယ်ဖတ်နိုင်လောက်တဲ့အတိုင်းအတာကိုစဉ်းစားပါ။ စကားပြော၃လလေးတတ်ပြီး စာမြင့်တာဆို ကျန်တာမပြောနဲ့ ရွှေသွေးတောင်မဖတ်သေးနဲ့ စိတ်ညစ်သွားလိမ့်မယ်။ အခြားသေးသေးမွှားမွှား မူကြိုကလေးတွေအတွက် ပုံပြင်စာအုပ်ကနေစဖတ်ပါ။

တခါတရံတောင်အဲ့ထဲမှာ အများသူံးထဲက ကိုယ်မသိတဲ့စကားလုံးတွေတောင် ပါလာတတ်ပါတယ်။အရေးကြီးတဲ့နောက်တချက်ကတော့ ဘယ်စာဖတ်ဖတ် အသံထွက်ပါ က်ုယ့်အသံကိုကြားနိုင်အောင်အသံထွက်ဖတ်ပါ သင့်ရဲ့ အသံထွက်ကော Speaking အတွက်ပါ လျှာသွက် အာသွက်ဖြစ်လာမှာပါ။

 

(၄) အရေးစွမ်းရည်Writing Skill

Writing အတွက်လည်း လေ့ကျင့်ဖို့ နိုင်ငံခြားဖြစ်စာအုပ်များစွာရှိပါတယ်။ ထပ်ပြီးပေါင်းစပ်ဖို့က Grammar ပါ စာရေးဖို့အတွက် Grammar ကအရေးကြီးဆုံးပါပဲ။ ဒီထဲမှာက အသုံးများတဲ့ Grammar rulesတွေကို ကျေညက်အောင်သိထားသင့်ပါတယ်။ တဆင့်ချင်းလေ့ကျင့်ဖို့ကတော့ စာများများဖတ်ပါ။ Basic Grammar in use စာအုပ်ကိုသုံးပါ လေ့ကျင့်ပါ။ မိမိရဲ့ တနေ့တာလုပ်ဆောင်ချက်တွေကို အင်္ဂလိပ်လိုရေးကြည့်ပါ။

နောက်တဆင့်တက်တက်ပြီး မြန်မာစာတွေကို အင်္ဂလိပ်လိုရေးကြည့်ပါ။ နောက် ပုံပြင်တွေကိုယ်တိုင်ဖန်တီးရေးပါ။ များများဖတ်တော့ မျက်လုံးကလည်းအမြင်စွဲ တော့ ဘယ်နေရာမှားတယ်သိပြီး ပြန်ဖတ်ရင်လည်း စာအုပ်တွေအသံထွက်ဖတ်တဲ့ကျေးဇူးကြောင့် အမှားမြန်မြန်သိလာပါတယ်။

အထက်ဖော်ပြထားတာတွေအားလုံးက ကျနော်ကိုယ်တိုင်လေ့လာကြုံတွေ့လာခဲ့ရတဲ့အတွေ့အကြုံတွေထဲက မြန်ဆန်စွာစွမ်းရည်တွေတိုးတက်ကောင်းမွန်ဖို့ အကြံကောင်းတွေဖြစ်တဲ့အတွက် နေ့စဉ် လေ့လာဖို့ အချိန်သတ်မှတ်ပြီး 4 skills ကိုတိုးတက်ကောင်းမွန်ပိုင်နိုင်လာအောင်လေ့လာလေ့ကျင့်နိုင်ကြပါစေဗျ။

သင့်ရဲ့အင်္ဂလိပ်စာ အရည်အချင်းတွေကို မြှင့်တင်ချင်တယ်ဆိုရင်တော့ sayar.com.mm မှာ မိမိစိတ်တိုင်းကျ ကိုယ်ပိုင် study guide များကို လွယ်လွယ်ကူကူ၊ လျင်လျင်မြန်မြန်ရှာဖွေလို့ရနိုင်ပါတယ်။
ရှာဖွေချင်ရင်တော့  https://www.sayar.com.mm/subjects.html ဤလင့်ခ်မှာ အခမဲ့ဝင်ရောက်ရှာဖွေနိုင်ပါပြီ။

 

 

sayar.com.mm
စည်သူစိုးမိုး (ပန်းတိုင်)

Read times Last modified on Friday, 27 December 2019 14:03
Rate this articles
(0 votes)