×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Tuesday, 17 December 2019

အဂၤလိပ္စာစြမ္းရည္တိုးတက္ဖို႕အတြက္ သင့္ရဲ႕ ဒီဇင္ဘာ အားလပ္ရက္ေတြကိုဘယ္လိုအက်ိဳးရွိရွိအသံုးခ်မလဲ?

အဂၤလိပ္စာစြမ္းရည္တိုးတက္ဖို႕အတြက္ သင့္ရဲ႕ ဒီဇင္ဘာ အားလပ္ရက္ေတြကိုဘယ္လိုအက်ိဳးရွိရွိအသံုးခ်မလဲ? google.com

ဒီဇင္ဘာ ရံုးပိတ္အားလပ္ရက္ေတြမွာ အျခားသူေတြလို ခရီးသြားတာမ်ိဳးမလုပ္ခ်င္ပဲ အိမ္မွာပဲ အနားယူခ်င္တဲ့ သူေတြအတြက္ ဒီဇင္ဘာ ပိတ္ရက္ေတြကုိ မိမိရဲ႕အဂၤလိပ္အရည္အခ်င္းတိုးတက္ေအာင္အက်ိဳးရွိရွိ အသံုးခ်ၾကရေအာင္။

ဒီလို သင့္ရဲ ့အခ်ိန္ေတြကို အက်ိဳးရွိရွိအသံုးခ်လိုက္ ျခင္းအားျဖင့္ ဒီဇင္ဘာပိတ္ရက္ျပီးလို႕ လုပ္ငန္းခြင္ ျပန္ဝင္တဲ့ အခါ မိမိကိုယ္ မိမိလဲ အားရေက်နပ္မႈရေစမွာ အမွန္ပါပဲ။ အိမ္မွာ အနားယူရင္း အိမ္အလုပ္ေတြ လုပ္မယ္၊ အဂၤလိပ္စာေလ့လာမယ္။ ဘယ္ေလာက္ေကာင္းလိုက္တဲ့ အၾကံဥာဏ္လဲ? ဒီေတာ့ အဂၤလိပ္စာ ေလ့လာဖို႕အတြက္ အသံုးဝင္မယ့္ အၾကံဥာဏ္ေလးေတြကို ေဝမွ် ေပးလိုက္ပါတယ္….


(၁) ရွင္းလင္းျပတ္သား video ေတြ နားေထာင္ပါ
Englsih စာေလ့လာမယ္ဆုိရင္ listening နဲ႕ speaking ဟာအလြန္အေရးၾကီးပါတယ္။ ဒီလိုေလ့လာတဲ့ အခ်ိန္မွာ သင့္အေနနဲ႕ ရွင္းလင္းျပတ္သားတဲ့ စကားေျပာေတြပါတဲ့ ဗီဒီယုိေတြကုိ ေရြးခ်ယ္နားေထာင့္သင့္ပါတယ္။ ဒါမွသာ လွ်င္ျမန္စြာတတ္ေရာက္ႏုိင္မွာျဖစ္ျပီး အခ်ိန္ကုန္ လူပင္ပမ္းရက်ိဳးနပ္မွာျဖစ္ပါတယ္။ (အိမ္အလုပ္ေတြလုပ္ ရင္း နားၾကပ္ေလးတပ္ အဂၤလိပ္ အသံထြက္ Videos ေတြနားေထာင္ေပါ့)

 


(၂ ) မိမိၾကိဳက္ႏွစ္သက္တာေတြနဲ႔တြဲျပီးေလ့လာပါ
အဂၤလိပ္စာမွာ Listening နဲ႕ Speaking ၊ Reading နဲ႕ Writing က ဆက္စပ္ေနတာပါ။ ဒီေတာ့ ကုိယ္က speaking နဲ ့listening ကုိေကာင္းေအာင္လုပ္ခ်င္တယ္ဆုိရင္ေတာ့ video ေတြ ၾကည့္ရမယ္ audio နားေထာင္ရမွာေပါ့။

နားေထာင္တဲ့အခါမွာ ကုိယ္က speaking တတ္ဖုိ႔ဆုိတဲ့ စိတ္နဲ႕နားေထာင္တာမဟုတ္ဘဲ ကုိယ့္စိတ္ကုိလႈံ႕ေဆာ္ေပးႏုိင္မယ့္ video ေတြ ကုိယ္စိတ္၀င္စားမယ့္ video ေတြကုိ ေရြးခ်ယ္နားေထာင္ဖုိ႔လုိပါတယ္။

ဥပမာ ကုိယ္ကေဟာေျပာပြဲေတြၾကိဳက္ရင္ Tedx talk လုိေဟာေျပာပြဲေတြကုိ နားေထာင္သင့္ျပီး ကုိယ္က ဟာသၾကိဳက္ရင္ စကားမ်ားမ်ားေျပာတဲ့ Prank ဗီဒီေတြ Funny ေတြ ပုိနားေထာင္သင့္ပါတယ္။

ကုိယ္ၾကိဳက္ရာကုိ နားေထာင္းတဲ့အတြက္ ပုိစိတ္၀င္စားမႈရွိလု႔ိ ပုိအတတ္ျမန္ပါတယ္။ Reading နဲ႕ Writing ဆုိရင္လဲ ဒီလုိပါပဲ ကုိယ္မွာရွိတဲ့ အဂၤလိပ္စေကးေပၚမူတည္ျပီး ဗီဒီယုိဇာတ္လမ္းကုိေရးထားတဲ့ စာအုပ္ပဲျဖစ္ျဖစ္၊ ၀တၱဳတုိေတြပဲျဖစ္ျဖစ္ စိတ္၀င္စားရာကုိ ၀ယ္ဖတ္ႏုိင္ပါတယ္။ သင္ရဲ႕ ကြ်မး္က်င္မႈေပၚ မႈတည္ျပီး level အလုိက္ စာအုပ္ေတြခြဲျခား ထုတ္ေ၀ထားတဲ့ Penguin Reader ကထုတ္တဲ့ စာအုပ္ေတြကုိ ပုိျပီးဖတ္သင့္ပါတယ္။

 


(၃) က်ိဳးေၾကာင္း ဆင္ျခင္ ေတြးတတ္ပါေစ
အဂၤလိပ္စာဟာ ကုိယ့္မိခင္ဘာသာစကားမဟုတ္တဲ့အတြက္ နားေထာင္တဲ့အခါဘဲျဖစ္ေစ ဖတ္တဲ့အခါပဲျဖစ္ေစ အခက္အခဲေတာ့ ကုိယ္စီရွိၾကမွာပါ။ ကုိယ္ကနားမလည္တာနဲ႕ ေခါင္းရႈပ္မခံပဲ စာအုပ္ပိတ္လုိက္တာမ်ိဳး ေနာက္မွေလ့လာမယ့္ဆုိျပီး ပစ္ထားခဲ့တာမလုပ္ပါနဲ႕။ ဒီလုိသာ ဒရြတ္တုိက္သြားေနရင္ သင္တစ္သက္လုံး အဂၤလိပ္စာမွာ အားနည္းေနမွာပါ။

ဒါေၾကာင့္ စိတ္ခံစားခ်က္ျပင္းျပင္းထားျပီး ကုိယ္မသိတာရွိရင္ အဘိန္ဓာန္အရင္မဖြင့္ပါနဲ႕ က်ိဳးေၾကာင္း ဆက္စပ္ျပီးအရင္ဆုံးေတြးပါ။ ကုိယ္ကဒီအပုိဒ္နားမလည္ဘူးဆုိရင္ အေရွ႕အပုိဒ္နဲ႕ ဆက္စပ္ျပီးေတြးၾကည့္ပါ မရရင္ အေနာက္အပုိင္ေတြကုိ နည္းနည္းေက်ာ္ဖတ္ျပီး ေတြးၾကည့္ပါ ဒါဆုိ အဓိပၸါယ္ေပၚလာပါလိမ့္မယ္။

လုံး၀ဖတ္ယူလုိ႔မရတဲ့စာေတြဆုိရင္ေတာ့ ဆက္ဖတ္မေနပါနဲ႕ ေနာက္ထပ္အေၾကာင္းအရာတစ္ခုကုိသာ ေျပာင္းဖတ္လုိက္ပါ။ ဒီလုိမွမဟုတ္ရင္ သင့္ရဲဖတ္ခ်င္တဲ့ စိတ္ကုိပါ စြဲခ်သြားပါလိမ့္မယ္။

 

 

(၄) E to E သုံးတတ္ပါေစ
သင့္အေနနဲ႕ အဂၤလိပ္စာေလ့လာရင္းနဲ႕ Vocabulary (ေ၀ါဟာရ) အခက္အခဲရွိလုိ႔ နားမလည္တာေတြ႕ရွိခဲ့မယ္ဆုိရင္ Dictionary ဖြင့္မွာပါ။ သင္က Dictionary သုံးျပီဆုိရင္ ျမန္မာ Dictionary ပဲ သုံးခ်င္မွာပါ။

ဒါေပမဲ့ English Dictionary သုံးဖုိ႔ အၾကံျပဳခ်င္ပါတယ္။ ဘာေၾကာင့္လဲဆုိရင္ ျမန္မာ Dictionary က ျမန္မာေ၀ါဟာရျဖစ္တဲ့အတြက္ သင့္အေနနဲ႕အလြယ္မွတ္တတ္တာေၾကာင့္ ရွာတုန္းခဏပဲသိမွာျဖစ္ျပီး ေနာင္မ်ားၾကံဳရင္အသုံးခ်လုိ႔ရမွာမဟုတ္ပါဘူး။ ဒါေပမဲ့ စိတ္ကသာအဓိကျဖစ္တာေၾကာင့္ ျမန္မာေ၀ါဟာရဆုိရင္လည္း ရွာရုံမရွာဘဲ ခ်မွတ္ေရးသားျပီး ျပန္လည္က်က္မွတ္မယ္ဆုိရင္ေတာ့ အေကာင္းဆုံးပါပဲ။

English Dictionary ေတြကေတာ့ အနက္အဓိပၸါယ္မ်ားေတြစြာပါ၀င္ျပီး ၀ါက်ဥပမာတစ္ေၾကာင္းနဲ႔ပါ သုံးျပေပးထားပါတယ္။ English to English က အဂၤလိပ္စာေတြပဲ ျပန္ေရးေပးထားတာေၾကာင့္ သင့္ကုိ ေ၀ါဟာရပုိတုိးေစျပီး အနက္အဓိပၸါယ္ကုိ ထင္ထင္ရွားရွားသိေစပါတယ္။ တကယ္လုိ႔ English Dictionary ကုိသုံးျပီးနားမလည္မွသာ ျမန္မာ Dictionary ကုိသုံးသင့္ပါတယ္။ Englsih Dictionary ထဲမွာေတာ့ Cambridge Dictionary (app) လူသုံးမ်ားျပီး ျမန္မာ Dictionary မွာ iAbidan (app) က အသုံးရတာ အဆင္ေျပပါတယ္။

 

 

(၅) အဂၤလိပ္ပတ္၀န္းက်င္တစ္ခုတည္ေဆာက္ပါ
စကားတစ္ခြန္းေျပာခ်င္ပါတယ္။ ဒါကေတာ့ အဂၤလိပ္စာျမန္ျမန္တတ္ခ်င္ရင္ ျမန္မာပတ္၀န္းက်င္ထက္မ်ားေအာင္ အဂၤလိပ္ပတ္၀န္းက်င္ တည္ေဆာက္ပါ။ ေျပာခ်င္တာက သင္ေန႔စဥ္ျဖတ္သန္းေနတာကုိ ျမန္မာပတ္၀န္းက်င္မွာပါ စကားေျပာလည္း ျမန္မာေတြနဲ႕ စာဖတ္ေတာ့လည္းျမန္မာစာ အလုပ္ခြင္မွာသာမက ၊ အိမ္မွာ သူငယ္ခ်င္းေတြနဲ႕ ရွိတဲ့အခ်ိန္ေတြ အသိနဲ႕ေတြခ်ိန္ ဘက္စ္ကားစီးခ်ိန္ကအစ ျမန္မာပတ္၀န္းက်င္နဲ႕ျဖတ္သန္းေနရတာပါ။

ဒီ့အစားကုိယ္က အဂၤလိပ္ပတ္၀န္းက်င္ကုိ ျမန္မာထက္ပုိျပီးတည္းေဆာက္တတ္ဖုိ႔ လုိပါတယ္။ ႏုိင္ငံျခားသြားဖုိ႔ေျပာေနတာမဟုတ္ပါဘူး။ အိမ္မွာေနျပီး အဂၤလိပ္ ဗီဒီယုိေတြ အဂၤလိပ္စာအုပ္ေတြနဲ႕သာ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကုန္ဆုံးမယ္ဆုိရင္ေတာ့ အဂၤလိပ္ပတ္၀န္းက်င္တစ္ခုတည္ေဆာက္သလုိပါပဲ။ ေနာက္ဆုံးေျပာခ်င္တာကေတာ့ ျမန္မာေတြနဲ႕ ၅ နာရီအခ်ိန္ကုန္ဆုံးရင္ အဂၤလိပ္ပတ္၀န္းက်င္နဲ႕ ၆ နာရီကုန္ဆုံးပါ။
အထက္မွာေဖာ္ျပေပးခဲ့တာေတြကေတာ့ အဂၤလိပ္စာထိအေရာက္ဆုံးေလ့လာနည္းေတြျဖစ္ပါတယ္။ ကၽြန္ေတာ္တို႕အေနနဲ႕ ဘယ္ေလာက္ပင္အခ်က္အလတ္ေတြ ခ်ေပးပါေစ သင္အေနနဲ႕ စိတ္မပါရင္ဘာမွလုပ္လုိ႔မရပါဘူး။

စိတ္သာလွ်င္အဓိကျဖစ္တာေၾကာင့္ ခုိင္ခန္႔မာေၾကာတဲ့ဆုံးျဖတ္ခ်က္နဲ႔ ျပင္းထန္တဲ့ Passion ရွိဖုိ႔လုိပါတယ္။
ကဲ ဒီဇင္ဘာအားလပ္ရပ္ေတြမွာ အေပၚမွာ ေျပာခဲ့တဲ႔ အခ်က္ေလးေတြကို အသံုးခ်ေလ့လာျပီး အဂၤလိပ္စာ စြမ္းရည္တိုးတက္ပါေစလို ႔ ဆုေတာင္းရင္း…….

 

sayar.com.mm

 

UNICODE


ဒီဇင်ဘာ ရုံးပိတ်အားလပ်ရက်တွေမှာ အခြားသူတွေလို ခရီးသွားတာမျိုးမလုပ်ချင်ပဲ အိမ်မှာပဲ အနားယူချင်တဲ့ သူတွေအတွက် ဒီဇင်ဘာ ပိတ်ရက်တွေကို မိမိရဲ့အင်္ဂလိပ်အရည်အချင်းတိုးတက်အောင်အကျိုးရှိရှိ အသုံးချကြရအောင်။ ဒီလို သင့်ရဲ့အချိန်တွေကို အကျိုးရှိရှိအသုံးချလိုက် ခြင်းအားဖြင့် ဒီဇင်ဘာပိတ်ရက်ပြီးလို့ လုပ်ငန်းခွင် ပြန်ဝင်တဲ့ အခါ မိမိကိုယ် မိမိလဲ အားရကျေနပ်မှုရစေမှာ အမှန်ပါပဲ။ အိမ်မှာ အနားယူရင်း အိမ်အလုပ်တွေ လုပ်မယ်၊ အင်္ဂလိပ်စာလေ့လာမယ်။ ဘယ်လောက်ကောင်းလိုက်တဲ့ အကြံဉာဏ်လဲ? ဒီတော့ အင်္ဂလိပ်စာ လေ့လာဖို့အတွက် အသုံးဝင်မယ့် အကြံဉာဏ်လေးတွေကို ဝေမျှ ပေးလိုက်ပါတယ်….


(၁) ရှင်းလင်းပြတ်သား video တွေ နားထောင်ပါ
Englsih စာလေ့လာမယ်ဆိုရင် listening နဲ့ speaking ဟာအလွန်အရေးကြီးပါတယ်။ ဒီလိုလေ့လာတဲ့ အချိန်မှာ သင့်အနေနဲ့ ရှင်းလင်းပြတ်သားတဲ့ စကားပြောတွေပါတဲ့ ဗီဒီယိုတွေကို ရွေးချယ်နားထောင့်သင့်ပါတယ်။ ဒါမှသာ လျှင်မြန်စွာတတ်ရောက်နိုင်မှာဖြစ်ပြီး အချိန်ကုန် လူပင်ပမ်းရကျိုးနပ်မှာဖြစ်ပါတယ်။ (အိမ်အလုပ်တွေလုပ် ရင်း နားကြပ်လေးတပ် အင်္ဂလိပ် အသံထွက် Videos တွေနားထောင်ပေါ့)

 


(၂ ) မိမိကြိုက်နှစ်သက်တာတွေနဲ့တွဲပြီးလေ့လာပါ
အင်္ဂလိပ်စာမှာ Listening နဲ့ Speaking ၊ Reading နဲ့ Writing က ဆက်စပ်နေတာပါ။ ဒီတော့ ကိုယ်က speaking နဲ့listening ကိုကောင်းအောင်လုပ်ချင်တယ်ဆိုရင်တော့ video တွေ ကြည့်ရမယ် audio နားထောင်ရမှာပေါ့။ နားထောင်တဲ့အခါမှာ ကိုယ်က speaking တတ်ဖို့ဆိုတဲ့ စိတ်နဲ့နားထောင်တာမဟုတ်ဘဲ ကိုယ့်စိတ်ကိုလှုံ့ဆော်ပေးနိုင်မယ့် video တွေ ကိုယ်စိတ်ဝင်စားမယ့် video တွေကို ရွေးချယ်နားထောင်ဖို့လိုပါတယ်။

ဥပမာ ကိုယ်ကဟောပြောပွဲတွေကြိုက်ရင် Tedx talk လိုဟောပြောပွဲတွေကို နားထောင်သင့်ပြီး ကိုယ်က ဟာသကြိုက်ရင် စကားများများပြောတဲ့ Prank ဗီဒီတွေ Funny တွေ ပိုနားထောင်သင့်ပါတယ်။

ကိုယ်ကြိုက်ရာကို နားထောင်းတဲ့အတွက် ပိုစိတ်ဝင်စားမှုရှိလု့ိ ပိုအတတ်မြန်ပါတယ်။ Reading နဲ့ Writing ဆိုရင်လဲ ဒီလိုပါပဲ ကိုယ်မှာရှိတဲ့ အင်္ဂလိပ်စကေးပေါ်မူတည်ပြီး ဗီဒီယိုဇာတ်လမ်းကိုရေးထားတဲ့ စာအုပ်ပဲဖြစ်ဖြစ်၊ ဝတ္တုတိုတွေပဲဖြစ်ဖြစ် စိတ်ဝင်စားရာကို ဝယ်ဖတ်နိုင်ပါတယ်။ သင်ရဲ့ ကျွမ်းကျင်မှုပေါ် မှုတည်ပြီး level အလိုက် စာအုပ်တွေခွဲခြား ထုတ်ဝေထားတဲ့ Penguin Reader ကထုတ်တဲ့ စာအုပ်တွေကို ပိုပြီးဖတ်သင့်ပါတယ်။

 


(၃) ကျိုးကြောင်း ဆင်ခြင် တွေးတတ်ပါစေ
အင်္ဂလိပ်စာဟာ ကိုယ့်မိခင်ဘာသာစကားမဟုတ်တဲ့အတွက် နားထောင်တဲ့အခါဘဲဖြစ်စေ ဖတ်တဲ့အခါပဲဖြစ်စေ အခက်အခဲတော့ ကိုယ်စီရှိကြမှာပါ။ ကိုယ်ကနားမလည်တာနဲ့ ခေါင်းရှုပ်မခံပဲ စာအုပ်ပိတ်လိုက်တာမျိုး နောက်မှလေ့လာမယ့်ဆိုပြီး ပစ်ထားခဲ့တာမလုပ်ပါနဲ့။ ဒီလိုသာ ဒရွတ်တိုက်သွားနေရင် သင်တစ်သက်လုံး အင်္ဂလိပ်စာမှာ အားနည်းနေမှာပါ။

ဒါကြောင့် စိတ်ခံစားချက်ပြင်းပြင်းထားပြီး ကိုယ်မသိတာရှိရင် အဘိန်ဓာန်အရင်မဖွင့်ပါနဲ့ ကျိုးကြောင်း ဆက်စပ်ပြီးအရင်ဆုံးတွေးပါ။ ကိုယ်ကဒီအပိုဒ်နားမလည်ဘူးဆိုရင် အရှေ့အပိုဒ်နဲ့ ဆက်စပ်ပြီးတွေးကြည့်ပါ မရရင် အနောက်အပိုင်တွေကို နည်းနည်းကျော်ဖတ်ပြီး တွေးကြည့်ပါ ဒါဆို အဓိပ္ပါယ်ပေါ်လာပါလိမ့်မယ်။ လုံးဝဖတ်ယူလို့မရတဲ့စာတွေဆိုရင်တော့ ဆက်ဖတ်မနေပါနဲ့ နောက်ထပ်အကြောင်းအရာတစ်ခုကိုသာ ပြောင်းဖတ်လိုက်ပါ။ ဒီလိုမှမဟုတ်ရင် သင့်ရဲဖတ်ချင်တဲ့ စိတ်ကိုပါ စွဲချသွားပါလိမ့်မယ်။

 

 

(၄) E to E သုံးတတ်ပါစေ
သင့်အနေနဲ့ အင်္ဂလိပ်စာလေ့လာရင်းနဲ့ Vocabulary (ဝေါဟာရ) အခက်အခဲရှိလို့ နားမလည်တာတွေ့ရှိခဲ့မယ်ဆိုရင် Dictionary ဖွင့်မှာပါ။ သင်က Dictionary သုံးပြီဆိုရင် မြန်မာ Dictionary ပဲ သုံးချင်မှာပါ။

ဒါပေမဲ့ English Dictionary သုံးဖို့ အကြံပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာ Dictionary က မြန်မာဝေါဟာရဖြစ်တဲ့အတွက် သင့်အနေနဲ့အလွယ်မှတ်တတ်တာကြောင့် ရှာတုန်းခဏပဲသိမှာဖြစ်ပြီး နောင်များကြုံရင်အသုံးချလို့ရမှာမဟုတ်ပါဘူး။

ဒါပေမဲ့ စိတ်ကသာအဓိကဖြစ်တာကြောင့် မြန်မာဝေါဟာရဆိုရင်လည်း ရှာရုံမရှာဘဲ ချမှတ်ရေးသားပြီး ပြန်လည်ကျက်မှတ်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ English Dictionary တွေကတော့ အနက်အဓိပ္ပါယ်များတွေစွာပါဝင်ပြီး ဝါကျဥပမာတစ်ကြောင်းနဲ့ပါ သုံးပြပေးထားပါတယ်။ English to English က အင်္ဂလိပ်စာတွေပဲ ပြန်ရေးပေးထားတာကြောင့် သင့်ကို ဝေါဟာရပိုတိုးစေပြီး အနက်အဓိပ္ပါယ်ကို ထင်ထင်ရှားရှားသိစေပါတယ်။

တကယ်လို့ English Dictionary ကိုသုံးပြီးနားမလည်မှသာ မြန်မာ Dictionary ကိုသုံးသင့်ပါတယ်။ Englsih Dictionary ထဲမှာတော့ Cambridge Dictionary (app) လူသုံးများပြီး မြန်မာ Dictionary မှာ iAbidan (app) က အသုံးရတာ အဆင်ပြေပါတယ်။

 

 

(၅) အင်္ဂလိပ်ပတ်ဝန်းကျင်တစ်ခုတည်ဆောက်ပါ
စကားတစ်ခွန်းပြောချင်ပါတယ်။ ဒါကတော့ အင်္ဂလိပ်စာမြန်မြန်တတ်ချင်ရင် မြန်မာပတ်ဝန်းကျင်ထက်များအောင် အင်္ဂလိပ်ပတ်ဝန်းကျင် တည်ဆောက်ပါ။ ပြောချင်တာက သင်နေ့စဉ်ဖြတ်သန်းနေတာကို မြန်မာပတ်ဝန်းကျင်မှာပါ စကားပြောလည်း မြန်မာတွေနဲ့ စာဖတ်တော့လည်းမြန်မာစာ အလုပ်ခွင်မှာသာမက ၊ အိမ်မှာ သူငယ်ချင်းတွေနဲ့ ရှိတဲ့အချိန်တွေ အသိနဲ့တွေချိန် ဘက်စ်ကားစီးချိန်ကအစ မြန်မာပတ်ဝန်းကျင်နဲ့ဖြတ်သန်းနေရတာပါ။

ဒီ့အစားကိုယ်က အင်္ဂလိပ်ပတ်ဝန်းကျင်ကို မြန်မာထက်ပိုပြီးတည်းဆောက်တတ်ဖို့ လိုပါတယ်။ နိုင်ငံခြားသွားဖို့ပြောနေတာမဟုတ်ပါဘူး။ အိမ်မှာနေပြီး အင်္ဂလိပ် ဗီဒီယိုတွေ အင်္ဂလိပ်စာအုပ်တွေနဲ့သာ အချိန်တော်တော်များများကုန်ဆုံးမယ်ဆိုရင်တော့ အင်္ဂလိပ်ပတ်ဝန်းကျင်တစ်ခုတည်ဆောက်သလိုပါပဲ။ နောက်ဆုံးပြောချင်တာကတော့ မြန်မာတွေနဲ့ ၅ နာရီအချိန်ကုန်ဆုံးရင် အင်္ဂလိပ်ပတ်ဝန်းကျင်နဲ့ ၆ နာရီကုန်ဆုံးပါ။

အထက်မှာဖော်ပြပေးခဲ့တာတွေကတော့ အင်္ဂလိပ်စာထိအရောက်ဆုံးလေ့လာနည်းတွေဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်လောက်ပင်အချက်အလတ်တွေ ချပေးပါစေ သင်အနေနဲ့ စိတ်မပါရင်ဘာမှလုပ်လို့မရပါဘူး။ စိတ်သာလျှင်အဓိကဖြစ်တာကြောင့် ခိုင်ခန့်မာကြောတဲ့ဆုံးဖြတ်ချက်နဲ့ ပြင်းထန်တဲ့ Passion ရှိဖို့လိုပါတယ်။

ကဲ ဒီဇင်ဘာအားလပ်ရပ်တွေမှာ အပေါ်မှာ ပြောခဲ့တဲ့ အချက်လေးတွေကို အသုံးချလေ့လာပြီး အင်္ဂလိပ်စာ စွမ်းရည်တိုးတက်ပါစေလို့ ဆုတောင်းရင်း…….

 

 

sayar.com.mm

Read times Last modified on Friday, 27 December 2019 14:20
Rate this articles
(0 votes)