×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Friday, 27 December 2019

"ဘာသာစကား ေတြကို သင္ယူဖို႕ အေကာင္းဆံုးေနရာ ( ၆ ) ခု"

"ဘာသာစကား ေတြကို သင္ယူဖို႕ အေကာင္းဆံုးေနရာ ( ၆ ) ခု" freepick

ေခာတ္ေတြတိုးတက္လာတာႏွင့္အမွ် မိမိ သင္ယူခ်င္တဲ့ အရာေတြကို လြယ္လြယ္ ကူကူ သင္ယူလို႔ရေနပါျပီ။

ဘာသာ စကားေတြကို ေလ့လာရာ မွာ လည္း သင္တန္းေတြ သြား တက္မွ ေျပာႏိုင္ဆိုႏိုင္မွာ မဟုတ္ပါဘူး။
အခု ဆိုရင္ လည္း ဘာသာစကားေတြ အခမဲ့ သင္ယူလို႕ ရတဲ့ website ေတြ၊ app ေတြမာ်းစြာရွိေနပါျပီ။ အဲ့ဒါေတြထဲ ကမွ အေကာင္း ဆံုးေသာ website နဲ ့ app အခ်ိဳ႕ကိုေဖာ္ျပေပးလိုက္ရပါတယ္။ ေဘးမွာ လင့္ခ္ေလးေတြပါ ေပးထားပါတယ္။ အခမဲ့ ဝင္ေရာက္ေလ့လာလို႕ရပါတယ္။


၁။ Dulingo >>> https://www.duolingo.com/
Dulingo ကေတာ့ ဘာသာစကား အသစ္ေတြ ကို ေလ့လာ သင္ယူရာမွာ အသံုးဝင္ တဲ့ အျပင္ စြဲ မက္စရာေကာင္းျပီး ေပ်ာ္စရာလဲေကာင္းပါတယ္။ iOS, window Phone, Android ဖုန္းအားလံုအတြက္ app ေတြ ထုန္လုပ္ေပးထားပါတယ္။ ဘာသာစကားတစ္ခု ကို beginner ကေန စတင္ေလ့လာသင္ၾကားလို႕ရျပီး Advanced level ကို သင္ယူခ်င္ရင္ေတာ့ tests ေလးေတြ ေျဖရပါတယ္။ အားလံုးအတြက္ လံုးဝ အခမဲ့ ပါ။ အျမဲ တမ္း အတြက္ အခမဲ့ ျဖစ္ေနေစ ရမယ္ လို႔လဲ အသံုးျပဳ သူေတြကုိ ကတိေပးထားပါတယ္။

 

 

၂။ Open Culture >>> http://www.openculture.com/
Open Culture ကေတာ့ Popular ျဖစ္ေနတဲ့ ဘာသာစကားေတြကို သင္ယူေလ့လာဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။ ဥပမာ .. အဂၤလိပ္၊ ျပင္သစ္၊ စပိန္၊ ရရွား စတဲ့ Popular ျဖစ္တဲ့ ဘာသာစကားေတြေပါ့။
တကယ္ေတာ့ Open Culture မွာ ဘာသာစကားေပါင္း ၄၈ ဘာသာကို ေလ့လာလို႕ရပါတယ္။ listening ပိုင္းအတြက္ ကေတာ့ Native Speaker ေတြရဲ႕ေျပာပံုဆိုပံု ေတြကို Mp3 အေနနဲ႕ အခမဲ့ ေဒါင္းလုပ္ ျပီး ေလ့လာလို႕ရပါတယ္။

 


၃။ Livemocha >>> https://www.livemocha.co/
Livemocha ကေတာ့ ဘာသာစကားေပါင္း ၃၅ ဘာသာရဲ႕ သင္ခန္စာမ်ားကို အခမဲ့ ေလ့လာလို႕ရတဲ႔ အျပင္ သင့္ရဲ႕ ဘာသာစကားေျပာဆိုမႈကိုေလ့ က်င့္ဖို႕ အတြက္ ႏုိင္ငံေပါင္း ၁၉၀ မွ Native Speaker ေတြနဲ႕ လည္း ခ်ိတ္ဆက္ေပးပါတယ္။

 


၄။ Babbel >>> https://uk.babbel.com/
Babbel မွာ ကေတာ့ ဘာသာစကား ၁၄ မ်ိဳးကို ေလ့လာလို႕ရပါတယ္။ Babbel ကေတာ့ ထူးျခား ပါတယ္။ ဘာလို႕လဲ ဆိုေတာ့ ဘာသာစကား သင္ၾကားေပးတဲ့ Website နဲ ့App ေတာ္ေတာ္ မ်ားမ်ား က အေျပာ စြမ္းရည္ကို သာ အဓိကထားသင္ၾကားေပးၾကပါတယ္။ Babbel မွာကေတာ့ အေရး၊ အဖတ္၊ အေျပာ တို႕ ကို သင္ေရြးခ်ယ္ထားတဲ့ ဘာသာ စကားတိုင္းအတြက္ သင္ၾကားလို႕ရပါတယ္။ တစ္ခုေတာ့ရွိပါတယ္..အဲ့ ဒါကေတာ့ Babbel က Beginners ေတြ အတြက္ သာ အခမဲ့ ျဖစ္ျပီး ေနာက္တစ္ဆင့္ ထပ္ျပီး သင္ၾကားခ်င္သူေတြ အတြက္ ေတာ့ တစ္လကို ေဒၚလာ ၆.၉၅ ေလာက္ေပးရပါတယ္။

 


၅။ Busuu >>> https://www.busuu.com
Busuu ကေတာ့ သံုးစြဲ သူ သန္း ၅၀ ေလာက္ရွိေနတဲ့ ဘာသာစကားေတြကို သင္ၾကားေပးတဲ့ online ေပၚကေနရာတစ္ခုပါ။ ေနာက္ျပီး ထူးျခားတာ က certificate ပါေပးပါေသးတယ္။ GSET (Global Scale of English Tests) ဆိုတဲ့ Certificate ပါ။

 


၆။ Learn a Languages >>> https://www.learnalanguage.com/
ဘာသာစကားေတြကို ရိုးရိုးရွင္းရွင္း သင္ၾကားေလ့လာခ်င္သူေတြ ေရြးခ်ယ္သင့္တဲ့ ေနရာတစ္ခုပါ။ ဒီ App ကေတာ့ U.S institude of Languages မွာ David S. Clark တီထြင္ထားတဲ့ Visual link ဆိုတဲ့ သင္ၾကားေရး စနစ္ကိုအေျခခံထားတာ ျဖစ္ပါတယ္။

 

UNICODE

"ဘာသာစကား တွေကို သင်ယူဖို့ အကောင်းဆုံးနေရာ ( ၆ ) ခု"
ခောတ်တွေတိုးတက်လာတာနှင့်အမျှ မိမိ သင်ယူချင်တဲ့ အရာတွေကို လွယ်လွယ် ကူကူ သင်ယူလို့ရနေပါပြီ။ ဘာသာ စကားတွေကို လေ့လာရာ မှာ လည်း သင်တန်းတွေ သွား တက်မှ ပြောနိုင်ဆိုနိုင်မှာ မဟုတ်ပါဘူး။
အခု ဆိုရင် လည်း ဘာသာစကားတွေ အခမဲ့ သင်ယူလို့ ရတဲ့ website တွေ၊ app တွေမာျးစွာရှိနေပါပြီ။ အဲ့ဒါတွေထဲ ကမှ အကောင်း ဆုံးသော website နဲ့ app အချို့ကိုဖော်ပြပေးလိုက်ရပါတယ်။ ဘေးမှာ လင့်ခ်လေးတွေပါ ပေးထားပါတယ်။ အခမဲ့ ဝင်ရောက်လေ့လာလို့ရပါတယ်။


၁ ။ Dulingo >>> https://www.duolingo.com/
Dulingo ကတော့ ဘာသာစကား အသစ်တွေ ကို လေ့လာ သင်ယူရာမှာ အသုံးဝင် တဲ့ အပြင် စွဲ မက်စရာကောင်းပြီး ပျော်စရာလဲကောင်းပါတယ်။ iOS, window Phone, Android ဖုန်းအားလုံအတွက် app တွေ ထုန်လုပ်ပေးထားပါတယ်။ ဘာသာစကားတစ်ခု ကို beginner ကနေ စတင်လေ့လာသင်ကြားလို့ရပြီး Advanced level ကို သင်ယူချင်ရင်တော့ tests လေးတွေ ဖြေရပါတယ်။ အားလုံးအတွက် လုံးဝ အခမဲ့ ပါ။ အမြဲ တမ်း အတွက် အခမဲ့ ဖြစ်နေစေ ရမယ် လို့လဲ အသုံးပြု သူတွေကို ကတိပေးထားပါတယ်။

 

 

၂။ Open Culture >>> http://www.openculture.com/
Open Culture ကတော့ Popular ဖြစ်နေတဲ့ ဘာသာစကားတွေကို သင်ယူလေ့လာဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ဥပမာ .. အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ရရှား စတဲ့ Popular ဖြစ်တဲ့ ဘာသာစကားတွေပေါ့။
တကယ်တော့ Open Culture မှာ ဘာသာစကားပေါင်း ၄၈ ဘာသာကို လေ့လာလို့ရပါတယ်။ listening ပိုင်းအတွက် ကတော့ Native Speaker တွေရဲ့ပြောပုံဆိုပုံ တွေကို Mp3 အနေနဲ့ အခမဲ့ ဒေါင်းလုပ် ပြီး လေ့လာလို့ရပါတယ်။

 


၃။ Livemocha >>> https://www.livemocha.co/
Livemocha ကတော့ ဘာသာစကားပေါင်း ၃၅ ဘာသာရဲ့ သင်ခန်စာများကို အခမဲ့ လေ့လာလို့ရတဲ့ အပြင် သင့်ရဲ့ ဘာသာစကားပြောဆိုမှုကိုလေ့ ကျင့်ဖို့ အတွက် နိုင်ငံပေါင်း ၁၉၀ မှ Native Speaker တွေနဲ့ လည်း ချိတ်ဆက်ပေးပါတယ်။

 


၄။ Babbel >>> https://uk.babbel.com/
Babbel မှာ ကတော့ ဘာသာစကား ၁၄ မျိုးကို လေ့လာလို့ရပါတယ်။ Babbel ကတော့ ထူးခြား ပါတယ်။ ဘာလို့လဲ ဆိုတော့ ဘာသာစကား သင်ကြားပေးတဲ့ Website နဲ့App တော်တော် များများ က အပြော စွမ်းရည်ကို သာ အဓိကထားသင်ကြားပေးကြပါတယ်။ Babbel မှာကတော့ အရေး၊ အဖတ်၊ အပြော တို့ ကို သင်ရွေးချယ်ထားတဲ့ ဘာသာ စကားတိုင်းအတွက် သင်ကြားလို့ရပါတယ်။ တစ်ခုတော့ရှိပါတယ်..အဲ့ ဒါကတော့ Babbel က Beginners တွေ အတွက် သာ အခမဲ့ ဖြစ်ပြီး နောက်တစ်ဆင့် ထပ်ပြီး သင်ကြားချင်သူတွေ အတွက် တော့ တစ်လကို ဒေါ်လာ ၆.၉၅ လောက်ပေးရပါတယ်။

 


၅။ Busuu >>> https://www.busuu.com
Busuu ကတော့ သုံးစွဲ သူ သန်း ၅၀ လောက်ရှိနေတဲ့ ဘာသာစကားတွေကို သင်ကြားပေးတဲ့ online ပေါ်ကနေရာတစ်ခုပါ။ နောက်ပြီး ထူးခြားတာ က certificate ပါပေးပါသေးတယ်။ GSET (Global Scale of English Tests) ဆိုတဲ့ Certificate ပါ။

 


၆။ Learn a Languages >>> https://www.learnalanguage.com/
ဘာသာစကားတွေကို ရိုးရိုးရှင်းရှင်း သင်ကြားလေ့လာချင်သူတွေ ရွေးချယ်သင့်တဲ့ နေရာတစ်ခုပါ။ ဒီ App ကတော့ U.S institude of Languages မှာ David S. Clark တီထွင်ထားတဲ့ Visual link ဆိုတဲ့ သင်ကြားရေး စနစ်ကိုအခြေခံထားတာ ဖြစ်ပါတယ်။

 

Sayar.com.mm

 

Read times
Rate this articles
(0 votes)