×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Friday, 27 December 2019

"တရုတ္ဘာသာစကား ေလ့လာသင္ယူ ေနသူမ်ား သိထားသင္တဲ့ အခ်က္ (၈) ခ်က္"

"တရုတ္ဘာသာစကား ေလ့လာသင္ယူ ေနသူမ်ား သိထားသင္တဲ့ အခ်က္ (၈) ခ်က္" google.com

တရုတ္ဘာသာစကားကုိ အစကေနပဲျဖစ္ျဖစ္၊ ေရာက္ေနတဲ႕ေနရာကပဲျဖစ္ျဖစ္ ဆက္ေလ႕လာဖို႕ဆိုရင္ မိမိကိုယ္ကို မေမးမျဖစ္ေမးရမယ့္ ေမးခြန္းေလးေတြပါ။

(၁) တတ္ခ်င္တာလား ၊ မျဖစ္မေနသင္ရတာလား

တတ္ခ်င္တာဆိုရင္ေတာ့ တတ္လာမွာပါ။ မျဖစ္မေနသင္ရမွာဆိုရင္ေတာ့ အခ်ိန္ပိုေပးၿပီး သင္ရမည္ျဖစ္ပါတယ္။

 


(၂) တရုတ္စာကို ဘာျဖစ္လို႕တတ္ခ်င္တာလဲ
ဘာေၾကာင့္ပဲ တတ္ခ်င္တတ္ခ်င္ အေၾကာင္းရင္းတစ္ခုေတာ့ မရရေအာင္ရွာပါ။ အနည္းဆံုးေတာ့ တရုတ္ကားေတြၾကည့္ရင္ နားလည္ခ်င္လို႕ပါလို႕ ေျပာရင္လဲရပါတယ္။ အေၾကာင္းရင္းခိုင္မာရင္ ခိုင္မာသေလာက္  အက်ိဳးတရားလည္း ခိုင္မာတတ္လို႕ပါ။

 


(၃) ဘယ္ေလာက္အထိတတ္ခ်င္တာလဲ
ဘယ္အဆင့္အထိ တတ္ခ်င္တာလဲ ၊ ဘာနဲ႕တိုင္းတာမွာလဲ ၊ အေျခခံလား ၊ အလယ္အလတ္လား ၊ အဆင့္ျမင့္လား ၊ အခ်ိန္ကာလ ဘယ္ေလာက္ေပးမွာလဲ ၊ စကားတတ္ခ်င္တာလား ၊ စာတတ္ခ်င္တာလား ၊ ေကာင္းေကာင္းမြန္မြန္ေျပာတတ္ ၊ ေကာင္းေကာင္းမြန္မြန္ေရးတတ္တဲ့အထိ သင္မယ္ဆိုရင္ေတာ့ ေပးရမယ့္ အခ်ိန္က နည္းနည္းေနာေနာမဟုတ္ပါဘူး။

 


(၄) ဘယ္ပညာကိုမဆို သင္ယူဖို႕လိုအပ္တဲ႕အေျခခံအခ်က္ေတြကို ပံုမွန္ေပးခ်င္ရဲ႕လား
 ဥပမာ...ေငြေၾကး၊ အခ်ိန္၊ ႀကိဳးပမ္းအားထုတ္မႈ။ အဲဒါေတြတစ္ခုမွမေပးပဲ ဘာပညာမွ မရပါဘူး။ ၿပီးေတာ့ သူတို႕အားလံုးဟာ စပ္ဆက္ေနပါတယ္။ နည္းနည္းပဲေပးရင္ နည္းနည္းပဲရပါမယ္။

 


(၅) မိမိမွာ တရုတ္စကားေျပာတဲ႕အသိုင္းအ၀ိုင္းရွိလား
 ရွိရင္ကံေကာင္းပါတယ္။ စကားေျပာအျမန္တတ္လာမွာပါ။ မရွိရင္ေတာ့ ဘယ္လိုရွိေအာင္လုပ္မလဲဆိုတာ စဥ္းစားရပါမယ္။
 Online ကေန တရုတ္စကားေျပာေလ့က်င့္ဖို႕ မလြယ္ပါဘူး။ စာေလ့လာဖို႕ပဲလြယ္မွာပါ။ အဲဒီေတာ့ အနည္းဆံုး သင္တန္းတစ္ခုကို အားကိုးရမွာပါ။

 


(၆) စနစ္တက်တတ္ခ်င္တာလား
 စနစ္တက် တတ္ခ်င္ရင္ေတာ့ ဆရာတစ္ေယာက္ဆီက အရင္ဦးဆံုး ဆည္းပူးရပါမယ္။
အေျခခံကို စနစ္က်နစြာ ပိုင္ႏိုင္သြားၿပီဆိုရင္ေတာ့ မိမိဘာသာဆက္ၿပီး ေလ့လာလို႕ရပါၿပီ။ စနစ္မက်ရင္ အခိ်န္ပိုကုန္ပါတယ္။ လူပိုပင္ပန္းပါတယ္။
ဘယ္လိုဆက္ၿပီး စနစ္တက် ေလ့လာရမယ္ဆိုတာသိဖို႕လည္း အေရးႀကီးပါတယ္။

 


(၇) ဘယ္ဆရာေကာင္းလဲ ၊ ဘယ္စာအုပ္ေကာင္းလဲ
 ဘယ္ဆရာ ဘယ္စာအုပ္မဆို အကန္႕အသတ္ရွိပါတယ္။ သူ႕အေနအထားနဲ႕သူ ေကာင္းၾကပါတယ္။
ဆရာေကာင္းမေကာင္းကိုလည္း သင္ယူၾကည့္ လိုက္ရင္ သိလာႏိုင္ပါတယ္။ ဒီဆရာက ကိုယ္နဲ႕မသင့္ေတာ္ရင္ ေနာက္ဆရာတစ္ေယာက္ရွာဖို႕ပဲ ရွိပါတယ္။ 
 ဆရာမ်ိဳးစံုဆီက ဆည္းပူးႏိုင္ရင္လည္း ယူတတ္ရင္ ပညာရစရာခ်ည္းပဲျဖစ္ပါတယ္။

 


(၈) ဘာဆင္ေျခေတြကတားဆီးထားသလဲ
 အလုပ္လုပ္ေနရလို႕၊ အခ်ိန္က ညမွအားတာ၊ မနက္မွအားတာ ၊ အသက္ႀကီးသြားလို႕ ၊ ဥာဏ္မေကာင္းလို႕၊ ပိုက္ဆံမရွိလို႕၊ အတူသင္မယ့္ အေဖာ္မရွိလို႕၊ ဆရာက လူနည္းရင္မသင္ဘူးတဲ့ စသျဖင္႕ ႀကိဳက္တဲ႕ဆင္ေျခေပးလို႕ရပါတယ္။
 တတ္ေျမာက္ျခင္းကလည္း သင့္ဆင္ေျခ အတုိင္း အခ်ိဳးက်က် လိုက္ေနမွာပါ။ ကိုယ့္အေျခအေနနဲ႕ ကုိက္ညီတဲ့ အေျခအေနတစ္ခုကေတာ့ တကယ္တတ္ေျမာက္ခ်င္တဲ့ လူေတြအတြက္ ရွိေနမွာ မလြဲပါဘူး။

မိမိ ကိုယ္တိုင္ပဲျဖစ္ျဖစ္၊ မိမိသားသမီး၊ ညီ၊ ညီမေလးေတြအတြက္ပဲျဖစ္ျဖစ္ တရုတ္ဘာသာစကားကို အိမ္မွာပဲ ကိုယ္ပိုင္ဆရာ၊ ဆရာမေတြ ေခၚယူျပီးသင္ၾကားခ်င္ရင္ေတာ့ sayar.com.mm မွာ တရုတ္ဘာသာစကား သင္ၾကားေပးေသာ

Study Guide ဆရာ၊ ဆရာမမ်ားရွိပါသည္။ ဤလင့္ခ္ https://www.sayar.com.mm/subjects/all-teachers/subject-221.html တြင္ အခမဲ့ဝင္ေရာက္ရွာေဖြလို ့ရႏိုင္ပါတယ္။

 

 

UNICODE

"တရုတ်ဘာသာစကား လေ့လာသင်ယူ နေသူများ သိထားသင်တဲ့ အချက် (၈) ချက်"
တရုတ်ဘာသာစကားကို အစကနေပဲဖြစ်ဖြစ်၊ ရောက်နေတဲ့နေရာကပဲဖြစ်ဖြစ် ဆက်လေ့လာဖို့ဆိုရင် မိမိကိုယ်ကို မမေးမဖြစ်မေးရမယ့် မေးခွန်းလေးတွေပါ။


(၁) တတ်ချင်တာလား ၊ မဖြစ်မနေသင်ရတာလား
တတ်ချင်တာဆိုရင်တော့ တတ်လာမှာပါ။ မဖြစ်မနေသင်ရမှာဆိုရင်တော့ အချိန်ပိုပေးပြီး သင်ရမည်ဖြစ်ပါတယ်။

 


(၂) တရုတ်စာကို ဘာဖြစ်လို့တတ်ချင်တာလဲ
ဘာကြောင့်ပဲ တတ်ချင်တတ်ချင် အကြောင်းရင်းတစ်ခုတော့ မရရအောင်ရှာပါ။ အနည်းဆုံးတော့ တရုတ်ကားတွေကြည့်ရင် နားလည်ချင်လို့ပါလို့ ပြောရင်လဲရပါတယ်။ အကြောင်းရင်းခိုင်မာရင် ခိုင်မာသလောက် အကျိုးတရားလည်း ခိုင်မာတတ်လို့ပါ။

 


(၃) ဘယ်လောက်အထိတတ်ချင်တာလဲ
ဘယ်အဆင့်အထိ တတ်ချင်တာလဲ ၊ ဘာနဲ့တိုင်းတာမှာလဲ ၊ အခြေခံလား ၊ အလယ်အလတ်လား ၊ အဆင့်မြင့်လား ၊ အချိန်ကာလ ဘယ်လောက်ပေးမှာလဲ ၊ စကားတတ်ချင်တာလား ၊ စာတတ်ချင်တာလား ၊ ကောင်းကောင်းမွန်မွန်ပြောတတ် ၊ ကောင်းကောင်းမွန်မွန်ရေးတတ်တဲ့အထိ သင်မယ်ဆိုရင်တော့ ပေးရမယ့် အချိန်က နည်းနည်းနောနောမဟုတ်ပါဘူး။

 


(၄) ဘယ်ပညာကိုမဆို သင်ယူဖို့လိုအပ်တဲ့အခြေခံအချက်တွေကို ပုံမှန်ပေးချင်ရဲ့လား
ဥပမာ...ငွေကြေး၊ အချိန်၊ ကြိုးပမ်းအားထုတ်မှု။ အဲဒါတွေတစ်ခုမှမပေးပဲ ဘာပညာမှ မရပါဘူး။ ပြီးတော့ သူတို့အားလုံးဟာ စပ်ဆက်နေပါတယ်။ နည်းနည်းပဲပေးရင် နည်းနည်းပဲရပါမယ်။

 


(၅) မိမိမှာ တရုတ်စကားပြောတဲ့အသိုင်းအဝိုင်းရှိလား
ရှိရင်ကံကောင်းပါတယ်။ စကားပြောအမြန်တတ်လာမှာပါ။ မရှိရင်တော့ ဘယ်လိုရှိအောင်လုပ်မလဲဆိုတာ စဉ်းစားရပါမယ်။
Online ကနေ တရုတ်စကားပြောလေ့ကျင့်ဖို့ မလွယ်ပါဘူး။ စာလေ့လာဖို့ပဲလွယ်မှာပါ။ အဲဒီတော့ အနည်းဆုံး သင်တန်းတစ်ခုကို အားကိုးရမှာပါ။

 


(၆) စနစ်တကျတတ်ချင်တာလား
စနစ်တကျ တတ်ချင်ရင်တော့ ဆရာတစ်ယောက်ဆီက အရင်ဦးဆုံး ဆည်းပူးရပါမယ်။
အခြေခံကို စနစ်ကျနစွာ ပိုင်နိုင်သွားပြီဆိုရင်တော့ မိမိဘာသာဆက်ပြီး လေ့လာလို့ရပါပြီ။ စနစ်မကျရင် အချိန်ပိုကုန်ပါတယ်။ လူပိုပင်ပန်းပါတယ်။
ဘယ်လိုဆက်ပြီး စနစ်တကျ လေ့လာရမယ်ဆိုတာသိဖို့လည်း အရေးကြီးပါတယ်။

 


(၇) ဘယ်ဆရာကောင်းလဲ ၊ ဘယ်စာအုပ်ကောင်းလဲ
ဘယ်ဆရာ ဘယ်စာအုပ်မဆို အကန့်အသတ်ရှိပါတယ်။ သူ့အနေအထားနဲ့သူ ကောင်းကြပါတယ်။
ဆရာကောင်းမကောင်းကိုလည်း သင်ယူကြည့် လိုက်ရင် သိလာနိုင်ပါတယ်။ ဒီဆရာက ကိုယ်နဲ့မသင့်တော်ရင် နောက်ဆရာတစ်ယောက်ရှာဖို့ပဲ ရှိပါတယ်။
ဆရာမျိုးစုံဆီက ဆည်းပူးနိုင်ရင်လည်း ယူတတ်ရင် ပညာရစရာချည်းပဲဖြစ်ပါတယ်။

 


(၈) ဘာဆင်ခြေတွေကတားဆီးထားသလဲ
အလုပ်လုပ်နေရလို့၊ အချိန်က ညမှအားတာ၊ မနက်မှအားတာ ၊ အသက်ကြီးသွားလို့ ၊ ဉာဏ်မကောင်းလို့၊ ပိုက်ဆံမရှိလို့၊ အတူသင်မယ့် အဖော်မရှိလို့၊ ဆရာက လူနည်းရင်မသင်ဘူးတဲ့ စသဖြင့် ကြိုက်တဲ့ဆင်ခြေပေးလို့ရပါတယ်။
တတ်မြောက်ခြင်းကလည်း သင့်ဆင်ခြေ အတိုင်း အချိုးကျကျ လိုက်နေမှာပါ။ ကိုယ့်အခြေအနေနဲ့ ကိုက်ညီတဲ့ အခြေအနေတစ်ခုကတော့ တကယ်တတ်မြောက်ချင်တဲ့ လူတွေအတွက် ရှိနေမှာ မလွဲပါဘူး။

မိမိ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိမိသားသမီး၊ ညီ၊ ညီမလေးတွေအတွက်ပဲဖြစ်ဖြစ် တရုတ်ဘာသာစကားကို အိမ်မှာပဲ ကိုယ်ပိုင်ဆရာ၊ ဆရာမတွေ ခေါ်ယူပြီးသင်ကြားချင်ရင်တော့ sayar.com.mm မှာ တရုတ်ဘာသာစကား သင်ကြားပေးသော

Study Guide ဆရာ၊ ဆရာမများရှိပါသည်။ ဤလင့်ခ် https://www.sayar.com.mm/subjects/all-teachers/subject-221.html တွင် အခမဲ့ဝင်ရောက်ရှာဖွေလို့ရနိုင်ပါတယ်။

 

sayar.com.mm

Read times
Rate this articles
(2 votes)