×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Friday, 10 January 2020

"၂၀၂၀ မှာ သင်ယူလေ့လာထားသင့်တဲ့ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ အသုံးဝင်ဆုံးဘာသာစကား (၁၀) မျိုး"

"၂၀၂၀ မှာ သင်ယူလေ့လာထားသင့်တဲ့ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ အသုံးဝင်ဆုံးဘာသာစကား (၁၀) မျိုး" google.com

ကမ္ဘာ့နိုင်ငံ အသီးသီး ကို ပညာသင်ယူဖို့သွားတာပဲ ဖြစ်ဖြစ်၊ အလုပ်အကိုင်ကြောင့်သွားတာပဲ ဖြစ်ဖြစ် အဲ့ဒီနိုင်ငံတွေရဲ့ ဘာသာစကားတွေကို တတ်မြောက်ထားဖို့လိုအပ်ပါတယ်။

အခုပြောပြပေးမယ့် ဘာသာစကားတွေကတော့ ကမ္ဘာအနှံ့ ရဲ့ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေးတွေ မှာ အရမ်းကိုအသုံးဝင်တဲ့ ဘာသာစကားတွေပါ။ ဒါကြောင့် သင်ဟာ ၂၀၂၀ မှာ ဘာသာစကားအသစ်တစ်ခုခု ကို သင်ယူဖို့အစီစဉ်ရှိတယ်ဆိုရင် အခုပြောပြပေးမယ့်ဘာသာစကားတွေကို သင်ယူထားသင့်ပါတယ်။


(၁၀) စပိန်ဘာသာစကား

san_fermin_festival_spain.jpg


ကမ္ဘာပေါ်မှာ စပိန်ဘာသာစကားကို အသုံးပြုကြတဲ့ လူပေါင်း သန်း ၄၀၀ လောက်ရှိပါတယ်။ နိုင်ငံ ၂၀ မှာ တရားဝင်ဘာသာစကားအနေနဲ့ အသုံးပြုကြပါတယ်။ တကယ်လို့သင်ဟာ စပိန်ဘာသာစကားကို ပြောတတ်မယ်ဆိုရင် တောင်အမေရိကနဲ့ ဥရောပကို သွားတဲ့ အခါ လွယ်ကူအဆင်ပြေရုံသာမက မြောက်အမေရိကမှာလည်း ဒုတိယ ဘာသာစကားအနေနဲ့ အသုံးပြုကြတာကြေင့် သင့်အတွက် အရမ်းကို အထောက်အကူဖြစ်စေပါတယ်။
U.S ရဲ့ လူဦးရေ ၁၃ ရာခိုင်နှုန်း ကလည်း စပိန်ဘာသာစကားကို ပထမဘာသာစကားအဖြစ် အသုံးပြုကြပါတယ်။ စစ်တမ်းတွေအရ ၂၀၅၀ မှာ စပိန်ဘာသာစကားကို U.S မှာ တခြားဘာသာစကားတွေထက် ပိုပြီး အသုံးပြုကြမယ်လို့လဲ သုတေသီတွေက ခန့်မှန်းထားကြပါတယ်။ ဒါကြောင့်စပိန်ဘာသာစကားကိုသင်ယူသင့်ပါတယ်။

 


(၉) ပြင်သစ်ဘာသာစကား

Eiffel-Tower-in-Paris1.jpg


ပြင်သစ်ဘာသာစကားဟာ ကမ္ဘာပေါ်မှာ ပဉ္စမ မြောက် လူသုံးအများဆုံးဘာသာစကားဖြစ်သလို အင်္ဂလိပ်ဘာသာစကားပြီးရင် ပြင်သစ်ဘာသာစကားက ကျယ်ပြန့်မှုအရှိဆုံးဘာသာစကားလည်းဖြစ်ပါတယ်။
ပြင်သစ်ဘာသာစကားကို ပထမဘာသာစကား အဖြစ် ပြင်သစ်နိုင်ငံမှာ အသုံးပြုရုံသာမက ကနေဒါ၊ အာဖရိကန်နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံ အချို့မှာ လည်း တရားဝင်ဘာသာစကားအဖြစ် အသုံးပြုကြပါတယ်။ ပြင်သစ်ဘာသာစကားဟာ ခရီးသွားတွေအတွက် အရမ်းကို အသုံးဝင်တဲ့ ဘာသာစကားတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

 


(၈) ဂျာမန်ဘာသာစကား

ccimage-shutterstock_314150234.jpg


ဂျာမန်ဘာသာစကားဟာ ဥရောပတိုက်ရဲ့ နိုင်ငံတော်တော်များများ မှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူသုံးအများဆုံး ဘာသာစကားတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ ၉၀-၉၅ သန်းဟာ ဂျာမန်ဘာသာစကားကိုပထမဘာသာစကားအဖြစ်အသုံးပြုကြပြီး ၁၀-၂၅ သန်းကတော့ ဒုတိယဘာသာစကားအဖြစ်အသုံးပြုကြပါတယ်။ လူဦးရေ ၇၀-၁၀၀သန်းကတော့ဒုတိယဘာသာစကားအဖြစ်အသုံးပြုကြပါတယ်။ အာလုံးပေါင်းလိုက်ရင် ကမ္ဘာပေါ်မှာ ဂျာမန်ဘာသာစကား အသုံးပြုသူ လူဦးရေ စုစုပေါင်း၁၇၅-၂၂၀ သန်းထိရှိကြပါတယ်။ ဂျာမန်ဘာသာစကားကို လေ့လာတဲ့ အခါ အင်္ဂလိပ်ဘာသာစကားကနေလေ့လာတဲ့ အခါ ပိုပြီး လွယ်ကူပါတယ်။ ဂျာမန်ဘာသာစကားကို ဂျာမန်တွင် ပထမဘာသာစကားအဖြစ်အသုံးပြုရုံသာမက သြစတီးရီးယား နဲ့ ဆွစ်ဇလန် တို့မှာ လည်းလူအများစု အသုံးပြုကြပါတယ်။

 


(၇) တရုတ်ဘာသာစကား

CN_CTU_MarketStreet_1024x10242x.jpg


တရုတ်ဘာသာစကား ဟာ ကမ္ဘာပေါ်မှာ လူသုံအများဆုံးဘာသာစကားတွေထဲကကတစ်ခုဖြစ်ပါတယ်။ တရုတ်နိုင်ငံ နဲ့ ထိုင်ဝမ်တို့မှာ အဓိကရုံးသုံးဘာသာစကားအဖြစ် အသုံးပြုကြပါတယ်။ ကမ္ဘာပေါ်မှာ တရုတ်ဘာသာစကားအသုံးပြုသူ ၁.၂ ဘီလီယံထိရှိပါတယ်။ တရုတ်ဘာသာစကား အသုံးပြုသူ ၇၀ ရာခိုင်နှုန်း ဟာ mandarin ကိုအသုံးပြုကြပါတယ်။ ကမ္ဘာပေါ်မှာ တရုတ်ဘာသာစကား Native Speaker ပေါင်း ခန့်မှန်းခြေ ၉၈၃ သန်းရှိရုံသာစက ကမ္ဘာတဝှမ်းမှာ တရုတ်စကားကို နားလည်တဲ့ လူပေါင်း ၁.၂ ဘီလီယံအထိရှိပါတယ်။ အင်တာနက် အသုံးပြုသူတွေကြားမှာ ဒုတိယရေပန်းစားတဲ့ ဘာသာစကားဖြစ်ပါတယ်။

 


(၆) ရရှားဘာသာစကား

Pancake-week-in-Russia.jpg


ကမ္ဘာပေါ်မှာ ရရှားဘာသာစကားကို ပထမဘာသာစကားဖြင့် အသုံးပြုသူ သန်း ၁၆၀ လောက်ရှိပါတယ်။ ရရှားဘာသာစကားဟာ ကမ္ဘာ့ကုလသမဂ္ဂ မှာ တရာဝင်အသုံး ပြုတဲ့ ဘာသာစကား ၆ မျိုးထဲ ကတစ်ခုပါ။
ရရှားဘာသာစကားကို Native language အဖြစ် ဥရောပမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြတဲ့ အပြင် ယူရေးရှား၊ အစ်စရေး နဲ့ မွန်ဂိုလီးယားတို့မှာလဲ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။ ရရှားဘာစကားကို သင်ယူတဲ့ အခါမှာ လည်း အင်္ဂလိပ်ဘာသာစကား ကနေသင်ယူတဲ့ အခါ ပိုပြီး လွယ်ကူပါတယ်။ အမေရိကန် အစိုးရလည်း ရရှားဘာသာစကားကို ဦးစားပေးသင့်အသုံးပြုသင့်တဲ့ ဘာသာစကားလို့လည်းညွှန်းဆိုထားပါတယ်။ ဒါကြောင့် ရရှားဘာသာစကား ကလည်း သင်ယူသင့်တဲ့ ဘာသာစကားတစ်ခုဖြစ်ပါတယ်။

 


(၅) အာရပ်ဘာသာစကား

20190408-SME-Magazine-Website-Dubai-Assisting-SME-Payment-Image.jpg


အာရပ်ဘာသာစကားကို အာရပ် စော်ဘွားနိုင်ငံတော်တော်များများမှာ အသုံးပြုကြတဲ့အပြင် အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ စီးပွားရေးသုံး ဘာသာစကားအနေနဲ့လည်း အသုံးပြုကြပါတယ်။ ကမ္ဘာပေါ်မှာ အာရပ်ဘာသာစကားအသုံးပြုသူ ၂၉၅ သန်းရှိပြီး နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ တရားဝင်ဘာသာစကားအဖြစ်အသုံးပြုကြပါတယ်။ အာရပ်ဘာသာစကားပြောတတ်ခြင်းဟာ အလုပ်အကိုင်နှင့် ခရီး သွားလာခြင်းအတွက် များစွာ အထောက်အကူဖြစ်စတဲ့ အပြင် ကမ္ဘာ့နိုင်ငံတွေရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့၊ စာနယ်ဇင်း လုပ်ငန်းတို့မှာ အာရပ်ဘာသာစကားတတ်သူများအတွက် များစွာ အခွင့်အလမ်းတွေရှိပါတယ်။

 


(၄) အီတလီဘာသာစကား

Venice Carnival Masked Lovers 2010


အီတလီဘာသာစကားကို ရိုမန်တစ် ဆန်တဲ့ ဘာသာစကားလို့လည်း တင်စားခေါ်ဆိုကြပါတယ်။ ကမ္ဘာပေါ်မှာ အီတလီ ဘာသာစကားကို အသုံးပြုသူ ၆၃ သန်းကျော်ရှိပါတယ်။ အီတလီဘာသာစကားကို ဆွစ်ဇလန်၊ ဆလိုဗန်းနီးယား နဲ့ ခရိုအေးရှားတို့မှာလည်း တရားဝင်ဘာသာစကားအဖြစ်အသုံးပြုကြပါတယ်။ အီတလီဘာသာစကားဟာလည်း ပြင်သစ်နဲ့စပိန်တိုလို့ သင်ယူရတာလွယ်ကူတဲ့ဘာသာစကားတစ်ခုဖြစ်ပါတယ်။

 


(၃) ကိုရီးယားဘာသာစကား

694e979e-7e47-4f6b-ac81-f0ee48af9c60_640.jpg


ကမ္ဘာပေါ်မှာ ကိုရီးယား ဘာသာ စကားအသုံးပြုသူ ၇၇.၂ သန်းကျော်ရှိပါတယ်။ ကိုရီးယားဘာသာစကားသင်ယူခြင်းဟာ ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ စာပေနဲ့ဂီတာတို့ကို လေ့လာဖို့အတွက် များစွာအထောက်အကူဖြစ်စေပါတယ်။ နောက်ပြီး လူကြိုက်များတဲ့ K pop နဲ့ အလုပ်အကိုင် အခွင့် အလမ်းများစွာ ရှိနေတာကြောင့်ကိုရီးယားဘာသာစကားဟာလည်း သင်ယုသင့်တဲ့ ဘာသာစကားတစ်ခုဖြစ်ပါတယ်။

 


(၂) ဂျပန်ဘာသာစကား

a0002936_parts_5c64ed0c03abb.jpg


ဂျပန်ဘာသာစကားဟာ ကမ္ဘာပေါ်မှာ နဝမ မြောက် လူသုံးအများဆုံးဘာသာစကားတစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေ ၁၂၉ သန်းကျော်ဟာ ဂျပန်ဘာသာစကားကိုအသုံးပြုကြပါတယ်။ ပြီးတော့် ဂျပန်နိုင်ငံဟာ အာရှရဲ့ စက်မှုအထွန်းကားဆုံးနိုင်ငံဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဂျပန်ဘာစကား ကိုအသုံးပြုပြီး အင်တာနက်စီးပွားရေးပြုလုပ်သူ ၈၈.၆ သန်းထိရှိပါတယ်။ ဂျပန်နိုင်ငံဟာ အလုပ်အကိုင် နဲ့ စီးပွားရေးအတွက် အခွင့်အလမ်းများစွာ ရှိတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်ဘာသာစကားကိုလည်း သင်ယူထားသင့်ပါတယ်။

 


(၁) အင်္ဂလိပ်ဘာသာစကား(လူသုံးများဆုံးဘာသာစကား)

emily-w.-edge-hill-university-1.jpg


အင်္ဂလိပ်ဘာသာစကားတော့ သိကြတဲ့ အတိုင်းပဲ ကိုယ့်ရဲ့ မိခင်ဘာသာစကားပြီးရင် ဒုတိယလူသုံး အများဆုံးဘာသာစကားဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေ ၁.၅ ဘီလီယံကျော်.. ကမ္ဘာ့လူဦးရေ ၂၀ ရာခိုင်နှုန်းဟာဟာ အင်္ဂလိပ်ဘာသာစကားကိုအသုံးပြုကြပါတယ်။ ထိုအင်္ဂလိပ်ဘာသာစကားအသုံးပြုသူအားလုံးဟာ native speaker တွေမဟုတ်ကြပါဘူး။ ကမ္ဘာ့နိုင်ငံ ၉၄ နိုင်ငံရဲ့လူဦးရေ သန်း၃၆၀ ကတော့ သူတို့ရဲ့ ပထမ ဘာသာစကားအဖြစ်အင်္ဂလိပ်ဘာသာစကားကိုအသုံးပြုကြပါတယ်။ အင်္ဂလန်၊ အမေရိကန်နဲ့ သြစတေးလျ နိုင်ငံတွေမှာ တစ်နိုင်ငံလုံး လိုလို အင်္ဂလိပ်ဘာသာစကားအသုံးပြုကြပါတယ်။ အင်တာနက်အသုံးပြုသူ ၉၄၃ သန်းကလည်း အင်္ဂလိပ်ဘာသာစကားကို အဓိကထားအသုံးပြုကြတာဖြစ်ပါတယ်။ သေချာတာကတော့ ဘယ်နိုင်ငံပဲသွားသွား အင်္ဂလိပ်ဘာသာစကား ပြောတတ်ဆိုတတ်ဖို့အရမ်းကိုအရေးကြီးပါတယ်။ ဒါကြောင့်လဲ ကျွန်တော်တို့ ငယ်စဉ်ကတည်းက အင်္ဂလိပ်စာ ကို လေ့လာနေကြရတာဖြစ်ပါတယ်။
အခုဖော်ပြပေးခဲ့တာကတော့ ကမ္ဘာ့နိုင်ငံတွေ သွားတဲ့ အခါ တခြားဘားသာစကားတွေထက် အသုံးဝင်မယ့်ဘာသာစကားတွေပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ၂၀၂၀ မှာ ဖော်ပြပေးခဲ့တဲ့ ဘာသာစကားတွေကို လေ့လာသင်ယူသင့်ပါတယ်။

 

STH(Sayar.com.mm)

 

ZAWGYIဖြင့်ဖတ်ရန်

"၂၀၂၀ မှာ သင်ယူလေ့လာထားသင့်တဲ့ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ အသုံးဝင်ဆုံးဘာသာစကား (၁၀) မျိုး"


(၁၀) စပိန်ဘာသာစကား




 


(၉) ပြင်သစ်ဘာသာစကား




 


(၈) ဂျာမန်ဘာသာစကား




 


(၇) တရုတ်ဘာသာစကား




 


(၆) ရရှားဘာသာစကား




 


(၅) အာရပ်ဘာသာစကား




 


(၄) အီတလီဘာသာစကား




 


(၃) ကိုရီးယားဘာသာစကား




 


(၂) ဂျပန်ဘာသာစကား




 






 

STH(Sayar.com.mm)

Read times
Rate this articles
(0 votes)