×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Wednesday, 15 January 2020

"ဘာသာစကားသင္ယူေလ့လာေနသူအတြက္ အေထာက္အကူျဖစ္ေစမယ့္ ရက္ (၃၀) စာ Challenge”

ဘာသာစကားေတြကို သင္ယူေလ့လာေနတဲ့ သူေတြအတြက္ အကူအညီအေထာက္ကူျဖစ္ေစမယ့္ Challenge ေလးတစ္ခုလုပ္ေပးခ်င္ပါတယ္။ ရက္ ၃၀ ပဲ ၾကာမွာပါ။

အခုေျပာျပမယ့္ ရက္ (၃၀) စာ challenge ေလးကို လိုက္နာမယ္ဆိုရင္တာ့ သင့္ရဲ႕ ဘာသာစကားသင္ယူမႈအတြက္ တစ္ေထာင့္ တစ္ေနရာရာ ကအေထာက္အကူျဖစ္ေစမွာပါ။ ဒါေၾကာင့္ဒီ Challenge ေလးကို လုပ္ၾကည့္မယ္လို႕ ဆံုးျဖတ္ထားရင္ အစအဆံုး လုပ္ဖို႕တိုက္တြန္းခ်င္ပါတယ္။ တစ္ေန႕ ကို အခ်ိန္ နာရီဝက္ ..ေလးဆယ့္ငါးမိနစ္ေလာက္ပဲ ေပးရမွာ ျဖစ္တဲ့ အတြက္ အားလံုးအတြက္ အဆင္ေျပမယ္ လို႕ထင္ပါတယ္။ ကိုယ္Challenge လုပ္မယ့္ ဘာသာစကားကိုေတာ့ ကိုယ့္ဘာသာ ေရြးခ်ယ္ပါ။ ဘာသာစကားအားလံုးအတြက္ အဆင္ေျပေအာင္ေဖာ္ျပေပးထားပါတယ္။

တစ္ခုေျပာခ်င္တာက Day 2 ကိုေရာက္တာနဲ႔ Day 1 လုပ္ရမယ့္ အရာကို ဆက္လုပ္ရမွာပါ။ အဲ့လိုပဲ တစ္ေနခ်င္းစီ လုပ္ရမယ့္အရာ ကတစ္ျဖည္းျဖည္းတိုးတိုးသြားမွာပါ။

ကဲ Challenge ေလးကိုစလိုက္ၾကရေအာင္................


Day 1 : ဘာသာစကားေလ့လာလို႕ရတဲ့ ကိုယ္နဲ႕ အဆင္ေျပမဲ့ App တစ္ခုခု ကိုေဒါင္းပါ။ ဥပမာ ..Dulingo ဆို ဘာသာစကား ေတာ္ေတာ္မ်ားမ်ားေလ့လာလို႕ရတဲ့ အတြက္ ပိုျပီး အဆင္ေျပေစပါတယ္။
တစ္ေန႔ကို ကိုယ္Challenge လုပ္မယ့္ ဘာသာစကားရဲ႕ ေဝါဟာရ အသစ္ အလံုး ၁၀ လံုး ကေန ၁၅လံုးထိ အလြတ္ရေအာင္ လုပ္ပါ။ ဘာသာစကားေတြ ေျပာဆိုရာမွာလည္း ေဝါဟာရ ၾကြယ္ဝျခင္းက သင့္ကို အေထာက္အကူ မ်ားစြာျပဳပါတယ္။

 


Day 2 : File တစ္ခုတည္ေဆာက္ပါ။ File ထဲမွာ ဘာသာစကားေလ့လာ မႈအတြက္ အက်ိဳးျဖစ္ေစမယ့္အရာေတြမွန္သမ်ွထည့္ပါ။

 


Day 3 : Social Media မွာ သင္ေလ့လာေနတဲ့ ဘာသာစကားေတြကို သင္ၾကားေပးေနတဲ့ Influencers ေတြကို Follow လုပ္ပါ။

ဥပမာ ..သင္ကအဂၤလိပ္ဘာသာစကားကိုေလ့လာေနရင္ facebook မွာ အဂၤလိပ္နဲ႔ ပက္သက္တဲ့ သင္ခန္းစာေတြ ေန႔စဥ္ပို႔ခ်ေပးေနတဲ့ Page ေတြ ဆရာ၊ ဆရာမေတြရွိပါတယ္။ သူတို႕ကို Follow လုပ္ျပီး အျမဲေစာင့္ၾကည့္ပါ။

 

 


Day 4 : သင့္နဲ႕ ပက္သက္တဲ့ အေၾကာင္းအရာ ၃ ခုကို သင္ေလ့လာေနတဲ့ ဘာသာစကားနဲ႕ စာေၾကာင္း ၃ ေၾကာင္းေရးပါ။ ေရးတဲ့ အခါမွာလဲ ရိုးရိုးရွင္းရွင္းနဲ႕ သင္အျမဲလုပ္ေနက် အေၾကာင္းအရာကိုေရးပါ။ ေရးတဲ့ အခါမွာေရးပံု ေရးနည္းေတြကုိ ၾကည့္ျပီး ေရးလည္းရပါတယ္။

 


Day 5 : ကိုယ့္ေလ့လာေနတဲ့ ဘာသာစကား နဲ႔ သီဆိုထားတဲ့ သီခ်င္းတစ္ပုဒ္နားေထာင္ပါ။ ျပီးရင္ အဲ့သီခ်င္းရဲ႕ စာသားေတြကို နားလည္ေအာင္လုပ္ပါ။ သူတို႕ရဲ႕ အသံထြက္ ကို ေသခ်ာနားေထာင္ျပီး လိုက္ဆိုႏိုင္ေအာင္လည္းလုပ္ပါ။

 


Day 6 : Youtube မွာ သင္ေလ့လာေနတဲ့ ဘာသာစကားေတြအတြက္ အေထာက္အကူျဖစ္ေစမယ့္ Youtubers ေတြကို Follow လုပ္ပါ။ ဥပမာ DeDe burmese vlog ဆို တခါတေလ ဘာသာစကား သင္ယုမႈအတြက္ အေထာက္အကူျဖစ္ေစမယ့္ videos ေတြတင္ေပးပါတယ္။

 


Day 7 : သင္ေလ့လာေနတဲ့ဘာသာစကားနဲ့ ေရးထားတဲ့ စာတစ္ခုခု ကိုဖတ္ပါ။ ဥပမာ ႏိုင္ငံျခားသားတစ္ေယာက္ေယာက္က ေရးထားတဲ့ Post ေတြကို၊ ေဆာင္းပါးေတြကို လိုက္ဖတ္ပါ။

 


Day 8 : ကိုယ္ေလ့လာေနတဲ့ ဘာသာစကား ကိုကၽြမ္းကၽြမ္းက်င္က်င္ေျပာတတ္တဲ့ သူနဲ႕ Chat ပါ။ အထူးသျဖင့္ facebook မွာေပါ့။ သူ႕ကိုလည္း ကုိယ္ေလ့လာေနတဲ့ ဘာသာစကားနဲ႔ေျပာခိုင္းျပီး ကိုယ္ကိုယ္ တိုင္လည္း အဲ့ဒီတိုင္းပဲေျပာပါ။ grammar တို႕စားလံုးပါင္းမွားမွာ တို႔အတြက္ အရမ္းၾကီး စိတ္မပူပါနဲ႕။ ကိုယ္နဲ႔ရင္းႏွီးတဲ့ သူျဖစ္တဲ့အတြက္ စိတ္ကိုေပါ့ေပါ့ ပါးပါးပဲ ထားပါ။

AutoCAD သင္ၾကားေပးေသာ Guide ဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-228.html

 


Day 9 : သင့္ရဲ႕ ဖုန္း၊ လက္ေတာ့မွာ ရွိတဲ့ ဘာသာစကား Setting ကို သင္ယူေလ့လာေနတဲ့ ဘာသာစကားေျပာင္းပစ္လိုက္ပါ။ ဒီအခ်က္က အစပိုင္းပါ အနည္းငယ္ေတာ့ ခက္ခဲေနပါလိမ့္မယ္။ ဒါေပမဲ့ မခက္ခဲဘူးလို႕လဲေျပာလို႕ရပါတယ္။ ဘာမွေျပာင္းမသြား ပဲ ဘာသာစကားေလးတစ္ခုပဲ ေျပာင္းသြားတာပါ။

 


Day 10 : သင့္အိမ္မွာ ရွိတဲ့ အရာဝတၳဳေတြကို သင္ေလ့လာေနတဲ့ ဘာသာစကားနဲ႔label ေတြလိုက္တပ္ၾကည့္ပါ။ စာေရးလို႕ရတဲ့ ကပ္ခြာေလးေတြေဆာင္ထားပါ။ စာေလးေတြေရးျပီး လိုက္ကပ္ပါ။

 


Day 11 : သင္ေလ့လာေနတဲ့ ဘာသာစကားနဲ႕ positive စာေၾကာင္း ၅ ေၾကာင္းေရးပါ။ ဥပမာ က်ြန္ေတာ္ဒီေန႕ ေစာေစာအိပ္မယ္။ အစရွိသျဖင့္ေပါ့။

 


Day 12 : သင္ေလ့လာေနတဲ႔ ဘာသာစကား နဲ႕ negative စာေၾကာင္း ၅ေၾကာင္းေရးပါ။ Day 11 မွာေရးခဲ့တဲ့ positive စာေၾကာင္း ၅ ေၾကာင္းကိုပဲ negative အျဖစ္ေျပာင္းေရးပါ။ positive နဲ႕ negativeၾကားက ကြဲျပားျခားနားမႈေတြကို နားလည္လာပါလိမ့္မယ္။

 


Day 13 : သင္ေလ့လာေနတဲ့ ဘာသာစကား ရုပ္ရ်င္ကိုတစ္ခုခု ကိုၾကည့္ပါ။ ၾကည့္တဲ့အခါမွာ ျမန္မာစာတန္းထိုးျပီးၾကည့္ပါ။ ဒါေပမဲ့ သူတို႕ရဲ႕ စကားအသံထြက္ေတြ..စာလံုးေတြကို မွတ္ႏိုင္သေလာက္လိုက္မွတ္ပါ။

 


Day 14 : day 13 မွာ ၾကည့္ခဲ့တဲ့ရုပ္ရွင္ကိုပဲ ျမန္မာစာတန္းမထိုးေတာ့ပဲ ကိုယ္ေလ့လာေနတဲ့ ဘာသာစကားစာတန္းထိုးျပီးၾကည့္ပါ။ ဥပမာ အဂၤလိပ္ဘာသာစကား ေလ့လာေနတာဆိုရင္ အဂၤလိပ္စာတန္းထိုးျပီးၾကည့္ပါ။ စာတန္းေတြကို ၾကည့္ျပီး ဘာသာလိုက္ျပန္ၾကည့္ပါ။ မရရင္ google translateအသံုးျပဳပါ။

 


Day 15 : သင္ေလ့လာေနတဲ့ ဘာသာစကားနဲ႕ ပက္သက္တဲ႔ Grammar အခ်ိဳ႕ကိုေလ့လာပါ။

 


Day 16 : သင့္ရဲ႕တစ္ေန႕တာအေၾကာင္းကိုေရးပါ။ ဥပမာ မနက္ဘယ္အခ်ိန္ထတယ္၊ မနက္စာဘာစားတယ္၊ ဘယ္သူနဲ႕အျပင္သြားတယ္၊ ဘယ္ေနရာကိုသြားတယ္ အစရ်ိသျဖင့္ေပါ့။ အဲ့ဒီ ကိုယ့္ရဲ႕တစ္ေန႕တာေတြကို သင္ေလ့လာေနတဲ့ ဘာသာစကားနဲ႕ေရးပါ။

 


Day 17 : သတင္းစာေတြဖတ္ပါ။ ဥပမာ အဂၤလိပ္ဘာသာစကားေလ့လာေနတာဆိုရင္ အဂၤလိပ္လိုေရးထားတဲ့ သတင္းစာ ေဆာင္းပါးေတြကို day 17 ကစျပီးဖတ္ပါ။

 


Day 18 : တစ္ေယာက္ေယာက္နဲ႕ Chat ပါ။ Day 8 မွာလိုေတာ့ ကိုယ္နဲ႕သိတဲ့ လူနဲ႕မဟုတ္ပဲ။ ကုိယ္ေလ့လာေနတဲ့ ဘာသာစကားရဲ႕ႏိုင္ငံသားနဲ႔ Social Media ေပၚမွာ စကားေျပာပါ။ သင္ဟာ ဘာသာစကားေလ့လာေနဆဲ လူတစ္ျဖစ္ေၾကာင္းလဲ သူ႕ကိုေျပာျပပါ။

 


Day 19 : သင္ေလ့လာေနတဲ့ ဘာသာစကားရဲ႕ TV Series ေတြ၊ TV shows ေတြ ၾကည့္ပါ။

 


Day 20 : သင့္အတြက္ ခက္ခဲေနေသးတဲ့ စာလံုးေတြကို စုျပီး list လုပ္ပါ။ ဥပမာ သင္ဂ်ပန္စာ ကို ေလ့လာေနတာဆိုရင္ သင့္အတြက္ ခက္ခဲေနတဲ့ စာလံုးေတြကို List လုပ္ျပီး အဲ့စာလံုးေတြ ခ်ည္းသီးသန္႕ျပန္ေလ့လာပါ။

Sayar Guice banner design 2 3 


Day 21 : သင္ေလ့လာေနတဲ့ ဘာသာစကားရဲ ႕ Native speakers ေတြေျပာထားတဲ့ Audio သီးသန္႕ file ေတြကို podcasts မွာ Day 21 ကစျပီး နားေထာင္ပါ။ Day 21ေရာက္ေနျပီျဖစ္တဲ့ အတြက္ Native Speakers ေတြရဲ႕ အသံနဲ႕ စကားလံုးေတြကို နားလည္သင့္သေလာက္နားလည္လာပါလိမ့္မယ္။

 


Day 22 : သင့္ရဲ႕ တစ္ေန႕တာ အေၾကာင္းကိုေရးပါ။ Day 16 မွာလို လြယ္လြယ္ ေလးေတြ မေရးေတာ့ပဲ၊ နည္းနည္းခက္တဲ႔ အေၾကာင္းအရာေလးေတြ ကိုေရးပါ။ ဥပမာ .. ဒီေန႕လိုင္းကားစီးရတာ အဆင္မေျပဘူး ကား ကၾကပ္ လိုက္တာ..အစရွိသျဖင့္ေပါ့။

 


Day 23 : သင့္ေလ့လာေနတဲ့ ဘာသာစကားရဲ႕ Social Media Group ေတြကို Join ပါ။ ဥပမာ ျမန္မာႏိုင္ငံရဲ႕ social media မွာ ဟာသGroupေလးေတြရွိသလို ႏိုင္ငံျခားမွာ လည္း အဲ့လို Groupေတြရွိပါတယ္။ အဲ့group ေတြကို Join ပါ။ အဲ့ဒီခါက်ရင္ သူတို႕ရဲ႕ ဘန္းစကားေတြကို နားလည္လာပါလိမ့္မယ္။

 


Day 24 : day 24 ကစျပီး ျမင္တဲ့အရာ မွန္သမွ်ကို ကိုယ္ေလ့လာေနတဲ့ ဘာသာစကားနဲ႔ပဲေတြးပါ။ ဥပမာ ပန္းသီးကို ျမင္ရင္ apple အစရွိသျဖင့္ေပါ ့။

 


Day 25 : ဝတၳဳတစ္ပုဒ္ေရးပါ။ ကိုယ္ေလ့လာေနတဲ့ ဘာသာစကားနဲ႔ ဝတၳဳ တစ္ပုဒ္ေရးျပီး သူငယ္ခ်င္းေတြကို ဖတ္ခိုင္းပါ။ ဒီတခါေရးရင္ေတာ့ သင့္တတ္ထားသမွ် အရာေတြကို အကုန္ထုတ္သံုးျပီးေရးပါ။ သူတို႕ဆီ က feedback ျပန္ယူပါ။

 


Day26 : သင့္ဦးေနွာက္မွာ ထိပ္ဆံုးမွတ္မိေနတဲ့ စာလံုး အလံုး ၅၀ ကိုခ်ေရးပါ။ day 1 မွာ လုပ္ခဲ့တဲ့ တစ္ေန႕ကို စာလံုး ၁၀ လံုး အလြတ္က်က္ တာဟာ အခု day 26 ေရာက္တဲ့ အတြက္ စာလံုး ၂၆၀ ေလာက္ရေနေလာက္ပါျပီ။ အဲ့ဒီထဲက မွာ ထိပ္ဆံုးမွတ္မိေနတဲ႕ စာလံုး (၅၀) ကိုခ်ေရးပါ။

 


Day 27 : အဲ့ဒီ စာလံုး ၅၀ ကိုပဲ အသံုးျပဳျပီး စာေၾကာင္းေတြေရးၾကည့္ပါ။

 


Day 28 : ကိုယ္တစ္ေယာက္တည္း စကားေျပာထားတာကို 3မိနစ္စာေလာက္ record လုပ္ပါ။ ျပန္နားေထာင္ပါ။ ကိုယ္လိုအပ္ေနတဲ႔ အရာေတြကို ျပင္ပါ။

 


Day 29 : Native speakersေတြနဲ႔ အျပန္အလွန္စကားေျပာပါ။

 

 


Day 30 : day 30 ေရာက္ရင္ေတာ့ အခုလုပ္ခဲ့တဲ႔ Challengeကသင္႔အေပၚ ဘယ္ေလာက္ထိ အက်ိဳး သက္ေရာက္မႈရွိတယ္၊ သင္ေလ့လာေနတဲ႕ ဘာသာစကား စြမ္းရည္ ဘယ္ေလာက္တိုးတက္မႈရွိတယ္ဆိုတာ ေတြကို ခ်ေရးလိုက္ပါေတာ့….
အခုေျပာျပေပးခဲ့တာကေတာ့.. ဘာသာစကားသင္ယူေလ့လာေနသူေတြအတြက္ အေထာက္ အကူျဖစ္ေစမယ့္ ရက္ ၃၀ စာ challenge ေလးပဲျဖစ္ပါတယ္။ အာလံုးအတြက္ အသံုးဝင္ျပီး Challengeေလး ျပီးေျမာက္ၾကပါေစလို႕ဆုေတာင္းလိုက္ပါတယ္။

Sayar Guice banner design 2 3

 

sayar.com.mm

 

Unicode version

ဘာသာစကားတွေကို သင်ယူလေ့လာနေတဲ့ သူတွေအတွက် အကူအညီအထောက်ကူဖြစ်စေမယ့် Challenge လေးတစ်ခုလုပ်ပေးချင်ပါတယ်။

ရက် ၃၀ ပဲ ကြာမှာပါ။ အခုပြောပြမယ့် ရက် (၃၀) စာ challenge လေးကို လိုက်နာမယ်ဆိုရင်တာ့ သင့်ရဲ့ ဘာသာစကားသင်ယူမှုအတွက် တစ်ထောင့် တစ်နေရာရာ ကအထောက်အကူဖြစ်စေမှာပါ။ ဒါကြောင့်ဒီ Challenge လေးကို လုပ်ကြည့်မယ်လို့ ဆုံးဖြတ်ထားရင် အစအဆုံး လုပ်ဖို့တိုက်တွန်းချင်ပါတယ်။ တစ်နေ့ ကို အချိန် နာရီဝက် ..လေးဆယ့်ငါးမိနစ်လောက်ပဲ ပေးရမှာ ဖြစ်တဲ့ အတွက် အားလုံးအတွက် အဆင်ပြေမယ် လို့ထင်ပါတယ်။ ကိုယ်Challenge လုပ်မယ့် ဘာသာစကားကိုတော့ ကိုယ့်ဘာသာ ရွေးချယ်ပါ။ ဘာသာစကားအားလုံးအတွက် အဆင်ပြေအောင်ဖော်ပြပေးထားပါတယ်။
တစ်ခုပြောချင်တာက Day 2 ကိုရောက်တာနဲ့ Day 1 လုပ်ရမယ့် အရာကို ဆက်လုပ်ရမှာပါ။ အဲ့လိုပဲ တစ်နေချင်းစီ လုပ်ရမယ့်အရာ ကတစ်ဖြည်းဖြည်းတိုးတိုးသွားမှာပါ။

ကဲ Challenge လေးကိုစလိုက်ကြရအောင်.....


Day 1 : ဘာသာစကားလေ့လာလို့ရတဲ့ ကိုယ်နဲ့ အဆင်ပြေမဲ့ App တစ်ခုခု ကိုဒေါင်းပါ။ ဥပမာ ..Dulingo ဆို ဘာသာစကား တော်တော်များများလေ့လာလို့ရတဲ့ အတွက် ပိုပြီး အဆင်ပြေစေပါတယ်။
တစ်နေ့ကို ကိုယ်Challenge လုပ်မယ့် ဘာသာစကားရဲ့ ဝေါဟာရ အသစ် အလုံး ၁၀ လုံး ကနေ ၁၅လုံးထိ အလွတ်ရအောင် လုပ်ပါ။ ဘာသာစကားတွေ ပြောဆိုရာမှာလည်း ဝေါဟာရ ကြွယ်ဝခြင်းက သင့်ကို အထောက်အကူ များစွာပြုပါတယ်။

 


Day 2 : File တစ်ခုတည်ဆောက်ပါ။ File ထဲမှာ ဘာသာစကားလေ့လာ မှုအတွက် အကျိုးဖြစ်စေမယ့်အရာတွေမှန်သမျှထည့်ပါ။

 


Day 3 : Social Media မှာ သင်လေ့လာနေတဲ့ ဘာသာစကားတွေကို သင်ကြားပေးနေတဲ့ Influencers တွေကို Follow လုပ်ပါ။
ဥပမာ ..သင်ကအင်္ဂလိပ်ဘာသာစကားကိုလေ့လာနေရင် facebook မှာ အင်္ဂလိပ်နဲ့ ပက်သက်တဲ့ သင်ခန်းစာတွေ နေ့စဉ်ပို့ချပေးနေတဲ့ Page တွေ ဆရာ၊ ဆရာမတွေရှိပါတယ်။ သူတို့ကို Follow လုပ်ပြီး အမြဲစောင့်ကြည့်ပါ။

 


Day 4 : သင့်နဲ့ ပက်သက်တဲ့ အကြောင်းအရာ ၃ ခုကို သင်လေ့လာနေတဲ့ ဘာသာစကားနဲ့ စာကြောင်း ၃ ကြောင်းရေးပါ။ ရေးတဲ့ အခါမှာလဲ ရိုးရိုးရှင်းရှင်းနဲ့ သင်အမြဲလုပ်နေကျ အကြောင်းအရာကိုရေးပါ။ ရေးတဲ့ အခါမှာရေးပုံ ရေးနည်းတွေကို ကြည့်ပြီး ရေးလည်းရပါတယ်။

 


Day 5 : ကိုယ့်လေ့လာနေတဲ့ ဘာသာစကား နဲ့ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်နားထောင်ပါ။ ပြီးရင် အဲ့သီချင်းရဲ့ စာသားတွေကို နားလည်အောင်လုပ်ပါ။ သူတို့ရဲ့ အသံထွက် ကို သေချာနားထောင်ပြီး လိုက်ဆိုနိုင်အောင်လည်းလုပ်ပါ။

 


Day 6 : Youtube မှာ သင်လေ့လာနေတဲ့ ဘာသာစကားတွေအတွက် အထောက်အကူဖြစ်စေမယ့် Youtubers တွေကို Follow လုပ်ပါ။ ဥပမာ DeDe burmese vlog ဆို တခါတလေ ဘာသာစကား သင်ယုမှုအတွက် အထောက်အကူဖြစ်စေမယ့် videos တွေတင်ပေးပါတယ်။

 


Day 7 : သင်လေ့လာနေတဲ့ဘာသာစကားနဲ့ ရေးထားတဲ့ စာတစ်ခုခု ကိုဖတ်ပါ။ ဥပမာ နိုင်ငံခြားသားတစ်ယောက်ယောက်က ရေးထားတဲ့ Post တွေကို၊ ဆောင်းပါးတွေကို လိုက်ဖတ်ပါ။

 


Day 8 : ကိုယ်လေ့လာနေတဲ့ ဘာသာစကား ကိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့ သူနဲ့ Chat ပါ။ အထူးသဖြင့် facebook မှာပေါ့။ သူ့ကိုလည်း ကိုယ်လေ့လာနေတဲ့ ဘာသာစကားနဲ့ပြောခိုင်းပြီး ကိုယ်ကိုယ် တိုင်လည်း အဲ့ဒီတိုင်းပဲပြောပါ။ grammar တို့စားလုံးပါင်းမှားမှာ တို့အတွက် အရမ်းကြီး စိတ်မပူပါနဲ့။ ကိုယ်နဲ့ရင်းနှီးတဲ့ သူဖြစ်တဲ့အတွက် စိတ်ကိုပေါ့ပေါ့ ပါးပါးပဲ ထားပါ။

 AutoCAD သင်ကြားပေးသော Guide ဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-228.html


Day 9 : သင့်ရဲ့ ဖုန်း၊ လက်တော့မှာ ရှိတဲ့ ဘာသာစကား Setting ကို သင်ယူလေ့လာနေတဲ့ ဘာသာစကားပြောင်းပစ်လိုက်ပါ။ ဒီအချက်က အစပိုင်းပါ အနည်းငယ်တော့ ခက်ခဲနေပါလိမ့်မယ်။ ဒါပေမဲ့ မခက်ခဲဘူးလို့လဲပြောလို့ရပါတယ်။ ဘာမှပြောင်းမသွား ပဲ ဘာသာစကားလေးတစ်ခုပဲ ပြောင်းသွားတာပါ။

 


Day 10 : သင့်အိမ်မှာ ရှိတဲ့ အရာဝတ္ထုတွေကို သင်လေ့လာနေတဲ့ ဘာသာစကားနဲ့label တွေလိုက်တပ်ကြည့်ပါ။ စာရေးလို့ရတဲ့ ကပ်ခွာလေးတွေဆောင်ထားပါ။ စာလေးတွေရေးပြီး လိုက်ကပ်ပါ။

 


Day 11 : သင်လေ့လာနေတဲ့ ဘာသာစကားနဲ့ positive စာကြောင်း ၅ ကြောင်းရေးပါ။ ဥပမာ ကျွန်တော်ဒီနေ့ စောစောအိပ်မယ်။ အစရှိသဖြင့်ပေါ့။

 


Day 12 : သင်လေ့လာနေတဲ့ ဘာသာစကား နဲ့ negative စာကြောင်း ၅ကြောင်းရေးပါ။ Day 11 မှာရေးခဲ့တဲ့ positive စာကြောင်း ၅ ကြောင်းကိုပဲ negative အဖြစ်ပြောင်းရေးပါ။ positive နဲ့ negativeကြားက ကွဲပြားခြားနားမှုတွေကို နားလည်လာပါလိမ့်မယ်။

 


Day 13 : သင်လေ့လာနေတဲ့ ဘာသာစကား ရုပ်ရျင်ကိုတစ်ခုခု ကိုကြည့်ပါ။ ကြည့်တဲ့အခါမှာ မြန်မာစာတန်းထိုးပြီးကြည့်ပါ။ ဒါပေမဲ့ သူတို့ရဲ့ စကားအသံထွက်တွေ..စာလုံးတွေကို မှတ်နိုင်သလောက်လိုက်မှတ်ပါ။

 


Day 14 : day 13 မှာ ကြည့်ခဲ့တဲ့ရုပ်ရှင်ကိုပဲ မြန်မာစာတန်းမထိုးတော့ပဲ ကိုယ်လေ့လာနေတဲ့ ဘာသာစကားစာတန်းထိုးပြီးကြည့်ပါ။ ဥပမာ အင်္ဂလိပ်ဘာသာစကား လေ့လာနေတာဆိုရင် အင်္ဂလိပ်စာတန်းထိုးပြီးကြည့်ပါ။ စာတန်းတွေကို ကြည့်ပြီး ဘာသာလိုက်ပြန်ကြည့်ပါ။ မရရင် google translateအသုံးပြုပါ။

 


Day 15 : သင်လေ့လာနေတဲ့ ဘာသာစကားနဲ့ ပက်သက်တဲ့ Grammar အချို့ကိုလေ့လာပါ။

 


Day 16 : သင့်ရဲ့တစ်နေ့တာအကြောင်းကိုရေးပါ။ ဥပမာ မနက်ဘယ်အချိန်ထတယ်၊ မနက်စာဘာစားတယ်၊ ဘယ်သူနဲ့အပြင်သွားတယ်၊ ဘယ်နေရာကိုသွားတယ် အစရျိသဖြင့်ပေါ့။ အဲ့ဒီ ကိုယ့်ရဲ့တစ်နေ့တာတွေကို သင်လေ့လာနေတဲ့ ဘာသာစကားနဲ့ရေးပါ။

 


Day 17 : သတင်းစာတွေဖတ်ပါ။ ဥပမာ အင်္ဂလိပ်ဘာသာစကားလေ့လာနေတာဆိုရင် အင်္ဂလိပ်လိုရေးထားတဲ့ သတင်းစာ ဆောင်းပါးတွေကို day 17 ကစပြီးဖတ်ပါ။

 


Day 18 : တစ်ယောက်ယောက်နဲ့ Chat ပါ။ Day 8 မှာလိုတော့ ကိုယ်နဲ့သိတဲ့ လူနဲ့မဟုတ်ပဲ။ ကိုယ်လေ့လာနေတဲ့ ဘာသာစကားရဲ့နိုင်ငံသားနဲ့ Social Media ပေါ်မှာ စကားပြောပါ။ သင်ဟာ ဘာသာစကားလေ့လာနေဆဲ လူတစ်ဖြစ်ကြောင်းလဲ သူ့ကိုပြောပြပါ။

 


Day 19 : သင်လေ့လာနေတဲ့ ဘာသာစကားရဲ့ TV Series တွေ၊ TV shows တွေ ကြည့်ပါ။

 


Day 20 : သင့်အတွက် ခက်ခဲနေသေးတဲ့ စာလုံးတွေကို စုပြီး list လုပ်ပါ။ ဥပမာ သင်ဂျပန်စာ ကို လေ့လာနေတာဆိုရင် သင့်အတွက် ခက်ခဲနေတဲ့ စာလုံးတွေကို List လုပ်ပြီး အဲ့စာလုံးတွေ ချည်းသီးသန့်ပြန်လေ့လာပါ။

Sayar Guice banner design 2 3

 


Day 21 : သင်လေ့လာနေတဲ့ ဘာသာစကားရဲ့ Native speakers တွေပြောထားတဲ့ Audio သီးသန့် file တွေကို podcasts မှာ Day 21 ကစပြီး နားထောင်ပါ။ Day 21ရောက်နေပြီဖြစ်တဲ့ အတွက် Native Speakers တွေရဲ့ အသံနဲ့ စကားလုံးတွေကို နားလည်သင့်သလောက်နားလည်လာပါလိမ့်မယ်။

 


Day 22 : သင့်ရဲ့ တစ်နေ့တာ အကြောင်းကိုရေးပါ။ Day 16 မှာလို လွယ်လွယ် လေးတွေ မရေးတော့ပဲ၊ နည်းနည်းခက်တဲ့ အကြောင်းအရာလေးတွေ ကိုရေးပါ။ ဥပမာ .. ဒီနေ့လိုင်းကားစီးရတာ အဆင်မပြေဘူး ကား ကကြပ် လိုက်တာ..အစရှိသဖြင့်ပေါ့။

 


Day 23 : သင့်လေ့လာနေတဲ့ ဘာသာစကားရဲ့ Social Media Group တွေကို Join ပါ။ ဥပမာ မြန်မာနိုင်ငံရဲ့ social media မှာ ဟာသGroupလေးတွေရှိသလို နိုင်ငံခြားမှာ လည်း အဲ့လို Groupတွေရှိပါတယ်။ အဲ့group တွေကို Join ပါ။ အဲ့ဒီခါကျရင် သူတို့ရဲ့ ဘန်းစကားတွေကို နားလည်လာပါလိမ့်မယ်။

 


Day 24 : day 24 ကစပြီး မြင်တဲ့အရာ မှန်သမျှကို ကိုယ်လေ့လာနေတဲ့ ဘာသာစကားနဲ့ပဲတွေးပါ။ ဥပမာ ပန်းသီးကို မြင်ရင် apple အစရှိသဖြင့်ပေါ့။

 


Day 25 : ဝတ္ထုတစ်ပုဒ်ရေးပါ။ ကိုယ်လေ့လာနေတဲ့ ဘာသာစကားနဲ့ ဝတ္ထု တစ်ပုဒ်ရေးပြီး သူငယ်ချင်းတွေကို ဖတ်ခိုင်းပါ။ ဒီတခါရေးရင်တော့ သင့်တတ်ထားသမျှ အရာတွေကို အကုန်ထုတ်သုံးပြီးရေးပါ။ သူတို့ဆီ က feedback ပြန်ယူပါ။

 


Day26 : သင့်ဦးနှောက်မှာ ထိပ်ဆုံးမှတ်မိနေတဲ့ စာလုံး အလုံး ၅၀ ကိုချရေးပါ။ day 1 မှာ လုပ်ခဲ့တဲ့ တစ်နေ့ကို စာလုံး ၁၀ လုံး အလွတ်ကျက် တာဟာ အခု day 26 ရောက်တဲ့ အတွက် စာလုံး ၂၆၀ လောက်ရနေလောက်ပါပြီ။ အဲ့ဒီထဲက မှာ ထိပ်ဆုံးမှတ်မိနေတဲ့ စာလုံး (၅၀) ကိုချရေးပါ။

 


Day 27 : အဲ့ဒီ စာလုံး ၅၀ ကိုပဲ အသုံးပြုပြီး စာကြောင်းတွေရေးကြည့်ပါ။

 


Day 28 : ကိုယ်တစ်ယောက်တည်း စကားပြောထားတာကို 3မိနစ်စာလောက် record လုပ်ပါ။ ပြန်နားထောင်ပါ။ ကိုယ်လိုအပ်နေတဲ့ အရာတွေကို ပြင်ပါ။

 


Day 29 : Native speakersတွေနဲ့ အပြန်အလှန်စကားပြောပါ။

 


Day 30 : day 30 ရောက်ရင်တော့ အခုလုပ်ခဲ့တဲ့ Challengeကသင့်အပေါ် ဘယ်လောက်ထိ အကျိုး သက်ရောက်မှုရှိတယ်၊ သင်လေ့လာနေတဲ့ ဘာသာစကား စွမ်းရည် ဘယ်လောက်တိုးတက်မှုရှိတယ်ဆိုတာ တွေကို ချရေးလိုက်ပါတော့….
အခုပြောပြပေးခဲ့တာကတော့.. ဘာသာစကားသင်ယူလေ့လာနေသူတွေအတွက် အထောက် အကူဖြစ်စေမယ့် ရက် ၃၀ စာ challenge လေးပဲဖြစ်ပါတယ်။ အာလုံးအတွက် အသုံးဝင်ပြီး Challengeလေး ပြီးမြောက်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။

Sayar Guice banner design 2 3

 

sayar.com.mm

Read times Last modified on Monday, 24 February 2020 15:46
Rate this articles
(1 Vote)