Language

Tuesday, 28 January 2020

"အိမ္မွာေနရင္း အဂၤလိပ္စကားေျပာေလ့က်င့္ဖို႕ အေထာက္အကူျဖစ္ေစမယ့္ အခ်က္ ( ၁၁) ခ်က္"

"အိမ္မွာေနရင္း အဂၤလိပ္စကားေျပာေလ့က်င့္ဖို႕ အေထာက္အကူျဖစ္ေစမယ့္ အခ်က္ ( ၁၁) ခ်က္" freepick

အဂၤလိပ္ဘာသာစကားကို ေလ့လာေနတဲ့ သူတိုင္း အဂၤလိပ္ စကားကို ကၽြမ္းက်င္စြာေျပာဆိုခ်င္ ၾကမယ္ဆိုတာ သင္ျငင္းလို႕မရပါဘူး။

သူငယ္ခ်င္းနဲ႕ ေျပာတဲ့ အခါမွာပဲျဖစ္ျဖစ္၊ လုပ္ငန္းခြင္မွာပဲျဖစ္ျဖစ္၊ မိသားစုဝင္အခ်င္းခ်ငး္ပဲျဖစ္ျဖစ္ေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ သင္ဟာ အဂၤလိပ္စကားေျပာကၽြမ္းက်င္ ခ်င္သူတစ္ေယာက္ဆိုရင္ေတာ့ သင္ေလ့က်င့္မႈရွိရမွာ အမွန္ပါပဲ။ ဘယ္အရာျဖစ္ျဖစ္ ေလ့က်င့္မႈ ရွိမွ တိုးတက္မႈရွိတာပါ။ ဒါေၾကာင့္ အဂၤလိပ္စကားေျပာ ကၽြမ္းက်င္ခ်င္လို႕ ကိုယ္ကိုယ္တိုင္ ေလ့က်င့္ခ်င္ တဲ့ သူေတြအတြက္ နည္းလမ္းေကာင္းေလးေတြကိုေဖာ္ျပေပးလိုက္ပါတယ္။


(၁) အဂၤလိပ္ရုပ္ရွင္ေတြနဲ႔ TV series ေတြၾကည့္ပါ
ဒါကေတာ့ အဂၤလိပ္ ဘာသာစကားေလ့လာေနသူတိုင္း သိထား တဲ့ အခ်က္ပါပဲ။ အဂၤလိပ္ ဘာသာ စကားစြမ္းရည္တိုးတက္ဖို႕ အတြက္ လမ္းညႊန္ေနတဲ့ သူေတာ္ေတာ္မ်ားမ်ားကလည္း ဒီအခ်က္ကို လက္ခံၾကပါတယ္။ ဟုတ္ပါတယ္… ရုပ္ရွင္ေတြ၊ TV Series ေတြ ကေနေလ့လာတာဟာ ထိေရာက္မႈ ရွိတဲ့ ေလ့လာမႈတစ္ခုပါပဲ။ ရုပ္ရွင္ေတြ၊ TV Series ေတြမွ မဟုတ္ပါဘူး… Facebook ေပၚကVideos ေတြ၊ Youtube ေပၚက videos ေတြကိုၾကည့္ျပီး ေလ့က်င့္လို႕ရပါတယ္။ သူတို႕ေျပာတာကို နားေထာင္မယ္...ျပီးရင္ ကိုယ္တိုင္လိုက္ေျပာၾကည့္ျပီး ေလ့က်င့္လို႕ရပါတယ္။

 

 

(၂) သင္အဂၤလိပ္လို ေျပာထားေတြကို record လုပ္ျပီး ျပန္နားေထာင္ပါ
ဒီအခ်က္ကေတာ့ အစပိုင္းမွာ သင့္အတြက္ ထူးဆန္းရင္ထူးဆန္းေနပါလိမ့္မယ္။ အဂၤလိပ္လို ကိုယ္ေျပာႏိုင္သေလာက္ေျပာပါ၊ record လုပ္ပါ၊ ျပန္နားေထာင္ပါ.. ကိုယ့္ရဲ႕ အမွားေလးေတြရွိရင္ ျဖည္းျဖည္း ခ်ငး္စီျပင္သြားပါ။ အဲ့ဒီလို လုပ္ေပးခ်င္းအားျဖင့္ သင့္ရဲ႕ အဂၤလိပ္စကားေျပာျခင္းအေပၚ ယံုၾကည္မႈေတြရွိလာပါလိမ့္မယ္။ ဘယ္လိုေျပာတာကုိ record လုပ္လို႔ လုပ္ရမွန္းမသိရင္ အစပိုင္းမွာ လြယ္ကူတဲ့ စာအုပ္ေလးေတြ ဖတ္ျပီး record လုပ္ပါ။ ဒီစာအုပ္အတြက္ ကိုယ့္ကိုယ္ကို ေက်နပ္သြားျပီ ဆိုရင္ ေနာက္ ခက္တဲ့ စာအုပ္ကို သံုးပါ။ ဒီလိုေလ့က်င့္ျခင္းဟာ သင့္ရဲ႕ အဂၤလိပ္ စကားေျပာစြမ္းရည္ ကို တိုးတက္ေစရံုသာမက Reding နဲ႔ Writing ကိုလည္း တိုးတက္ေစပါလိမ့္မယ္။

 


(၃) အဂၤလိပ္သီခ်င္းေတြဆိုပါ
သီခ်င္းေတြ ကေတာ့ အမ်ားၾကီးရွိပါတယ္။ အဂၤလိပ္ ဘာသာစကားကို Native Languages ျဖစ္တဲ့ သူေတြက သီဆိုထားတဲ့ သီခ်င္းေတြရွိသလို၊ Native Languages မဟုတ္တဲ့ သူေတြသီဆိုထားတဲ့ သီခ်င္းေတြလည္းရွိပါတယ္။ သင္ၾကိဳက္တဲ့ အဆိုေတာ္၊ သင္ၾကိဳက္တဲ့ သီခ်င္း စိတ္ၾကိဳက္နား ေထာင္လို႕ရပါတယ္။ နားထာင္တဲ့ အခါမွာေတာ့ သီခ်င္းၾကီးပဲ နားမေထာင္ပဲ သီခ်င္းထဲက စကားလံုေတြကို ပါ ေလ့လာပါ။ ျပီးရင္ အက်ယ္ၾကီးေအာ္ဆိုပစ္ပါ(အသံေကာင္းရင္ေပါ့)။ ဒီနည္းလမ္းနဲ႕ ေလ့က်င့္ျခင္းဟာ အိမ္မွာေနရင္း လုပ္လို႕ ရာတဲ့ လြယ္ကူတဲ့ အရာေလးပါပဲ။

 


(၄) မွန္သံုးပါ
မွန္ေရွ႕မွာ မတ္တပ္ရပ္ ပါ။ တျခားသူတစ္ေယာက္နဲ႕ အျပန္အလွန္ေျပာေနသလို မ်ိဳး စိတ္ထားျပီး အဂၤလိပ္စကားေျပာပါ။ တစ္ေန႕ ကို အခ်ိန္ မိနစ္အနည္းငယ္ေလာက္ေပးျပီး ေခါင္းစဥ္တစ္ခုခု ကိုေျပာပါ။ မွန္ေရွ႕မွာေျပာေနတဲ့ အတြက္ သင့္ရဲ႕ ပါးစပ္လႈပ္ပံုေတြ၊ လက္ဟန္ေျခဟန္ေတြကို အသံနဲ႕ တြဲ ျမင္ရမွာျဖစ္တဲ့ အတြက္ သင္ မၾကိဳက္ႏွစ္သက္တဲ့ အခ်က္ေလးေတြကို လည္း ျပင္ လိုရပါတယ္။ ဒါ့အျပင္ သင္အဂၤလိပ္စကားေျပာ ဘယ္ေလာက္ထိ တိုးတက္လာလဲ ဆိုတာကို လည္း ကုိယ္ တိုင္ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

 


(၅) လ်ာလိပ္ေစမယ့္ စကားေလးေတြကို ေလ့က်င့္ပါ
ကၽြန္ေတာ္ တို႕ ျမန္မာဘာသာစကားမွာ လည္း လွ်ာလိပ္ေစမယ့္ စကားေလးေတြရွိပါတယ္။ ဥပမာ- "ရႊံ႕ေပၚရွဥ္႕ေျပး ရွဥ္႕ေမႊးရႊံ႕မလူး" ၊ "တံုးေအာက္ကဖား ျပားတဲ့ ဖားကျပား၊ ေဖာင္းတဲ့ဖားကေဖာင္း" အစရွိသျဖင့္ေပါ့။ အဂၤလိပ္ဘာသသာ စကားမွာလည္း အဲ့လိုလ်ာလိပ္ေစတဲ့ စကားစုေလးေတြရွိပါတယ္။ ဥပမာ - “Can you can a can as a canner can can a can?” “ Which watch did which witch wear and which which wore which watch?” အစရွိသျဖင့္ေပါ့။ အဲ့လို စကားလံုးေတြ ကို စကားေျပာ ေလ့က်င့္ေပးခ်င္းအားျဖင့္သင့္ရဲ႕ အဂၤလိပ္ စကားေျပာဟာ သိသိသာသာ တိုးတက္လာပါလိမ့္မယ္။

 


(၆) Collocations လုပ္ပါ
Collocation ဆိုတာကေတာ့ အဂၤလိပ္ဘာသာစကားမွာ စာေၾကာင္းအရွည္ၾကီးေတြေျပာမယ့္အစား..စာေၾကာင္းထဲမွာ ပါတဲ့ စာလံုး ၂ လံုး၊ ၃ လံုး ကို အတိုခ်ံဳ႕ျပီးေျပာတာကို ေျပာတာပါ။
ဥပမာ….
(1) She needs to make her bed every day.
Collocation = Make the bed .
(2) The children need to do their homework each day after school.
Collocation = Do the homework.
(3) Would you like to open a (bank) account?
Collocation = Open an account.
(4) We have to make a big decision as to weather we sell the car.
Collocation = A big decision.
ဒီလို Collocation ေတြကို ေလ့က်င့္ ေပးျခင္းအားျဖင့္လဲ သင့္ရဲ႕ အဂၤလိပ္စကားေျပာစြမ္းရည္တိုးတက္ေစဖို႔ အေထာက္အကူျပဳပါတယ္။

 


(၇) App ေတြကိုအသံုးျပဳပါ
အဂၤလိပ္ဘာသာစကားေလ့လာလို႕ရတဲ့ app ေတြအမ်ားၾကီးရွိပါတယ္။ အင္တာနက္ ကေန downloaded လုပ္ျပီး အဂၤလိပ္စကားေျပာေလ့က်င့္လို႕ရပါတယ္။ တခ်ိဳ႕ app ေတြဆို အခမဲ့ ျဖစ္ပါတယ္။ ဥပမာ Duolingo ဆို အခမဲ့ အဂၤလိပ္စာေလ့လာလို႕ရတဲ့ App ပါ။ ဒီ Appေလးတြနဲ႕ ေန႕စဥ္သံုး အဂၤလိပ္ စကားေျပာအျခခံေလးေတြကို တစ္ေန႔ အခ်ိန္ ၁၀ မိနစ္ေလာက္ေပးျပီး ေလ့က်င့္ျခင္းဟာ သင့္ အဂၤလိပ္စကားေျပာ ရာမွာ ကိုယ့္ကိုယ္ကို ယံုၾကည္မႈတိုးလာေစျပီး အဂၤလိပ္စကားေျပာလည္း ျမန္လာပါလိမ့္မယ္။ ဒါေၾကာင့္ အိမ္မွာေနရင္ ဒီ App ေလးေတြ အသံုးျပဳျပီး ေလ့က်င့္ပါ။ သင့္ရဲ႕ အဂၤလိပ္ စကားေျပာအတြက္ မ်ားစြာအေထာက္အကူျဖစ္ေစပါတယ္။

 


(၈) မွတ္စုမွတ္ပါ
သင္ေလ့လာလို႕ရသမ်ွ သင္မသိေသးတဲ့ vocabulary ေလးေတြ၊ သင့္အတြက္ ခက္ခဲတယ္လို႔ထင္ရတဲ့ vocabulary ေလးေတြကို မွတ္စု စာအုပ္မွာ သူတို႕ရဲ႕ အဓိပၸါယ္ႏွင့္တကြ မွတ္ထားပါ။ သင္မွတ္ထားတဲ့ vocabularyေလးေတြကို သင္ဘယ္ေလာက္မွတ္မိလဲ ကိုယ့္ကုိယ္ကို ျပန္စမ္းစစ္ပါ။ ျပီးရင္ အဲ့ဒီစကာလံုးေလးေတြကို အသံုးျပဳျပီး အဂၤလိပ္စကားေျပာေလ့က်င့္ပါ။

 


(၉) အဂၤလိပ္လိုေတြးပါ
သင့္ရဲ႕ ေန႔စဥ္ျဖစ္ပ်က္ေနတဲ့ အရာေလးေတြကစ အဂၤလိပ္လိုေတြးပါ။ သင္ျမင္တဲ့ အရာဝတၳဳေလးေတြကို အဂၤလိပ္လို ေျပာၾကည့္ပါ။ မသိရင္ အဂၤလိပ္ အဘိဓာန္သံုးပါ။ ေမ့လြယ္တဲ့ စကားလံုးေတြဆို မွတ္စု စာအုပ္မွာ ထပ္မွတ္ပါ။ အဲ့ဒီ စကားလံုးေတြကို အသံုးျပဳျပီး အဂၤလိပ္စကားေျပာေလ့က်င့္ပါ။

 


(၁၀) သူငယ္ခ်င္း တစ္ေယာက္နဲ႕စကားေျပာပါ
အဂၤလိပ္ဘာသာစကားေလ့လာေန တဲ့ သူငယ္ခ်င္း အခ်င္းခ်င္း ေကာ္ဖီဆိုင္မွာ ပဲျဖစ္ျဖစ္၊ ေန႕လည္စာ စားရင္းနဲ႕ပဲ ျဖစ္ျဖစ္ အဂၤလိပ္စကားေျပာေလ့က်င့္ပါ။ သင္အဂၤလိပ္ဘာသာစကားကို ဘယ္လိုေလ့လာေၾကာင္း၊ ဘယ္ေလာက္ထိ တိုးတက္မႈရွိေၾကာင္းကို ျပန္လည္ေဝမွ်ပါ။ ဒီနည္းဟာလည္း အဂၤလိပ္စကားေျပာကိုအေထာက္အကူျဖစ္ေစတဲ့ အျပင္ ကိုယ့္ကိုယ္ကို လည္းယံုၾကည္မႈတိုးတက္ေစပါတယ္။

 


(၁၁) Native Speakers ေတြရဲ႕စကားေျပာဆိုမႈကို နားေထာင္ပါ
Native speakers ေတြရဲ႕ စကားေျပာဆိုမႈေတြကို နားေထာင္းျခင္းအားျဖင့္ စကားေျပာတဲ့ အခါ အသံအားထည့္မႈေတြနဲ႕၊ အသံအနိမ့္အျမင့္ အတက္အက်ေတြကို နားလည္လာပါလိမ့္မယ္။ သူတို႕ စာေၾကာင္းဘယ္ေနရာမွာ ဘယ္လိုအားထည့္လိုက္တယ္၊ ဘယ္လို အသံအနိမ့္အျမင့္ ေတြသံုးလိုက္တယ္ဆိုတာကို နားေထာင္ျပီး သူတို႕အတိုင္းလိုက္ေျပာ ေလ့က်င့္ပါ။

ကၽြန္ေတာ္အေပၚမွာေျပာခဲ့တဲ့ အခ်က္ေလးေတြကို တစ္ေန႕အခ်ိန္ ၁၀ မိနစ္ ကေန ၁၅ မိနစ္ေလာက္ထိေပးျပီး အဂၤလိပ္စကားေျပာေလ့က်င့္ၾကည့္ပါ။ မေလ့က်င့္ ခင္ႏွင့္ ေလ့က်င့္ျပီး အေျခအေနကို ျပန္သံုးသပ္ ျခင္းအားျဖင့္ သင္ အဂၤလိပ္စကားေျပာ ဘယ္ေလာက္ထိတိုးတက္လာလဲ ဆိုတာကိုေတြ႕ျမင္မွာျဖစ္ပါတယ္။ ေဖာ္ျပေပးခဲ့တဲ့အခ်က္ေလးေတြက အားလံုးအတြက္ အသံုးဝင္ျပီး အဂၤလိပ္စကားေျပာအျမန္ဆံုးတိုးတက္ၾကပါေစလို႕ဆုေတာင္းရင္း….

 

sayar.com.mm

 

Unicode ဖြင့်ဖတ်ရန်
"အိမ်မှာနေရင်း အင်္ဂလိပ်စကားပြောလေ့ကျင့်ဖို့ အထောက်အကူဖြစ်စေမယ့် အချက် ( ၁၁) ချက်"
အင်္ဂလိပ်ဘာသာစကားကို လေ့လာနေတဲ့ သူတိုင်း အင်္ဂလိပ် စကားကို ကျွမ်းကျင်စွာပြောဆိုချင် ကြမယ်ဆိုတာ သင်ငြင်းလို့မရပါဘူး။ သူငယ်ချင်းနဲ့ ပြောတဲ့ အခါမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ မိသားစုဝင်အချင်းချင်းပဲဖြစ်ဖြစ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သင်ဟာ အင်္ဂလိပ်စကားပြောကျွမ်းကျင် ချင်သူတစ်ယောက်ဆိုရင်တော့ သင်လေ့ကျင့်မှုရှိရမှာ အမှန်ပါပဲ။ ဘယ်အရာဖြစ်ဖြစ် လေ့ကျင့်မှု ရှိမှ တိုးတက်မှုရှိတာပါ။ ဒါကြောင့် အင်္ဂလိပ်စကားပြော ကျွမ်းကျင်ချင်လို့ ကိုယ်ကိုယ်တိုင် လေ့ကျင့်ချင် တဲ့ သူတွေအတွက် နည်းလမ်းကောင်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။


(၁) အင်္ဂလိပ်ရုပ်ရှင်တွေနဲ့ TV series တွေကြည့်ပါ
ဒါကတော့ အင်္ဂလိပ် ဘာသာစကားလေ့လာနေသူတိုင်း သိထား တဲ့ အချက်ပါပဲ။ အင်္ဂလိပ် ဘာသာ စကားစွမ်းရည်တိုးတက်ဖို့ အတွက် လမ်းညွှန်နေတဲ့ သူတော်တော်များများကလည်း ဒီအချက်ကို လက်ခံကြပါတယ်။ ဟုတ်ပါတယ်… ရုပ်ရှင်တွေ၊ TV Series တွေ ကနေလေ့လာတာဟာ ထိရောက်မှု ရှိတဲ့ လေ့လာမှုတစ်ခုပါပဲ။ ရုပ်ရှင်တွေ၊ TV Series တွေမှ မဟုတ်ပါဘူး… Facebook ပေါ်ကVideos တွေ၊ Youtube ပေါ်က videos တွေကိုကြည့်ပြီး လေ့ကျင့်လို့ရပါတယ်။ သူတို့ပြောတာကို နားထောင်မယ်...ပြီးရင် ကိုယ်တိုင်လိုက်ပြောကြည့်ပြီး လေ့ကျင့်လို့ရပါတယ်။

 

 

(၂) သင်အင်္ဂလိပ်လို ပြောထားတွေကို record လုပ်ပြီး ပြန်နားထောင်ပါ
ဒီအချက်ကတော့ အစပိုင်းမှာ သင့်အတွက် ထူးဆန်းရင်ထူးဆန်းနေပါလိမ့်မယ်။ အင်္ဂလိပ်လို ကိုယ်ပြောနိုင်သလောက်ပြောပါ၊ record လုပ်ပါ၊ ပြန်နားထောင်ပါ.. ကိုယ့်ရဲ့ အမှားလေးတွေရှိရင် ဖြည်းဖြည်း ချင်းစီပြင်သွားပါ။ အဲ့ဒီလို လုပ်ပေးချင်းအားဖြင့် သင့်ရဲ့ အင်္ဂလိပ်စကားပြောခြင်းအပေါ် ယုံကြည်မှုတွေရှိလာပါလိမ့်မယ်။ ဘယ်လိုပြောတာကို record လုပ်လို့ လုပ်ရမှန်းမသိရင် အစပိုင်းမှာ လွယ်ကူတဲ့ စာအုပ်လေးတွေ ဖတ်ပြီး record လုပ်ပါ။ ဒီစာအုပ်အတွက် ကိုယ့်ကိုယ်ကို ကျေနပ်သွားပြီ ဆိုရင် နောက် ခက်တဲ့ စာအုပ်ကို သုံးပါ။ ဒီလိုလေ့ကျင့်ခြင်းဟာ သင့်ရဲ့ အင်္ဂလိပ် စကားပြောစွမ်းရည် ကို တိုးတက်စေရုံသာမက Reding နဲ့ Writing ကိုလည်း တိုးတက်စေပါလိမ့်မယ်။

 


(၃) အင်္ဂလိပ်သီချင်းတွေဆိုပါ
သီချင်းတွေ ကတော့ အများကြီးရှိပါတယ်။ အင်္ဂလိပ် ဘာသာစကားကို Native Languages ဖြစ်တဲ့ သူတွေက သီဆိုထားတဲ့ သီချင်းတွေရှိသလို၊ Native Languages မဟုတ်တဲ့ သူတွေသီဆိုထားတဲ့ သီချင်းတွေလည်းရှိပါတယ်။ သင်ကြိုက်တဲ့ အဆိုတော်၊ သင်ကြိုက်တဲ့ သီချင်း စိတ်ကြိုက်နား ထောင်လို့ရပါတယ်။ နားထာင်တဲ့ အခါမှာတော့ သီချင်းကြီးပဲ နားမထောင်ပဲ သီချင်းထဲက စကားလုံတွေကို ပါ လေ့လာပါ။ ပြီးရင် အကျယ်ကြီးအော်ဆိုပစ်ပါ(အသံကောင်းရင်ပေါ့)။ ဒီနည်းလမ်းနဲ့ လေ့ကျင့်ခြင်းဟာ အိမ်မှာနေရင်း လုပ်လို့ ရာတဲ့ လွယ်ကူတဲ့ အရာလေးပါပဲ။

 


(၄) မှန်သုံးပါ
မှန်ရှေ့မှာ မတ်တပ်ရပ် ပါ။ တခြားသူတစ်ယောက်နဲ့ အပြန်အလှန်ပြောနေသလို မျိုး စိတ်ထားပြီး အင်္ဂလိပ်စကားပြောပါ။ တစ်နေ့ ကို အချိန် မိနစ်အနည်းငယ်လောက်ပေးပြီး ခေါင်းစဉ်တစ်ခုခု ကိုပြောပါ။ မှန်ရှေ့မှာပြောနေတဲ့ အတွက် သင့်ရဲ့ ပါးစပ်လှုပ်ပုံတွေ၊ လက်ဟန်ခြေဟန်တွေကို အသံနဲ့ တွဲ မြင်ရမှာဖြစ်တဲ့ အတွက် သင် မကြိုက်နှစ်သက်တဲ့ အချက်လေးတွေကို လည်း ပြင် လိုရပါတယ်။ ဒါ့အပြင် သင်အင်္ဂလိပ်စကားပြော ဘယ်လောက်ထိ တိုးတက်လာလဲ ဆိုတာကို လည်း ကိုယ် တိုင်တွေ့မြင်ရမှာ ဖြစ်ပါတယ်။

 


(၅) လျာလိပ်စေမယ့် စကားလေးတွေကို လေ့ကျင့်ပါ
ကျွန်တော် တို့ မြန်မာဘာသာစကားမှာ လည်း လျှာလိပ်စေမယ့် စကားလေးတွေရှိပါတယ်။ ဥပမာ- "ရွှံ့ပေါ်ရှဉ့်ပြေး ရှဉ့်မွှေးရွှံ့မလူး" ၊ "တုံးအောက်ကဖား ပြားတဲ့ ဖားကပြား၊ ဖောင်းတဲ့ဖားကဖောင်း" အစရှိသဖြင့်ပေါ့။ အင်္ဂလိပ်ဘာသသာ စကားမှာလည်း အဲ့လိုလျာလိပ်စေတဲ့ စကားစုလေးတွေရှိပါတယ်။ ဥပမာ - “Can you can a can as a canner can can a can?” “ Which watch did which witch wear and which which wore which watch?” အစရှိသဖြင့်ပေါ့။ အဲ့လို စကားလုံးတွေ ကို စကားပြော လေ့ကျင့်ပေးချင်းအားဖြင့်သင့်ရဲ့ အင်္ဂလိပ် စကားပြောဟာ သိသိသာသာ တိုးတက်လာပါလိမ့်မယ်။

 


(၆) Collocations လုပ်ပါ
Collocation ဆိုတာကတော့ အင်္ဂလိပ်ဘာသာစကားမှာ စာကြောင်းအရှည်ကြီးတွေပြောမယ့်အစား..စာကြောင်းထဲမှာ ပါတဲ့ စာလုံး ၂ လုံး၊ ၃ လုံး ကို အတိုချုံ့ပြီးပြောတာကို ပြောတာပါ။
ဥပမာ….
(1) She needs to make her bed every day.
Collocation = Make the bed .
(2) The children need to do their homework each day after school.
Collocation = Do the homework.
(3) Would you like to open a (bank) account?
Collocation = Open an account.
(4) We have to make a big decision as to weather we sell the car.
Collocation = A big decision.
ဒီလို Collocation တွေကို လေ့ကျင့် ပေးခြင်းအားဖြင့်လဲ သင့်ရဲ့ အင်္ဂလိပ်စကားပြောစွမ်းရည်တိုးတက်စေဖို့ အထောက်အကူပြုပါတယ်။

 


(၇) App တွေကိုအသုံးပြုပါ
အင်္ဂလိပ်ဘာသာစကားလေ့လာလို့ရတဲ့ app တွေအများကြီးရှိပါတယ်။ အင်တာနက် ကနေ downloaded လုပ်ပြီး အင်္ဂလိပ်စကားပြောလေ့ကျင့်လို့ရပါတယ်။ တချို့ app တွေဆို အခမဲ့ ဖြစ်ပါတယ်။ ဥပမာ Duolingo ဆို အခမဲ့ အင်္ဂလိပ်စာလေ့လာလို့ရတဲ့ App ပါ။ ဒီ Appလေးတွနဲ့ နေ့စဉ်သုံး အင်္ဂလိပ် စကားပြောအခြခံလေးတွေကို တစ်နေ့ အချိန် ၁၀ မိနစ်လောက်ပေးပြီး လေ့ကျင့်ခြင်းဟာ သင့် အင်္ဂလိပ်စကားပြော ရာမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာစေပြီး အင်္ဂလိပ်စကားပြောလည်း မြန်လာပါလိမ့်မယ်။ ဒါကြောင့် အိမ်မှာနေရင် ဒီ App လေးတွေ အသုံးပြုပြီး လေ့ကျင့်ပါ။ သင့်ရဲ့ အင်္ဂလိပ် စကားပြောအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။

 


(၈) မှတ်စုမှတ်ပါ
သင်လေ့လာလို့ရသမျှ သင်မသိသေးတဲ့ vocabulary လေးတွေ၊ သင့်အတွက် ခက်ခဲတယ်လို့ထင်ရတဲ့ vocabulary လေးတွေကို မှတ်စု စာအုပ်မှာ သူတို့ရဲ့ အဓိပ္ပါယ်နှင့်တကွ မှတ်ထားပါ။ သင်မှတ်ထားတဲ့ vocabularyလေးတွေကို သင်ဘယ်လောက်မှတ်မိလဲ ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ပါ။ ပြီးရင် အဲ့ဒီစကာလုံးလေးတွေကို အသုံးပြုပြီး အင်္ဂလိပ်စကားပြောလေ့ကျင့်ပါ။

 


(၉) အင်္ဂလိပ်လိုတွေးပါ
သင့်ရဲ့ နေ့စဉ်ဖြစ်ပျက်နေတဲ့ အရာလေးတွေကစ အင်္ဂလိပ်လိုတွေးပါ။ သင်မြင်တဲ့ အရာဝတ္ထုလေးတွေကို အင်္ဂလိပ်လို ပြောကြည့်ပါ။ မသိရင် အင်္ဂလိပ် အဘိဓာန်သုံးပါ။ မေ့လွယ်တဲ့ စကားလုံးတွေဆို မှတ်စု စာအုပ်မှာ ထပ်မှတ်ပါ။ အဲ့ဒီ စကားလုံးတွေကို အသုံးပြုပြီး အင်္ဂလိပ်စကားပြောလေ့ကျင့်ပါ။

 


(၁၀) သူငယ်ချင်း တစ်ယောက်နဲ့စကားပြောပါ
အင်္ဂလိပ်ဘာသာစကားလေ့လာနေ တဲ့ သူငယ်ချင်း အချင်းချင်း ကော်ဖီဆိုင်မှာ ပဲဖြစ်ဖြစ်၊ နေ့လည်စာ စားရင်းနဲ့ပဲ ဖြစ်ဖြစ် အင်္ဂလိပ်စကားပြောလေ့ကျင့်ပါ။ သင်အင်္ဂလိပ်ဘာသာစကားကို ဘယ်လိုလေ့လာကြောင်း၊ ဘယ်လောက်ထိ တိုးတက်မှုရှိကြောင်းကို ပြန်လည်ဝေမျှပါ။ ဒီနည်းဟာလည်း အင်္ဂလိပ်စကားပြောကိုအထောက်အကူဖြစ်စေတဲ့ အပြင် ကိုယ့်ကိုယ်ကို လည်းယုံကြည်မှုတိုးတက်စေပါတယ်။

 


(၁၁) Native Speakers တွေရဲ့စကားပြောဆိုမှုကို နားထောင်ပါ
Native speakers တွေရဲ့ စကားပြောဆိုမှုတွေကို နားထောင်းခြင်းအားဖြင့် စကားပြောတဲ့ အခါ အသံအားထည့်မှုတွေနဲ့၊ အသံအနိမ့်အမြင့် အတက်အကျတွေကို နားလည်လာပါလိမ့်မယ်။ သူတို့ စာကြောင်းဘယ်နေရာမှာ ဘယ်လိုအားထည့်လိုက်တယ်၊ ဘယ်လို အသံအနိမ့်အမြင့် တွေသုံးလိုက်တယ်ဆိုတာကို နားထောင်ပြီး သူတို့အတိုင်းလိုက်ပြော လေ့ကျင့်ပါ။

ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ အချက်လေးတွေကို တစ်နေ့အချိန် ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက်ထိပေးပြီး အင်္ဂလိပ်စကားပြောလေ့ကျင့်ကြည့်ပါ။ မလေ့ကျင့် ခင်နှင့် လေ့ကျင့်ပြီး အခြေအနေကို ပြန်သုံးသပ် ခြင်းအားဖြင့် သင် အင်္ဂလိပ်စကားပြော ဘယ်လောက်ထိတိုးတက်လာလဲ ဆိုတာကိုတွေ့မြင်မှာဖြစ်ပါတယ်။ ဖော်ပြပေးခဲ့တဲ့အချက်လေးတွေက အားလုံးအတွက် အသုံးဝင်ပြီး အင်္ဂလိပ်စကားပြောအမြန်ဆုံးတိုးတက်ကြပါစေလို့ဆုတောင်းရင်း….

 

 

sayar.com.mm

Read times
Rate this articles
(0 votes)