×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Monday, 03 February 2020

"သင့်ရဲ့ အင်္ဂလိပ်ဘာသာစကား Skill နဲ့ ပက်သက်ပြီး ခေတ်ရေစီးကြောင်းလိုက်နိုင်အောင် ဘယ်လိုလေ့လာရမလဲ"

"သင့်ရဲ့ အင်္ဂလိပ်ဘာသာစကား Skill နဲ့ ပက်သက်ပြီး ခေတ်ရေစီးကြောင်းလိုက်နိုင်အောင် ဘယ်လိုလေ့လာရမလဲ" freepick

Unicode

နည်းပညာတွေပြောင်းလဲတိုးတက်လာတာနှင့် အမျှ အရာရာတိုင်းဟာလဲ ပြောင်းလဲတိုးတက်နေကြပါပြီ။

ထို့အတူ အင်္ဂလိပ်ဘာသာ စကားဟာ တိုးတက်ပြောင်းလဲမှုတွေရှိပါတယ်။ ဥပမာ ..ဗန်းစကားအသစ်တွေ၊ ဝေါဟာရအသစ်တွေပေါ့။

ဒါကြောင့် သင့်ရဲ့ အင်္ဂလိပ် Skill ဟာလည်း ခေတ်နောက်ကျနေလို့မရပါဘူး။ လူငယ်တွေဆိုရင် ပိုလိုတောင် လေ့လာဖို့လိုအပ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အင်္ဂလိပ် Skill နဲ့ ပက်သက်ပြီး ခေတ်ရေစီးကြောင်းလိုက်နိုင်အောင် လေ့လာတဲ့ အခါ အထောက်အကူဖြစ်စေမယ့် အချက် ၄ ချက်ကို ဖော်ပြပေးလိုက်ပါတယ်….

 

(၁) နည်းပညာနှင့် ဆက်စပ်နေသော ဝတ္ထုများနဲ့ စာအုပ်စာနယ်ဇင်းများကို ဖတ်ပါ။

Google မှာ စကားလုံးအသစ်များသည် နည်းပညာအသစ်နှင့် စွမ်းဆောင်နိုင်မှု အသစ်တို့ကို သရုပ် ဖော်ပြသော စကားလုံးတို့မှ အစပြုပါတယ်။

ကွန်ပျူတာဆိုင်ရာ၊ လျှပ်စစ် ဆိုင်ရာ၊ သိပ္ပံပညာဆိုင်ရာ တိုးတက်မှုနှင့်ဦးတည်ရာ နယ်ပယ်တို့ အမီလိုက်နိုင်ခြင်းက သင့်ရဲ့ အင်္ဂလိပ်စကားကို ခေတ်အမီဆုံးဖြစ်အောင် လုပ်ပေးမှာ ဖြစ်ပါတယ်။

 

 

(၂) လူကြိုက်များတဲ့ ရုပ်မြင်သံကြား၊ ဖျော်ဖြေမှုတွေနဲ့ ရုပ်ရှင်တွေကို ကြည့်ပါ။

 စကားလုံး အသစ်တွေကို စပြီး ပွဲထုတ်တာကတော့ ရုပ်သံဇာတ်လမ်းနှင့် ရုပ်ရှင် စတဲ့ ရုပ်မြင်နိုင်တဲ့ဆက်သွယ် ပြန်ကြားရေးတွေပဲ ဖြစ်ပါတယ်။

 ရုပ်မြင်သံကြားဖျော်ဖြေမှုနှင့် ရုပ်ရှင် ဇာတ်လမ်းရေးသော ဇာတ်ညွှန်းရေး ဆရာများဟာ သူတို့ရဲ့ ဇာတ်ညွှန်း တွေဟာ သစ်လွင်ပြီး ဆွဲဆောင်မှုရှိစေရန်အတွက် ပေါ်ထွန်းစ စကားလုံးများကို အသုံးပြုကြပါတယ်။

 

 

(၃)  လူငယ်ထုအတွက် ရည်ရွယ်တဲ့ စာအုပ်များ၊ စာနယ်ဇင်းများကို ဖတ်ပါ။

နောက်ဆုံးပေါ် စကားလုံးတွေဟာ လူငယ်ပရိသတ်အတွက် ရည်စူးသတ်မှတ်ပြီး ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်တွေမှာ အများအားဖြင့် ဦးစွာ ဖော်ပြကြပါတယ်။

ထိုစကားလုံးတွေရဲ့ အသုံးအနှုန်းတွေ ပိုပြီးခိုင်မာ လာတဲ့ အခါကျမှ အများပြည်သူအတွက် ရည်ရွယ်တဲ့ ဆက်သွယ်ပြန်ကြားရေးတွေမှာ ဖော်ပြလာကြပါတယ်။

 သင်စိတ်ဝင်စားပြီး လူငယ် စာဖတ်သူတွေ အတွက် အာရုံစိုက်ထားတဲ့ အကြောင်းအရာတွေကို မဂ္ဂဇင်းတွေ၊ အင်တာနက် ဝက်ဘ်ဆိုက်တွေမှာ ရှာဖွေကြည့်ပါ။

နောက်ရွေးချယ်စရာ တစ်ခုကတော့ အဘိဓာန် site တွေထဲ ဝင်ကြည့်ဖို့ပါပဲ။ အဘိဓာန် site အများစုကတော့ မကြာသေးမီကမှ အဘိဓာန်ထဲကို ထပ်ဖြည့်ထားတဲ့ စကားလုံးတွေကို တိုက်ရိုက်ဖော်ပြတဲ့ ကဏ္ဍတွေပါပါတယ်။ 

 

 

(၄) သတင်းကို နားထောင်ပါ။

လတ်တလောဖြစ်ပေါ်နေတဲ့ သတင်းအကြောင်းအရာတွေကို ဖော်ပြတဲ့အခါ သတင်းထောက်တွေဟာ စကားလုံးအသစ်တွေကို အသုံးပြုတတ်ကြပါတယ်။

မှန်ကန်တဲ့နေရာတွေမှာ ရှာဖွေကြည့်မယ်ဆိုရင်တော့ သင့်ရဲ့ အင်္ဂလိပ်စကားကို ခေတ်မီအောင် ပြုလုပ်ရတာ လွယ်ကူပါတယ်။ သင့်ဝေါဟာရတွေထဲမှာ စကားလုံး အသစ်တွေ ပါဝင်လာနိုင်ပါတယ်။

မိမိ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိမိသားသမီး၊ ညီ၊ ညီမလေးတွေအတွက်ပဲဖြစ်ဖြစ် အင်္ဂလိပ်ဘာသာစကားကို  အိမ်မှာပဲ ကိုယ်ပိုင်ဆရာ၊ ဆရာမတွေ ခေါ်ယူပြီးသင်ကြားချင်ရင်တော့

sayar.com.mmမှာ အင်္ဂလိပ်ဘာသာစကား သင်ကြားပေးသော Study Guide ဆရာ၊ ဆရာမများရှိပါသည်။

ဤလင့်ခ် https://www.sayar.com.mm/subjects/all-teachers/subject-496.html  တွင် အခမဲ့ဝင်ရောက်ရှာဖွေလို့ရနိုင်ပါတယ်။

 

 

Zawgyi ဖြင့်ဖတ်ရန်

"သင့်ရဲ့ အင်္ဂလိပ်ဘာသာစကား Skill နဲ့ ပက်သက်ပြီး ခေတ်ရေစီးကြောင်းလိုက်နိုင်အောင် ဘယ်လိုလေ့လာရမလဲ"



 




 

 




 

 






 

 

(၄) သတင်းကို နားထောင်ပါ။






 

sayar.com.mm

သင့်ရဲ့ အင်္ဂလိပ်ဘာသာစကား Skill နဲ့ ပက်သက်ပြီး ခေတ်ရေစီးကြောင်းလိုက်နိုင်အောင် ဘယ်လိုလေ့လာရမလဲ
 
 
 
(၄) သတင်းကို နားထောင်ပါ။

 

Read times
Rate this articles
(0 votes)