×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Thursday, 06 February 2020

"ဘာသာစကားတွေ လေ့လာခြင်းရဲ့ အခြေခံ အကျိုးကျေးဇူး (၄) ချက်"

ကျွန်တော်တို့ မှာ ဘာသာစကားလေ့လာရခြင်းရဲ့ အကြောင်းပြချက်တွေ အမျိုးမျိုးစီရှိကြပါတယ်။

တချို့က ဝါသနာပါလို့၊ တချို့ က ကိုယ့်အသက်မွေး ဝမ်းကြောင်း အလုပ်အတွက် လိုအပ်လို့ အစရှိသည်ဖြင့် အကြောင်း အမျိုးမျိုးကြောင့် လေ့လာဖြစ်ကြပါတယ်။ ဘယ်လိုအကြောင်း ကြောင့်ပဲဖြစ်ဖြစ် ဘာသာစကား အသစ်တွေလေ့လာခြင်းကြောင့် ဆိုးကျိုးဖြစ်ပေါ်လာတာမျိုးမရှိပါဘူး...ကောင်းကျိုးတွေချည်းသာရှိပါတယ်။ ဒီအကျိုးကျေးဇူး အများကြီးထဲက မှ အခြေခံအကျိုးကျေးဇူး (၄) ခုကိုဖော်ပြပေးလိုက်ပါတယ်..


(၁) ခရီးသွားလာခြင်း
ဘာသာစကားတွေ လေ့လာထားခြင်းဟာ ခရီးသွားလာမှုအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။ ဆိုကြပါစို့ သင်ဟာ ဘာသာစကားတွေနဲ့ ပက်သက်တဲ့ ဗဟုသုတ နည်းတဲ့ သူတစ်ယောက်ဆိုရင် တခြားနိုင်ငံတွေကို ခရီးသွား လာတဲ့ ခါ ဘာသာစကားမတူညီတဲ့ လူတွေကြားမှာ သဘောထားကွဲလွဲ မှု ပြဿနာဖြစ်နိုင်ပါတယ်။ သင်ဟာတစ်ကယ်လို့ ဘာသာစကား တွေနဲ့ပက်သက် ဗဟုသုတ ရှိတယ်ဆိုရင်တော့ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဒါကြောင့် ကမ္ဘာကြီးက ရွာငယ်ဖြစ်နေချိန်မှာ သင့်အနေနဲ့ မိခင်ဘာသာစကားအပြင်နောက်ထပ် အနည်းဆုံး ဘာသာစကား ၂ မျိုးလောက်အထိ တတ်ထားသင့်ပါတယ်။

 


(၂) စီးပွားရေးနဲ့ အလုပ်အကိုင်
သင်ဟာ ဘာသာစကားတွေတတ်ထားမယ်ဆိုရင် ကုမ္ပဏီတွေ မှာ အလုပ်ဝင်လုပ်ရင်တာင် တခြားသူတွေထက်ပိုပြီး အခွင့်အရေးတွေ၊ အာသာချက်တွေ ရရှိနိုင်ပါတယ်။ နိုင်ငံခြားမှာ အလုပ်သွားလုပ်ရင်လည်း ဒီအချက်က ကိုယ့်ရဲ့ အားသာချက် တစ်ခုဖြစ်လာနိုင်ပါတယ်။ အပြည်ပြည်ဆိုင်ရာဖောက်သည်များ ဒါမှမဟုတ် အဆက်အသွယ်ရှိသည့် ကုမ္ပဏီတစ်ခုအတွက် အလုပ်လုပ်ခဲ့ရင် သင့်ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာ ထပ်မံအားသာချက်တစ်ခုပေးနိုင်ပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုရင် လည်း ဒီအချက်တွေ ကသင့်စီးပွားရေးတိုးတက်ဖို့အတွက် အထောက်အကူပေးပါလိမ့်မယ်။

 


(၃) Music, film, arts and culture
သင်ဟာ အကယ်၍ အခြားနိုင်ငံများမှ စာပေတွေ၊ ယဉ်ကျေးမှုတွေ၊ ရုပ်ရှင်တွေ လေ့လာရတာ ကြိုက်နှစ်သက်တဲ့သူ တစ်ယောက်ဆိုရင်လည်း ဘာသာစကားသင်ယူလေ့လာထားခြင်းက ထိုအရာတွေအပေါ် တန်ဖိုးထားမှုနှဲ့နားလည်နိုင်မှုအတွက် များစွာ အထောက်အကူပေးနိုင်ပါလိမ့်မယ်။

 


(၄) စိတ်ကျေနပ်မှု
သင်ဟာ ဘာသာစကားတွေလေ့လာထားတဲ့ သူတစ်ယောက်ဆိုရင် ကျွန်တော်အပေါ်မှာ ပြောခဲ့တဲ့ အချက် (၃) ချက်လုံးက သင့်အတွက် အခက်အခဲ မရှိ အဆင်ပြေနေတဲ့ အတွက် ကိုယ့်ကိုယ် စိတ်ကျေနပ်မှု ရစေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုတိုးစေပါတယ်။
အခုပြောပြခဲ့တာကတော့ ဘာသာစကားလေ့လာတဲ့ အတွက် ရှိနိုင်တဲ့ အခြေခံ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘာသာစကားတစ်ခုခု လေ့လာဖို့ ရည်ရွယ် ထားတယ်ဆိုရင် ဘာမှမစဉ်းစားနေပဲ အခုပဲ သင်ယူလိုက်ပါ။

ဘာသာစကားသင်ကြားပေးသော ဆရာ၊ ဆရာမများ ရှာဖွေရန် >>> https://www.sayar.com.mm/subjects.html

 

Zawgyi ျဖင့္ဖတ္ရန္

"ဘာသာစကားေတြ ေလ့လာျခင္းရဲ႕ အေျခခံ အက်ိဳးေက်းဇူး (၄) ခ်က္"
ကၽြန္ေတာ္တို႕ မွာ ဘာသာစကားေလ့လာရျခင္းရဲ႕ အေၾကာင္းျပခ်က္ေတြ အမ်ိဳးမ်ိဳးစီရွိၾကပါတယ္။ တခ်ိဳ႕က ဝါသနာပါလို႕၊ တခ်ိဳ႕ က ကိုယ့္အသက္ေမြး ဝမ္းေၾကာင္း အလုပ္အတြက္ လိုအပ္လို႔ အစရွိသည္ျဖင့္ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ေလ့လာျဖစ္ၾကပါတယ္။ ဘယ္လိုအေၾကာင္း ေၾကာင့္ပဲျဖစ္ျဖစ္ ဘာသာစကား အသစ္ေတြေလ့လာျခင္းေၾကာင့္ ဆိုးက်ိဳးျဖစ္ေပၚလာတာမ်ိဳးမရွိပါဘူး...ေကာင္းက်ိဳးေတြခ်ည္းသာရွိပါတယ္။ ဒီအက်ိဳးေက်းဇူး အမ်ားၾကီးထဲက မွ အေျခခံအက်ိဳးေက်းဇူး (၄) ခုကိုေဖာ္ျပေပးလိုက္ပါတယ္..


(၁) ခရီးသြားလာျခင္း
ဘာသာစကားေတြ ေလ့လာထားျခင္းဟာ ခရီးသြားလာမႈအတြက္ မ်ားစြာ အေထာက္အကူျဖစ္ေစပါတယ္။ ဆိုၾကပါစို႕ သင္ဟာ ဘာသာစကားေတြနဲ႕ ပက္သက္တဲ့ ဗဟုသုတ နည္းတဲ့ သူတစ္ေယာက္ဆိုရင္ တျခားႏိုင္ငံေတြကို ခရီးသြား လာတဲ့ ခါ ဘာသာစကားမတူညီတဲ့ လူေတြၾကားမွာ သေဘာထားကြဲလြဲ မႈ ျပႆနာျဖစ္ႏိုင္ပါတယ္။ သင္ဟာတစ္ကယ္လို႕ ဘာသာစကား ေတြနဲ႕ပက္သက္ ဗဟုသုတ ရွိတယ္ဆိုရင္ေတာ့ ဒီျပႆနာေတြကို ေျဖရွင္းႏိုင္ပါလိမ့္မယ္။ ဒါေၾကာင့္ ကမ႓ာၾကီးက ရြာငယ္ျဖစ္ေနခ်ိ္န္မွာ သင့္အေနနဲ႕ မိခင္ဘာသာစကားအျပင္ေနာက္ထပ္ အနည္းဆံုး ဘာသာစကား ၂ မ်ိဳးေလာက္အထိ တတ္ထားသင့္ပါတယ္။

 


(၂) စီးပြားေရးနဲ႔ အလုပ္အကိုင္
သင္ဟာ ဘာသာစကားေတြတတ္ထားမယ္ဆိုရင္ ကုမၸဏီေတြ မွာ အလုပ္ဝင္လုပ္ရင္တာင္ တျခားသူေတြထက္ပိုျပီး အခြင့္အေရးေတြ၊ အာသာခ်က္ေတြ ရရွိႏိုင္ပါတယ္။ ႏိုင္ငံျခားမွာ အလုပ္သြားလုပ္ရင္လည္း ဒီအခ်က္က ကိုယ့္ရဲ႕ အားသာခ်က္ တစ္ခုျဖစ္လာႏိုင္ပါတယ္။ အျပည္ျပည္ဆိုင္ရာေဖာက္သည္မ်ား ဒါမွမဟုတ္ အဆက္အသြယ္ရွိသည့္ ကုမၸဏီတစ္ခုအတြက္ အလုပ္လုပ္ခဲ့ရင္ သင့္ရဲ႕အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းမွာ ထပ္မံအားသာခ်က္တစ္ခုေပးႏိုင္ပါလိမ့္မယ္။ ကိုယ္ပိုင္စီးပြားေရးလုပ္မယ္ဆိုရင္ လည္း ဒီအခ်က္ေတြ ကသင့္စီးပြားေရးတိုးတက္ဖို႕အတြက္ အေထာက္အကူေပးပါလိမ့္မယ္။

 


(၃) Music, film, arts and culture
သင္ဟာ အကယ္၍ အျခားႏိုင္ငံမ်ားမွ စာေပေတြ၊ ယဥ္ေက်းမႈေတြ၊ ရုပ္ရွင္ေတြ ေလ့လာရတာ ႀကိဳက္ႏွစ္သက္တဲ့သူ တစ္ေယာက္ဆိုရင္လည္း ဘာသာစကားသင္ယူေလ့လာထားျခင္းက ထိုအရာေတြအေပၚ တန္ဖိုးထားမႈႏွဲ႕နားလည္ႏိုင္မႈအတြက္ မ်ားစြာ အေထာက္အကူေပးႏိုင္ပါလိမ့္မယ္။

 


(၄) စိတ္ေက်နပ္မႈ
သင္ဟာ ဘာသာစကားေတြေလ့လာထားတဲ့ သူတစ္ေယာက္ဆိုရင္ ကၽြန္ေတာ္အေပၚမွာ ေျပာခဲ့တဲ့ အခ်က္ (၃) ခ်က္လံုးက သင့္အတြက္ အခက္အခဲ မရွိ အဆင္ေျပေနတဲ့ အတြက္ ကိုယ့္ကုိယ္ စိတ္ေက်နပ္မႈ ရေစျပီး ကိုယ့္ကိုယ္ကို ယံုၾကည္မႈလည္း ပိုတိုးေစပါတယ္။
အခုေျပာျပခဲ့တာကေတာ့ ဘာသာစကားေလ့လာတဲ့ အတြက္ ရွိႏိုင္တဲ့ အေျခခံ အက်ိဳးေက်းဇူးေတြပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဘာသာစကားတစ္ခုခု ေလ့လာဖို႔ ရည္ရြယ္ ထားတယ္ဆိုရင္ ဘာမွမစဥ္းစားေနပဲ အခုပဲ သင္ယူလိုက္ပါ။

 

ဘာသာစကားသင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ား ရွာေဖြရန္ >>> https://www.sayar.com.mm/subjects.html

 

Sayar.com.mm

Read times
Rate this articles
(0 votes)