×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Monday, 17 February 2020

"အဂၤလိပ္စကားေျပာ ေလ့က်င့္ဖို႔ အသံုးဝင္တဲ့ App (၃) ခု"

"အဂၤလိပ္စကားေျပာ ေလ့က်င့္ဖို႔ အသံုးဝင္တဲ့ App (၃) ခု" freepick

အဂၤလိပ္စကားေျပာဖို႕ ခက္ခဲေနတဲ့ သူေတြအတြက္ တကယ့္ကို အသံုးဝင္မယ့္ app ေတြပါပဲ။

ဥပမာေျပာရရင္ တစ္ဖက္လူက အဂၤလိပ္ လိုေျပာတာကို နားလည္ တယ္။ ဒါေပမဲ့ အဂၤလိပ္လို ေျပာေနက် မဟုတ္ေတာ့ ျပန္ေျပာဖို႕ကို ေၾကာက္သလိုလို၊ ရွက္သလိုလို ျဖစ္ေနတဲ့ လူေတြအတြက္ အဂၤလိပ္စကားေျပာေလ့က်င့္ လို႕ရမယ့္ App ေလးေတြပါ။ စာေရးဆရာ မိုးရွင္း (I.M.T)ကိုယ္ တိုင္ညႊန္း ထားတဲ့ App ေလးေတြျဖစ္ပါတယ္။ အခ်ိန္အနည္းငယ္ေလာက္ေပးျပီး ဒီ App ေလးေတြနဲ႕ အဂၤလိပ္ စကားေျပာ ေလ့က်င့္ၾကည့္ပါ။ သင့္ရဲ႕ အဂၤလိပ္ စကားေျပာ အရည္အေသြး သိသိသာသာ တိုးတက္ေျပာင္းလဲလာ ပါလိမ့္မယ္။ App ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္…

 


(၁) Open Talk (https://play.google.com/store/apps/details?id=www.speak.com)
Playstore မွာ Open Talk လို႔ ႐ိုက္ၿပီးရွာၾကည့္ပါ။
ဒီ App ေလးထဲမွာ မိမိ ေလက်င့္ ေျပာလိုတဲ့
အေၾကာင္းအရာကို ေ႐ြးခ်ယ္ၿပီး Talk Now ဆိုတာ
ကို ႏွိပ္လိုက္ရင္ ကမာၻတစ္လႊားက ဒီApp ကို
အသုံးျပဳေနတဲ့သူေတြနဲ႔ ခ်ိတ္ဆက္ေပးပါလိမ့္မယ္။
ခဏေတာ့ေစာင့္ေပးရပါတယ္။ ခဏေနရင္ စကား
ေျပာဖို႔ အဆင္သင့္ျဖစ္သြားပါလိမ့္မယ္။ လူတစ္ဦးနဲ႔
မိနစ္ ၂၀အထိ စကားေျပာလို႔ရပါတယ္။ ဒီ App
ေပၚမွာေတာ့ မ်ားေသာအားျဖင့္ အိႏၵိယ လူမ်ိဳးေတြ
ကို ေတြ႕ရတတ္ပါတယ္။ သူတို႔က အဂၤလိပ္စကား
ေျပာ ေတာ္ေတာ္ေလ့က်င့္ပုံရပါတယ္။ အျခားႏိုင္ငံ
က လူေတြနဲ႔လည္း တစ္ခါတစ္ရံ ႀကဳံရႏိုင္ေပမယ့္
အိႏၵိယလူမ်ိဳးနဲ႔ေတြ႕တာေတာ့ မ်ားပါတယ္။ ဖုန္းေျပာ
သလို ေျပာ႐ုံပါပဲ။ ႐ုပ္လည္း မျမင္ရတဲ့အတြက္
ပုဇြန္ေတာင္ေဇးရွင္း မေကာင္းလဲ ရွက္စရာမလို
ပါဘူး။

 

 

(၂) Speaklar (https://play.google.com/store/apps/details?id=www.speak.com)

ဒီ App လည္း သုံးလို႔ေကာင္းပါတယ္။ ဒီ App ေပၚ
မွာလည္း အိႏၵိယ လူမ်ိဳးေတြမ်ားပါတယ္။ ဒါေပမယ့္
သူတို႔အားလုံး ေတာ္ေတာ္မ်ားမ်ား အဂၤလိပ္လို အေျခ
ခံ ေျပာတတ္ၾကပါတယ္။ ဒီ App မွာေတာ့ Level-1
Speaker နဲ႔ Verified Speaker ဆိုၿပီးရွိပါတယ္။
ကိုယ္က သိပ္မေျပာတတ္ဘူးဆိုရင္ ကိုယ့္လိုမ်ိဳး
သိပ္မေျပာတတ္တဲ့သူေတြကို Level-1 Speaker
မွာ ေတြ႕ႏိုင္ပါတယ္။ ကိုယ္က နည္းနည္းေျပာတတ္
ေနၿပီဆိုရင္ေတာ့ Verified Speaker နဲ႔ ေျပာပါ။

 

 

(၃) Wakie Community (https://play.google.com/store/apps/details…)

ဒီ App ကေတာ့ စမ္းသုံးၾကည့္တာ မၾကာေသးပါဘူး။
သူကေတာ့ အေပၚက App ေတြထက္ နည္းနည္းပိုက်ယ္
ျပန႔္ပါတယ္။ ကိုယ္နဲ႔ ဝါသနာတူ လူေတြနဲ႔ စကားေျပာ
ႏိုင္မယ့္ App လည္း ျဖစ္ပါတယ္။ Audio Call ေျပာ
လို႔ရသလို Text Chat ပုံစံမ်ိဳးလည္း ေျပာလို႔ရပါတယ္။
App ကို ဖြင့္လိုက္ရင္အေပၚဆုံးမွာ စကားေျပာခ်င္တဲ့
သူနဲ႔ သူတို႔ ေျပာခ်င္တဲ့ အေၾကာင္းအရာေတြကို ေတြ႕ရ
ပါလိမ့္မယ္။ အဲ့ဒီမွာ ကိုယ္ေျပာခ်င္တာနဲ႔ က ိုက္တယ္
ဆိုရင္ Call Button အစိမ္းေရာင္ေလးကို ႏွိပ္လိုက္႐ုံ
ပါပဲ။

ဒီ Application ေလးေတြနဲ႔ အဂၤလိပ္စကားေျပာ
ေလ့က်င့္လို႔ရပါတယ္။ အဂၤလိပ္စကားေျပာေလ့က်င့္
ေနသူေတြ အတြက္ အသုံးဝင္မယ္လို႔ ေမွ်ာ္လင့္ပါ
တယ္။

IELTS သင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ား >>>> https://www.sayar.com.mm/subjects/all-teachers/subject-303.html

Sayar Guice banner design 2 2


မိုးရွင္း (I.M.T)

 

Unicode ဖြင့်ဖတ်ရန်
"အင်္ဂလိပ်စကားပြော လေ့ကျင့်ဖို့ အသုံးဝင်တဲ့ App (၃) ခု"
အင်္ဂလိပ်စကားပြောဖို့ ခက်ခဲနေuတဲ့ သူတွေအတွက် တကယ့်ကို အသုံးဝင်မယ့် app တွေပါပဲ။ ဥပမာပြောရရင် တစ်ဖက်လူက အင်္ဂလိပ် လိုပြောတာကို နားလည် တယ်။ ဒါပေမဲ့ အင်္ဂလိပ်လို ပြောနေကျ မဟုတ်တော့ ပြန်ပြောဖို့ကို ကြောက်သလိုလို၊ ရှက်သလိုလို ဖြစ်နေတဲ့ လူတွေအတွက် အင်္ဂလိပ်စကားပြောလေ့ကျင့် လို့ရမယ့် App လေးတွေပါ။ စာရေးဆရာ မိုးရှင်း (I.M.T)ကိုယ် တိုင်ညွှန်း ထားတဲ့ App လေးတွေဖြစ်ပါတယ်။ အချိန်အနည်းငယ်လောက်ပေးပြီး ဒီ App လေးတွေနဲ့ အင်္ဂလိပ် စကားပြော လေ့ကျင့်ကြည့်ပါ။ သင့်ရဲ့ အင်္ဂလိပ် စကားပြော အရည်အသွေး သိသိသာသာ တိုးတက်ပြောင်းလဲလာ ပါလိမ့်မယ်။ App လေးတွေကို ဖော်ပြပေးလိုက်ပါတယ်…


(၁) Open Talk (https://play.google.com/store/apps/details?id=www.speak.com)
Playstore မှာ Open Talk လို့ ရိုက်ပြီးရှာကြည့်ပါ။
ဒီ App လေးထဲမှာ မိမိ လေကျင့် ပြောလိုတဲ့
အကြောင်းအရာကို ရွေးချယ်ပြီး Talk Now ဆိုတာ
ကို နှိပ်လိုက်ရင် ကမ္ဘာတစ်လွှားက ဒီApp ကို
အသုံးပြုနေတဲ့သူတွေနဲ့ ချိတ်ဆက်ပေးပါလိမ့်မယ်။
ခဏတော့စောင့်ပေးရပါတယ်။ ခဏနေရင် စကား
ပြောဖို့ အဆင်သင့်ဖြစ်သွားပါလိမ့်မယ်။ လူတစ်ဦးနဲ့
မိနစ် ၂၀အထိ စကားပြောလို့ရပါတယ်။ ဒီ App
ပေါ်မှာတော့ များသောအားဖြင့် အိန္ဒိယ လူမျိုးတွေ
ကို တွေ့ရတတ်ပါတယ်။ သူတို့က အင်္ဂလိပ်စကား
ပြော တော်တော်လေ့ကျင့်ပုံရပါတယ်။ အခြားနိုင်ငံ
က လူတွေနဲ့လည်း တစ်ခါတစ်ရံ ကြုံရနိုင်ပေမယ့်
အိန္ဒိယလူမျိုးနဲ့တွေ့တာတော့ များပါတယ်။ ဖုန်းပြော
သလို ပြောရုံပါပဲ။ ရုပ်လည်း မမြင်ရတဲ့အတွက်
ပုဇွန်တောင်ဇေးရှင်း မကောင်းလဲ ရှက်စရာမလို
ပါဘူး။

 

 

(၂) Speaklar (https://play.google.com/store/apps/details?id=www.speak.com)

ဒီ App လည်း သုံးလို့ကောင်းပါတယ်။ ဒီ App ပေါ်
မှာလည်း အိန္ဒိယ လူမျိုးတွေများပါတယ်။ ဒါပေမယ့်
သူတို့အားလုံး တော်တော်များများ အင်္ဂလိပ်လို အခြေ
ခံ ပြောတတ်ကြပါတယ်။ ဒီ App မှာတော့ Level-1
Speaker နဲ့ Verified Speaker ဆိုပြီးရှိပါတယ်။
ကိုယ်က သိပ်မပြောတတ်ဘူးဆိုရင် ကိုယ့်လိုမျိုး
သိပ်မပြောတတ်တဲ့သူတွေကို Level-1 Speaker
မှာ တွေ့နိုင်ပါတယ်။ ကိုယ်က နည်းနည်းပြောတတ်
နေပြီဆိုရင်တော့ Verified Speaker နဲ့ ပြောပါ။

 

 

(၃) Wakie Community (https://play.google.com/store/apps/details…)

ဒီ App ကတော့ စမ်းသုံးကြည့်တာ မကြာသေးပါဘူး။
သူကတော့ အပေါ်က App တွေထက် နည်းနည်းပိုကျယ်
ပြန့်ပါတယ်။ ကိုယ်နဲ့ ဝါသနာတူ လူတွေနဲ့ စကားပြော
နိုင်မယ့် App လည်း ဖြစ်ပါတယ်။ Audio Call ပြော
လို့ရသလို Text Chat ပုံစံမျိုးလည်း ပြောလို့ရပါတယ်။
App ကို ဖွင့်လိုက်ရင်အပေါ်ဆုံးမှာ စကားပြောချင်တဲ့
သူနဲ့ သူတို့ ပြောချင်တဲ့ အကြောင်းအရာတွေကို တွေ့ရ
ပါလိမ့်မယ်။ အဲ့ဒီမှာ ကိုယ်ပြောချင်တာနဲ့ က ိုက်တယ်
ဆိုရင် Call Button အစိမ်းရောင်လေးကို နှိပ်လိုက်ရုံ
ပါပဲ။

ဒီ Application လေးတွေနဲ့ အင်္ဂလိပ်စကားပြော
လေ့ကျင့်လို့ရပါတယ်။ အင်္ဂလိပ်စကားပြောလေ့ကျင့်
နေသူတွေ အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါ
တယ်။

IELTS သင်ကြားပေးသော ဆရာ၊ ဆရာမများ >>>> https://www.sayar.com.mm/subjects/all-teachers/subject-303.html

Sayar Guice banner design 2 2

 


မိုးရှင်း (I.M.T)

 

 

Read times
Rate this articles
(0 votes)