×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Tuesday, 07 April 2020

Electric, Electrical or Electronic အသုံးများ

Electric, Electrical or Electronic အသုံးများ

ပထမဆုံး Electric နဲ့ Electrical အကြောင်း လေ့လာရအောင်…
Electric ဆိုတဲ့စကားလုံးက Electricity ဆိုတဲ့ နာမ် (Noun) ကနေတဆင့် ဖြစ်ပေါ်လာတဲ့စကားလုံးပဲဖြစ်ပါတယ်။ Electric ကတော့ နာမဝိသေသန (Adjective) အနေနဲ့ အသုံးပြုပါတယ်။
ဥပမာ

Electric lights allow to us to read at night.
The dancers gave an electric performance.

 

Electrical ကို နာမဝိသေသန (Adjective) အနေနဲ့အသုံးြ့ပုလို့ရပါတယ်။
ဥပမာ
She studies electrical engineering.
ဒီစာကြောင်းမှာဆိုရင် Engineering ဆိုတဲ့ဘာသာရပ်(Noun) ကို Electrical ဆိုတဲ့နာမဝိသေသနဲ့ပေါင်းစပ်ပြီးတော့ Electrical Engineering လို့ အသုံးပြုထားတာကို လေ့လာတွေ့ရှိမှာပါ။

နောက်တစ်ခုအနေနဲ့ Electrical ကို “General Sense” အနေနဲ့အသုံးပြုနိုင်ပါတယ်။
ဥပမာ
His kitchen is full of electrical appliances.
ဒီစာကြောင်းမှာဆိုရင်လည်း မီးဖိုချောင်းထဲမှာရှိတဲ့အသုံးအဆောင်များဆိုတဲ့ ယေဘူယျဆန်တဲ့အသုံးအနှုန်းတစ်ခုအဖြစ် Electrical ကို အသုံးပြုထားတာကိုတွေ့ရပါတယ်။

 

သတိချပ်စရာတစ်ခုတော့ရှိပါတယ်။ အဲ့ဒါကတော့ Electrical ကို “Specific Noun” တွေနဲ့တော့ တွဲသုံးလို့မရပါဘူး၊ ဥပမာ-ကား၊ ဘောပင် ….. (wrong – electrical car, electrical pen) (right – electric car, electric pen)
ဥပမာ
This is a new Tesla electrical car. ဆိုရင် မှားပါတယ်။
This is a new Tesla electric car လို့ အသုံးပြုရပါမယ်။

 

Electronic
Electronic ကို နာမဝိသေသန (Adjective) အနေနဲ့ အသုံးပြုကြပါတယ်။ Electrical အစိတ်အပိုင်းများစွာ ပေါင်းစပ်ပါနေတဲ့ (e.g. Microchips) အရာဝတ္ထုတွေကို Electronic လို့ခေါ်ပါတယ်။
ဥပမာ -
In China, almost everyone makes electronic payments when they go shopping.

 

ကဲ…
ဒီလောက်ဆိုရင်တော့ Electric, Electrical နဲ့ Electronic အသုံးလေးတွေကို သိလောက်ပြီထင်ပါတယ်။

 

 


AutoCad သင်ကြားသောဆရာများကို ရှာဖွေလိုပါက https://www.sayar.com.mm/subjects/all-teachers/subject-228.html တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

 

Electric, Electrical or Electronic အသံုးမ်ား

ပထမဆံုး Electric နဲ႔ Electrical အေၾကာင္း ေလ့လာရေအာင္…
Electric ဆိုတဲ့စကားလံုးက Electricity ဆိုတဲ့ နာမ္ (Noun) ကေနတဆင့္ ျဖစ္ေပၚလာတဲ့စကားလံုးပဲျဖစ္ပါတယ္။ Electric ကေတာ့ နာမ၀ိေသသန (Adjective) အေနနဲ႔ အသံုးျပဳပါတယ္။
ဥပမာ
Electric lights allow to us to read at night.
The dancers gave an electric performance.

 

Electrical ကို နာမ၀ိေသသန (Adjective) အေနနဲ႔အသံုးျ႔ပဳလို႔ရပါတယ္။
ဥပမာ
She studies electrical engineering.
ဒီစာေၾကာင္းမွာဆိုရင္ Engineering ဆိုတဲ့ဘာသာရပ္(Noun) ကို Electrical ဆိုတဲ့နာမ၀ိေသသနဲ႔ေပါင္းစပ္ၿပီးေတာ့ Electrical Engineering လို႔ အသံုးျပဳထားတာကို ေလ့လာေတြ႕ရွိမွာပါ။

 

ေနာက္တစ္ခုအေနနဲ႔ Electrical ကို “General Sense” အေနနဲ႔အသံုးျပဳႏိုင္ပါတယ္။
ဥပမာ
His kitchen is full of electrical appliances.
ဒီစာေၾကာင္းမွာဆိုရင္လည္း မီးဖိုေခ်ာင္းထဲမွာရွိတဲ့အသံုးအေဆာင္မ်ားဆိုတဲ့ ေယဘူယ်ဆန္တဲ့အသံုးအႏႈန္းတစ္ခုအျဖစ္ Electrical ကို အသံုးျပဳထားတာကိုေတြ႕ရပါတယ္။

သတိခ်ပ္စရာတစ္ခုေတာ့ရွိပါတယ္။ အဲ့ဒါကေတာ့ Electrical ကို “Specific Noun” ေတြနဲ႔ေတာ့ တြဲသံုးလို႔မရပါဘူး၊ ဥပမာ-ကား၊ ေဘာပင္ ….. (wrong – electrical car, electrical pen) (right – electric car, electric pen)
ဥပမာ
This is a new Tesla electrical car. ဆိုရင္ မွားပါတယ္။
This is a new Tesla electric car. လို႔ အသံုးျပဳရပါမယ္။

 

Electronic
Electronic ကို နာမ၀ိေသသန (Adjective) အေနနဲ႔ အသံုးျပဳၾကပါတယ္။ Electrical အစိတ္အပိုင္းမ်ားစြာ ေပါင္းစပ္ပါေနတဲ့ (e.g. Microchips) အရာ၀တၳဳေတြကို Electronic လို႔ေခၚပါတယ္။
ဥပမာ -
In China, almost everyone makes electronic payments when they go shopping.

 

ကဲ…
ဒီေလာက္ဆိုရင္ေတာ့ Electric, Electrical နဲ႔ Electronic အသံုးေလးေတြကို သိေလာက္ၿပီထင္ပါတယ္။

 

 


AutoCad သင္ၾကားေသာဆရာမ်ားကို ရွာေဖြလိုပါက https://www.sayar.com.mm/subjects/all-teachers/subject-228.html တြင္ ၀င္ေရာက္ေလ့လာႏိုင္ပါသည္။

Read times Last modified on Tuesday, 07 April 2020 12:32
Rate this articles
(0 votes)