×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Tuesday, 07 April 2020

မျဖစ္မနေ ၾကည့္သင့္တဲ့ ရုပ္ရွင္ဇာတ္ကား (သို႔) The Green Mile

The Green Mile

1996 ခုနှစ်မှာ စာရေးဆရာ Stephen King က The Green Mile အမည်ဖြင့် အခန်းဆက်ဝတ္ထုရှည်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ ရေးသားထုတ်ဝေပြီးပြီးချင်းမှာပဲ ဒီစာအုပ်ဟာ ရောင်းအားအကောင်းဆုံး အခန်းဆက်ဝတ္ထုရှည်စာအုပ်အဖြစ် ကမ္ဘာကျော်သွားခဲ့ပါတယ်။

 

1999 ခုနှစ် အကောင်းဆုံးဇာတ်လမ်းကောင်းတွေကို အမြဲစီစဉ်တင်ဆက်လေ့ရှိတဲ့ Warner Bros က ဝတ္ထုအမည်အတိုင်းမပြောင်းလဲဘဲ The Green Mile အမည်နဲ့ “Fantasy Crime Dram File” အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ကို ရိုက်ကူးပြသခဲ့ပါတယ်။ ကမ္ဘာကျော်မင်းသား Tom Hanks က ပါဝင်သရုပ်ဆောင်ထားပါတယ်။ The Green Mile ဇာတ်လမ်းက အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးအသံဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့ (Frank Darabont) အကောင်းဆုံးဇာတ်ပို့ဆု (Michael Clarke Duncan (John Coffey) အစရှိတဲ့ အော်စကာ (၄)ဆု ရရှိခဲ့ပါတယ်။ ကန်ဒေါ်လာ သန်း(၆၀)ကျော် ကုန်ကျခံရိုက်ကူးခဲ့ပြီး ဝင်ငွေအနေနဲ့ ကန်ဒေါ်လာ သန်း(၂၉၀.၇)သန်း ပြန်လည်ရရှိခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။

 

ဒီဇာတ်ကားကို ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ပရိုဂျူဆာကတော့ Frank Darabont, မင်းသား Tom Thanks, John Coffey နေရာမှာ Michael Clarke Duncan, ဇာတ်ပို့တွေကတော့ David Morse, Bonnie Hunt, James Cromwell နဲ့ အသက်ကြီးသွားတဲ့ Paul Edgecombe နေရာမှာတော့ မင်းသားကြီး Dabbs Greer တို့ပါဝင်သရုပ်ဆောင်ထားတယ်။

 

ဇာတ်လမ်းအစမှာ ထောင်ပိုင်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ Paul Edgecombe (Dabbs Greer) မှ 1930 ဝန်းကျင်မှ အမေရိကန်နိုင်ငံရဲ့ တရားဥပဒေစီရင်ရေး၊ အားနားချက်၊ မှားအယွင်းနဲ့ လွဲမှားချွတ်ချော်ခဲ့တဲ့ အချက်အလက်တွေကို ပြန်ပြောင်းပြောပြနေဟန်နဲ့ ဇာတ်လမ်းကို အစပြုခဲ့ပါတယ်။

 

1935 ဝန်းကျင်မှာ ပေါလ် (Tom Hanks) သေမိန့်ချတရားခံများထားရှိရာ သေဒဏ်မပေးခင်ယာယီချုပ်တဲ့ ထောင်ရဲ့ထောင်ပိုင်တစ်ဦးဖြစ်ပါတယ်။ အင်မတန် စည်းကမ်းတင်းကြပ်လှတဲ့ဥပဒေနဲ့ လူ့စိတ်နှလုံးနူးညံ့မှု၊ လူသားချင်းစာနာထောက်ထားမှု ခံစားမှု(၂)မျိုးရဲ့အကြား သမာသမတ်ရှိရှိ ရပ်တည်ပေးရတဲ့ နေရာပေါ့။ သေဒဏ်ကျအကျဉ်းသားတွေရဲ့အထီးကျန်မှု၊ နာကျင်မှု၊ နောင်တနဲ့ ညီးတွားစိတ်ပျက်အားငယ်မှုတွေအကြား ဟန်ချက်မပျက်အောင် ထိန်းညှိပေးရတဲ့နေရာတစ်ခုဖြစ်ပါတယ်။

 

ဒီအကျဉ်းထောင်ကို John Coffey (Michael Clarke Duncan) က လူမမည် အမျိုးသမီးလေးနှစ်ယောက်ကို မုဒိန်းကျင့် သတ်ဖြတ်မှုနဲ့ သေမိန့်ကျခံဖို့ ရောက်လာခဲ့ပါတယ်။ ခန္ဓာကိုယ် ကြီးမားကြံ့ခိုင်တဲ့ လူ့ဘီလူးကြီး ဂျွန်ကာဖေးက သူ့ရဲ့ခန္ဓာကိုယ်ကိုမှမထောက် အမှောင်ကိုကြောက်တတ်သူ၊ စိတ်အားငယ်တတ်သူ။ သူ့နာမည်ကလွဲပြီး ကျန်တဲ့စာကို မဖတ်တတ်ရှာသူ၊ သူ့နာမည်ကိုမေးတိုင်း “ဂျွန်ကော်ဖီပါခင်ဗျား၊ သောက်တဲ့ကော်ဖီနဲ့အသံထွက်တူပါတယ်၊ စာလုံးပေါင်းတော့မတူပါဘူး”လို့ အမြဲပြောတတ်တဲ့သူ၊ လူတိုင်းကို ချိုချိုသာသာနဲ့ မျက်ရည်တွေဝိုင်းပြီး သနားဂရုဏာသက်ဟန်နဲ့ပြောတတ် ကြည့်တတ်တဲ့သူကြီးပေါ့။ သူ့မှာ သူမတူတဲ့ စိတ်စွမ်းအင်တစ်မျိုးကိုပိုင်ဆိုင်ထားပါတယ်။ သူပိုင်ဆိုင်ထားတဲ့ စိတ်စွမ်းအင်နဲ့ လူအများကို ကူညီခဲ့ပေမယ့် ကူညီမှုမှားပြီး ကိုယ့်အလှည့်မှာတော့ ကူညီတကယ်တင်သူမဲ့။ သနားစရာ လူထွားကြီးပေါ့။ စိတ်နှလုံးကောင်းမွန်တဲ့ ဒီလူထွားကြီးဟာ လူသတ်တယ်၊ မုဒိန်းကျင့်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပေါလ်က ထင်ခဲ့တယ်။ သူထင်ခဲ့တာလည်းအမှန်ပါပဲ၊ သူဟာ မှားယွင်းယိုးစွပ်ခံရသူတစ်ဦးပါ။ ထောင်ပိုင် ပေါလ်က ဆီးကြိတ်ရောင်ရောဂါကိုခံစားနေရသူပါ။ ဒါကိုလည်း ဂျွန်ကော်ဖေးက စိတ်စွမ်းအင်နဲ့ကုသပေးခဲ့တယ်။ ပေါလ်အထက်အရာရှိရဲ့ဇနီးဖြစ်သူ၊ ဒဏ်ရာရသွားတဲ့ကြွက်ကလေး အစရှိသူတို့ကိုလည်း ရောဂါပျောက်ကင်းအောင် ကုသပေးခဲ့တဲ့အပြင် အနီးအနားဝန်းကျင်ကဖြစ်ရပ်ဆိုးတွေ၊ ဖြစ်လာမယ့်အရာတွေကို ကြိုတင်သိရှိသူတစ်ဦးပါ။ ဂျွန်မှာအပြစ်မရှိတာကိုသိတဲ့ ပေါလ်က ဂျွန့်ကို ထောင်ကပြေးမလားမေးခဲ့တယ်။ ဒါပေမယ့် ဂျွန်က ပေါလ်ဒုက္ခဖြစ်ကျန်မယ့် အကြံအစည်ဖြစ်လို့ လက်မခံဘဲ သေမိန့်ကျ လျှပ်စစ်ကုလားထိုင်ကိုပဲရွေးချယ်ခဲ့တာပါ။ ဂျွန်ပြောခဲ့တဲ့စကားတေါထဲမှာ အများရဲ့စိတ်နှလုံးကို ဖမ်းစားသွားတဲ့စကားလုံးကတော့ သေဒဏ်ကျ လျှပ်စစ်ခုံမှာထိုင်ရင်း နောက်ဆုံးအနေနဲ့ ပြောသွားတဲ့စကားလေးပါ “I am sorry what I am” တဲ့။

 

သေဒဏ်ကျခံဖို့ ရောက်ရှိနေတဲ့ အခြားအကျဉ်းသားတွေလည်း ရှိပါသေးတယ်။ သူတို့တွေလည်း နောက်ဆုံးနေ့အချိန်အထိ ကျရောက်လာမယ့်ပြစ်ဒဏ်ကိုစောင့်ဆိုင်းနေကြရတဲ့ အထီးကျန်လူသားများပေါ့။ အထီးကျန်လွန်းတဲ့အတွက် ကြွက်စုတ်လေးတစ်ကောင်ကို အကောင်းဆုံးအဖာ်တစ်ယောက်အဖြစ်မှတ်ယူပြီး နောက်ဆုံးထွက်သက်အထိ သံယောဇဉ်တကြီး ဖတ်တွယ်သွားတဲ့ ရဒ်အင်ဒီးယန်းတစ်ယောက်၊ ဆေးအမြဲကွဲနေတဲ့ ဆေးကြောင် အစရှိသဖြင့်ပေါ့လေ။ သူတို့ရဲ့နောက်ဆုံးချိန်တွေကို သူတို့နဲ့အတူ ကူညီစောင့်စားရင်း သူတို့ဖြစ်ချင်တဲ့ နောက်ဆုံးဆန္ဒတွေကို တတ်နိုင်တဲ့ဘက်က ဝိုင်းဖြည့်ပေးနေကြတဲ့ ထောင်ဝန်ထမး် အရာရှိများရဲ့ ဖြစ်တည်မှု။

 

မပါမဖြစ် ဗီလိန်နေရာကသရုပ်ဆောင်သွားတာကတော့ ပါစီဆိုသူပဲဖြစ်ပါတယ်။ သူတစ်ပါးဒုက္ခရောက်မှ စိတ်အနှောင့်အယှက်ဖြစ်မှ သူတပါးကို တနည်းနည်းနဲ့အနှောင့်အယှက်ပေးမှ စိတ်ချမ်းသာတဲ့သူ၊ အမူအရာက အသက်ပါလွန်းတော့ မုန်းစရာတော်တော်ကောင်း

 


ဥပဒေဆိုတာက တကယ့်ကိုစာအုပ်ကြီးအတိုင်းပါပဲ၊ အပြစ်လုပ်ရင်လည်းခံ၊ ပြစ်မှုမကျူးလွန်သော်လည်း သက်သေအထောက်အထား ခိုင်လုံနေရင်လည်းခံပေါ့။ ဒီဇာတ်ကားကြီးရဲ့ သက်ရောက်မှုကြောင့် အမေရိကရဲ့ တရားစီရင်ရေးစနစ်အချို့ ပြောင်းလဲခဲ့ပါတယ်။


ဒီဇာတ်ကားဟာ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ မဖြစ်မနေကြည့်ဖို့ တိုက်တွန်းပါရစေ။

https://channelmyanmar.org/the-green-mile/

 

 

 


The Green Mile

1996 ခုႏွစ္မွာ စာေရးဆရာ Stephen King က The Green Mile အမည္ျဖင့္ အခန္းဆက္၀တၳဳရွည္ကို ေရးသားထုတ္ေ၀ခဲ့ပါတယ္။ ေရးသားထုတ္ေ၀ၿပီးၿပီးခ်င္းမွာပဲ ဒီစာအုပ္ဟာ ေရာင္းအားအေကာင္းဆံုး အခန္းဆက္၀တၳဳရွည္စာအုပ္အျဖစ္ ကမၻာေက်ာ္သြားခဲ့ပါတယ္။

 

1999 ခုႏွစ္ အေကာင္းဆံုးဇာတ္လမ္းေကာင္းေတြကို အၿမဲစီစဥ္တင္ဆက္ေလ့ရွိတဲ့ Warner Bros က ၀တၳဳအမည္အတိုင္းမေျပာင္းလဲဘဲ The Green Mile အမည္နဲ႔ “Fantasy Crime Dram File” အမ်ိဳးအစား ဇာတ္လမ္းတစ္ပုဒ္ကို ရိုက္ကူးျပသခဲ့ပါတယ္။ ကမၻာေက်ာ္မင္းသား Tom Hanks က ပါ၀င္သရုပ္ေဆာင္ထားပါတယ္။ The Green Mile ဇာတ္လမ္းက အေကာင္းဆံုးဇာတ္ကားဆု၊ အေကာင္းဆံုးအသံဆု၊ အေကာင္းဆံုးဇာတ္ညႊန္းဆုနဲ႔ (Frank Darabont) အေကာင္းဆံုးဇာတ္ပို႔ဆု (Michael Clarke Duncan (John Coffey) အစရွိတဲ့ ေအာ္စကာ (၄)ဆု ရရွိခဲ့ပါတယ္။ ကန္ေဒၚလာ သန္း(၆၀)ေက်ာ္ ကုန္က်ခံရိုက္ကူးခဲ့ၿပီး ၀င္ေငြအေနနဲ႔ ကန္ေဒၚလာ သန္း(၂၉၀.၇)သန္း ျပန္လည္ရရွိခဲ့တဲ့ ဇာတ္လမ္းေကာင္းတစ္ခုျဖစ္ပါတယ္။

 

ဒီဇာတ္ကားကို ဇာတ္ညႊန္း၊ ဒါရိုက္တာ၊ ပရိုဂ်ဴဆာကေတာ့ Frank Darabont, မင္းသား Tom Thanks, John Coffey ေနရာမွာ Michael Clarke Duncan, ဇာတ္ပို႔ေတြကေတာ့ David Morse, Bonnie Hunt, James Cromwell နဲ ့ အသက္ႀကီးသြားတ့ဲ Paul Edgecombe ေနရာမွာေတာ့ မင္းသားႀကီး Dabbs Greer တို ့ပါဝင္သ႐ုပ္ေဆာင္ထားတယ္။

 

ဇာတ္လမ္းအစမွာ ေထာင္ပိုင္ေဟာင္းတစ္ဦးျဖစ္ခဲ့တဲ့ Paul Edgecombe (Dabbs Greer) မွ 1930 ၀န္းက်င္မွ အေမရိကန္ႏိုင္ငံရဲ႕ တရားဥပေဒစီရင္ေရး၊ အားနားခ်က္၊ မွားအယြင္းနဲ႔ လြဲမွားခၽြတ္ေခ်ာ္ခဲ့တဲ့ အခ်က္အလက္ေတြကို ျပန္ေျပာင္းေျပာျပေနဟန္နဲ႔ ဇာတ္လမ္းကို အစျပဳခဲ့ပါတယ္။

1935 ၀န္းက်င္မွာ ေပါလ္ (Tom Hanks) ေသမိန္႔ခ်တရားခံမ်ားထားရွိရာ ေသဒဏ္မေပးခင္ယာယီခ်ဳပ္တဲ့ ေထာင္ရဲ႕ေထာင္ပိုင္တစ္ဦးျဖစ္ပါတယ္။ အင္မတန္ စည္းကမ္းတင္းၾကပ္လွတဲ့ဥပေဒနဲ႔ လူ႔စိတ္ႏွလံုးႏူးညံ့မႈ၊ လူသားခ်င္းစာနာေထာက္ထားမႈ ခံစားမႈ(၂)မ်ိဳးရဲ႕အၾကား သမာသမတ္ရွိရွိ ရပ္တည္ေပးရတဲ့ ေနရာေပါ့။ ေသဒဏ္က်အက်ဥ္းသားေတြရဲ႕အထီးက်န္မႈ၊ နာက်င္မႈ၊ ေနာင္တနဲ႔ ညီးတြားစိတ္ပ်က္အားငယ္မႈေတြအၾကား ဟန္ခ်က္မပ်က္ေအာင္ ထိန္းညွိေပးရတဲ့ေနရာတစ္ခုျဖစ္ပါတယ္။

 

ဒီအက်ဥ္းေထာင္ကို John Coffey (Michael Clarke Duncan) က လူမမည္ အမ်ိဳးသမီးေလးႏွစ္ေယာက္ကို မုဒိန္းက်င့္ သတ္ျဖတ္မႈနဲ႔ ေသမိန္႔က်ခံဖို႔ ေရာက္လာခဲ့ပါတယ္။ ခႏၶာကိုယ္ ႀကီးမားႀကံ႕ခိုင္တဲ့ လူ႔ဘီလူးႀကီး ဂၽြန္ကာေဖးက သူ႔ရဲ႕ခႏၶာကိုယ္ကိုမွမေထာက္ အေမွာင္ကိုေၾကာက္တတ္သူ၊ စိတ္အားငယ္တတ္သူ။ သူ႔နာမည္ကလြဲၿပီး က်န္တဲ့စာကို မဖတ္တတ္ရွာသူ၊ သူ႔နာမည္ကိုေမးတိုင္း “ဂၽြန္ေကာ္ဖီပါခင္ဗ်ား၊ ေသာက္တဲ့ေကာ္ဖီနဲ႔အသံထြက္တူပါတယ္၊ စာလံုးေပါင္းေတာ့မတူပါဘူး”လို႔ အၿမဲေျပာတတ္တဲ့သူ၊ လူတိုင္းကို ခ်ိဳခ်ိဳသာသာနဲ႔ မ်က္ရည္ေတြ၀ုိင္းၿပီး သနားဂရုဏာသက္ဟန္နဲ႔ေျပာတတ္ ၾကည့္တတ္တဲ့သူႀကီးေပါ့။ သူ႔မွာ သူမတူတဲ့ စိတ္စြမ္းအင္တစ္မ်ိဳးကိုပိုင္ဆိုင္ထားပါတယ္။ သူပိုင္ဆိုင္ထားတဲ့ စိတ္စြမ္းအင္နဲ႔ လူအမ်ားကို ကူညီခဲ့ေပမယ့္ ကူညီမႈမွားၿပီး ကိုယ့္အလွည့္မွာေတာ့ ကူညီတကယ္တင္သူမဲ့။ သနားစရာ လူထြားႀကီးေပါ့။ စိတ္ႏွလံုးေကာင္းမြန္တဲ့ ဒီလူထြားႀကီးဟာ လူသတ္တယ္၊ မုဒိန္းက်င့္တယ္ဆိုတာ မျဖစ္ႏိုင္ဘူးလို႔ ေပါလ္က ထင္ခဲ့တယ္။ သူထင္ခဲ့တာလည္းအမွန္ပါပဲ၊ သူဟာ မွားယြင္းယိုးစြပ္ခံရသူတစ္ဦးပါ။ ေထာင္ပိုင္ ေပါလ္က ဆီးႀကိတ္ေရာင္ေရာဂါကိုခံစားေနရသူပါ။ ဒါကိုလည္း ဂၽြန္ေကာ္ေဖးက စိတ္စြမ္းအင္နဲ႔ကုသေပးခဲ့တယ္။ ေပါလ္အထက္အရာရွိရဲ႕ဇနီးျဖစ္သူ၊ ဒဏ္ရာရသြားတဲ့ၾကြက္ကေလး အစရွိသူတို႔ကိုလည္း ေရာဂါေပ်ာက္ကင္းေအာင္ ကုသေပးခဲ့တဲ့အျပင္ အနီးအနား၀န္းက်င္ကျဖစ္ရပ္ဆိုးေတြ၊ ျဖစ္လာမယ့္အရာေတြကို ႀကိဳတင္သိရွိသူတစ္ဦးပါ။ ဂၽြန္မွာအျပစ္မရွိတာကိုသိတဲ့ ေပါလ္က ဂၽြန္႔ကို ေထာင္ကေျပးမလားေမးခဲ့တယ္။ ဒါေပမယ့္ ဂၽြန္က ေပါလ္ဒုကၡျဖစ္က်န္မယ့္ အႀကံအစည္ျဖစ္လို႔ လက္မခံဘဲ ေသမိန္႔က် လွ်ပ္စစ္ကုလားထိုင္ကိုပဲေရြးခ်ယ္ခဲ့တာပါ။ ဂၽြန္ေျပာခဲ့တဲ့စကားေတါထဲမွာ အမ်ားရဲ႕စိတ္ႏွလံုးကို ဖမ္းစားသြားတဲ့စကားလံုးကေတာ့ ေသဒဏ္က် လွ်ပ္စစ္ခံုမွာထိုင္ရင္း ေနာက္ဆံုးအေနနဲ႔ ေျပာသြားတဲ့စကားေလးပါ “I am sorry what I am” တဲ့။

 

ေသဒဏ္က်ခံဖို႔ ေရာက္ရွိေနတဲ့ အျခားအက်ဥ္းသားေတြလည္း ရွိပါေသးတယ္။ သူတို႔ေတြလည္း ေနာက္ဆံုးေန႔အခ်ိန္အထိ က်ေရာက္လာမယ့္ျပစ္ဒဏ္ကိုေစာင့္ဆိုင္းေနၾကရတဲ့ အထီးက်န္လူသားမ်ားေပါ့။ အထီးက်န္လြန္းတဲ့အတြက္ ၾကြက္စုတ္ေလးတစ္ေကာင္ကို အေကာင္းဆံုးအဖာ္တစ္ေယာက္အျဖစ္မွတ္ယူၿပီး ေနာက္ဆံုးထြက္သက္အထိ သံေယာဇဥ္တႀကီး ဖတ္တြယ္သြားတဲ့ ရဒ္အင္ဒီးယန္းတစ္ေယာက္၊ ေဆးအၿမဲကြဲေနတဲ့ ေဆးေၾကာင္ အစရွိသျဖင့္ေပါ့ေလ။ သူတို ့ရဲ႕ေနာက္ဆံုးခ်ိန္ေတြကို သူတို ့နဲ ့အတူ ကူညီေစာင့္စားရင္း သူတို ့ျဖစ္ခ်င္တ့ဲ ေနာက္ဆံုးဆႏၵေတြကို တတ္ႏိုင္တ့ဲဘက္က ဝိုင္းျဖည့္ေပးေနၾကတ့ဲ ေထာင္ဝန္ထမး္ အရာရိွမ်ားရဲ႕ ျဖစ္တည္မႈ။

 

မပါမျဖစ္ ဗီလိန္ေနရာကသရုပ္ေဆာင္သြားတာကေတာ့ ပါစီဆိုသူပဲျဖစ္ပါတယ္။ သူတစ္ပါးဒုကၡေရာက္မွ စိတ္အေႏွာင့္အယွက္ျဖစ္မွ သူတပါးကို တနည္းနည္းနဲ႔အေႏွာင့္အယွက္ေပးမွ စိတ္ခ်မ္းသာတဲ့သူ၊ အမူအရာက အသက္ပါလြန္းေတာ့ မုန္းစရာေတာ္ေတာ္ေကာင္း


ဥပေဒဆုိတာက တကယ့္ကိုစာအုပ္ႀကီးအတိုင္းပါပဲ၊ အျပစ္လုပ္ရင္လည္းခံ၊ ျပစ္မႈမက်ဴးလြန္ေသာ္လည္း သက္ေသအေထာက္အထား ခိုင္လံုေနရင္လည္းခံေပါ့။ ဒီဇာတ္ကားႀကီးရဲ႕ သက္ေရာက္မႈေၾကာင့္ အေမရိကရဲ႕ တရားစီရင္ေရးစနစ္အခ်ိဳ႕ ေျပာင္းလဲခဲ့ပါတယ္။


ဒီဇာတ္ကားဟာ ၾကည့္သင့္တဲ့ ဇာတ္ကားေကာင္းတစ္ကားျဖစ္လို႔ မျဖစ္မေနၾကည့္ဖို႔ တိုက္တြန္းပါရေစ။

https://channelmyanmar.org/the-green-mile/

 

Read times
Rate this articles
(1 Vote)