×
Warning
JUser: :_load: Unable to load user with ID: 81428
Language
Tuesday, 21 April 2020
ဉာဏ်ရွှင်စဉ်းစား Idioms များ
ဉာဏ်ရွှင်စဉ်းစား Idioms များ
Idiom ဆိုတာဘာလဲ...
လွယ်လွယ်ပြောရရင်တော့ idiom ဆိုတာသူ့မှာပါဝင်တဲ့ စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပါယ်ကိုလုံးစေ့ပတ်စေ့ သိရုံနဲ့ ထို idiom ရဲ့
ဆိုလိုရင်း အဓိပ္ပါယ် အတိအကျကို ဘာသာပြန်လို့မရတဲ့ စကားစုတစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်ရံ idiom ကို တစ်စုံတစ်ခုကို တင်စားဖော်ပြလိုတဲ့
အခြေအနေမှာလည်း အသုံးပြုနိုင်ပါတယ်။ အဲ့ဒီတော့ အင်္ဂလိပ်စကားလေ့လာရာမှာ idioms တွေကိုမသိရင် တစ်ပိုင်းနာတယ်။ ဒါကြောင့်
အသုံးများတဲ့ (သုံးလို့လှတဲ့) idiom အချို့ကို ဥပမာလေးတွေနဲ့တကွ ဖော်ပြပေးပါ့မယ်။
1. Water Under the Bridge = အဖြစ်အပျက်တစ်ခုဟာ ပြီးသွားပြီ။ ဘာမှထပ်လုပ်လို့ မရတော့ဘူးဆိုတဲ့အဓိပ္ပာယ်။
'Our love is water under the bridge' လို့ Adele က သူ့ရဲ့ 'Water under the bridge' သီချင်းမှာဆိုထားပါတယ်။ 'ငါတို့ အချစ်က ပြီးသွားပြီ။ ဘာမှလုပ်လို့မရတော့ ဘူး' လို့ အဓိပ္ပါယ်ရပါတယ်။
2. Eat crow= တောင်းပန်သည်
'I know he's eating crow' ဆိုလို့ ‘သူကျီးကန်း စားနေတာမဟုတ်ဘူး။ သူ တောင်းပန်နေတာ ငါသိသားပဲ' လို့ အဓိပ္ပါယ်ရပါတယ်။
3. Pigs might fly= ဖြစ်ပါလိမ့်မယ် အားကြီးကြီး
'I will study tonight' ('ငါဒီညစာကျက်မယ်')
'Pigs might fly' ('ကျက်ဖြစ်ပါလိမ့်မယ်အားကြီးကြီး')
4. Done for= သေပြီဆရာ
'I have't finished my homework. I'm done for.' 'ငါအိမ်စာမပြီးသေးဘူး။ သေပြီ'
5. Get over something= မေ့ပစ်တယ်
'I can't stop thinking about that incident.' ('အဲဒီအဖြစ်အပျက်အကြောင်း ငါတွေးနေမိတယ်')
'Uggh. Just get over it already.' ('ဟာမေ့လိုက်ပါတော့ဆို')
Credit : Tr. Nway
ဥာဏ်ရွှင်စဉ်းစား Idioms များ
Idiom ဆိုတာဘာလဲ...
4. Done for= သေပြီဆရာ
Credit : Tr. Nway
Read times Last modified on Wednesday, 12 August 2020 13:40
Rate this articles
(0 votes)