×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Tuesday, 28 April 2020

အင်္ဂလိပ်စာလေ့လာချင်သူများကြည့်သင့်တဲ့ဇာတ်လမ်းတွဲ ၆ တွဲ Featured

Sherlock Sherlock

အင်္ဂလိပ်စာ ကိုလေ့လာချင်သူတွေ မကြည့်မဖြစ်ကြည့်သင့်တဲ့ဇာတ်လမ်းတွဲ ၆ တွဲ ကိုသေချာလေး Review ရေးပေးထားပါတယ်။အင်္ဂလိပ်စာကိုစတင်လေ့လာပြီဆို အင်္ဂလိပ်သီချင်းနားထောင်, အင်္ဂလိပ်ဝတ္ထုတွေဖတ်,အင်္ဂလိပ်ရုပ်ရှင်တွေကိုအလေးပေးကြည့်ပြီးလေ့လာတာအကောင်းဆုံးလို့အကြံပြုချင်ပါတယ်။

 

အင်္ဂလိပ်ကားကိုမှစကားလုံးသံပီသ ပြီးထွက်ပေးတဲ့ကားမျိုးတွေပိုကြည့်သင့်ပါတယ်ဒါမှလေ့လာရလွယ်ကူမှာပါ။အချိန်အတိုအတွင်းထိရောက်မူ့ရှိပါတယ်။အင်္ဂလိပ်သီချင်းဆိုလဲ oldies တွေဦးစားပေးနားထောင်ဖို့ တိုက်တွန်းပါရစေ။စာအုပ်ဆို Shakespere ရဲ့ဝတ္ထုတွေကိုဦးစားပေးဖတ်ပေးဖို့အကြံပြုပါရစေ။အမြဲလေ့လာနိုင်မှအဆင်ပြေမှာပါလို့ထက်ဆင့်ပြောချင်ပါတယ်။

 

Sherlock

Image may contain: 1 person

ဒီနာမည်ကတော့ ဗမာပရိသတ်တွေနဲ့စိမ်းမှာမဟုတ်ပါဘူး။ ဟုတ်ပါတယ်။ ဒါကတော့ ဆရာကြီး Arthur Conan Doyle ရဲ့ နာမည်ကြီး စုံထောက်ဝတ္ထုဖြစ်တဲ့ Sherlock Holmes ဝတ္ထုတွေကို ကျောရိုးယူ ပြန်ရိုက်ထားတဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Sherlock Holmes ကားတွေအများကြီးထဲမှာမှ ဘာလို့ဒီဇာတ်လမ်းတွဲကိုညွှန်းရသလဲဆိုရင်တော့ ဒီဇာတ်လမ်းဟာ မူရင်းဝတ္ထုတွေထဲကလို ၁၉ရာစုပုံစံမျိုးရိုက်ထားတာမဟုတ်ပဲ အခုခေတ်ပုံစံရိုက်ထားတာဖြစ်လို့ပါပဲ။ ဒါကြောင့် စကားပြောဟန်ဆိုဟန်တွေကလည်း ခေတ်သုံးတွေဖြစ်လို့ အင်္ဂလိပ်စာလေ့လာသူတွေအတွက်အဆင်ပြေစေမှာပါ။ ဒိတ်ဒိတ်ကြဲမင်းသားတွေကိုသုံးထားတဲ့အပြင် စုံထောက်ကြီး Sherlock Holmes ရဲ့အမှုတွေကလည်း စိတ်ဝင်စားဖို့ကောင်းတာကြောင့် ကြည့်ရင်းနဲ့ပျင်းသွားရမှာမဟုတ်ဘူးဆိုတာ အာမခံနိုင်ပါတယ်နော်။ဒီဇာတ်လမ်းတွဲမှာတော့ Season ၄ ခုပါဝင်ပြီး season တစ်ခုမှာ အပိုင်း ၃ ပိုင်း သို့မဟုတ် ၄ ပိုင်း ရှိပါတယ်။ တစ်ပိုင်းကို တစ်နာရီဝန်းကျင်ပဲကြာပါတယ်။ Rating ကလည်း iMDb မှာ 9.2၊ TV.com မှာ 8.9 နဲ့ Rotten tomatoes မှာတော့ 83% ရထားတဲ့အတွက် rating ကောင်းပြီး လူကြိုက်များတဲ့ဇာတ်လမ်းတွဲပါပဲ။ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ Benedict Cumberbatch၊ Martin Freeman၊ Amanda Abbington၊ Louise Brealey၊ Mark Gatiss၊ Andrew Scotts စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ပါတယ်။

 

Black Mirror

Image may contain: 6 people, text

ဒီဇာတ်လမ်းတွဲကတော့ Science Fiction၊ Satire၊ psychological thriller အမျိုးအစားဖြစ်ပါတယ်။ တစ်ပိုင်းမှာ ဇာတ်လမ်းတစ်မျိုးပါတဲ့အတွက် ဇာတ်လမ်းတစ်မျိုးကိုအကြာကြီးဆွဲမကြည့်ချင်တဲ့ပရိသတ်တွေအကြိုက်တွေ့မှာပါ။ ဇာတ်လမ်းပုံစံကတော့ သိပ္ပံနည်းပညာတွေတအားဖွံ့ဖြိုးတိုးတက်နေတဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ နေထိုင်နေကြတဲ့လူသားတွေရဲ့ အကြောင်းကိုရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းတွဲကလည်း အခုခေတ်ကိုပဲ အခြေတည်ရိုက်ကူးထားလို့ စကားပြောတွေကလည်း ခေတ်ဆန်နေမှာပါ။ သိပ္ပံဇာတ်ကားမို့ သိပ္ပံဆိုင်ရာ အသုံးအနှုန်းတွေကိုလည်း လေ့လာနိုင်မှာပါ။Season 1 နဲ့ 2 မှာ သုံးပိုင်းစီ၊ season 3 နဲ့ 4 မှာတော့ ခြောက်ပိုင်းစီပဲရှိတာမို့ အပိုင်းလည်းသိပ်မများပါဘူးနော်။သရုပ်ဆောင်တွေအနေနဲ့ကလည်း The Help ထဲက Bruce Dallas Howard၊ Alice Eve၊ Gugu Mbatha-Raw၊ Tom Cullen နဲ့ Game of Thrones ဇာတ်လမ်းတွဲတွေထဲက Jerome Flynn စတဲ့သရုပ်ဆောင်တွေပါဝင်ပါတယ်။

 

Downton Abbey

Image may contain: 1 person, closeup and outdoor, text that says 'DOWNTON ABBEY'

2010 ကနေ 2015 အတွင်း UK မှာနာမည်အကြီးဆုံး series တွေထဲကတစ်ခုကိုပြောရမယ်ဆိုရင်တော့ Downton Abbey ကိုပြရမှာပါ။ ဒီဇာတ်လမ်းတွဲကတော့ ၁၉၁၂ ပတ်ဝန်းကျင်နှစ်တွေတုန်းက ဗြိတိန်နိုင်င်ငံမှာနေထိုင်တဲ့ Crawley ဆိုတဲ့လူကုံတန်မိသားစုအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီအိမ်က အမွေဆက်ခံမယ့် ယောကျ်ားသားနှစ်ယောက်ဟာ Titanic သင်္ဘောကြီးနစ်မြုပ်တဲ့အထဲပါသွားတဲ့အခါမှာတော့ Crawley အိမ်ကြီးမှာ အမွေဆက်ခံသူကင်းမဲ့သွားခဲ့ပါတယ်။ ဒါ့ကြောင့် အိမ်ကြီးရှင် Lord Grantham ဟာ ဆက်ခံသူအသစ်ကိုရှာဖွေရင်း ၁၉၁၄ ခုနှစ်အရောက်မှာတော့ ဗြိတိန်နဲ့ ဂျာမနီတို့ စစ်ဖြစ်ကြပြီး ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းဖြစ်တဲ့ ပထမကမ္ဘာစစ်ကာလကိုရောက်ရှိလာခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းတွဲမှာတော့ မိသားစုအရေးနဲ့ နိုင်ငံရေးကို အတွဲအစပ်ညီညီနဲ့ခံစားရမှာဖြစ်ပြီး ၁၉၁၀ ကျော်က လူကုံတန်တွေရဲ့ ပြောပုံဆိုပုံတွေကိုသာမက သမိုင်းအကြောင်းအရာတွေကိုပါ လေ့လာရမှာပါ။Season ၆ ခုရှိပြီး တစ် season မှာ ၉ ပိုင်းလောက်ရှိတာမို့ အပိုင်းတော့နည်းနည်းများမှာပါ။ ဒါပေမယ့် သမိုင်းစိတ်ဝင်စားသူတွေအဖို့တော့ ကြည့်လို့ကောင်းစေမဲ့ကားလေးပါ။ Rating အနေနဲ့ကလည်း iMDb က 8.7၊ Rotten Tomatoes မှာ 86% နဲ့ TV.com မှာ 9 ရထားတဲ့အတွက် rating လည်ကောင်းပါတယ်။Maggie Smith, Michelle Dockery, Hugh Bonneville, Jim Carter, Matthew Goode နဲ့ Allen Leech စတဲ့နာမည်ကြီးသရုပ်ဆောင်တွေလည်းပါဝင်ပါတယ်။

 

Dr. Who

Image may contain: 3 people, text

British TV series တွေထဲမှာ အရှည်ကြာဆုံး series ဆိုရင်တော့ ဒီ series ကိုပဲပြရမှာပါ။ ၁၉၆၃ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ season ၂၄ ခု၊ ၁၉၉၆ မှာရုပ်ရှင်တစ်ကားနဲ့ ၂၀၀၅ ကနေ ၂၀၁၇ အထိ series ၁၀ ခု၊ ၂၀၁၈ အောက်တိုဘာမှာ ထပ်မံထွက်ရှိမယ့် series အသစ်တစ်ခု စုစုပေါင်း season ၃၈ ခုတောင်ရှိပါတယ်။ အပိုင်းအနေနဲ့ကတော့ စုစုပေါင်း၈၀၀ ကျော်လောက်ရှိပါတယ်။ ၁၉၆၀ကျော်ကထွက်ခဲ့တဲ့ seriesတွေကို classic era နဲ့ ၂၀၀၀ခုနှစ်နောက်ပိုင်းထွက်တဲ့ series တွေကိုတော့ revived era ဆိုပြီး era နှစ်ခုခွဲထားပါတယ်။
ဒီ series ဟာနိုင်ငံတကာမှာ အလွန်ကျော်ကြားတဲ့ series ဖြစ်ပေမယ့် ဗမာပရိသတ်တွေနဲ့တော့ အတော်လေးစိမ်းနေလောက်မှာပါ။ ဇာတ်လမ်းပုံစံကတော့ Time Lord ဆိုတဲ့ အချိန်ခရီးသွားနိုင်တဲ့ တခြားဂြိုလ်တစ်ခုက သိပ္ပံပညာရှင်တစ်ယောက်ရဲ့ ကမ္ဘာမြေကိုလာတဲ့အလည်အပတ်ခရီးစဉ်အကြောင်းပါ။ Time Lord ကို doctor လို့ခေါ်ပြီး သူ့မှာ ခန္ဓာကိုယ်ပုံသဏ္ဍာန်ပြောင်းလဲနိုင်တဲ့အစွမ်းလည်းရှိတာမို့ series တစ်ခုနဲ့တစ်ခု doctor ရဲ့ရုပ်သွင်ကလည်းမတူညီပါဘူး။ အဓိကကတော့ ကမ္ဘာမြေကိုချစ်တဲ့ doctor ရဲ့ ကမ္ဘာကိုကာကွယ်ဖို့ကြိုးစားပုံတွေကို သဘာဝလွန်သိပ္ပံဆန်ဆန်တွေ့မြင်ရမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲဟာ ဘာလို့ကမ္ဘာပေါ်မှာကျော်ကြားရသလဲဆိုရင်တော့ Doctor နေရာမှာသရုပ်ဆောင်တဲ့ မင်းသားတွေရဲ့ စွမ်းရည်ပြည့်ဝမှုကြောင့်ပါပဲ။ မင်းသားတွေဟာ ရုပ်ရည်သာမက အသံသြဇာလည်းပြည့်ဝသလို အနုပညာစွမ်းရည်လည်းကောင်းတာမို့ ကြည့်ရတာအလွန်အရသာတွေ့မှာပါ။ ဗြိတိန်နွယ်ဖွားမင်းသားတွေပဲ အဓိကသရုပ်ဆောင်ထားလို့ British accent ကတော့ ပြောစရာမလိုတကယ့် perfect ပါပဲ။ British English ကိုလေ့လာလိုပြီးပးနိုင်တဲ့ပရိသတ်တွေအတွက်ကတော့ ဒီဇာတ်လမ်းတွဲကတကယ့်ကို ရွှေပါပဲ။Doctor တွေအနေနဲ့ကတော့ Peter Capaldi, David Tennent, Matt Smith, Christopher Eccleston စတဲ့မင်းသားတွေပါဝင်ပါတယ်။ Rating အနေနဲ့ကတော့ iMDb 8.7, TV.com 8.2 နဲ့ Rotten Tomatoes ကို 91% ထိရရှိထားပါတယ်။

 

The Crown

Image may contain: one or more people and text

Peter Morgan ရဲ့ ဆုရ ပြဇာတ်ဖြစ်တဲ့ The Audience ကိုအခြေခံရိုက်ကူးထားတဲ့ Netflix series The Crown ဟာ ဘုရင်မကြီး Elizabeth 2 ရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၉၄၀နှစ်တွေကနေ အခုခေတ်အထိ ဘုရင်မကြီးဖြတ်သန်းလာရသမျှ နိုင်ငံရေးအခက်အခဲတွေ၊ personal ကိစ္စတွေ၊ နှလုံးသားရေးရာကိစ္စတွေကို biography ဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကနေ British English စစ်စစ်ကိုလေ့လာနိုင်ပြီး ထီးသုံးနန်းသုံးအသုံးအနှုန်းတွေနဲ့ပါ ရင်းနှီးလာစေမှာပါ။iMDb 8.7 ရှိပြီး Rotten tomatoes 89% နဲ့ TV.com ကတော့ 8.5 ရရှိထားပါတယ်။ လောလောဆယ် season နှစ်ခုထွက်ထားပြီး ၁၀ ပိုင်းစီပါရှိပါတယ်။Dr. Who ဇာတ်လမ်းတွဲက ဆယ့်တစ်ယောက်မြောက် doctor ဖြစ်တဲ့ Matt Smith က ဘုရင်မကြီးရဲ့ကြင်ယာတော် prince Philip နေရာကသရုပ်ဆောင်ထားပြီး ဘုရင်မကြီး Elizabeth နေရာမှာတော့ Clarie Foy ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

 

Luther

Image may contain: 1 person, text that says 'ORES R D ELBA LUTHER WHAT iF YOU WERE ON THE DEVIL S SIDE WITHOUT KNOWING IT ? BBC'

ရာဇဝတ်သားတွေကိုလိုက်လံနှိမ်နင်းရင်း ဥပဒေရဲ့အခြားတစ်ဖက်က ထိုးနှက်မှုတွေကိုခံနေရတဲ့ စိတ်မြန်လက်မြန်ရှိတဲ့ စုံထောက်တစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ စုံထောက်နဲ့ ရာဇဝတ်သားတို့ကြားက စိတ်ပိုင်းဆိုင်ရာအားပြိုင်မှုတွေအကြောင်း ရိုက်ကူးထားတာမို့် စုံထောက်ကားကြိုက်တဲ့ပရိသတ်တွေအကြိုက်ဖြစ်မှာပါ။ အင်္ဂလိပ် အက်ရှင်မင်းသားကြီး Idris Elba ရဲ့ ပီသပြတ်သားတဲ့ British accent ကိုလေ့လာနိုင်သလို အခုခေတ်ဇာတ်ကားမို့ စကားအသ့ုံးတွေကိုလည်း လက်တွေ့ဘဝမှာပြန်သုံးနိုင်မှာပါ။iMDb 8.5, TV.com 8.8 နဲ့ Rotten Tomatoes 90% ထိရထားပြီး series ၄ ခုနဲ့ အပိုင်းစုစုပေါင်း ၁၆ ပိုင်းရှိပါတယ်။စုံထောက် Luther နေရာမှာတော့ မင်းသား Idris Elba သရုပ်ဆောင်ထားပြီး Ruth Wilson, Steven Mackintosh နဲ့ Indira Varma စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေအများကြီးပါဝင်ထားလို့ ကြည့်သင့်တဲ့ series တစ်ခုပါပဲ။

 

<<< Zawgyi >>>

 

အဂၤလိပ္စာေလ့လာခ်င္သူမ်ားၾကည့္သင့္တဲ့ဇာတ္လမ္းတြဲ ၆ တြဲ

---------------------

 

အဂၤလိပ္စာ ကို​ေလ့လာခ်င္​သူ​ေတြ မၾကည္​့မျဖစ္​ၾကည္​့သင္​့တဲ့ဇာတ္​လမ္​းတြဲ ၆ တြဲ ကိုေသခ်ာေလး Review ေရးေပးထားပါတယ္။အဂၤလိပ္စာကိုစတင္ေလ့လာၿပီဆို အဂၤလိပ္သီခ်င္းနားေထာင္, အဂၤလိပ္ဝတၳဳေတြဖတ္,အဂၤလိပ္႐ုပ္ရွင္ေတြကိုအေလးေပးၾကည့္ၿပီးေလ့လာတာအေကာင္းဆံုးလို႔အၾကံျပဳခ်င္ပါတယ္။

 

အဂၤလိပ္ကားကိုမွစကားလံုးသံပီသ ၿပီးထြက္ေပးတဲ့ကားမ်ိဳးေတြပိုၾကည့္သင့္ပါတယ္ဒါမွေလ့လာရလြယ္ကူမွာပါ။အခ်ိန္အတိုအတြင္းထိေရာက္မူ႔ရွိပါတယ္။အဂၤလိပ္သီခ်င္းဆိုလဲ oldies ေတြဦးစားေပးနားေထာင္ဖို႔ တိုက္တြန္းပါရေစ။စာအုပ္ဆို Shakespere ရဲ႕ဝတၳဳေတြကိုဦးစားေပးဖတ္ေပးဖို႔အၾကံျပဳပါရေစ။အၿမဲေလ့လာႏိုင္မွအဆင္ေျပမွာပါလို႔ထက္ဆင့္ေျပာခ်င္ပါတယ္။

 

Sherlock

Image may contain: 1 person

ဒီနာမည္​က​ေတာ့ ဗမာပရိသတ္​​ေတြနဲ႔စိမ္​းမွာမဟုတ္​ပါဘူး။ ဟုတ္​ပါတယ္​။ ဒါက​ေတာ့ ဆရာႀကီး Arthur Conan Doyle ရဲ႕ နာမည္​ႀကီး စံု​ေထာက္​ဝတၳဳျဖစ္​တဲ့ Sherlock Holmes ဝတၳဳ​ေတြကို ေက်ာ႐ိုးယူ ျပန္​႐ိုက္​ထားတဲ့ဇာတ္​လမ္​း​တြဲျဖစ္​ပါတယ္​။ Sherlock Holmes ကား​ေတြအမ်ားႀကီးထဲမွာမွ ဘာလို႔ဒီဇာတ္လမ္းတြဲ​ကိုၫႊန္​းရသလဲဆိုရင္​​ေတာ့ ဒီဇာတ္​လမ္​းဟာ မူရင္​းဝတၳဳ​ေတြထဲကလို ၁၉ရာစုပံုစံမ်ိဳး႐ိုက္​ထားတာမဟုတ္​ပဲ အခု​ေခတ္​​ပံုစံ႐ိုက္​ထားတာျဖစ္​လို႔ပါပဲ။ ဒါ​ေၾကာင္​့ စကား​ေျပာဟန္​ဆိုဟန္​​ေတြကလည္​း ​ေခတ္​သံုး​ေတြျဖစ္​လို႔ အဂၤလိပ္​စာ​ေလ့လာသူ​ေတြအတြက္​အဆင္​​ေျပ​ေစမွာပါ။ ဒိတ္​ဒိတ္​ၾကဲမင္​းသား​ေတြကိုသံုးထားတဲ့အျပင္​ စံု​ေထာက္​ႀကီး Sherlock Holmes ရဲ႕အမႈ​ေတြကလည္​း စိတ္​ဝင္​စားဖို႔​ေကာင္​းတာ​ေၾကာင္​့ ၾကည္​့ရင္​းနဲ႔ပ်င္​းသြားရမွာမဟုတ္​ဘူးဆိုတာ အာမခံႏိုင္​ပါတယ္​​ေနာ္​။ဒီဇာတ္​လမ္​းတြဲမွာ​ေတာ့ Season ၄ ခုပါဝင္​ၿပီး season တစ္​ခုမွာ အပိုင္​း ၃ ပိုင္​း သို႔မဟုတ္​ ၄ ပိုင္​း ႐ွိပါတယ္​။ တစ္​ပိုင္​းကို တစ္​နာရီဝန္​းက်င္​ပဲၾကာပါတယ္​။ Rating ကလည္​း iMDb မွာ 9.2၊ TV.com မွာ 8.9 နဲ႔ Rotten tomatoes မွာ​ေတာ့ 83% ရထားတဲ့အတြက္​ rating ​ေကာင္​းၿပီး လူႀကိဳက္​မ်ားတဲ့ဇာတ္​လမ္​းတြဲပါပဲ။ပါဝင္​တဲ့သ႐ုပ္​​ေဆာင္​​ေတြက​ေတာ့ Benedict Cumberbatch၊ Martin Freeman၊ Amanda Abbington၊ Louise Brealey၊ Mark Gatiss၊ Andrew Scotts စတဲ့ နာမည္​ႀကီးသ႐ုပ္​​ေဆာင္​​ေတြျဖစ္​ပါတယ္​။

 

Black Mirror

Image may contain: 6 people, text

ဒီဇာတ္​လမ္​းတြဲက​ေတာ့ Science Fiction၊ Satire၊ psychological thriller အမ​်ိဳးအစားျဖစ္​ပါတယ္​။ တစ္​ပိုင္​းမွာ ဇာတ္​လမ္​းတစ္​မ်ိဳးပါတဲ့အတြက္​ ဇာတ္​လမ္​းတစ္မ်ိဳးကိုအၾကာႀကီးဆြဲမၾကည္​့ခ်င္​တဲ့ပရိသတ္​​ေတြအႀကိဳက္​​ေတြ႔မွာပါ။ ​ဇာတ္​လမ္​းပံုစံက​ေတာ့ သိပၸံနည္​းပညာ​ေတြတအားဖြံ ့ၿဖိဳးတိုးတက္​​ေနတဲ့ ​စိတ္​ကူးယဥ္​ကမၻာ​ထဲမွာ ​ေနထိုင္​​ေနၾကတဲ့လူသား​ေတြရဲ႕ အ​ေၾကာင္​းကို႐ိုက္​ကူးထားတာပါ။ ဒီဇာတ္​လမ္​းတြဲကလည္​း အခု​ေခတ္​ကိုပဲ အ​ေျခတည္​႐ိုက္​ကူးထားလို႔ စကား​ေျပာ​ေတြကလည္​း ​​ေခတ္​ဆန္​​ေနမွာပါ။ သိပၸံဇာတ္​ကားမို႔ သိပၸံဆိုင္​ရာ အသံုးအႏႈန္​း​ေတြကိုလည္​း ​ေလ့လာႏိုင္​မွာပါ။Season 1 နဲ႔ 2 မွာ သံုးပိုင္​းစီ၊ season 3 နဲ႔ 4 မွာ​ေတာ့ ​ေျခာက္​ပိုင္​းစီပဲ႐ွိတာမို႔ အပိုင္​းလည္​းသိပ္​မမ်ားပါဘူး​ေနာ္​။သ႐ုပ္​​ေဆာင္​​ေတြအ​ေနနဲ႔ကလည္​း The Help ထဲက Bruce Dallas Howard၊ Alice Eve၊ Gugu Mbatha-Raw၊ Tom Cullen နဲ႔ Game of Thrones ဇာတ္​လမ္​းတြဲ​ေတြထဲက Jerome Flynn စတဲ့သ႐ုပ္​​ေဆာင္​​ေတြပါဝင္​ပါတယ္​။

 

Downton Abbey

Image may contain: 1 person, closeup and outdoor, text that says 'DOWNTON ABBEY'

2010 က​ေန 2015 အတြင္​း UK မွာနာမည္​အႀကီးဆံုး series ​ေတြထဲကတစ္​ခုကို​ေျပာရမယ္​ဆိုရင္​​ေတာ့ Downton Abbey ကိုျပရမွာပါ။ ဒီဇာတ္​လမ္​းတြဲက​ေတာ့ ၁၉၁၂ ပတ္​ဝန္​းက်င္​ႏွစ္​​ေတြတုန္​းက ၿဗိတိန္​ႏိုင္​င္​ငံမွာ​ေနထိုင္​တဲ့ Crawley ဆိုတဲ့လူကုံတန္​မိသားစုအ​ေၾကာင္​း ႐ိုက္​ကူးထားတာျဖစ္​ပါတယ္​။ ဒီအိမ္​က အ​ေမြဆက္​ခံမယ္​့ ​ေယာက်္​ားသားနွစ္​​ေယာက္​ဟာ Titanic သ​ေဘၤာႀကီးနစ္​ျမဳပ္​တဲ့အထဲပါသြားတဲ့အခါမွာ​ေတာ့ Crawley အိမ္​ႀကီးမွာ အ​ေမြဆက္​ခံသူကင္​းမဲ့သြားခဲ့ပါတယ္​။ ဒါ​့​ေၾကာင္​့ အိမ္​ႀကီး႐ွင္​ Lord Grantham ဟာ ဆက္​ခံသူအသစ္​ကို႐ွာ​ေဖြရင္​း ၁၉၁၄ ခုႏွစ္​အ​ေရာက္​မွာ​ေတာ့ ၿဗိတိန္​နဲ႔ ဂ်ာမနီတို႔ စစ္​ျဖစ္​ၾကၿပီး ဇာတ္​႐ွိန္​အျမင္​့ဆံုးအပိုင္​းျဖစ္​တဲ့ ပထမကမၻာစစ္​ကာလကို​ေရာက္​႐ွိလာခဲ့ပါ​ေတာ့တယ္​။ ဒီဇာတ္​လမ္​းတြဲမွာ​ေတာ့ မိသားစုအ​ေရးနဲ႔ ႏိုင္​ငံ​ေရးကို အတြဲအစပ္​ညီညီနဲ႔ခံစားရမွာျဖစ္​ၿပီး ​၁၉၁၀ ​ေက်ာ္​က လူကံုတန္​​ေတြရဲ႕ ​ေျပာပံုဆိုပံု​ေတြကိုသာမက သမိုင္​းအ​ေၾကာင္​းအရာ​ေတြကိုပါ ​ေလ့လာရမွာပါ။Season ​၆ ခု႐ွိၿပီး တစ္​ season မွာ ၉ ပိုင္​း​ေလာက္​႐ွိတာမို႔ အပိုင္​း​ေတာ့နည္​းနည္​းမ်ားမွာပါ။ ဒါ​ေပမယ္​့ သမိုင္​းစိတ္​ဝင္​စားသူ​ေတြအဖို႔​ေတာ့ ၾကည္​့လို႔​ေကာင္​းေစမဲ့ကားေလးပါ။ Rating အ​ေနနဲ႔ကလည္​း iMDb က 8.7၊ Rotten Tomatoes မွာ 86% နဲ႔ TV.com မွာ 9 ရထားတဲ့အတြက္​ rating လည္​ေကာင္​းပါတယ္​။Maggie Smith, Michelle Dockery, Hugh Bonneville, Jim Carter, Matthew Goode နဲ႔ Allen Leech စတဲ့နာမည္​ႀကီးသ႐ုပ္​​ေဆာင္​​ေတြလည္​းပါဝင္​ပါတယ္​။

 

Dr. Who

Image may contain: 3 people, text

British TV series ​ေတြထဲမွာ အ႐ွည္​ၾကာဆံုး series ဆိုရင္​​ေတာ့ ဒီ series ကိုပဲျပရမွာပါ။ ၁၉၆၃ ခုႏွစ္​က​ေန ၁၉၈၉ ခုႏွစ္​အထိ season ၂၄ ခု၊ ၁၉၉၆ မွာ႐ုပ္​႐ွင္​တစ္​ကားနဲ႔ ၂၀၀၅ က​ေန ၂၀၁၇ အထိ series ၁၀ ခု၊ ၂၀၁၈ ​ေအာက္​တိုဘာမွာ ထပ္​မံထြက္​႐ွိမယ္​့ series အသစ္​တစ္​ခု စုစု​ေပါင္​း season ၃၈ ခု​ေတာင္​႐ွိပါတယ္​။ အပိုင္​းအ​ေနနဲ႔က​ေတာ့ စုစု​ေပါင္​း၈၀၀ ​ေက်ာ္​​ေလာက္​႐ွိပါတယ္​။ ၁၉၆၀​ေက်ာ္​ကထြက္​ခဲ့တဲ့ series​ေတြကို classic era နဲ႔ ၂၀၀၀ခုႏွစ္​​ေနာက္​ပိုင္​းထြက္​တဲ့ series ​ေတြကို​ေတာ့ revived era ဆိုၿပီး era ႏွစ္​ခုခြဲထားပါတယ္​။
ဒီ series ဟာႏိုင္​ငံတကာမွာ အလြန္​​ေက်ာ္​ၾကားတဲ့ series ျဖစ္​​ေပမယ္​့ ဗမာပရိသတ္​​ေတြနဲ႔​ေတာ့ အ​ေတာ္​​ေလးစိမ္​း​ေန​ေလာက္​မွာပါ။ ဇာတ္​လမ္​းပံုစံက​ေတာ့ Time Lord ဆိုတဲ့ အခ်ိန္​ခရီးသြားႏိုင္​တဲ့ တျခားၿဂိဳလ္​တစ္​ခုက သိပၸံပညာ႐ွင္​တစ္​​ေယာက္​ရဲ႕ ကမၻာ​ေျမကိုလာတဲ့အလည္​အပတ္​ခရီးစဥ္​အ​ေၾကာင္​းပါ။ Time Lord ကို doctor လို႔​ေခၚၿပီး သူ႔မွာ ခႏၶာကိုယ္​ပံုသ႑ာန္​​ေျပာင္​းလဲႏိုင္​တဲ့အစြမ္​းလည္​း႐ွိတာမို႔ series တစ္​ခုနဲ႔တစ္​ခု doctor ရဲ႕႐ုပ္​သြင္​ကလည္​းမတူညီပါဘူး။ အဓိကက​ေတာ့ ကမၻာ​ေျမကိုခ်စ္​တဲ့ doctor ရဲ႕ ကမၻာ​ကိုကာကြယ္​ဖို႔ႀကိဳးစားပံု​ေတြကို သဘာဝလြန္​သိပၸံဆန္​ဆန္​​ေတြ႔ျမင္​ရမွာျဖစ္​ပါတယ္​။ဒီဇာတ္​လမ္​းတြဲဟာ ဘာလို႔ကမၻာ​ေပၚမွာ​ေက်ာ္​ၾကားရသလဲဆိုရင္​​ေတာ့ Doctor ​ေနရာမွာသ႐ုပ္​​ေဆာင္​တဲ့ မင္​းသား​ေတြရဲ႕ စြမ္​းရည္​ျပည္​့ဝမႈ​ေၾကာင္​့ပါပဲ။ မင္​းသား​ေတြဟာ ႐ုပ္​ရည္​သာမက အသံျသဇာလည္​းျပည္​့ဝသလို အႏုပညာစြမ္​းရည္​လည္​း​ေကာင္​းတာမို႔ ၾကည္​့ရတာအလြန္​အရသာ​ေတြ႔မွာပါ။ ၿဗိတိန္​ႏြယ္​ဖြားမင္​းသား​ေတြပဲ အဓိကသ႐ုပ္​​ေဆာင္​ထားလို႔ British accent က​ေတာ့ ​ေျပာစရာမလိုတကယ္​့ perfect ပါပဲ။ British English ကို​ေလ့လာလိုၿပီးပးႏိုင္​တဲ့ပရိသတ္​​ေတြအတြက္​က​ေတာ့ ဒီဇာတ္​လမ္​းတြဲကတကယ္​့ကို ​ေရႊပါပဲ။Doctor ​ေတြအ​ေနနဲ႔က​ေတာ့ Peter Capaldi, David Tennent, Matt Smith, Christopher Eccleston စတဲ့မင္​းသား​ေတြပါဝင္​ပါတယ္​။ Rating အ​ေနနဲ႔က​ေတာ့ iMDb 8.7, TV.com 8.2 နဲ႔ Rotten Tomatoes ကို 91% ထိရ႐ွိထားပါတယ္​။

 

The Crown

Image may contain: one or more people and text

Peter Morgan ရဲ႕ ဆုရ ျပဇာတ္​ျဖစ္​တဲ့ The Audience ကိုအ​ေျခခံ႐ိုက္​ကူးထားတဲ့ Netflix series The Crown ဟာ ဘုရင္​မႀကီး Elizabeth 2 ရဲ႕ဘဝအ​ေၾကာင္​းကို႐ိုက္​ကူးထားတာျဖစ္​ပါတယ္​။ ၁၉၄၀ႏွစ္​​ေတြက​ေန အခု​ေခတ္​အထိ ဘုရင္​မႀကီးျဖတ္​သန္​းလာရသမ်ွ ႏိုင္​ငံ​ေရးအခက္​အခဲ​ေတြ၊ personal ကိစၥ​ေတြ၊ ႏွလံုးသား​ေရးရာကိစၥ​ေတြကို biography ဆန္​ဆန္​႐ိုက္​ကူးထားတဲ့ ဇာတ္​လမ္​းမ်ိဳးျဖစ္​ပါတယ္​။ ဒီဇာတ္​လမ္​းတြဲက​ေန British English စစ္​စစ္​ကို​ေလ့လာႏိုင္​ၿပီး ထီးသံုးနန္​းသံုးအသံုးအႏႈန္​း​ေတြနဲ႔ပါ ရင္​းႏွီးလာ​ေစမွာပါ။iMDb 8.7 ႐ွိၿပီး Rotten tomatoes 89% နဲ႔ TV.com က​ေတာ့ 8.5 ရ႐ွိထားပါတယ္​။ ​ေလာ​ေလာဆယ္​ season ႏွစ္​ခုထြက္​ထားၿပီး ၁၀ ပိုု္င္​းစီပါ႐ွိပါတယ္​။Dr. Who ဇာတ္​လမ္​းတြဲက ဆယ္​့တစ္​​ေယာက္​​ေျမာက္​ doctor ျဖစ္​တဲ့ Matt Smith က ဘုရင္​မႀကီးရဲ႕ၾကင္​ယာ​ေတာ္​ prince Philip ​ေနရာကသ႐ုပ္​​ေဆာင္​ထားၿပီး ဘုရင္​မႀကီး Elizabeth ​ေနရာမွာ​ေတာ့ Clarie Foy ကအဓိကပါဝင္​သ႐ုပ္​​ေဆာင္​ထားပါတယ္​။

 

Luther

Image may contain: 1 person, text that says 'ORES R D ELBA LUTHER WHAT iF YOU WERE ON THE DEVIL S SIDE WITHOUT KNOWING IT ? BBC'

ရာဇဝတ္​သား​ေတြကိုလိုက္​လံႏွိမ္​နင္​းရင္း ဥပ​ေဒရဲ႕အျခားတစ္​ဖက္​က ထိုးႏွက္​မႈ​ေတြကိုခံ​ေနရတဲ့ စိတ္​ျမန္​လက္​ျမန္​႐ွိတဲ့ စံု​ေထာက္​တစ္​​ေယာက္​အ​ေၾကာင္​း႐ိုက္​ကူးထားတဲ့ ဇာတ္​လမ္​းတြဲျဖစ္​ပါတယ္​။ စံု​ေထာက္​နဲ႔ ရာဇဝတ္​သား​တို႔ၾကားက စိတ္​ပိုင္​းဆိုင္​ရာအားၿပိဳင္​မႈ​ေတြအ​ေၾကာင္​း ႐ိုက္​ကူးထားတာမို္႔ စံု​ေထာက္​ကားၾကဳိက္​တဲ့ပရိသတ္​​ေတြအႀကိဳက္​ျဖစ္​မွာပါ။ အဂၤလိပ္​ အက္​႐ွင္​မင္​းသားႀကီး Idris Elba ရဲ႕ ပီသျပတ္​သားတဲ့ British accent ကို​ေလ့လာႏိုင္​သလို ​အခု​ေခတ္​ဇာတ္​ကားမို႔ စကားအသ့ံုး​ေတြကိုလည္​း လက္​​ေတြ႔ဘဝမွာျပန္​သံုးႏိုင္​မွာပါ။iMDb 8.5, TV.com 8.8 နဲ႔ Rotten Tomatoes 90% ထိရထားၿပီး series ၄ ခုနဲ႔ အပိုင္​းစုစု​ေပါင္​း ၁၆ ပိုင္​း႐ွိပါတယ္​။စံု​ေထာက္​ Luther ​ေနရာမွာ​ေတာ့ မင္​းသား Idris Elba သ႐ုပ္​​ေဆာင္​ထားၿပီး Ruth Wilson, Steven Mackintosh နဲ႔ Indira Varma စတဲ့ နာမည္​ႀကီးသ႐ုပ္​​ေဆာင္​​ေတြအမ်ားႀကီးပါဝင္​ထားလို႔ ၾကည္​့သင္​့တဲ့ series တစ္​ခုပါပဲ။

 

Ref ; BBC 

Read times Last modified on Tuesday, 28 April 2020 14:25
Rate this articles
(0 votes)