×
Warning
JUser: :_load: Unable to load user with ID: 81428
Language
Wednesday, 06 May 2020
အင်္ဂလိပ်စာတိုးတက်ချင်သူများမဖြစ်မနေကြည့်သင့်တဲ့ Forrest gump ဇာတ်ကား
Forrest gump ကြည့်ဖူးတဲ့ လူတိုင်း ဒီဇာတ်ကားလေးကိုနှစ်သက်ကြမှာပါ။မင်းသားကြီးtom hanks ရဲ့ အောင်မြင်တဲ့ကားတစ်ကားဖြစ်တဲ့ forrest gump ကို 1994 ခုနှစ်မှာ ပြသခဲ့ပြီး box office 677.9 million ရခဲ့တဲ့ကားကောင်းလေးဘဲ ဖြစ်ပါတယ်။မသေခင်ကြည့်သွားသင့်တဲ့ကားလို့တောင်ပြော လို့ရပါတယ်။
forrest gump ဆိုတာကတော့ အလုပ်တစ်ခုကို ဘလောက်အခက်အခဲတေရှိပါစေ အောင်မြင်အောင်လုပ်တတ်ပြီး ကတိတိတယ့် လူတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာပါ။နောက်ပြီးဘဝရဲ့အနိမ့်အမြင့်အတက်အကျတေကို ငှက်မွှေးလေးနဲ့ ဥပမာပြထားပုံကို ဇာတ်လမ်းအစနဲ့ အဆုံးမှာ မြင်နိုင်ပါတယ်။
forrest gump က ၁၉၈၆ မာ ထွက်ရှိခဲ့တဲ့စာရေးဆရာ Winston Groom ရဲ့ novel ဖြစ်ပါတယ် novel ကတကယ်တော့ အဲ့ထက်ပိုကျယ်ပြန့်ပြီးပိုကောင်းပါတယ် သို့ပေမဲ့ မင်းသားကြီး tom hanks ရဲ့ ထုံတုံတုံ အတတ သရုပ်ဆောင်မှုတေကြောင့် တကယ့်ကို နာမည်ကြီးသွားခဲ့တာပါ။
forrest gump ကို စရိုက်တုန်းက tom hanks က သရုပ်ဆောင်းကြေးမယူခဲ့ပါဘူး percent နဲ့ဘဲ ယူဖို့စာချုပ်ချုပ်ခဲ့တာပါ သို့သော်လည်း မထင်မှတ်ထားတဲ့ box office ကြောင့် 60 million ရခဲ့ပါတယ်။မူရင်းစာရေးဆရာကတော့ dollar $350,000 ဘဲရခဲ့ပါတယ်။
forrest gump နေရာမှာ tom hanks ဖြစ်တာကံကောင်းတယ်ဆိုရမှာပါ လျာထားတဲ့ စာရင်းမှာ chevy chase , bill murray , john travolta အစရှိတဲ့ နာမည်ကျော်တေပါ ပါဝင်ခဲ့ပါတယ်။ John travoltaသာသရုပ်ဆောင်ရင်တော့ ဘလိုနေမလဲတွေးသာကြည့်ပါတော့။
ကဲ forrest gumps ထဲက ထူးဆန်းတဲ့အကြောင်းလေးတေကို ကြည့်ရအောင် အောက်ဆုံးမှာ မျက်လုံးထဲမြင်အောင်လို့ ပုံလေးတေပါထည့်ထားပေးပါတယ်။ဇာတ်လမ်းအစတုန်းက ပန်းခြံထဲမှာ forrest ထိုင်နေတဲ့ ထိုင်ခုံလေးကို အားလုံးသိမယ်ထင်တယ်။
အဲ့ထိုင်ခုံလေးက အခုသမိုင်းဝင်ဖြစ်သွားပါပြီ အစတုန်းကတော့ ပန်းခြံထဲမှာဘဲ ထားပေမယ့် ရာသီဥတုဒဏ်ကို ကာကွယ်ဖို့ အခုSAVANNAH HISTORY MUSEUM မှာထားထားပါတယ်။(SAVANNAH , GEORGIA မှာရှိပါတယ် သွားရောက်လည်ပတ်လို့ ရပါတယ်)ငှက်မွှေးလေးကို မှတ်မိမယ်ထင်တယ်။
အဲ့ငှက်မွှေးလေးရွေ့လျားနေတာ CGI တွေချည်ားသုံးထားတာမျိုးမဟုတ်ပါဘူး။staff တွေက တစ်ကယ့်ငှက်မွှေးအစစ်ကို blue screen နောက်ခံထားပြီး လေမှုတ် လွင့်အောင်လုပ်ပြီးရိုက်ထားတဲ့ဟာကိုမှ segment တွေပြန်ခွဲ computerized ငှက်မွှေးနဲ့ပေါင်းပြီး ဒါရိုက်တာလိုသလိုလွင့်အောင်လုပ်ခဲ့ရတာပါ။
အဲ့ခေတ်အနေအထားနဲ့ဆို အဲ့ဒါဟာတော်တော်ကြီးကောင်းတယ်ပြောရမှာပါ။ ဒါကြောင့် visual effects နဲ့လဲ Oscar ရခဲ့တာပေါ့။Forrest တို့ ဘောလုံးအသင်းက president john f kennedy နဲ့တွေ့တဲ့ အခန်းပါပါတယ်။အဲ့အခန်းမှာသုံးထားတဲ့ CGI အစွမ်းကလဲ တကယ့် အံ့မခန်းပါဘဲ။
forrest စစ်ထဲဝင်တော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်မယ့် bubba နဲ့တွေ့ပါတယ် bubba နေရာမှာသရုပ်ဆောင်ထားတဲ့ သူကတော့ လူမည်းအနုပညာရှင် MYKELTI WILLIAMSON ပါဘဲ Bubba နေရာမှာသရုပ်ဆောင်ဖို့ သူအောက်နှုတ်ခမ်းအတုတပ်ထားတာပါ ဒါပေမယ့်လည်း လုံးဝမသိသာပါဘူး။
FORREST GUMP ဇာတ်ကားထွက်ပြီး သိပ်မကြာခင်မှာဘဲ BUBBA ဆိုတဲ့ နာမည်နဲ့ ပုစွန်စားသောက်ဆိုင် များ နိုင်ငံ သုံးရာကျော် မှာ ပေါ်ပေါက်ခဲ့ပါတယ်။forrest တို့ vietnam မှာ စစ်တိုက်တော့ တကယ့် VIETNAM မှာရိုက်ကူးထားတာမဟုတ်ပါဘူးFRIPP ဆိုတဲ့ကျွန်းက GOLF ကွင်းတစ်ခုမှာ ရိုက်ကူးထားတာပါ။vietnam လို့ခံစားရအောင် ဆင်ထားတဲ့ setting တေကတော့ တကယ့် အလန်းစားပါဘဲ။
သူ vietnam ကနေပြန်လာတော့ president LYNDON B. JOHNSON ဆီမှာ ဆုတံဆိပ်ရခဲ့ပါတယ် အဲ့အခန်းကတော့ LYNDON က vietnam ပြန်သူရဲကောင်းကြီး SAMMY L. DAVIS ကို ဆုတံဆိပ်ပေးတာကို TOM HANKS ခေါင်းနဲ့ ဖြတ်ညှပ်ကပ်လုပ်ထားတာပါ။
Forrest အမေရိကန်နယ်စပ်ကျော်အောင် ၃နှစ်ပြေးရင်း cele ဖြစ်သွားတဲ့ အခန်းကိုတော့ ၁၉၈၂ မှာ ကင်ဆာရောဂါ သည်တေအတွက် ရန်ပုံငွေရအောင်ပြေးခဲ့တဲ့ louis michael ကို inspiration ယူထားတာဖြစ်ပါတယ်။
"ကျွန်တော်ဟာ တော်လွန်းတဲ့သူတော့မဟုတ်ပါဘူး
သို့ပေမဲ့ အချစ်ဆိုတာကို ကျွန်တော်နားလည်တယ်"
by Forrest
Jenny လက်ထပ်ပြီးတစ်နှစ်အတွင်းသေသွားတဲ့ အကြောင်းအရင်းက AIDS ဒါမမဟုတ်ရင် အရက်အလွန်အကျူးသောက်လို့ အသည်းရောင်ရောဂါနဲ့ဆုံးတာဖြစ်နိုင်ပါတယ်။
"အမေကပြောတယ် ဘဝဆိုတာချောကလက်သေတ္တာလိုပဲဗျ
ဘယ်လိုရလာမယ်ဆိုတာ ဘယ်တော့မှကြိုမသိနိုင်ဘူး" by Forrest
အစအဆုံးကြည့်ပြီးရင် movie ထဲမှာ forrest ကတော်တော်လိုင်းစုံထဲလို့ထင်မှာဘဲဒါပေမယ့် မူရင်း novel မှာ အာကာသယာဉ်မှူးပါ လုပ်ဖူးပါတယ်။နပန်းသမားတေကောစုံနေတာပါဘဲ။Forrest ငယ်ဘဝတုန်းက forrest တို့ အိမ်မှာ ELVIS PRESLEY ရောက်လာတာ သိမယ်ထင်ပါတယ် အဲ့လူကတော့ အမေရိကန်အနုပညာရှင် KURT RUSSRL ဖြစ်ပါတယ် သူ့ရဲ့ မူရင်းအသံက အံ့သြစရာကောင်းလောက်အောင်ကို ELVIS နဲ့တူနေတာပါ။
ကဲဒီလောက်ပါဘဲ ......
မင်းသားကြီး tom hanks ကတော့ ၆၄နှစ်ပြည့်ပြီးသွားပါပြီ သို့သော် ကျန်းမာနေဆဲပါဘဲ။လက်ရှိမှာတကယ်တန်း English စာလေ့လာမယ်ဆိုပါက ယခုလိုဇာတ်ကားများကို တစ်ပတ်တစ်ကား အနည်းဆုံး ရှာကြည့်သင့်ပါတယ်။
<<< Zawgyi >>>
အဂၤလိပ္စာတိုးတက္ခ်င္သူမ်ားမျဖစ္မေနၾကည့္သင့္တဲ့ Forrest gump ဇာတ္ကား
-----------------------------------------------
by Forrest
ကဲဒီ​လောက်​ပါဘဲ ......
Read times
Rate this articles
(1 Vote)