×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Wednesday, 20 May 2020

အင်္ဂလိပ်စာလေ့လာသူများ မဖြစ်မနေကြည့်သင့်တဲ့ Green Book ဇာတ်ကား

ဒီနေ့မှာတော့ လူဖြူ လူမည်းခွဲခြားဆက်ဆံခဲ့တဲ့ 1962 နှစ်များဆီက ဖြစ်ရပ်မှန် true storyဇာတ်လမ်းလေးဖြစ်တဲ့ Green Book ဆိုတဲ့ဇာတ်ကားလေးအကြောင်းအနည်းငယ်ပြောပြချင်ပါတယ် ...ဒီဇာတ်ကားကို 2018 November မှာ Universal Pictures ကထွက်ရှိခဲ့တာဖြစ်ပြီး..... သမိုင်းဇာတ်ကြောင်းနောက်ခံဇာတ်ကား အမျိုးအစားလို့သတ်မှတ်ခဲ့ကြပါတယ်....ဇာတ်ကားပြသချိန် 130 မိနစ်ရှိပါတယ်.....

91 ကြိမ်မြောက် Academy Awards မှာ Best Picture,Best Original Screenplayဆိုတဲ့ဆုတွေနဲ့အတူ Best Supporting Actor ဆိုတဲ့အကောင်းဆုံးဇာတ်ပို့ဆုကို လူမည်းမင်းသား Mahershala Ali. ဒုတိယအကြိမ်ထပ်မံရရှိခဲ့တာလည်းဖြစ်ပါတယ်....ဒါ့အပြင် အခြားဆုပေါင်း 50 နဲ့ ဆန်ကာတင် 89 ဆုစာရင်းဝင်ခဲ့ပါသေးတယ်....

 

အီတလီအမေရီကန်လူမျိုး သာမာန်လူတန်းစားကပေါက်ဖွားလာတဲ့ Tony တိုနီဟာ New York City ရဲ့ဘရွန်ဆိုတဲ့မြို့မှာကြုံရာကျ ဘန်းအလုပ်နဲ့အဆင်ပြေသလိုဘဝကိုရုန်းကန်ပြီးနေထိုင်လာခဲ့တယ်..သူ့မှာ ဒရောလစ်ဆိုတဲ့ဇနီးသည်တစ်ယောက်နဲ့သားတစ်ယောက် သမီးတစ်ယောက်လည်းရှိတဲ့အပြင် အဖေ..ယောက်ဖ..ခယ်မစတဲ့ ဆွေမျိုးတသိုက်ဟာလည်းသူနဲ့အတူနေထိုင်ကြတယ်....

 

သူဟာအီတလီစစ်ပြန်တစ်ယောက်လည်းဖြစ်ခဲ့တော့ ဘဝရဲ့အခက်အခဲနဲ့အနုအကြမ်းမျိုးစုံကိုရင်ဆိုင်နိုင်သူလည်းဖြစ်တယ်....Copacabana night club မှာအလုပ်လုပ်နေရင်းအဆောက်အဦးပြင်ဆင်ဖို့အတွက်အလုပ်က ခေတ္တနားခဲ့ရတယ်....ဒါပေမဲ့ Afrecan American Pianist လူမည်းစန္ဒယား ဂီတပညာရှင် Dr Don Shirley ဆိုသူနဲ့ အလုပ်ကိစ္စဆွေးနွေးဖို့ Interview ဖြေခွင့်ရခဲ့တယ်.....

 

လူမည်းဂီတပညာရှင် Don နဲ့ လူဖြူ Tony တို့ဟာစတွေ့တွေ့ခြင်းဆောက်နဲ့ထွင်းဆိုသလို အပေါက်အလမ်းမတည့်ပါဘူး...Don ကTony ရဲ့ထိုင်ခုံထက်မြင့်တဲ့ ပလင်လိုခုံအမြင့်မှာထိုင်ပြီး .တောတွင်းဘုရင်လို ရွှေရောင်တလက်လက်နဲ့အဝတ်အစားတွေကိုဝတ်စားထားတယ်ဆိုပဲ....အခန်းထဲမှာလည်း ပရိဘောဂပစ္စည်းအစုံအလင်နဲ့ဆင်စွယ်အဆောင်များ ပန်းအိုးကြီးများကိုလည်းတွေ့ခဲ့ရလို့ သူတော်တော်စိတ်ပျက်မိပါတယ်တဲ့....

 

Don ကစပြီးစည်းကမ်းချက်တချို့နဲ့ သူ့ရဲ့ခရီးစဉ်တွေစပြောပါတယ်...Tony ကအချို့ကိစ္စတွေနဲ့ သူမကြိုက်တဲ့အချက်အလက်တွေကြောင့် Don ဆီမှာသူရမဲ့ငွေပမာဏကိုထပ်တိုးတောင်းပြီးအိမ်ကိုပြန်လာခဲ့တယ်..အိမ်မရောက်ခင် ချာလီရဲ့အပေါင်ဆိုင်မှာ သူ့နာရီလေးကို ဒေါ်လာ ၅၀ နဲ့ဝင်ပေါင်ပြီးငွေရေးကြေးရေးပြသနာကို ဖြေရှင်းလိုက်တယ်.....

 

မနက်ရောက်တော့ Don ကဖုန်းဆက်ပါတယ်..သူ့မိန်းမဒရောလစ်နဲ့ပြောချင်ပါတယ်ဆိုပြီး..."ခင်ဗျားအမျိုးသားကိုကျွန်တော်နဲ့အတူ ၈ ပါတ်လောက်ခရီးသွားခွင့်ပြုနိုင်မလားခင်ဗျာ" လို့ခွင့်တောင်းလိုက်တော့....ဒရောလစ်ကလည်း ခရစ်စမတ်အကြိုနေ့ကိုအရောက်ပြန်ခဲ့ဖို့မှာကြားပြီးခွင့်ပြုလိုက်ရတယ်.. Tony ဟာDonနဲ့အတူ အမေရီကန်တောင်ဘက်စွန်းမြို့တွေနဲ့အနောက်အလယ်ပိုင်းမြို့တွေဖြစ်တဲ့ အိုဟိုင်းအိုးစကလို့ ဘာမင်ဂမ်အထိ ရှစ်ပါတ်ကြာအောင် ကားမောင်းပြီးလိုက်ပို့ခဲ့ရတာပေါ့...

 

ဒီလိုခရီးမှာ လူမည်းတွေမသွားရတဲ့ကန့်သတ်နယ်မြေတွေကိုရှောင်ရှားပြီး သွားနိုင်ဖို့. အစိမ်းရောင် Green Book ကိုခရီးသွားလမ်းညွှန်အဖြစ်ယူဆောင်လာခဲ့ရပါတယ်....Don ကကားနောက်ခန်းမှာထိုင်ပြီး ကားမှန်များကိုပိတ်ကာ အပေါ့အလေးစွန့်တဲ့ကိစ္စကိုတောင်မလုပ်ပဲ ငြိမ်သက်စွာလိုက်ပါလာတာကို တွေ့ရသလို Tony ကလည်းစကားကတများများ စီးကရက်တဖွာဖွာနဲ့ ကားမောင်းပို့ခဲ့တာကိုတွေ့ရပါတယ်.....

 

Tony က, ဟန်ပန်အမူအရာတွေနဲ့ လက်တွေဘာတွေမြှောက်ပြီးစကားပြောရင်းကားမောင်းတာကို Don က,မကြိုက်ပဲကားကိုသာဂရုစိုက်မောင်းဖို့ပြောခဲ့တယ်.... Tony ကတီရှပ်လိုပေါ့ပါးတဲ့အင်္ကျ ီကိုဝတ်တတ်ပြီး Don ကတော့ Coat အင်္ကျ ီကိုသာအမြဲဝတ်ဆင်တတ်ပါတယ်...

 

ဒီနေရာမှာ Don နဲ့ Tony ဟာလုံးဝမတူတဲ့ နေထိုင်မှုစံနစ် အယူအဆအတွေးအခေါ်တွေက တလွဲပဲဖစ်နေခဲ့တာတွေ့ရမယ်...လွတ်လပ်ပြီးပေါ့ပါးတဲ့လူနဲ့ အရာရာထိန်းချုပ်ပြီးနေတဲ့လူတစ်ယောက်တို့ဘယ်လို ရှေ့ဆက်ကြမှာလဲ?

 

SPOILER ALERT ........ဆက်ဖတ်ချင်ဖတ်လို့ရပါတယ်နော်....

 

Don ဟာအခြားလူမည်းများနဲ့မတူပဲ ကြီးကျယ်ခန်းနားပြီး တထီးတနန်းဖြစ်ချင်သူတစ်ယောက်ပါ..ဒါကြောင့်...အတ္တလန်တာက စတိုင်းဝေးတံဆိတ်ပါတဲ့ စန္ဒယားအမျိုးအစားကိုသာတီးပြီး ဗီသိုဗင်...ချိုု ပင် စတဲ့မဟာဂန္ဓဝင်တေးသွားများကိုပဲတီးခဲ့ပါတယ်...အထက်တန်းလွှာ လူကုံထန်လူဖြူ တွေကသူ့လက်သံကိုနားထောင်ချင်လွန်းလို့ ဘယ်လောက်ပဲဖော်ဖော်ရွေရွေနဲ့ခရီးဦးကြို ပြုကြပေမဲ့ခွဲခြားတတ်တဲ့သူတို့အကျင့်ကအရိုးစွဲနေခဲ့တယ်... Don ဟာနာကျင်နေပေမဲ့မြိုသိပ်ပြီး တစ်မြို့ပြီးတစ်မြို့ ဖျော်ဖြေရေးလုပ်နေလျှက်ပါပဲ.....ဒါကိုမခံမရပ်နိုင်ပဲ အမြဲချေပခဲ့သူကတော့ Tony ပဲဖြစ်တယ်....

 

Don ဟာညစ်ပတ်နေတဲ့လူမည်းတည်းခိုဆောင်တွေမှာပဲ အိပ်စက်ရပြီး...လူဖြူတွေနဲ့လည်း သန့်စင်ခန်းကိုအတူမသုံးရသလို အတူစားသောက်ခွင့်လည်းမရပါဘူး...လူဖြူတွေနားသောတဆင်ဖို့ Don ဘယ်လောက်ပဲရင်းနှီးခဲ့ရပေမဲ့ သူပြန်ရလိုက်တာကတော့ ကိုယ်ထိလက်ရောက်တွေပြုမူကြတဲ့အတွက် နာကျင်ခဲ့ရတာပဲဖြစ်တယ်...သ့ူ့အနုပညာအတွက် အရာရာကိုသည်းခံခဲ့ပေမဲ့ တခါတရံမှာတော့ မာနနဲ့ပညာကိုထိပါးလာရင်တော့ ဘယ်လိုဆုံးဖြတ်သင့်သလဲဆိုတာ Tony ကအလင်းပြလိုက်တယ်....

 

သူတို့ဟာ လမ်းခရီးမှာ အခက်ခဲပေါင်းစုံကိုအတူရင်ဆိုင်ဖြေရှင်းရင်း တစ်ယောက်နဲ့တစ်ယောက်နားလည်လာကြတာကို ဒါရိုက်တာက လှလှပပလေးရိုက်ပြသွားတယ်....အမေရီကန်ရဲ့လှပတဲ့တောတောင်ရေမြေရှု့ခင်းနဲ့ဆိုးသွမ်းတဲ့ စရိုက်တွေကိုလည်းတွေ့ရပါမယ်....

 

Tony ရဲ့အယူအဆကတခါတလေမှာ မှန်သလိုရှိပေမဲ့ တခါတလေမှာလည်း Don ရဲ့အယူအဆတွေကမှန်နေတတ်ပါတယ်...ဥပမာအနေနဲ့ Tony ကိုစကားပြောတဲ့အခါ လေယူလေသိမ်း အသံရဲ့အနိမ့်အမြင့် စကားလုံးရွေးချယ်မှု...ဒါတွေကိုလိုသလိုရွေးချယ်သုံးစွဲဖို့ လိုမည်ဖြစ်ကြောင်း Don ကပြောခဲ့ပါတယ်....Tony အနေဖြင့်ဒီထက်ပိုလုပ်နိုင်ကြောင်းကို Don ကသိနေလို့ အကြံပေးခဲ့တာလို့ထင်မြင်မိပါတယ်....

 

မိမိဖက်ကစ ,လိုက်ရမှာကြောက်ပြီး အထီးကျန်ဖြစ်နေတဲ့ Don ကိုTony ကသူ့အစ်ကိုနဲ့ပြန်ဆက်သွယ်ခိုင်းခဲ့တယ်...အနိုင့်ကျင့်တတ်တဲ့ လူဖြူတွေကြောင့် Tony ဟာအမြဲတမ်း.Don ကိုနည်းအမျိုးမျိုးနဲ့ကူညီဖြေရှင်းပေးခဲ့ပြီး သူမပါပဲဘယ်ကိုမသွားဖို့တားမြစ်ထားတယ်...Tony ကသူုမိန်းမဒရောလစ်ဆီကို စာရေးတဲ့အခါ အဖွဲ့အနွဲ့မတတ်တဲ့အပြင်စာလုံးပေါင်းတွေမမှန်လို့ Don ကပြန်ပြီးကူညီပေးခဲ့တယ်.....

 

Don ရဲ့တူရိယာပစ္စည်းအချို့နဲ့ စန္ဒယားပညာတို့ကို တနည်းအားဖြင့် Tony ကအရမ်းစိတ်ဝင်စားပြီး အထင်လည်းကြီးပါတယ်...ဒါကြောင့်လူမည်းတွေရှိတဲ့အမေရီကန်မြောက်ပိုင်းကိုခေါ်သွားပြီး စန္ဒယားတီးစေခဲ့တယ်...အဲ့ဒီမှာ Don ကပန်ချို ဂီတအမျိုးအစားနဲ့ Winter wind ဆောင်းလေပြေဆိုတဲ့သီချင်းကိုတီးခဲ့ပြီး လူမည်းတေးဂီတအဖွဲ့နဲ့ Blue song သီချင်းကိုလည်းထပ်မံတီးပြခဲ့ပြန်တယ်....လူမည်းတွေအားလုံးလက်ခုပ်လက်ဝါးတီးပြီး ပျော်ရွှင်နေကြတဲ့အထဲမှာ လူဖြူ Tony ကပိုလို့ပျော်နေတာကို Don တွေ့လိုက်ရတယ်....

 

လူဖြူ Tony ကကားမောင်းပြီး နောက်ခန်းမှာအကျအနထိုင်လိုက်နေတဲ့ လူမည်း Don ကိုလူတွေကလက်မခံပေမဲ့ Tony ဂရုမစိုက်ခဲ့ပါဘူး...Don ရဲ့အမေရီကန်တောင်ဖက်စွန်းနဲ့အနောက်အလယ်ပိုင်းဒေသ ၉ နေရာရဲ့ဖျော်ဖြေမှုအပြီး နယူးရော့ရဲ့ ခရစ်စမတ်အကြိုနေ့ကိုအမှီရောက်အောင် သူတို့ဘယ်လိုပြန်လာခဲ့ကြသလဲဆိုတာ.... ဇာတ်ကားကို ကြည့်ရှု့လိုက်ပါ.... မေတ္တာတရားတွေပွားများနိုင်ပါစေ....

 

<<< Zawgyi >>>

 

အဂၤလိပ္စာေလ့လာသူမ်ား မျဖစ္မေနၾကည့္သင့္တဲ့ Green Book ဇာတ္ကား

------------------------------------------------------------------------------------

 

ဒီ​ေန႔မွာ​ေတာ့ လူျဖဴ လူမည္း​ခြဲျခားဆက္​ဆံခဲ့တဲ့ 1962 ႏွစ္​မ်ားဆီက ျဖစ္​ရပ္​မွန္​ true storyဇာတ္​လမ္​း​ေလးျဖစ္​တဲ့ Green Book ဆိုတဲ့ဇာတ္​ကား​ေလးအေၾကာင္းအနည္းငယ္ေျပာျပခ်င္ပါတယ္ ​...ဒီဇာတ္​ကား​ကို 2018 November မွာ Universal Pictures ကထြက္​ရိွခဲ့တာျဖစ္​ၿပီး..... သမိုင္းဇာတ္ေၾကာင္းေနာက္ခံဇာတ္ကား အမ်ိဳးအစားလို႔သတ္​မွတ္​ခဲ့ၾကပါတယ္​....ဇာတ္​ကားျပသခ်ိန္​ 130 မိနစ္ရိွပါတယ္​.....

 

91 ႀကိမ္​​ေျမာက္​ Academy Awards မွာ Best Picture,Best Original Screenplayဆိုတဲ့ဆု​ေတြနဲ႔အတူ Best Supporting Actor ဆိုတဲ့အ​ေကာင္​းဆံုးဇာတ္​ပို႔ဆုကို လူမည္​းမင္​းသား Mahershala Ali. ဒုတိယအႀကိမ္​ထပ္​မံရရိွခဲ့တာလည္​းျဖစ္​ပါတယ္​....ဒါ့အျပင္​ အျခားဆု​ေပါင္​း 50 နဲ႔ ဆန္​ကာတင္​ 89 ဆုစာရင္​းဝင္​ခဲ့ပါ​ေသးတယ္​....

 

အီတလီအ​ေမရီကန္​လူမ်ိဳး သာမာန္​လူတန္​းစားက​ေပါက္​ဖြားလာတဲ့ Tony တိုနီဟာ New York City ရဲ႕ဘရြန္​ဆိုတဲ့ၿမိဳ႕မွာၾကံဳရာက် ဘန္းအလုပ္နဲ့​အဆင္​​ေျပသလိုဘဝကို႐ုန္းကန္​​ၿပီး​ေနထိုင္​လာခဲ့တယ္​..သူ႔မွာ ဒ​ေရာလစ္​ဆိုတဲ့ဇနီးသည္​တစ္​​ေယာက္​နဲ႔သားတစ္​​ေယာက္​ သမီးတစ္ေယာက္​လည္​းရိွတဲ့အျပင္​ အ​ေဖ..​ေယာက္​ဖ..ခယ္​မ​စတဲ့ ​ေဆြမ်ိဳးတသိုက္​ဟာလည္​းသူနဲ႔အတူ​ေနထိုင္​ၾကတယ္​....

 

သူဟာအီတလီစစ္​ျပန္​တစ္​​​​ေယာက္​လည္​းျဖစ္​​ခဲ့​ေတာ့ ဘဝရဲ႕အခက္​အခဲနဲ႔အႏုအၾကမ္​းမိ်ဳးစံုကိုရင္​ဆိုင္​ႏိုင္​သူလည္​းျဖစ္​တယ္​....Copacabana night club မွာအလုပ္​လုပ္​​ေနရင္​းအ​ေဆာက္​အဦးျပင္​ဆင္ဖို့အတြက္​အလုပ္​က​ ေခတၱနားခဲ့ရတယ္​....ဒါ​ေပမဲ့ Afrecan American Pianist လူမည္း​စနၵယား ဂီတပညာ႐ွင္​ Dr Don Shirley ​​ဆိုသူနဲ႔ အလုပ္​ကိစၥ​ေဆြး​ေႏြးဖို႔ Interview ​​ေျဖခြင္​့ရခဲ့တယ္​.....

 

လူမည္း​ဂီတပညာ႐ွင္​ Don နဲ႔ လူျဖဴ Tony တို႔ဟာစ​ေတြ႔​ေတြ႔ျခင္​း​ေဆာက္​နဲ႔ထြင္​းဆိုသလို အ​ေပါက္​အလမ္​းမတည္​့ပါဘူး...Don ကTony ရဲ႕ထိုင္​ခံုထက္​ျမင္​့တဲ့ ပလင္​လိုခုံအျမင္​့မွာထိုင္​ၿပီး .​ေတာတြင္း​ဘုရင္​လို ​ေရႊ​ေရာင္​တလက္​လက္​နဲ႔အဝတ္​အစား​ေတြကိုဝတ္​စားထားတယ္​ဆိုပဲ....အခန္းထဲမွာလည္​း ​ပ​ရိ​ေဘာဂပစၥည္​း​အစံုအလင္​နဲ႔ဆင္​စြယ္​အ​ေဆာင္​မ်ား ပန္းအိုးျကီးမ်ား​ကိုလည္​း​ေတြ႔ခဲ့ရလို႔ သူ​ေတာ္​​ေတာ္​စိတ္​ပ်က္​မိပါတယ္​တဲ့....

 

Don ကစၿပီးစည္​းကမ္​းခ်က္​တခ်ိဳ႕နဲ႔ သူ႔ရဲ႕ခရီးစဥ္​​ေတြစ​ေျပာ​ပါတယ္​...Tony ကအခ်ိဳ႕ကိစၥ​ေတြနဲ႔ သူမႀကိဳက္​တဲ့အခ်က္​အလက္​​ေတြေျကာင္႔​ Don ဆီမွာသူရမဲ့​ေငြပမာဏကိုထပ္​တိုး​ေတာင္​းၿပီးအိမ္​ကိုျပန္​လာခဲ့တယ္​..အိမ္​မ​ေရာက္​ခင္​ ခ်ာလီရဲ႕အ​ေပါင္​ဆိုင္​မွာ သူ႔နာရီ​ေလးကို ​ေဒၚလာ ၅၀ နဲ႔ဝင္​​ေပါင္​ၿပီး​ေငြ​ေရး​ေၾကး​ေရးျပသနာကို ​ေျဖ႐ွင္​းလိုက္​တယ္​.....

 

မနက္​​ေရာက္​​ေတာ့ Don ကဖုန္​းဆက္​ပါတယ္​..သူ႔မိန္​းမဒ​ေရာလစ္​နဲ႔​ေျပာခ်င္​ပါတယ္​ဆိုၿပီး..."ခင္ဗ်ားအမ်ိုးသား​ကိုကြၽန္​​ေတာ္​နဲ႔အတူ ၈ ပါတ္​​ေလာက္​​ခရီး​သြားခြင္​့​ျပုနိုင္မလားခင္ဗ်ာ" လို့ခြင့္​​ေတာင္းလိုက္​ေတာ့....ဒ​ေရာလစ္​ကလည္​း ခရစ္​စမတ္​အႀကိဳ​ေန႔ကို​​အ​ေရာက္​ျပန္​ခဲ့ဖို႔မွာၾကားၿပီးခြင္​့ျပဳလိုက္​ရတယ္​.. Tony ဟာDonနဲ႔အတူ အ​ေမရီကန္​​ေတာင္​ဘက္​စြန္​းၿမိဳ႕​ေတြနဲ႔အ​ေနာက္​အလယ္​ပိုင္​းၿမိဳ႕​ေတြျဖစ္​တဲ့ အိုဟိုင္​းအိုးစကလို႔ ဘာမင္​ဂမ္​အထိ ႐ွစ္​ပါတ္​ၾကာ​ေအာင္​ ကား​ေမာင္​းၿပီးလိုက္​ပို႔ခဲ့ရတာ​ေပါ့...

 

ဒီလိုခရီးမွာ လူမည္း​ေ​တြမသြားရတဲ့ကန္႔သတ္​နယ္​​ေျမ​ေတြကို​ေ႐ွာင္​႐ွားၿပီး သြားႏိုင္​ဖို႔. အစိမ္​း​ေရာင္​ Green Book ကိုခရီးသြားလမ္​းၫႊန္​အျဖစ္​ယူ​ေဆာင္​လာခဲ့ရပါတယ္​....Don ကကား​ေနာက္​ခန္​းမွာထိုင္​ၿပီး ကားမွန္​မ်ားကိုပိတ္​ကာ အ​ေပါ့အ​ေလးစြန္​႔တဲ့ကိစၥကို​ေတာင္​မလုပ္​ပဲ ၿငိမ္​သက္​စြာလိုက္​ပါလာတာကို​ ​ေတြ႔ရသလို Tony ကလည္​းစကားကတမ်ားမ်ား စီးကရက္​တဖြာဖြာနဲ႔ ကား​ေမာင္​းပို႔ခဲ့တာကို​ေတြ႔ရပါတယ္​.....

 

Tony က, ဟန္​ပန္​အမူအရာ​ေတြနဲ႔ ​လက္​​ေတြဘာ​ေတြ​ေျမႇာက္​ၿပီးစကား​ေျပာရင္းကား​​ေမာင္းတာကို Don က,မျကိုက္ပဲ​ကားကိုသာဂ႐ုစိုက္​​ေမာင္​းဖို႔​ေျပာခဲ့တယ္​.... Tony ကတီ႐ွပ္​လို​ေပါ့ပါးတဲ့အကၤ် ီကိုဝတ္​တတ္​ၿပီး Don က​ေတာ့ Coat အကၤ် ီကိုသာအျမဲဝတ္​ဆင္​တတ္​ပါတယ္​...

 

ဒီ​ေနရာမွာ Don နဲ႔ Tony ဟာလံုးဝမတူတဲ့ ​ေနထိုင္မႈစံနစ္​ အယူအဆအ​ေတြးအ​ေခၚ​ေတြက တလြဲပဲဖစ္​​ေနခဲ့တာ​ေတြ႔ရမယ္​...လြတ္​လပ္​ၿပီး​ေပါ့ပါးတဲ့လူနဲ႔ အရာရာထိန္​္​းခ်ဳပ္​ျပီး​ေနတဲ့လူတစ္​​ေယာက္​တို႔ဘယ္​လို ​ေ႐ွ႕ဆက္​ၾကမွာလဲ?

 

SPOILER ALERT ........ဆက္​ဖတ္​ခ်င္​ဖတ္​လို႔ရပါတယ္​​ေနာ္​....

 

Don ဟာအျခားလူမည္း​မ်ားနဲ႔မတူပဲ ႀကီးက်ယ္​ခန္​းနားၿပီး တထီးတနန္​းျဖစ္​ခ်င္​သူတစ္​​ေယာက္​ပါ..ဒါ​ေၾကာင္​့...အတၱလန္​တာက စတိုင္​း​ေဝးတံဆိတ္​ပါတဲ့ စနၵယားအမ်ိဳးအစားကိုသာတီးၿပီး ဗီသိုဗင္​...ခ်ိဳု ပင္​ စတဲ့မဟာဂနၶဝင္​​ေတးသြားမ်ားကိုပဲတီးခဲ့ပါတယ္​...အထက္​တန္းလြွာ လူကံုထန္​​လူျဖဴ​ ​ေတြကသူ႔လက္​သံကိုနား​ေထာင္ခ်င္​လြန္​းလို႔ ဘယ္​​ေလာက္​ပဲ​ေဖာ္​​​ေဖာ္​​ေရြ​ေရြနဲ့ခရီးဦးႀကိဳ ျပုျက​ေပမဲ႔ခြဲျခားတတ္​တဲ့သူတို႔အက်င္႔ကအ႐ိုးစြဲ​​ေနခဲ့တယ္​... Don ဟာနာက်င္​​ေန​ေပမဲ့ၿမိဳသ္​ိပ္ၿပီး တစ္​ၿမိဳ႕ၿပီးတစ္​ၿမိဳ႕ ​ေဖ်ာ္​​ေျဖ​ေရးလုပ္​​ေနလ်ွက္​ပါပဲ.....ဒါကိုမခံမရပ္​ႏိုင္​ပဲ အျမဲ​ေခ်ပခဲ့သူက​ေတာ့ Tony ပဲျဖစ္​တယ္​....

 

Don ဟာညစ္​ပတ္​​ေနတဲ့လူမည္း​တည္​းခို​ေဆာင္​​ေတြမွာပဲ အိပ္​စက္​ရၿပီး...လူျဖဴ​ေတြနဲ႔လည္​း သန့္​စင္​ခန္​းကိုအတူမသံုးရသလို အတူစား​ေသာက္​ခြင္​့လည္​းမရပါဘူး...လူျဖဴ​ေတြနား​ေသာတဆင္​ဖို႔ Don ဘယ္​​ေလာက္​ပဲရင္​းႏွီးခဲ့ရ​ေပမဲ့ သူျပန္​ရလိုက္​တာက​ေတာ့ ကိုယ္​ထိလက္​​ေရာက္​​ေတြျပုမူျကတဲ့အတြက္​ နာက်င္ခဲ့ရတာပဲျဖစ္​တယ္​...သ့ူ ့အႏုပညာအတြက္​ အရာရာကိုသည္​းခံခဲ့​ေပမဲ့ တခါတရံမွာ​ေတာ့ မာနနဲ႔ပညာကိုထိပါးလာရင္​​ေတာ့ ဘယ္​လိုဆံုးျဖတ္​သင္​့သလဲဆိုတာ Tony ကအလင္​းျပလိုက္တယ္​....

 

သူတို႔ဟာ လမ္​းခရီးမွာ အခက္​​ခဲ​ေပါင္​းစံုကိုအတူရင္​ဆိုင္​​ေျဖ႐ွင္​းရင္​း တစ္​​ေယာက္​နဲ႔တစ္​​ေယာက္​နားလည္​လာၾကတာကို ဒါ႐ိုက္​တာက လွလွပပ​ေလး႐ိုက္​ျပသြားတယ္​....အ​ေမရီကန္​ရဲ႕​လွပတဲ့​ေတာ​ေတာင္​​ေရ​ေျမရွု့ခင္းနဲ့​ဆိုးသြမ္​းတဲ့ စ႐ိုက္​​ေတြကိုလည္​း​ေတြ႔ရပါမယ္​....

 

Tony ရဲ႕အယူအဆကတခါတ​ေလမွာ မွန္​သလိုရိွ​ေပမဲ့ တခါတ​ေလမွာလည္​း Don ရဲ႕အယူအဆ​ေတြကမွန္​​ေနတတ္​ပါတယ္​...ဥပမာအ​ေနနဲ႔ Tony ကိုစကား​ေျပာတဲ့အခါ ​ေလယူ​ေလသိမ္​း အသံရဲ႕အနိမ္​့အျမင္​့ စကားလံုး​ေရြးခ်ယ္​မႈ...ဒါ​ေတြကိုလိုသလို​ေရြးခ်ယ္​သံုးစြဲဖို႔ လိုမည္​ျဖစ္​​ေၾကာင္​း Don က​ေျပာခဲ့ပါတယ္​....Tony အ​ေနျဖင္​့ဒီထက္​ပိုလုပ္​ႏိုင္​​ေၾကာင္​းကို Don ကသိ​ေနလို႔ အၾကံ​ေပးခဲ့တာလို႔ထင္​ျမင္​မိပါတယ္​....

 

မိမိဖက္​ကစ ,လိုက္​ရမွာ​ေၾကာက္​ၿပီး အထီးက်န္​ျဖစ္​​​ေနတဲ့ Don ကိုTony ကသူ ့အစ္ကိုနဲ့ျပန္ဆက္သြယ္​ခိုင္​းခဲ့တယ္​...အႏိုင္​့က်င္​့တတ္​တဲ့ လူျဖဴ​ေတြ​ေၾကာင္​့ Tony ဟာအျမဲတမ္​း.Don ကိုနည္​းအမ်ိဳးမ်ိဳးနဲ႔ကူညီ​ေျဖ႐ွင္​း​ေပးခဲ့ၿပီး သူမပါပဲဘယ္​ကိုမသြားဖို႔တားျမစ္​ထားတယ္​...Tony ကသူုမိန္​းမ​ဒ​ေရာလစ္​ဆီကို စာ​ေရးတဲ့အခါ အဖြဲ႔အႏြဲ႔မတတ္​တဲ့အျပင္​စာလံုး​ေပါင္​း​ေတြမမွန္​လို႔ Don ကျပန္ၿပီးကူညီ​ေပးခဲ့တယ္​.....

 

Don ရဲ႕တူရိယာပစၥည္​းအခ်ိဳ႕နဲ႔ စနၵယားပညာတို႔ကို တနည္​းအားျဖင္​့ Tony ကအရမ္​းစိတ္​ဝင္​စားၿပီး အထင္​လည္​းႀကီးပါတယ္​...ဒါ​ေၾကာင္​့လူမည္း​ေ​​တြရိွတဲ့အ​ေမရီကန္​​ေျမာက္​ပိုင္​းကို​ေ​ခၚသြားၿပီး စနၵယားတီး​ေစခဲ့တယ္​...အဲ့ဒီမွာ Don ကပန္​ခ်ိဳ ဂီတအမ်ိဳးအစားနဲ႔ Winter wind ​ေဆာင္​း​ေလ​ေျပဆိုတဲ့သီခ်င္​းကိုတီးခဲ့ၿပီး လူမည္း​ေ​တးဂီတအဖြဲ႔နဲ႔ Blue song သီခ်င္​းကိုလည္​းထပ္​မံတီးျပခဲ့ျပန္​တယ္​....လူမည္​း​ေတြအားလံုးလက္​ခုပ္​လက္​ဝါးတီးၿပီး ​ေပ်ာ္​ရႊင္​​ေနၾကတဲ့အထဲမွာ လူျဖဴ Tony ကပိုလို႔​ေပ်ာ္​​ေနတာကို Don ​ေတြ႔လိုက္​ရတယ္​....

 

လူျဖဴ Tony ကကား​ေမာင္​းၿပီး ​ေနာက္​ခန္​းမွာအက်အနထိုင္​လိုက္​​ေနတဲ့ လူမည္​း Don ကိုလူ​ေတြကလက္​မခံ​ေပမဲ့ Tony ဂရုမစိုက္ခဲ့ပါဘူး...Don ရဲ႕အ​ေမရီကန္​​ေတာင္​ဖက္​စြန္​းနဲ႔အ​ေနာက္​အလယ္​ပိုင္​း​ေဒသ ၉ ​ေနရာရဲ႕​ေဖ်ာ္​​ေျဖမႈအၿပီး နယူး​ေရာ့ရဲ့ ခရစ္​စမတ္​အႀကိဳ​ေန႔ကိုအမွီ​ေရာက္​​ေအာင္​ သူတို႔ဘယ္​လိုျပန္​လာခဲ့ၾကသလဲဆိုတာ.... ဇာတ္ကားကို ၾကည့္ရႈ႕လိုက္ပါ.... ​​ေမတၱာတရား​ေတြပြားမ်ားႏိုင္​ပါ​ေစ....

 

Sayar Guide 

Read times
Rate this articles
(0 votes)