×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Friday, 10 July 2020

Cover Letter ရေးနည်း

Cover Letter ရေးနည်း


ဟိုအရင်နှစ်အနည်းငယ်က အလုပ်လျှောက်တဲ့နေရာမှာ CV Form တစ်ခုနဲ့ လုံလောက်ခဲ့ပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်လာတဲ့ အချိန်မှစလို့ အခုအချိန်မှာတော့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပြည်တွင်းကုမ္ပဏီအကြီးကြီးတွေမှာ အလုပ်လျှောက်တဲ့အခါ Cover Letter ကိုပါ ပူးတွဲတင်လာကြရပါတယ်။ Cover Letter ဆိုတာကတော့ မိမိရဲ့လုပ်ငန်းကျွမ်းကျင်မှု၊ လုပ်ငန်းအတွေ့အကြုံ စွမ်းဆောင်ရည်၊ အရည်အချင်းတွေ၊ လျှောက်ထားတဲ့အလုပ်နဲ့ ဘယ်လိုအချက်တွေက ကိုက်ညီမှုရှိလို့ ဒီ လစ်လပ်ရာထူးနေရာမှာ မိမိကို ရွေးချယ်သင့်တယ်ဆိုတာတွေကို အတိုချုံး ဖော်ပြထားတဲ့ ကိုယ်ရည်သွေးစာတစ်စောင်ပဲဖြစ်ပါတယ်။
ခုဖော်ပြပေးမှာကတော့ Cover Letter တစ်စောင်ရေးတဲ့အခါ ဘယ်လိုအချက်တွေပါသင့်တယ်၊ ဘယ်လိုအချက်တွေကိုတော့ ဂရုပြုရှောင်ရှားသင့်တယ်ဆိုတာတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးမှာပဲဖြစ်ပါတယ်။

သတိထားသင့်တဲ့အချက်တစ်ခုအနေနဲ့ကတော့
(၁) Cover Letter တစ်စောင်ကို စာမျက်နှာ (၁)မျက်နှာထက် ပိုအောင် မရေးသားသင့်ပါဘူး။
(၂) မိမိလျှောက်မယ့်ရာထူးနဲ့ ရေးသားထားတဲ့ Cover Letter က ကိုက်ညီမှုရှိဖို့လိုအပ်ပါတယ်။ (ဥပမာ - ကိုယ်က Sales & Marketing ပိုင်းကိုလျှောက်ချင်ပေမယ့် ကိုယ့်ရဲ့ Cover Letter မှာတော့ Programming ပိုင်းကို အသားပေးရေးသားတာမျိုးကို ရှောင်ရှားသင့်ပါတယ်၊)
(၃) ရှုပ်ထွေးစေနိုင်တဲ့စကားလုံးအသုံးအနှုန်း၊ စာလုံးပေါင်းအမှားတွေကို ဂရုပြု ရှောင်ရှားသင့်ပါတယ်။
(၄) “I” ဆိုတဲ့အသုံးအနှုန်းမျိုးကို ထပ်တလဲလဲ အသုံးမပြုသင့်ပါဘူး။
(၅) မိမိရဲ့ CV မှာ ရေးသားထားတဲ့အချက်အလက်တွေကို ပြန်လည်ကူးယူဖော်ပြတာမျိုးကို ရှောင်ကြဉ်ရပါမယ်။
(၆) မိမိအလုပ်လျှောက်တဲ့ကုမ္ပဏီတွေက တစ်ခုထက်မက များနေတယ်ဆိုရင်လည်း ဒီလိုလျှောက်ထားပါတယ်ဆိုတဲ့ အချက်အလက်တွေ ကို Cover letter ထဲမှာ ထည့်သွင်း မရေးမိဖို့ သတိပြုပါ။
(၇) ကွန်ပျူတာနဲ့ရိုက်ပါ၊ လက်ရေးနဲ့မရေးပါနဲ့၊

 

ကဲ သတိထားရမယ့်အချက်တွေကိုပြောပြီးပြီဆိုတော့ ပါဝင်သင့်တဲ့၊ လိုက်နာသင့်တဲ့အချက်အလက်တွေကို ဆက်ပြီးလေ့လာကြပါစို့။
Cover Letter တစ်စောင်မှာ အနည်းဆုံး စာပိုဒ် (၃)ပိုဒ် (သို့မဟုတ်) ၄ပိုဒ် ပါရှိရမှာ ဖြစ်ပါတယ်။ Cover Letter ကို ရိုက်တော့မယ်ဆိုရင် MS Word ကို အသုံးပြုပါ။ စာရွက်အမျိုးအစား A4 ကို ရွေးချယ်ပြီး ဘေးပတ်ပတ်လည်ကို Margin ၁လက်မပတ်လည် ချန်ပါ။ အသုံးများတဲ့ စာလုံးပုံစံတွေကတော့ ဖတ်ရှုရလွယ်ကူတဲ့ Time New Roman, Calibria နဲ့ Arial တို့ပဲဖြစ်ပါတယ်။ Font Size ကို တော့ (12) ကို အသုံးပြုသင့်ပါတယ်။


(၁) Cover Letter ရဲ့ အစမှာ မိမိရဲ့အမည်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ အီးမေး(လ်)လိပ်စာနဲ့ မိမိအလုပ်လျှောက်တဲ့ ရက်စွဲကို ရေးပါ။ ဒီလိုအချက်အလက်တွေပြည့်စုံနေမှသာ အလုပ်ရှင်က မိမိရဲ့ Cover Letter ကို ဖတ်ပြီး အင်တာဗျူးခေါ်ချင်တဲ့အခါ အလွယ်တကူ ဆက်သွယ်နိုင်မှာပဲဖြစ်ပါတယ်။
(၂) မိမိအလုပ်လျှောက်ထားတဲ့ကုမ္ပဏီအမည်၊ ရုံးလိပ်စာကိုရေးပါ
(၃) မိမိရဲ့ Cover Letter ကို ဖတ်မယ့်သူရဲ့နာမည်ကိုအတိအကျသိတယ်ဆိုရင် ဥပမာ - Dear Mr. Peter, Dear Ms. Thandee အစရှိသဖြင့် ရေးရမှာပဲဖြစ်ပါတယ်။ အတိအကျမသိဘူးဆိုရင်တော့ To Whom It My Concern လို့ရေးပါ။
(၄) ပထမဆုံး နိဒါန်းမှာဆိုရင် ဒီစာကိုရေးရတဲ့အကြောင်းရင်းကိုရေးပါ။ “သင်ရဲ့ကုမ္ပဏီ၊ အဖွဲ့အစည်းက ကြေငြာထားတဲ့ လစ်လပ်ရာထူးကို စိတ်ဝင်စားတဲ့အတွက် ဒီစာကို ရေးရခြင်းဖြစ်ပါတယ်ဆိုတာမျိုးနဲ့ နိဒါးချီသင့်ပါတယ်။ ဒုတိယအနေနဲ့ မိမိရဲ့ ယခုလက်ရှိ လုပ်ကိုင်နေတဲ့ရာထူး၊ အလုပ်အကိုင်ကိုရေးပါ။ ကိုယ်က လုပ်ငန်းအတွေ့အကြုံမရှိဘဲ ခုမှ အလုပ်စလုပ်မယ့်သူဆိုရင်တော့ ဒီလစ်လပ်ရာထူးကို ဘယ်နေရာမှတဆင့် သိရှိတဲ့အတွက် လျှောက်ထားရခြင်းဖြစ်သည်ကို ရေးသားနိုင်ပါတယ်။
(၅) ဒုတိယနဲ့ တတိယအပိုဒ်တွေမှာတော့ မိမိရဲ့လုပ်ငန်းအတွေ့အကြုံတွေကို ကျစ်ကျစ်လစ်လစ် စကားလုံးများနဲ့ ရေးသားပါ၊ အဓိကအနေနဲ့ ဘန်းစကားတွေ အသုံးပြုခြင်းကို သတိပြု ရှောင်ရှားပါ။ လုပ်ခဲ့ဖူးတဲ့လုပ်ငန်းအတွေ့အကြုံတွေ၊ တာဝန်ယူလုပ်ကိုင်ရတဲ့ တာဝန်ဝတ္တရားတွေ၊ ရရှိခဲ့ဖူးတဲ့အောင်မြင်မှုတွေ အစရှိသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ရေးသားရမှာပဲဖြစ်ပါတယ်။ သူတို့ကုမ္ပဏီမှာလစ်လပ်နေတဲ့ရာထူးက မိမိနဲ့ကိုက်ညီမှုရှိတယ်၊ သူတို့လိုချင်တဲ့အရည်အချင်းတွေ ကိုယ့်မှာအပြည့်ရှိကြောင်း၊ မိမိကိုယ်သာ အလုပ်ခန့်အပ်မယ်ဆိုရင် ဘယ်လိုမျိုးတွေ တာဝန်ယူလုပ်ကိုင်ပေးမှာဖြစ်ကြောင်း အစရှိတဲ့အချက်တွေကို မြိုင်မြိုင်ဆိုင်ဆိုင် ရေးသားပါ။
(၆) အလွယ်တကူနားလည်နိုင်မယ့်စကားလုံးတွေကိုသုံးပြီး အချိတ်အဆက်မိမိနဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ရေးပါ။
(၇) နိဂုံးချုပ်အနေနဲ့ မိမိရဲ့အရည်အချင်းတွေကို တိုက်ရိုက်ဖြေကြားခွင့်ရအောင် အခွင့်အရေးပေးဖို့ သွယ်ဝိုက်တဲ့နည်းနဲ့ တောင်းဆိုသင့်ပါတယ်။ မရှင်းလင်းတဲ့အချက်အလက်တွေနဲ့ ထပ်မံသိရှိလိုတဲ့အချက်အလက်တွေရှိရင် အချိန်မရွေးဆက်သွယ်ဖို့နဲ့ မကြာမီ ပြန်လည်ဆက်သွယ်လာမယ့် အကြောင်းကြားစာကို မျှော်လင့်နေတဲ့အကြောင်း၊ ဒီစာကိုအချိန်ပေးပြီးဖတ်တဲ့အတွက် ကျေးဇူးတင်ကြောင်းရေးပြီး အဆုံးသတ်ပါ။ နောက်ဆုံးမှာတော့ Sincerely (သို့မဟုတ်) Kind Regards ဆိုပြီး ကိုယ့်နာမည်အပြည့်အစုံရေးပါ။

 

 

Cover Letter ေရးနည္း


ဟိုအရင္ႏွစ္အနည္းငယ္က အလုပ္ေလွ်ာက္တဲ့ေနရာမွာ CV Form တစ္ခုနဲ႔ လံုေလာက္ခဲ့ေပမယ့္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈေတြ၀င္ေရာက္လာတဲ့ အခ်ိန္မွစလို႔ အခုအခ်ိန္မွာေတာ့ ႏိုင္ငံျခားကုမၸဏီေတြနဲ႔ ျပည္တြင္းကုမၸဏီအႀကီးႀကီးေတြမွာ အလုပ္ေလွ်ာက္တဲ့အခါ Cover Letter ကိုပါ ပူးတြဲတင္လာၾကရပါတယ္။ Cover Letter ဆိုတာကေတာ့ မိမိရဲ႕လုပ္ငန္းကၽြမ္းက်င္မႈ၊ လုပ္ငန္းအေတြ႕အႀကံဳ စြမ္းေဆာင္ရည္၊ အရည္အခ်င္းေတြ၊ ေလွ်ာက္ထားတဲ့အလုပ္နဲ႔ ဘယ္လိုအခ်က္ေတြက ကိုက္ညီမႈရွိလို႔ ဒီ လစ္လပ္ရာထူးေနရာမွာ မိမိကို ေရြးခ်ယ္သင့္တယ္ဆိုတာေတြကို အတိုခ်ံဳး ေဖာ္ျပထားတဲ့ ကိုယ္ရည္ေသြးစာတစ္ေစာင္ပဲျဖစ္ပါတယ္။
ခုေဖာ္ျပေပးမွာကေတာ့ Cover Letter တစ္ေစာင္ေရးတဲ့အခါ ဘယ္လိုအခ်က္ေတြပါသင့္တယ္၊ ဘယ္လိုအခ်က္ေတြကိုေတာ့ ဂရုျပဳေရွာင္ရွားသင့္တယ္ဆိုတာေတြကို ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးမွာပဲျဖစ္ပါတယ္။

သတိထားသင့္တဲ့အခ်က္တစ္ခုအေနနဲ႔ကေတာ့
(၁) Cover Letter တစ္ေစာင္ကို စာမ်က္ႏွာ (၁)မ်က္ႏွာထက္ ပိုေအာင္ မေရးသားသင့္ပါဘူး။
(၂) မိမိေလွ်ာက္မယ့္ရာထူးနဲ႔ ေရးသားထားတဲ့ Cover Letter က ကိုက္ညီမႈရွိဖို႔လိုအပ္ပါတယ္။ (ဥပမာ - ကိုယ္က Sales & Marketing ပိုင္းကိုေလွ်ာက္ခ်င္ေပမယ့္ ကိုယ့္ရဲ႕ Cover Letter မွာေတာ့ Programming ပိုင္းကို အသားေပးေရးသားတာမ်ိဳးကို ေရွာင္ရွားသင့္ပါတယ္၊)
(၃) ရႈပ္ေထြးေစႏိုင္တဲ့စကားလံုးအသံုးအႏႈန္း၊ စာလံုးေပါင္းအမွားေတြကို ဂရုျပဳ ေရွာင္ရွားသင့္ပါတယ္။
(၄) “I” ဆိုတဲ့အသံုးအႏႈန္းမ်ိဳးကို ထပ္တလဲလဲ အသံုးမျပဳသင့္ပါဘူး။
(၅) မိမိရဲ႕ CV မွာ ေရးသားထားတဲ့အခ်က္အလက္ေတြကို ျပန္လည္ကူးယူေဖာ္ျပတာမ်ိဳးကို ေရွာင္ၾကဥ္ရပါမယ္။
(၆) မိမိအလုပ္ေလွ်ာက္တဲ့ကုမၸဏီေတြက တစ္ခုထက္မက မ်ားေနတယ္ဆိုရင္လည္း ဒီလိုေလွ်ာက္ထားပါတယ္ဆိုတဲ့ အခ်က္အလက္ေတြ ကို Cover letter ထဲမွာ ထည့္သြင္း မေရးမိဖို႔ သတိျပဳပါ။
(၇) ကြန္ပ်ဴတာနဲ႔ရိုက္ပါ၊ လက္ေရးနဲ႔မေရးပါနဲ႔၊

 

ကဲ သတိထားရမယ့္အခ်က္ေတြကိုေျပာၿပီးၿပီဆိုေတာ့ ပါ၀င္သင့္တဲ့၊ လိုက္နာသင့္တဲ့အခ်က္အလက္ေတြကို ဆက္ၿပီးေလ့လာၾကပါစို႔။
Cover Letter တစ္ေစာင္မွာ အနည္းဆံုး စာပိုဒ္ (၃)ပုိဒ္ (သို႔မဟုတ္) ၄ပိုဒ္ ပါရွိရမွာ ျဖစ္ပါတယ္။ Cover Letter ကို ရိုက္ေတာ့မယ္ဆိုရင္ MS Word ကို အသံုးျပဳပါ။ စာရြက္အမ်ိဳးအစား A4 ကို ေရြးခ်ယ္ၿပီး ေဘးပတ္ပတ္လည္ကို Margin ၁လက္မပတ္လည္ ခ်န္ပါ။ အသံုးမ်ားတဲ့ စာလံုးပံုစံေတြကေတာ့ ဖတ္ရႈရလြယ္ကူတဲ့ Time New Roman, Calibria နဲ႔ Arial တို႔ပဲျဖစ္ပါတယ္။ Font Size ကို ေတာ့ (12) ကို အသံုးျပဳသင့္ပါတယ္။
(၁) Cover Letter ရဲ႕ အစမွာ မိမိရဲ႕အမည္၊ ဖုန္းနံပါတ္၊ လိပ္စာ၊ အီးေမး(လ္)လိပ္စာနဲ႔ မိမိအလုပ္ေလွ်ာက္တဲ့ ရက္စြဲကို ေရးပါ။ ဒီလိုအခ်က္အလက္ေတြျပည့္စံုေနမွသာ အလုပ္ရွင္က မိမိရဲ႕ Cover Letter ကို ဖတ္ၿပီး အင္တာဗ်ဴးေခၚခ်င္တဲ့အခါ အလြယ္တကူ ဆက္သြယ္ႏိုင္မွာပဲျဖစ္ပါတယ္။
(၂) မိမိအလုပ္ေလွ်ာက္ထားတဲ့ကုမၸဏီအမည္၊ ရံုးလိပ္စာကိုေရးပါ
(၃) မိမိရဲ႕ Cover Letter ကို ဖတ္မယ့္သူရဲ႕နာမည္ကိုအတိအက်သိတယ္ဆိုရင္ ဥပမာ - Dear Mr. Peter, Dear Ms. Thandee အစရွိသျဖင့္ ေရးရမွာပဲျဖစ္ပါတယ္။ အတိအက်မသိဘူးဆိုရင္ေတာ့ To Whom It My Concern လို႔ေရးပါ။
(၄) ပထမဆံုး နိဒါန္းမွာဆိုရင္ ဒီစာကိုေရးရတဲ့အေၾကာင္းရင္းကိုေရးပါ။ “သင္ရဲ႕ကုမၸဏီ၊ အဖြဲ႕အစည္းက ေၾကျငာထားတဲ့ လစ္လပ္ရာထူးကို စိတ္၀င္စားတဲ့အတြက္ ဒီစာကို ေရးရျခင္းျဖစ္ပါတယ္ဆိုတာမ်ိဳးနဲ႔ နိဒါးခ်ီသင့္ပါတယ္။ ဒုတိယအေနနဲ႔ မိမိရဲ႕ ယခုလက္ရွိ လုပ္ကိုင္ေနတဲ့ရာထူး၊ အလုပ္အကိုင္ကိုေရးပါ။ ကို္ယ္က လုပ္ငန္းအေတြ႕အႀကံဳမရွိဘဲ ခုမွ အလုပ္စလုပ္မယ့္သူဆိုရင္ေတာ့ ဒီလစ္လပ္ရာထူးကို ဘယ္ေနရာမွတဆင့္ သိရွိတဲ့အတြက္ ေလွ်ာက္ထားရျခင္းျဖစ္သည္ကို ေရးသားႏိုင္ပါတယ္။
(၅) ဒုတိယနဲ႔ တတိယအပုိဒ္ေတြမွာေတာ့ မိမိရဲ႕လုပ္ငန္းအေတြ႕အႀကံဳေတြကို က်စ္က်စ္လစ္လစ္ စကားလံုးမ်ားနဲ႔ ေရးသားပါ၊ အဓိကအေနနဲ႔ ဘန္းစကားေတြ အသံုးျပဳျခင္းကို သတိျပဳ ေရွာင္ရွားပါ။ လုပ္ခဲ့ဖူးတဲ့လုပ္ငန္းအေတြ႕အႀကံဳေတြ၊ တာ၀န္ယူလုပ္ကိုင္ရတဲ့ တာ၀န္၀တၱရားေတြ၊ ရရွိခဲ့ဖူးတဲ့ေအာင္ျမင္မႈေတြ အစရွိသျဖင့္ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ေရးသားရမွာပဲျဖစ္ပါတယ္။ သူတို႔ကုမၸဏီမွာလစ္လပ္ေနတဲ့ရာထူးက မိမိနဲ႔ကိုက္ညီမႈရွိတယ္၊ သူတို႔လုိခ်င္တဲ့အရည္အခ်င္းေတြ ကိုယ့္မွာအျပည့္ရွိေၾကာင္း၊ မိမိကိုယ္သာ အလုပ္ခန္႔အပ္မယ္ဆိုရင္ ဘယ္လိုမ်ိဳးေတြ တာ၀န္ယူလုပ္ကိုင္ေပးမွာျဖစ္ေၾကာင္း အစရွိတဲ့အခ်က္ေတြကို ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ ေရးသားပါ။
(၆) အလြယ္တကူနားလည္ႏိုင္မယ့္စကားလံုးေတြကိုသံုးၿပီး အခ်ိတ္အဆက္မိမိနဲ႔ သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ေရးပါ။
(၇) နိဂံုးခ်ဳပ္အေနနဲ႔ မိမိရဲ႕အရည္အခ်င္းေတြကို တိုက္ရိုက္ေျဖၾကားခြင့္ရေအာင္ အခြင့္အေရးေပးဖို႔ သြယ္၀ိုက္တဲ့နည္းနဲ႔ ေတာင္းဆိုသင့္ပါတယ္။ မရွင္းလင္းတဲ့အခ်က္အလက္ေတြန႔ဲ ထပ္မံသိရွိလိုတဲ့အခ်က္အလက္ေတြရွိရင္ အခ်ိန္မေရြးဆက္သြယ္ဖို႔နဲ႔ မၾကာမီ ျပန္လည္ဆက္သြယ္လာမယ့္ အေၾကာင္းၾကားစာကို ေမွ်ာ္လင့္ေနတဲ့အေၾကာင္း၊ ဒီစာကိုအခ်ိန္ေပးၿပီးဖတ္တဲ့အတြက္ ေက်းဇူးတင္ေၾကာင္းေရးၿပီး အဆံုးသတ္ပါ။ ေနာက္ဆံုးမွာေတာ့ Sincerely (သို႔မဟုတ္) Kind Regards ဆိုၿပီး ကုိယ့္နာမည္အျပည့္အစံုေရးပါ။

Read times
Rate this articles
(1 Vote)