×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Thursday, 30 July 2020

မတူညီတဲ့ ဘာသာစကားႏွစ္ခုကို တစ္ၿပိဳင္နက္ထဲ ေလ့လာတဲ့အခါ လိုအပ္တဲ့ အခ်က္ (၅) ခ်က္

စင်္ကာပူက နာမည်ကျော်သူဌေးတွေထဲမှာ Vernon Kwek အမည်ရ အသက်(၄၈)နှစ်အရွယ် သူဌေးကြီးလည်း ပါဝင်ပါတယ်။ သူဟာ Primech Services & Engineering ကုမ္ပဏီရဲ့ CEO ရာထူးရယူထားသူဖြစ်ပြီး ဝန်ထမ်း(၃၀၀၀)ကျော်ကို အုပ်ချုပ်နေရသူပါ။

Vernon ဟာ ဆင်းရဲတဲ့မိသားစုက ဆင်းသက်လာသူဖြစ်ပြီး၊ မိဘအမွေကြောင့် ချမ်းသာလာတဲ့ တစ်ခြားသူဌေးတွေနဲ့ မတူညီပါဘူး။ သူဟာဘဝမှာ ကျရှုံးမှုတွေနဲ့ နလန်မထူနိုင်ခဲ့သူ ဖြစ်ခဲ့ဖူးပြီး၊ ဒေဝါလီခံလူမွဲစာရင်း သွင်းခံခဲ့ရဖူးသလို၊ ကျောင်းကနေ ထုတ်ပယ်ခံခဲ့ရဖူးသူပါ။


သူဟာ ရုံးသန့်ရှင်းရေးဝန်ဆောင်မှု ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ရာ၊ အလုပ်မဖြစ်လို့ ချစ်သူကတောင် ” ရှင်ကတော့ သန့်ရှင်းရေးဝန်ထမ်းဘဝက ဘယ်တော့မှ တက်မှာ မဟုတ်ဘူး”လို့ နှိမ်တာကို ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် နှစ်အနည်းငယ် တောင့်ခံလိုက်ချိန်မှာအခု သူရဲ့ကုမ္ပဏီဟာ တစ်နှစ်ဝင်ငွေ စင်္ကာပူဒေါ်လာ သန်း(၈၀) ဝင်နေပါတယ်။


မြန်မာငွေနဲ့ဆိုရင်တော့ သန်းပေါင်း (၈၈၀၀၀)ကျော်လို့ ဆိုရမှာပါ။ Vernon ဟာ ဆင်းရဲလွန်းလို့ ချစ်သူရဲ့စွန့်ပစ်တာကို ခံခဲ့ရပေမယ့်၊ အခု ပိုင်ဆိုင်သမျှတွေဟာ ချစ်သူဟောင်းကြောင့် မခံချင်စိတ်နဲ့ ရလာတဲ့ ငွေတွေပါတဲ့။


သူဟာ လူမွဲစာရင်း သွင်းခံရပြီးနောက်၊ တစ်လကို စင်္ကာပူဒေါ်လာ(၂၅၀၀၀)စားရတဲ့ဘဝကနေ စင်္ကာပူဒေါ်လာ (၁၃၀၀)နဲ့ သန့်ရှင်းရေးစူပါဗိုက်ဇာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရပါတယ်။

သူ (၁၄)နှစ်မှာ ကျောင်းစာညံ့လို့ ကျောင်းက ထုတ်ပယ်ခံခဲ့ရပြီးအဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဖခင်ဖြစ်သူက အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
နောက် ဖခင်က သန့်ရှင်းရေးဝန်ထမ်းလုပ်ချိန်မှာ သူကလည်း အဖေ့အလုပ်ကို ကူလုပ်ခဲ့ပါတယ်။ အဲဒီနောက် တဖြည်းဖြည်း လုပ်ငန်းမှာဖြတ်ထိုးဉာဏ်တွေ သုံးလာခဲ့ပါတယ်။


(၂၅)နှစ်မှာ ရှိသမျှငွေကို အလုပ်ဟောင်းဖြစ်တဲ့ ကုမ္ပဏီမှာ ရင်းနီးမြှုပ်နှံခဲ့ရာ အရှုံးပေါ်ခဲ့ပါတယ်။ အဲဒီနောက် လူမွဲစာရင်း အသွင်းခံလိုက်ရပြီး၊ (၅)ရက်ကြာ ငိုခဲ့ရပါတယ်။ (၂၇)ခုနှစ်မှာ သန့်ရှင်းရေးကုမ္ပဏီထောင်ခဲ့ရာ၊ တရားမဝင် နိုင်ငံခြားအလုပ်သမား ခန့်အပ်မှုကြောင့် အဖမ်းခံခဲ့ရပြီး ထောင် (၄)လ ကျခဲ့ပါတယ်။


ကျရှုံးမှုတွေနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရလို့ စိတ်ဓာတ်ကျခဲ့တဲ့ Vernon ဟာ သူရဲ့ အလုပ်ကြိုးစားမှုက သူရဲ့ အောင်မြင်မှုတွေကို ပိတ်ပင်လို့ မရခဲ့ပါဘူး။ နောက်ဆုံးတော့ သူဟာ အများအားကျရတဲ့ ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။


သူက အတိတ်အကြောင်းကို ပြောပြဖို့ ဘယ်တုန်းကမှ မရှက်ပါဘူးတဲ့။ သူက အတိတ်ကို အလွန် ကျေးဇူးတင်နေတယ်လို့လည်း ပြောပါတယ်။


Credit to လင်းဇော်ကို (D Nae Thit) /Source; WorldOfBuzz

 

 

စကၤာပူက နာမည္ေက်ာ္သူေဌးေတြထဲမွာ Vernon Kwek အမည္ရ အသက္(၄၈)ႏွစ္အရြယ္ သူေဌးႀကီးလည္း ပါဝင္ပါတယ္။ သူဟာ Primech Services & Engineering ကုမၸဏီရဲ႕ CEO ရာထူးရယူထားသူျဖစ္ၿပီး ဝန္ထမ္း(၃၀၀၀)ေက်ာ္ကို အုပ္ခ်ဳပ္ေနရသူပါ။

Vernon ဟာ ဆင္းရဲတဲ့မိသားစုက ဆင္းသက္လာသူျဖစ္ၿပီး၊ မိဘအေမြေၾကာင့္ ခ်မ္းသာလာတဲ့ တစ္ျခားသူေဌးေတြနဲ႔ မတူညီပါဘူး။ သူဟာဘဝမွာ က်႐ႈံးမႈေတြနဲ႔ နလန္မထူႏုိင္ခဲ့သူ ျဖစ္ခဲ့ဖူးၿပီး၊ ေဒဝါလီခံလူမြဲစာရင္း သြင္းခံခဲ့ရဖူးသလုိ၊ ေက်ာင္းကေန ထုတ္ပယ္ခံခဲ့ရဖူးသူပါ။


သူဟာ ႐ုံးသန္႔ရွင္းေရးဝန္ေဆာင္မႈ ကုမၸဏီကို စတင္တည္ေထာင္ခဲ့ရာ၊ အလုပ္မျဖစ္လုိ႔ ခ်စ္သူကေတာင္ ” ရွင္ကေတာ့ သန္႔ရွင္းေရးဝန္ထမ္းဘဝက ဘယ္ေတာ့မွ တက္မွာ မဟုတ္ဘူး”လုိ႔ ႏွိမ္တာကို ခံခဲ့ရဖူးပါတယ္။ ဒါေပမယ့္ ႏွစ္အနည္းငယ္ ေတာင့္ခံလုိက္ခ်ိန္မွာအခု သူရဲ႕ကုမၸဏီဟာ တစ္ႏွစ္ဝင္ေငြ စကၤာပူေဒၚလာ သန္း(၈၀) ဝင္ေနပါတယ္။


ျမန္မာေငြနဲ႔ဆုိရင္ေတာ့ သန္းေပါင္း (၈၈၀၀၀)ေက်ာ္လုိ႔ ဆုိရမွာပါ။ Vernon ဟာ ဆင္းရဲလြန္းလုိ႔ ခ်စ္သူရဲ႕စြန္႔ပစ္တာကို ခံခဲ့ရေပမယ့္၊ အခု ပိုင္ဆုိင္သမွ်ေတြဟာ ခ်စ္သူေဟာင္းေၾကာင့္ မခံခ်င္စိတ္နဲ႔ ရလာတဲ့ ေငြေတြပါတဲ့။


သူဟာ လူမြဲစာရင္း သြင္းခံရၿပီးေနာက္၊ တစ္လကုိ စကၤာပူေဒၚလာ(၂၅၀၀၀)စားရတဲ့ဘဝကေန စကၤာပူေဒၚလာ (၁၃၀၀)နဲ႔ သန္႔ရွင္းေရးစူပါဗုိက္ဇာအျဖစ္ ဝင္ေရာက္လုပ္ကုိင္ခဲ့ရပါတယ္။

သူ (၁၄)ႏွစ္မွာ ေက်ာင္းစာညံ့လုိ႔ ေက်ာင္းက ထုတ္ပယ္ခံခဲ့ရၿပီးအဲဒီအခ်ိန္မွာ တုိက္တုိက္ဆုိုင္ဆုိင္ ဖခင္ျဖစ္သူက အလုပ္ကေန ထုတ္ပယ္ခံခဲ့ရပါတယ္။
ေနာက္ ဖခင္က သန္႔ရွင္းေရးဝန္ထမ္းလုပ္ခ်ိန္မွာ သူကလည္း အေဖ့အလုပ္ကို ကူလုပ္ခဲ့ပါတယ္။ အဲဒီေနာက္ တျဖည္းျဖည္း လုပ္ငန္းမွာျဖတ္ထုိးဉာဏ္ေတြ သုံးလာခဲ့ပါတယ္။


(၂၅)ႏွစ္မွာ ရွိသမွ်ေငြကုိ အလုပ္ေဟာင္းျဖစ္တဲ့ ကုမၸဏီမွာ ရင္းနီးျမႇဳပ္ႏွံခဲ့ရာ အ႐ႈံးေပၚခဲ့ပါတယ္။ အဲဒီေနာက္ လူမြဲစာရင္း အသြင္းခံလုိက္ရၿပီး၊ (၅)ရက္ၾကာ ငိုခဲ့ရပါတယ္။ (၂၇)ခုႏွစ္မွာ သန္႔ရွင္းေရးကုမၸဏီေထာင္ခဲ့ရာ၊ တရားမဝင္ ႏုိင္ငံျခားအလုပ္သမား ခန္႔အပ္မႈေၾကာင့္ အဖမ္းခံခဲ့ရၿပီး ေထာင္ (၄)လ က်ခဲ့ပါတယ္။


က်႐ႈံးမႈေတြနဲ႔ ဆက္တုိက္ရင္ဆုိင္ခဲ့ရလုိ႔ စိတ္ဓာတ္က်ခဲ့တဲ့ Vernon ဟာ သူရဲ႕ အလုပ္ႀကိဳးစားမႈက သူရဲ႕ ေအာင္ျမင္မႈေတြကို ပိတ္ပင္လုိ႔ မရခဲ့ပါဘူး။ ေနာက္ဆုံးေတာ့ သူဟာ အမ်ားအားက်ရတဲ့ ကုမၸဏီႀကီးတစ္ခုကို တည္ေထာင္ႏုိင္ခဲ့ၿပီ ျဖစ္ပါတယ္။


သူက အတိတ္အေၾကာင္းကို ေျပာျပဖုိ႔ ဘယ္တုန္းကမွ မရွက္ပါဘူးတဲ့။ သူက အတိတ္ကို အလြန္ ေက်းဇူးတင္ေနတယ္လုိ႔လည္း ေျပာပါတယ္။


Credit to လင္းေဇာ္ကို (D Nae Thit) /Source; WorldOfBuzz

 

Read times Last modified on Thursday, 30 July 2020 14:40
Rate this articles
(0 votes)