×

Warning

JUser: :_load: Unable to load user with ID: 723


Language

Tuesday, 19 September 2017

ျမန္ျမန္ဆန္ဆန္ အဂၤလိပ္စာ တိုးတက္ေစဖို႕

ျမန္ျမန္ဆန္ဆန္ အဂၤလိပ္စာ တိုးတက္ေစဖို႕ google.com

အဂၤလိပ္စာေကာင္းဖို႕လိုတယ္ဆိုတာကေတာ့ တကူတကေျပာစရာ မလိုေလာက္ေတာ့ပါဘူးဗ်ာ။ အခုမွ အဂၤလိပ္စာကို စတင္ေလ့လာမယ့္သူေတြေရာ ေလ့လာေနတဲ့သူေတြေရာ ပိုထိေရာက္ျပီး ျမန္ျမန္ဆန္ဆန္ တိုးတက္လာေစမယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Reading and Writing

Reading နဲ႔ Writing က ဆက္စပ္ေနပါတယ္။ Reading ေကာင္းတဲ့သူေတြက writing ပိုင္းေကာင္းဖို႔အတြက္ ပိုျပီးအေထာက္အကူျပဳပါတယ္။ Reading အတြက္ ေလ့က်င့္တဲ့ေနရာမွာ ေလာဘေတြၾကီးျပီး စဖတ္ဖတ္ျခင္းကို အခ်စ္ဝတၳဳၾကီးေတြ မဖတ္သင့္ေသးပါဘူး။ အခုမွစေလ့ေလာတာ ျဖစ္တဲ့အတြက္ ပံုျပင္စာအုပ္ေလးေတြ bilingual စာအုပ္ေလးေတြ ေရြးခ်ယ္သင့္ပါတယ္။

Writing skill ဆိုမွေတာ့ စာေရးရေတာ့မွာေပ့ါ။ ေရးမွ တိုးတက္မွာပါ။ မ်ားမ်ားဖတ္ျပီး မ်ားမ်ားေရးဖို႕ လိုပါတယ္။ အဓိက ကေတာ့ ကုိယ္ဘာအေၾကာင္းကို ေရးမွာလဲဆိုတာ သိထားဖို႔ပါ။ ေပါ့ေပါ့ပါးပါး ဒိုင္ယာရီေရးမွာလား၊ ေက်ာငး္အတြက္ စာစီစာကံုးေရးမွာလား၊ အလုပ္အတြက္ ေမးလ္ ပို႔ဖို႔ ေရးမွာလား ဒီအေပၚမွာ မူတည္ျပီး သံုးရမယ့္ စကားလံုးေတြ term ေတြ ကြဲသြားမွာပါ။ writing အတြက္ သီးသန္႔ထုတ္ထားတဲ့ စာအုပ္ေတြကိုလည္း ဖတ္ျပီး ေလ့လာသင့္ပါတယ္။

Recommended for you - အရာရာဆံုးရွံဳးခဲ့မယ္ဆိုရင္ေတာင္ စိတ္ဓါတ္မဆံုးရွံဳးသေရြ႕ သင္မလဲေသးပါဘူး

Speaking and Listening

Speaking ဆိုတာနဲ႕ listening ကေန စေျပာရေတာ့မွာပါ။ listening ေကာင္းမွ speaking ေကာင္းနိုင္မွာပါ။ နားေထာင္မွဳစြမ္းရည္တိုးတက္လာဖို႔အတြက္ english audio tips ေလးေတြ နားေထာင္ေပးတာ၊ english music ၊ movie ေတြ ၾကည့္တာ နားေထာင္တာေတြ ျပဳလုပ္ေပးပါ။ Communicate လုပ္တဲ့အခါမွာ ေျပာေနလို႔ပဲမရပါဘူး နားေထာင္ျပီး တစ္ဖက္ကေျပာတာကို နားလည္မွ ျပန္ေျပာနို္င္မွာပါ။ ဒါေၾကာင့္ မ်ားမ်ားနားေထာင္ မ်ားမ်ားေျပာပါ။

ကုိယ့္သူငယ္ခ်င္းေတြထဲမွာ အဂၤလိပ္စာအတူတူ သင္ေနတဲ့သူရွိရင္ သူနဲ႔ေတြ႕တဲ့အခ်ိန္တိုင္း အဂၤလိပ္လိုပဲ ေျပာပါ။ ဥပမာ ကိုယ့္အခ်င္းခ်င္း ဒဏ္ေၾကးသတ္မွတ္ထားတာမ်ိဳးေပ့ါ အဂၤလိပ္လို မေျပာရင္ ၂၀၀၀ ေပးရမယ္ဆိုတာမ်ိဳး ေပါ့။ အဲ့လိုကေန ကိုယ္မသိတဲ့စကားလံုးေတြ သတိထားမိလာမယ္၊ ေျပာေနတဲ့အက်င့္ေလးေတြရသြား နိုင္ပါတယ္။ သူမ်ားေတြ ၾကည့္ေနလို႔ ရွက္လို႔ဆိုျပီး မေျပာပဲမေနပါနဲ႕ အဲ့ဒီသူမ်ားေတြဆိုတာလည္း သူတို႔ကိုယ္တိုင္ မေျပာတတ္လို႔ တျခားသူေတြကို ေဝဖန္ မ်က္ေစာင္းထိုးေနတာပါ။ ဂရုမစိုက္ပါနဲ႕။

Grammar

အဂၤလိပ္စာကို ေျပာတတ္ရံုပဲဆိုရင္ေတာ့ Grammar က အရမ္းႀကီး အေရးမပါပါဘူး။ Grammar ေပၚအာရံု
စိုက္လြန္းသူေတြဟာ အဂၤလိပ္စကား ေကာင္းေကာင္းေျပာနုိင္ဖို႔ ၾကာတာကို ေတြ႔ရပါတယ္။

စကားေျပာတဲ့အခါ Grammar မမွန္ရင္လည္း မေကာင္းပါဘူး။ Speakingပဲ ေကာင္းခ်င္တယ္ဆိုရင္ေတာ့ Speaking Grammar ကိုပဲ ေလ့လာပါ။ Speaking Grammar ဆိုတာက စကားေျပာရာမွာ အမ်ားဆံုးသံုးေလ့ရွိတဲ့ Grammar Structure ေတြကို ေျပာတာပါ။

Recommended for you - နညး္လမ္းသစ္နဲ႔ အဂၤလိပ္စာေလ့လာၾကမယ္

English Dictionary

အဂၤလိပ္စာေလ့လာသူတိုင္းအတြက္ dictionary ေကာင္းေကာင္းတစ္အုပ္က အရမ္းကိုအေရးႀကီးပါတယ္။
dictionary ထဲမွာ စာလံုးေတြ ရွာေဖြဖို ႔မပ်င္းပါနဲ႔။

Body Language and Intonation

အဂၤလိပ္လို ေျပာဆိုတဲ့ေနရာမွာ Body language က အရမ္းအေရးႀကီးပါတယ္။ Body language မပါပဲေျပာ
တဲ့သူေတြရဲ႕ စကားကို နားေထာင္ရတာဟာ ၿငီးေငြ႔စရာေကာင္းပါတယ္။ ပုခံုးလႈပ္သင့္တဲ့အခါလႈပ္ရမယ္၊ မ်က္ခံုးပင့္သင့္တဲ့အခါပင့္ရမယ္၊ လက္ေတြလႈပ္သင့္တဲ့အခါ လႈပ္ရမယ္။ အဲလိုေျပာမွသာ အသက္၀င္ေနမွာျဖစ္ၿပီး အသံအနိမ့္ အျမင့္ (intonation) ကလည္း အရမ္းအေရးႀကီးပါတယ္။

ဒီေတာ့ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ အဂၤလိပ္ဘာသာရပ္မ်ားကို သင္ၾကားလိုပါက Sayar.com.mm တြင္ ရွိေသာ ဆရာမ်ားနဲ႔ တုိက္ရိုက္ဆက္သြယ္ႏိုင္ပါတယ္။

ဆရာ၊ ဆရာမမ်ားသည္ မိမိသင္ၾကားေနသည့္ ဘာသာရပ္မ်ားကိုလည္း sayar.com.mm တြင္ အခမဲ့ register ျပဳလုပ္ႏိုင္ပါတယ္။

Ref; englishteacher

Unicode

အင်္ဂလိပ်စာကောင်းဖို့လိုတယ်ဆိုတာကတော့ တကူတကပြောစရာ မလိုလောက်တော့ပါဘူးဗျာ။ အခုမှ အင်္ဂလိပ်စာကို စတင်လေ့လာမယ့်သူတွေရော လေ့လာနေတဲ့သူတွေရော ပိုထိရောက်ပြီး မြန်မြန်ဆန်ဆန် တိုးတက်လာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Reading and Writing

Reading နဲ့ Writing က ဆက်စပ်နေပါတယ်။ Reading ကောင်းတဲ့သူတွေက writing ပိုင်းကောင်းဖို့အတွက် ပိုပြီးအထောက်အကူပြုပါတယ်။ Reading အတွက် လေ့ကျင့်တဲ့နေရာမှာ လောဘတွေကြီးပြီး စဖတ်ဖတ်ခြင်းကို အချစ်ဝတ္ထုကြီးတွေ မဖတ်သင့်သေးပါဘူး။ အခုမှစလေ့လောတာ ဖြစ်တဲ့အတွက် ပုံပြင်စာအုပ်လေးတွေ bilingual စာအုပ်လေးတွေ ရွေးချယ်သင့်ပါတယ်။

Writing skill ဆိုမှတော့ စာရေးရတော့မှာပေ့ါ။ ရေးမှ တိုးတက်မှာပါ။ များများဖတ်ပြီး များများရေးဖို့ လိုပါတယ်။ အဓိက ကတော့ ကိုယ်ဘာအကြောင်းကို ရေးမှာလဲဆိုတာ သိထားဖို့ပါ။ ပေါ့ပေါ့ပါးပါး ဒိုင်ယာရီရေးမှာလား၊ ကျောငး်အတွက် စာစီစာကုံးရေးမှာလား၊ အလုပ်အတွက် မေးလ် ပို့ဖို့ ရေးမှာလား ဒီအပေါ်မှာ မူတည်ပြီး သုံးရမယ့် စကားလုံးတွေ term တွေ ကွဲသွားမှာပါ။ writing အတွက် သီးသန့်ထုတ်ထားတဲ့ စာအုပ်တွေကိုလည်း ဖတ်ပြီး လေ့လာသင့်ပါတယ်။

Recommended for you - အရာရာဆုံးရှုံးခဲ့မယ်ဆိုရင်တောင် စိတ်ဓါတ်မဆုံးရှံုးသရွေ့ သင်မလဲသေးပါဘူး

Speaking and Listening

Speaking ဆိုတာနဲ့ listening ကနေ စပြောရတော့မှာပါ။ listening ကောင်းမှ speaking ကောင်းနိုင်မှာပါ။ နားထောင်မှုစွမ်းရည်တိုးတက်လာဖို့အတွက် english audio tips လေးတွေ နားထောင်ပေးတာ၊ english music ၊ movie တွေ ကြည့်တာ နားထောင်တာတွေ ပြုလုပ်ပေးပါ။ Communicate လုပ်တဲ့အခါမှာ ပြောနေလို့ပဲမရပါဘူး နားထောင်ပြီး တစ်ဖက်ကပြောတာကို နားလည်မှ ပြန်ပြောနို်င်မှာပါ။ ဒါကြောင့် များများနားထောင် များများပြောပါ။

ကိုယ့်သူငယ်ချင်းတွေထဲမှာ အင်္ဂလိပ်စာအတူတူ သင်နေတဲ့သူရှိရင် သူနဲ့တွေ့တဲ့အချိန်တိုင်း အင်္ဂလိပ်လိုပဲ ပြောပါ။ ဥပမာ ကိုယ့်အချင်းချင်း ဒဏ်ကြေးသတ်မှတ်ထားတာမျိုးပေ့ါ အင်္ဂလိပ်လို မပြောရင် ၂၀၀၀ ပေးရမယ်ဆိုတာမျိုး ပေါ့။ အဲ့လိုကနေ ကိုယ်မသိတဲ့စကားလုံးတွေ သတိထားမိလာမယ်၊ ပြောနေတဲ့အကျင့်လေးတွေရသွား နိုင်ပါတယ်။ သူများတွေ ကြည့်နေလို့ ရှက်လို့ဆိုပြီး မပြောပဲမနေပါနဲ့ အဲ့ဒီသူများတွေဆိုတာလည်း သူတို့ကိုယ်တိုင် မပြောတတ်လို့ တခြားသူတွေကို ဝေဖန် မျက်စောင်းထိုးနေတာပါ။ ဂရုမစိုက်ပါနဲ့။

Grammar

အင်္ဂလိပ်စာကို ပြောတတ်ရုံပဲဆိုရင်တော့ Grammar က အရမ်းကြီး အရေးမပါပါဘူး။ Grammar ပေါ်အာရုံ
စိုက်လွန်းသူတွေဟာ အင်္ဂလိပ်စကား ကောင်းကောင်းပြောနိုင်ဖို့ ကြာတာကို တွေ့ရပါတယ်။

စကားပြောတဲ့အခါ Grammar မမှန်ရင်လည်း မကောင်းပါဘူး။ Speakingပဲ ကောင်းချင်တယ်ဆိုရင်တော့ Speaking Grammar ကိုပဲ လေ့လာပါ။ Speaking Grammar ဆိုတာက စကားပြောရာမှာ အများဆုံးသုံးလေ့ရှိတဲ့ Grammar Structure တွေကို ပြောတာပါ။

Recommended for you - နညး်လမ်းသစ်နဲ့ အင်္ဂလိပ်စာလေ့လာကြမယ်

English Dictionary

အင်္ဂလိပ်စာလေ့လာသူတိုင်းအတွက် dictionary ကောင်းကောင်းတစ်အုပ်က အရမ်းကိုအရေးကြီးပါတယ်။
dictionary ထဲမှာ စာလုံးတွေ ရှာဖွေဖို ့မပျင်းပါနဲ့။

Body Language and Intonation

အင်္ဂလိပ်လို ပြောဆိုတဲ့နေရာမှာ Body language က အရမ်းအရေးကြီးပါတယ်။ Body language မပါပဲပြော
တဲ့သူတွေရဲ့ စကားကို နားထောင်ရတာဟာ ငြီးငွေ့စရာကောင်းပါတယ်။ ပုခုံးလှုပ်သင့်တဲ့အခါလှုပ်ရမယ်၊ မျက်ခုံးပင့်သင့်တဲ့အခါပင့်ရမယ်၊ လက်တွေလှုပ်သင့်တဲ့အခါ လှုပ်ရမယ်။ အဲလိုပြောမှသာ အသက်ဝင်နေမှာဖြစ်ပြီး အသံအနိမ့် အမြင့် (intonation) ကလည်း အရမ်းအရေးကြီးပါတယ်။

ဒီတော့ ကျောင်းသား၊ ကျောင်းသူများသည် အင်္ဂလိပ်ဘာသာရပ်များကို သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

Read times Last modified on Friday, 27 December 2019 15:58
Rate this articles
(2 votes)