×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Friday, 11 September 2020

အင်္ဂလိပ်စာ အရေးအသား မှားတတ်တဲ့အမှား

အင်္ဂလိပ်စာ အရေးအသား မှားတတ်တဲ့အမှား

အချို့အင်္ဂလိပ်စာလုံးလေးတွေက မြန်မာလိုပြန်ကြည့်ရင် အဓိပ္ပာယ်တူသလို ထင်ရပါတယ်။ ဒါပေမယ့် အသုံးအနှုန်းက ကွာခြားပါတယ်။ အချို့စာလုံးလေးတွေကတော့ စာလုံးပေါင်းဆင်သလိုရှိပေမယ့် အဓိပ္ပာယ်ကွာခြားပါတယ်။ ဒီလိုစာလုံးလေးတွေကို လေ့လာကြည့်ရအောင်

(1) Childish, Childlike
Childish - ကလေးဆန်သော၊ မိုက်မဲသော
Childlike - ကလေးနဲ့တူသော၊ အပြစ်ကင်းစင်သော


e.g. (1) You are rather old. You should give up your childish idea. (မင်းလည်းအသက်ကြီးပြီ၊ ကလေးဆန်တဲ့ အယူအဆတွေကို စွန့်ပစ်သင့်ပြီ)


e.g. (2) I thought our friend nice but rather childish. (မင်းရဲ့သူငယ်ချင်းက ကောင်းတော့ကောင်းပါတယ်။ ဒါပေမယ့် နည်းနည်းကလေးဆန်တယ်လို့ ငါထင်တယ်)


e.g. (3) The boy looked at his mother with his childlike eyes. (ကောင်လေးက သူ့အမေကို အပြစ်ကင်းစင်တဲ့ မျက်လုံးလေးတွေနဲ့ကြည့်တယ်)


e.g. (4) I saw a young woman with a childlike figure. (အပြစ်ကင်းစင်တဲ့ အသွင်သဏ္ဍာန်ရှိတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ခဲ့တယ်)

 

 

(2) Manly, Mannish
Manly – ယောက်ျားပီသသော
Mannish – ယောကျ်ားဆန်သော၊ ယောကျ်ားနှင့်တူသော


e.g. (1) Maha Bandoola was a strong and manly person. (မဟာဗန္ဓုလဟာ ခွန်အားသန်မာပြီး ယောကျ်ားပီသတဲ့သူဖြစ်တယ်)


e.g. (2) She likes her mannish clothes. (သူမက ယောကျ်ားဆန်တဲ့ အဝတ်အစားတွေ ဝတ်ရတာကို နှစ်သက်တယ်)


e.g. (3) She is mannish and she likes the mannish style of dress. (သူမက ယောကျ်ားဆန်တယ်၊ ပြီးတော့ ယောက်ျားဆန်ဆန်ဝတ်ဆင်ရတာကို သဘောကြတယ်)

 

 

(3) Womanly, Womanish
Womanly - မိန်းမပီသသော
Womanish – မိန်းမနှင့်တူသော၊ မိန်းမလိုမိန်းမရဖြစ်သော၊ အားနွဲ့သော


e.g. (1) Daw Hla taught her daughter to be womanly. (ဒေါ်လှက သူ့သမီးကို မိန်းမပီသစေဖို့ သွန်သင်တယ်)


e.g. (2) He though that his lover was very womanly. (သူ့ချစ်သူဟာ မိန်းမပီသတယ်လို့ သူထင်ခဲ့တယ်)


e.g. (3) I disliked your womanish idea. I didn’t agree with you. (ခင်ဗျားရဲ့မိန်းမလိုမိန်းမရစိတ်ကူးကို မကြိုက်ဘူး၊ ခင်ဗျားနဲ့သဘောထားမတိုက်ဆိုင်ဘူးဗျာ)

 

 

(4) Gold, Golden
Gold - ရွှေ
Golden – ရွှေရောင်ဖြစ်သော၊ ရွှေရောင်ထသော / ရွှေနှင့်ပြုလုပ်ထားသော၊ ရွှေနှင့်မွမ်းမံခြယ်သထားသော / အခါအခွင့်၊ အခွင့်အလမ်း အကောင်းဆုံးဖြစ်သော / နှစ်ငါးဆယ်မြောက် ရွှေရတုသဘင်

 


e.g. (1) The ring is made of gold (လက်စွပ်ကို ရွှေနဲ့လုပ်ထားတယ်)


e.g. (2) She received a gold ring for her birthday. (သူမရဲ့မွေးနေ့အတွက် ရွှေလက်စွပ်တစ်ကွင်း လက်ဆောင်ရရှိခဲ့တယ်)


e.g. (3) The beautiful girl with bright golden hair was singing a song on the stage. (ရွှေဝါရောင်ဆံပင်နဲ့မိန်းမချောလေးက ဇာတ်ခုံပေါ်မှာ သီချင်းဆိုနေတယ်)


e.g. (4) We saw the golden crown of the king in the museum. (ဘုရင့်ရွှေသရဖူကို ပြတိုက်ထဲမှာ တွေ့ခဲ့တယ်)


e.g. (5) This is your golden opportunity. (ဒီဟာက ခင်းဗျားအတွက် အကောင်းဆုံး အခွင့်အလမ်းပါပဲ)


e.g. (6) We feel sure your future is golden. (ခင်ဗျားရဲ့အနာဂတ်က အကောင်းဆုံးအခြေအနေဖြစ်နေပြီလို့ ကျွန်တော်ကျိန်းသေသိတယ်)


e.g. (7) Will you celebrate your golden wedding anniversary tomorrow? (မနက်ဖြန် မင်းတို့ရဲ့ ရွှေရတုသဘင် မင်္ဂလာပွဲကို ကျင်းပမှာလား)

 

(ဆရာဦးသက်အောင် - The Best English – No.12, June,2000)

 

 

အဂၤလိပ္စာ အေရးအသား မွားတတ္တဲ့အမွား

အခ်ိဳ႕အဂၤလိပ္စာလံုးေလးေတြက ျမန္မာလိုျပန္ၾကည့္ရင္ အဓိပၸာယ္တူသလို ထင္ရပါတယ္။ ဒါေပမယ့္ အသံုးအႏႈန္းက ကြာျခားပါတယ္။ အခ်ိဳ႕စာလံုးေလးေတြကေတာ့ စာလံုးေပါင္းဆင္သလိုရွိေပမယ့္ အဓိပၸာယ္ကြာျခားပါတယ္။ ဒီလိုစာလံုးေလးေတြကို ေလ့လာၾကည့္ရေအာင္

(1) Childish, Childlike
Childish - ကေလးဆန္ေသာ၊ မိုက္မဲေသာ
Childlike - ကေလးနဲ႔တူေသာ၊ အျပစ္ကင္းစင္ေသာ


e.g. (1) You are rather old. You should give up your childish idea. (မင္းလည္းအသက္ႀကီးၿပီ၊ ကေလးဆန္တဲ့ အယူအဆေတြကို စြန္႔ပစ္သင့္ၿပီ)


e.g. (2) I thought our friend nice but rather childish. (မင္းရဲ႕သူငယ္ခ်င္းက ေကာင္းေတာ့ေကာင္းပါတယ္။ ဒါေပမယ့္ နည္းနည္းကေလးဆန္တယ္လို႔ ငါထင္တယ္)


e.g. (3) The boy looked at his mother with his childlike eyes. (ေကာင္ေလးက သူ႔အေမကို အျပစ္ကင္းစင္တဲ့ မ်က္လံုးေလးေတြနဲ႔ၾကည့္တယ္)


e.g. (4) I saw a young woman with a childlike figure. (အျပစ္ကင္းစင္တဲ့ အသြင္သ႑ာန္ရွိတဲ့ မိန္းကေလးတစ္ေယာက္ကို ေတြ႕ခဲ့တယ္)

 

 

(2) Manly, Mannish
Manly – ေယာက္်ားပီသေသာ
Mannish – ေယာက်္ားဆန္ေသာ၊ ေယာက်္ားႏွင့္တူေသာ


e.g. (1) Maha Bandoola was a strong and manly person. (မဟာဗႏၶဳလဟာ ခြန္အားသန္မာၿပီး ေယာက်္ားပီသတဲ့သူျဖစ္တယ္)


e.g. (2) She likes her mannish clothes. (သူမက ေယာက်္ားဆန္တဲ့ အ၀တ္အစားေတြ ၀တ္ရတာကို ႏွစ္သက္တယ္)


e.g. (3) She is mannish and she likes the mannish style of dress. (သူမက ေယာက်္ားဆန္တယ္၊ ၿပီးေတာ့ ေယာက္်ားဆန္ဆန္၀တ္ဆင္ရတာကို သေဘာၾကတယ္)

 

 

(3) Womanly, Womanish
Womanly - မိန္းမပီသေသာ
Womanish – မိန္းမႏွင့္တူေသာ၊ မိန္းမလိုမိန္းမရျဖစ္ေသာ၊ အားႏြဲ႕ေသာ


e.g. (1) Daw Hla taught her daughter to be womanly. (ေဒၚလွက သူ႔သမီးကို မိန္းမပီသေစဖို႔ သြန္သင္တယ္)


e.g. (2) He though that his lover was very womanly. (သူ႔ခ်စ္သူဟာ မိန္းမပီသတယ္လို႔ သူထင္ခဲ့တယ္)


e.g. (3) I disliked your womanish idea. I didn’t agree with you. (ခင္ဗ်ားရဲ႕မိန္းမလိုမိန္းမရစိတ္ကူးကို မႀကိဳက္ဘူး၊ ခင္ဗ်ားနဲ႔သေဘာထားမတိုက္ဆိုင္ဘူးဗ်ာ)

 

 

(4) Gold, Golden
Gold - ေရႊ
Golden – ေရႊေရာင္ျဖစ္ေသာ၊ ေရႊေရာင္ထေသာ / ေရႊႏွင့္ျပဳလုပ္ထားေသာ၊ ေရႊႏွင့္မြမ္းမံျခယ္သထားေသာ / အခါအခြင့္၊ အခြင့္အလမ္း အေကာင္းဆံုးျဖစ္ေသာ / ႏွစ္ငါးဆယ္ေျမာက္ ေရႊရတုသဘင္


e.g. (1) The ring is made of gold (လက္စြပ္ကို ေရႊနဲ႔လုပ္ထားတယ္)


e.g. (2) She received a gold ring for her birthday. (သူမရဲ႕ေမြးေန႔အတြက္ ေရႊလက္စြပ္တစ္ကြင္း လက္ေဆာင္ရရွိခဲ့တယ္)


e.g. (3) The beautiful girl with bright golden hair was singing a song on the stage. (ေရႊ၀ါေရာင္ဆံပင္နဲ႔မိန္းမေခ်ာေလးက ဇာတ္ခံုေပၚမွာ သီခ်င္းဆိုေနတယ္)


e.g. (4) We saw the golden crown of the king in the museum. (ဘုရင့္ေရႊသရဖူကို ျပတိုက္ထဲမွာ ေတြ႕ခဲ့တယ္)


e.g. (5) This is your golden opportunity. (ဒီဟာက ခင္းဗ်ားအတြက္ အေကာင္းဆံုး အခြင့္အလမ္းပါပဲ)


e.g. (6) We feel sure your future is golden. (ခင္ဗ်ားရဲ႕အနာဂတ္က အေကာင္းဆံုးအေျခအေနျဖစ္ေနၿပီလို႔ ကၽြန္ေတာ္က်ိန္းေသသိတယ္)


e.g. (7) Will you celebrate your golden wedding anniversary tomorrow? (မနက္ျဖန္ မင္းတို႔ရဲ႕ ေရႊရတုသဘင္ မဂၤလာပြဲကို က်င္းပမွာလား)

 

(ဆရာဦးသက္ေအာင္ - The Best English – No.12, June,2000)

Read times
Rate this articles
(0 votes)